အမျိုးဖြုတ်မဲ့ ဖိုးတုတ် @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွာဦးစေတီ ဘုရားပွဲရောက်လေတိုင်း ကိုဖိုးတုတ်မှာ နှာခေါင်းရင်းတွင် ပြားချပ်ချပ်ဖြစ်နေသည့်နေရာကို လက်ဖြင့် ပွတ်သပ်ကြည့်ပြီး တစ်မျိုး ထက်ပိုင်းကျိုးနေသည့် ရှေ့သွားနှစ်ချောင်းနေရာကို လျှာဖျားလေးဖြင့် တို့တို့ကြည့်ရင်း တစ်ဖုံဖြင့် မေ့မရနိုင်သော ညလေးတစ်ညအကြောင်းကို ပြန်မတွေး ပြန်မမြင်ယောက်ပဲ မနေနိုင်ချေ။ ကိုဖိုးတုတ်ကား ယခုဆိုလျှင် အသက် ၄ဝ ကျော် လူပျိုကြီး ….. လူငယ်ဘဝက ယခုလို ရွာဦးဘုရားပွဲရောက်တော့မည်ဆိုလျှင် ကိုဖိုးတုတ်တို့က ဘုရားပွဲတော်မှာ ဘယ်လို အဝတ်အစား ဘယ်လို အပြင်အဆင်ဖြင့် ကဲလိုက်မည်ဖြင့် မမောနိုင်အောင် ပြင်ဆင်ခဲ့ရတာ မဟုတ်လား ….. အခုတော့လည်း ကိုဖိုးတုတ်မှာ ဘုရားပွဲရောက်လေတိုင်း နာကျင်စရာ ခံပြင်းစရာ အတိတ်က သူ့ကို ကလူကျီစယ်နေပေတော့သည်။ ဘကြီးတုတ်ဟူသည်မှာ ယခု အသက် ၄ဝကျော်လာမှ […]
