poochNovember 6, 20111min026
မြတ်စွာဘုရားက “မနုဿတ္တ ဘာဝေါ ဒုလ္လဘော “- လူ့အဖြစ်ကို ရခဲလှပါတယ်လို့ ဟောသွားပါတယ်။ ဗြဟ္မာ့ပြည်က ချလိုက်တဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်မှာထောင်ထားတဲ့ အပ်တစ်စင်းရဲ့ ထိပ်ဖျားလေး ခြင်း ထိချင်ရင်သာထိဖို့လွယ်မယ် ၊ လူ့ပြည်မှာလူအဖြစ်ကိုရဖို့ကတော့ ခဲယဉ်းှပါတယ်လို့ဟောသွားပါတယ်။ အဲ့ဒီမှာ ဒီနေ့ခေတ်ရဲ့ လူဦးရေတိုးတက်နှုန်းကိုကြည့်ပြီး လက်တွေ့ကျသော ဘာသာခြားများက ဟုတ်ရဲ့လား၊ ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေ ကျမတို့ဘာသာကိုမေးလာပါတော့တယ်။ မေးလည်းမေးချင်စရာပါ။ ဒီနေ့လူဦးရေ သန်းရထောင်ကျော်သွားပါပြီ။ အမှန်တိုင်း ဝန်ခံရရင် တချိန်တုန်းကတော့ ကိုယ်တိုင်လည်း ဇဝေဇဝါပါ။ ဘယ်နေရာသွားသွား ပေါလိုက်တဲ့လူတွေပါ။ ရင်ထဲမှာဆူးနေတဲ့ အဲ့ဒီဆူးကို စစ်ကိုင်းတိုင်း၊ ဝါးချက်ကျေးရွာ၊ ကျစွာချောင်၊ မဟာဝီဇယရံသီစာသင်တိုက်မှာ သီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော် အရှင်လက္ခဏ ဟောကြားတော်မူတဲ့ “ မနုဿ လူသား တရားတော်” က […]


အလုပ်တစ်ခုကို/မကြားချင်သောအသံ /မဖတ်ချင်သောစာ/မလွန်ဆန်ဝံ့သောအမိန် ့တွေ ကို နှစ်စဉ်၊လစဉ်၊အပတ်စဉ်၊ရက် ဆက်ပေါင်းများစွာကြုံတွေ ့၊ဆုံလာရလေတော့ လူတိုင်းလူတိုင်းငြီးငွေ ့တတ်လာကြတာ ဓမ္မတာပါ။ လုပ်ရင်း၊ဖတ်ရင်း၊မလွန်ဆန်ဝံ့ရင်း မှားမိတဲ့အကြိမ်၊အခါတွေလည်း ရှိလာကြမှာပါဘဲ။မှားလို ့သာ နောက်ဆုတ်ရမယ်၊တွေဝေသွားမယ် ဆိုလို ့တော့ ဘယ်ဖြစ်မှာလဲ။အမှားကို သင်ခန်းစာယူပြီး နောင်ဒီလိုမျိုးမဖြစ်ရလေအောင်၊အများပြည်သူအပေါ်တကယ် စေတနာထားတတ်လေအောင် အမှန်တရားကိုမြင်တတ်သွားဖို ့က အဓိကလို ့မြင်မိပါတယ်။ မိမိကိုယ်ကျိုးစီးပွား၊“အမျိုးသားအကျိုးစီးပွားပါဆိုပြီး အမျိုးအဆွေအကျိုးစီးပွား”ကိုသာလုပ်မယ်၊ဆက်မိုက်နေမယ်ဆိုရင် သမိုင်းမှာ လူမိုက်စာရင်းမှာ တန်းစီလိုက်ပေတော့ပေါ့။ မိမိအကျိုးအတွက်မဟုတ်ပါဘဲ အများပြည်သူအတွက် လုပ်ရင်းမှား သွားတယ်ဆိုရင်တော့ ကြိုးစားခွင့်လွှတ်ကြမှာပါ။ အများအကျိုးကို ဗန်းပြလုပ်နေသယောင်နဲ ့ကိုယ့်အိတ်ကပ်၊အမျိုးအနွယ် အဆွေတော်တို ့တွက်ဘဲ လုပ်နေမယ်ဆိုရင်တော့ ဘယ်သူတဦးတယောက်ကမှခွင့်လွှတ်မှာ မဟုတ်ပါဘူး။ မှန်တာပြော၊မှန်တာ လုပ်လို ့လူမုန်းများတယ်ဆိုတာ ထက် ကိုယ်ကျိုးအတွက် လုပ်နေမှန်းသိလို ့အများက ပိုမုန်းသွားတာပါ။ဆရာလူထုစိန်ဝင်း ကပြောတဲ့ သာဓက တစ်ခုကိုပြောပြပါမယ်။ဆရာဒဂုန်တာရာ ကြုံတိုင်းပြောနေ၊ရေးနေတဲ့ “မုန်းသူမရှိ ချစ်သူသာရှိ၊ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့စကားကို လက်ခံနိုင်မှာပါ။ဆရာဒဂုန်တာရာဟာ (၁)အဲဒီခေတ်အခါ ကတက္ကသိုလ်ကျောင်းဆောင်ကို ကိုယ်ပိုင်စန္ဒရားယူလာပြီးတီးသူ။ (၂)ဗိုလ်ချုပ်တို ့ကိုဗဟိန်းတို ့နဲ ့ကျောင်းနေဖက် ဖြစ်သလို၊နောင် ဗိုလ်ချုပ်အောင်ဆန်းက […]


koyin sithuNovember 5, 20111min014
ဟိုတစ်လောက ဂျပန်တိုးရစ်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူကို မြန်မာပြည်၍ တရားစီရင်ရေးက ဘယ်လို အမိန့်ချမှတ်မလဲဆိုတာ ကျွန်တော် အမြဲ နားစွင့်နေခဲ့ပါတယ်။ သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေမှာ မြန်မာလူမျိုးတွေကို အရှက်ခွဲခဲ့တဲ့ မုဒိမ်းလူသတ်သမားကို ဘယ်လိုပြစ်ဒဏ်စီရင်မလဲဆိုတာ အမြဲမပြတ် နားစွင့်နေခဲ့ပါတယ်။ ယခုတော့ သတင်းအတိအကျ ကြားသိရသမို့ ရွားသူားများ ဖတ်စိမ့် ဝေဖန်နိုင်အောင် တင်ပြရေးသားလိုက်ပါတယ်ခင်ဗျာ။ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တရားရုံးက ဂျပန်အမျိုးသမီးလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ တရားခံ မင်းသိုက်အား သေဒဏ်အပြစ်ပေးချမှတ်လိုက်ကြောင်း သိရှိရသည်။ မြင်းခြံခရိုင်တရားရုံးက သေဆုံးသူရုပ်အလောင်းကို စစ်ဆေးခဲ့ပြီး မုဒိမ်းမှု၊ လူသတ်မှု အမှု(၂)မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဂျပန်အမျိုးသမီး Ms. Shiramatsu Chiharn သည် ကျောက်ပန်းတောင်းမြို့နယ်သို့ သွားရောက်လည်ပတ်စဉ် မုဒိမ်းကျင့် အသတ်ခံ လိုက်ရခြင်းဖြစ်သည်။ […]


black chawNovember 4, 20111min06
ပေါက်ဖေါ်ကြီးရေ။ ကိုယ်က သီချင်းတစ်ပုဒ်ကို နားထောင်ရင် အဲဒီသီချင်း ဘယ်သူရေးတာလဲ ဆိုတာ အရင်ကြည့်တတ်တာ ငယ်ငယ်လေး ကတည်းက အကျင့်ဖြစ်နေပါပြီ။ သီချင်းရေးဆရာတွေကို စိတ်ဝင်စားတတ်တယ်လို့ ပြောလို့ရပါတယ်။ အစ်ကိုတို့ ငယ်ငယ် တုန်းက ကိုင်ဇာ ခေတ်ကို တော်တော်ကြာကြာ ဖြတ်သန်းခဲ့ရပါတယ်။ ဒီဘက်ခေတ် အဆိုတော်လေးတွေလို တစ်ပုဒ် ကောင်းထပေါက်ကြတာမျိုးမဟုတ်ပဲ အခွေလိုက် မြို့ရောတောပါ ပေါက်ကြတဲ့ ခေတ်မျိုးပါ။ ကိုယ်တို့ ခတ်ငယ်ငယ်က ကိုင်ဇာ နဲ့ မေဆွိ စုံတွဲစီးရီးတစ်ခွေ ကြောက်စရာကောင်းလောက်အောင်ပေါက်ခဲ့ဘူးပါတယ်။ စီးရီးခေါင်းစဉ်က တူနှစ်ကိုယ် တိုင်းပြည် တဲ့။ အဲဒီအခွေထဲမှာ ကိုယ်က သူများနဲ့ မတူတဲ့ သီချင်းတစ်ပုဒ်ကို အခုထိ စိတ်ထဲမှာ စွဲနေမိတယ်။ သီချင်းနာမည်က ရိုးမရဲ့ညနေ တဲ့။ သီချင်းကိုရေးတဲ့သူက Iron Cross ဖခင်ကြီး […]


thit minNovember 3, 20111min037
ကိုရင်မောင်ပို့စ်ကိုဖတ်ပြီးကျနော် ကိုကြောင် ပြောတာကိုထောက်ခံဆွေးနွေးလိုပါတယ်။ စူပါပါဝါဖြစ်ဖို့ဆိုတာ….. စီးပွါးရေးတောင့်တင်းရုံတခုနဲ့ မဖြစ်နိုင်ပါဘူး။တခြား factor (ဖက်တာ)တွေအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတော့ (၁)စီးပွါးရေး (၂)စစ်ရေး (၃)နိုင်ငံရေး (၄)ယဉ်ကျေးမှုဆိုင်ရာ(ပါဝါအေပျော့-Soft Power) (၅)ပထဝီအနေအထား။ တွေပါဘဲ။ ကျန်တာတွေခနထားပါ။ စီးပွါးရေးဆိုတာကိုဘဲကြည့်ရအောင်ပါ။ စီးပွါးရေးမှာGrowth  နဲ့ Development ဆိုတာရှိပါတယ်။ စီးပွါးရေတိုးတက်မှုနဲ့(ဘက်စုံ)ဖွံ့ဖြိုးတိုးတက်မှုပါ။ တရုတ်ကGrowth အနေအထားမှာပါ။လောလောဆယ်နော်။ Growthကိုတာရှည်ထိန်းနိုင်မှ Development အဆင့်ကိုရောက်ပါတယ်။ အဲဒီအဆင့်ကိုရောက်ဘို့Ethics(အကျင့်တရား)လိုပါတယ်။ လောလောဆယ်တရုတ်ထုတ်တွေမှာJapan, USA Background တွေမခံထားတဲ့ ထုတ်ကုန်တွေမှာEthic သိပ်မရှိပါဘူး။(Skecher ကြိုက်တဲ့သစ်မင်းတောင်ဒီမှာတရုတ်  Skecher တွေချည်းဖြစ်နေလို့မစီးတော့ပါဘူး၊ မြန်မာမှာတုန်းကUS မိဒ်ဝယ်လို့ရခဲ့တာနော်၊ USA Background ခံထားပေမဲ့ Customer’choice/ Preference ဆိုတဲ့ သဘောတွေရှိတာကိုပြောတာပါ) နောက်တခုကကိုယ်ပိုင်နည်းပညာ” Innovation ” လိုပါတယ်။ တဦးတည်းပိုင်”Niche Market” ကိုထောင်နိုင်ရပါတယ်။Japan ဟာToyota,Nissan,Honda နဲ့ သူ့ရဲ့ကား […]


Moe ZNovember 3, 20111min018
မနေ့က အလုပ်ကိစ္စနဲ့ အစိုးရရုံးတစ်ခုကိုသွားရပါသည်။ မနက်ပိုင်းက အလုပ်ရှုပ်နေတာနဲ့ နေ့လည် ၁နာရီခွဲမှပဲသွားလိုက်ပါသည်။ ၁၂ နာရီကနေ ၁နာရီအထိက သူတို့ရဲ့ထမင်းစားချိန်ဆိုတော့လေ။ ဟိုရောက်တော့ အပြင်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပေးနေတဲ့ ဝန်ထမ်းတစ်ယောက်က သူ့ဘေးကတစ်ယောက်နဲ့ ကိုယ်ရေးကိုယ်တာတွေပြောရင်း လုပ်နေတာမို့တော်တော်လေးစိတ်မရှည်စွာစောင့်လိုက်ရပါတယ်။ လက်မှတ်ထိုးဖို့ ဦးစီးမှူးဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့အခန်းကို ဝင်တော့ အရက်နံ့ကနှာခေါင်းထဲကို ထောင်းခနဲဝင်ဆောင့်ပါသည်။ အထဲမှာ အပေါ်ပိုင်းအင်္ကျီမပါတဲ့ဦးစီးမှူးဆိုသူက ရေချိန်ကိုက်ပြီး dream bed ပေါ်မှာအဆန့်သား။ ဝင်သွားရမှာလား ပြန်လှည့်လာရမလားစဉ်းစားနေတုန်း ကျွန်မကိုလှမ်းမြင်သွားတော့ ဝင်ခဲ့လေ ဟုပြောပါသည်။ နောက်တစ်ခေါက်လည်းမလာချင်သောကြောင့် အရက်နံ့စူးစူးကို အောင့်အီးသည်းခံကာ မေးသမျှဖြေရင်း တော်တော်လေးစိတ်ညစ်ခဲ့ရပါသည်။ ပြန်ထွက်လာတော့ ခုနကဝန်ထမ်းတွေ အလျှိုအလျှိုထွက်သွားကြပါသည်။ သူတို့၏ လက်ဖက်ရည်သောက်ချိန်ပါတဲ့။ ဪ သူတို့တွေဘယ်အချိန်အလုပ်လုပ်ကြပါသနည်းဟု စဉ်းစားမိပါသည်။ ရုံးချိန် ၁ဝနာရီမှ ၅နာရီတွင် ထမင်းစားချိန် ၁နာရီ၊ လက်ဖက်ရည်သောက်ချိန်က အနည်းဆုံး […]


koyin sithuNovember 2, 20111min013
ဆယ့်​တရက်၊​ ဆယ့်​တလ၊​ နှစ်​ထောင့်​ဆယ့်​တစ် တစ်​ခြောက်လုံး​နေ့​မှာ နိုင်ငံသစ် ပုံစံသစ်ကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြောင်း​လဲဖို့​ ဖြစ်ရပ်​တွေဖြစ်မယ်လို့​ နက္ခ​ဗေဒ ပညာရှင် စံဇာဏီဘိုက အတိအကျ ​ဟောကိန်း​ထုတ်လိုက်ပါတယ်။ တကယ်တမ်းပြောရရင်တော့ ဆရာစံဇာဏီကလည်း ကျွန်တော်တို့ အဘခနဲ့ အင်းစိန် ထောင်ကျစဉ်တုန်းက နင်းနှိပ် ဂျီးတွန်းပေးခဲ့ရတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တာပါပဲ…။ နောက်ပိုင်းတော့ ရာသီခွင်ဗေဒင်တွေမှာ ဘာကြောင့်မှန်းတော့မသိဘဲ အဘမင်းသိင်္ခရဲ့နာမည်ကို အပြည့်အစုံမရေးပဲ ဆရာခဆိုပြီး သင်ဆရာဖြစ်ကြောင်း ရေးနေတာတွေ့တော့ မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ပါတယ်…။ (ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ပညာသင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ အမည်ကို အပြည့်အစုံ ဖော်ပြသင့်တယ် ကျွန်တော် မြင်မိပါတယ်) ကျွန်တော့်က တာရော့ခ်ပညာနဲ့ ၁၁.၁၁.၂၀၁၁ ကနေ ဘာဆက်ဖြစ်မလဲ ကျနော်အတွေးအခေါ်နဲ့ တွက်ကိန်းအရ အဖြေဆက်ထုတ်ရင်…. တားရော့ခ်မှာ ၁၁ နံပါတ်ဟာ တရားမျှတခြင်းပါ။… Justice မိန်းမတစ်ယောက်ဟာ […]


koyin sithuNovember 2, 20111min024
တစ်ခုသော ကာလတစ်ခုက ကျွန်တော်သင်တန်းတက်စဉ် ကာလမှာပေါ့… သင်္ဘောသီးကျောင်းတော်ကြီးက ကျွန်တော်တို့ကို ပင်လယ်ပြင်တွင် မည်သို့ လုပ်ကိုင်ရမည်၊ မည်သို့နေထိုင်ရမည်၊ အရေးကြုံလာရင် ကိုယ့်အသက်ကို ဘယ်လိုကြံဖန်မွေးမြူရမယ်လို့ Safety First ဆိုသော ဆောင်ပုဒ်ကို တကြော်ကြော် အော်ပြီး စိတ်တက်ကြွနေသော ကျောင်းသားလေး ကိုရင်ခမျာ စာတွေ့၊ လက်တွေ့ သင်ကြားနေစဉ် ကာလမှာပေါ့…။ ကျွန်တော်တို့ သင်ရတဲ့ ဘာသာရပ်တွေထဲမှာ Fire Prevention and Fire Fighting ဆိုတဲ့ ဘာသာရပ်တစ်ခုကို လက်တွေ့ရော စာတွေ့ပါသင်ကြားရပါတယ်။ မီးဘေးဘယ်လိုကာကွယ်ရမယ်… မီးကို သင်္ဘောပေါ် ဘယ်လို ငြိမ်းသတ်ရမယ်ဆိုတာပေါ့။ သင်္ဘောပေါ်မှာ မီးလောင်ရင် မီးသတ်ကားလဲမရှိ၊ မီးသတ်သမားလဲ မလာနိုင်သမို့ ပါလာသမျှ သင်္ဘောသီးတွေ အားလုံး ကိုယ့်ဘာသာကိုယ် မီးငြိမ်းသတ်နည်းနှင့်တကွ မီးဘေးကြောင့်  မီးခိုးတွေအကြား […]


thit minNovember 1, 20111min016
ကျနော်ပုံပြောပြပါရစေဗျာ။ အဲ တခုတော့ရှိတယ်ဗျ (တယောက်တဝက်စားမယ်လို့လာမနောက်နဲ့နော် ဒီမှာအတည်ပြောမလို့)။ မျက်လှဲ့မပြခင်ဆေးရောင်းသလို ဆေးနဲနဲရောင်း (အဲလေ) နဲနဲရွှီးအုန်းမယ်ဗျာ။ ကျနော် ဗီလိန်ဆိုတဲ့ ပို့စ်တင်တော့ လူတော်တော်များများဟာဗီလိန်ဗီဇစိတ်မပါဘူးဆိုတာ ခံစားသိရှိရတယ်ဗျာ။ဝမ်းသာမိတယ်။အဲဒီစိတ်တွေရှိတာ။ နောက်ဝမ်းနဲမိတယ်။လောက(အထူးသဖြင့်ကျနော်တို့ရဲ့မြန်မာပြည်ကြီး)မှာအများကြီးရှိနေလို့။ ဂေဇတ်အသိုင်းအဝိုင်းကလူတွေလိုများစိတ်သဘောထား၊မြင့်မြတ်ကောင်းမွန်ကြရင်ကျနော်တို့ခင်ဗျားတို့ အရမ်းပျော်ဘို့ကောင်းသွားမှာဘဲဗျာ။ ကျနော့ရဲ့ ပို့စ်မှာ ကော်မန့်ပေးခဲ့သူများကိုကျေးဇူးအထူးတင်ရှိပါတယ်။ အထူးဖော်ပြလိုတာက အကောင်းဆုံးကော်မန့်ပေးခဲ့တဲ့ ကိုနေးချားနဲ့ မရွှေအိ ကိုအထူးဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။ ကိုနေးချားက သည်သို့ဆိုပါတယ်…………….မင်းသားဇာတ်ကမလား ဗီလိန်ဇာတ်ကမလား ကိုယ်ကြိုက်တာရွေးလို့ရပါတယ်။ မင်းသားဇာတ်ကမယ်ဆိုရင်တော့ ခက်ခဲမှုရှိနိုင်ပါတယ်။ မင်းသားဇာတ် ကမယ်ဆိုရင်တော့ သစ္စာတွေ မေတ္တာတွေ ကိုယ်ချင်းစာတရားတွေကို သိရှိ ယုံကြည်ပြီး လိုက်နာဖို့လိုပါမယ်။ ဗီလိန်ဇာတ် ကမယ်ဆိုရင်တော့ ဘာမှမလိုပါဘူး။ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရုံပါပဲ။အင်မတန်လွယ်ပါတယ်………………တဲ့။ မရွှေအိကတော့ သည်လိုပါခင်ဗျ…………… သူတပါးအကျိုးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တတ်သူကိုတော့ ဗီလိန် (main […]


koyin sithuNovember 1, 20111min010
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အလှူအတန်း ပြုရမှာ လက်မနှေးကြပါဘူး။ သဒ္ဓါတရား အင်မတန်ကောင်းမွန်တဲ့ မြန်မာလူမျိုးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ အလှူကတော့ သဒ္ဓါတရားကောင်းရင် ကောင်းသလို အကျိုးပေးတတ်ပါတယ်….။ စေတနာဆိုတာ ကံပါ… စေတနာကောင်းရင် ကံကောင်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်ချင်တယ် အိုကေ ချင်တယ်ဆိုရင်တော့ ကျွန်တော်ပေးတဲ့ ယတြာကို (၇)ရက်သားသမီး ရွာသူ၊ရွာသား အပေါင်း ပြုလုပ်နိုင်ပါတယ်။ ယတြာဆိုတာ အကုန်လုံးကို ကောင်းအောင် မလုပ်နိုင်ပါဘူးခင်ဗျာ… ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းမှာ ဝဋ်ကြွေးဆိုတာ ပါလာကြစမြဲ… ဥပမာ – ကားတိုက်ပြီး ခြေထောက်နှစ်ဖက်ဖြတ်ခံရမဲ့ ဝဋ်ကြွေးမျိုးပါလာတဲ့သူက ယတြာလုပ်လဲ အဲ့လိုဖြစ်ကိုဖြစ်ပါတယ်…။ တကယ်စွမ်းတဲ့ ယတြာဆိုရင်တောင် ကားတိုက်ပြီး ခြေထောက် နှစ်ဖက်လုံးဖြစ်ရမှာ တစ်ဖက်လောက်ပဲ ဖြစ်ရုံလောက်အထိ ကာပေးနိုင်ပါတယ်။ […]


koyin sithuOctober 31, 20111min048
ဝါလကင်းလွတ် သတင်းကျွတ်ကို ကျော်လို့ တန်ဆောင်တိုင်တောင် ရောက်ခဲ့လေပြီ… ချစ်သူ… လက်ထပ်ဖို့ အရေး မင်းက ပြောလေတိုင်း ကိုယ့်ရင်မှာတော့ သင်္ဘောသားဖြစ်ရဲ့ ကိုယ့်ဘဝကို အားမလို အားမရနဲ့ အတွေး ပွားနေမိတာတော့ အမှန်ပါချစ်သူရယ်…။ အခြေမလှတဲ့ သင်္ဘောသားလို့ ကိုယ့်ကိုယ်ကို မပြောချင်ပေမဲ့ လက်ထပ်ဖို့ အရေးဆွေးနွေးမိတိုင်း ကျောထောက်နောက်ခံဆိုလို့ နောက်က ထောက်ပေးမယ့် ဝါးရင်တုတ် တစ်ချောင်းတောင် မရှိတဲ့ ဘဝကို စဉ်းစားမိတိုင်း လက်တွဲပြီး ရင်ဆိုင်ဖို့ သတ္တိမရှိဘူးလို့များ ကိုယ့်ကို ထင်နေမလား ချစ်သူ….။ Officer မဖြစ်သေးတဲ့ ကာလတစ်လျှောက်လုံးတော့ ရသမျှ ဒေါ်လာလေး ၅၀ဝ လောက်ကို ခွဲခြမ်းစိတ်ဖြာနေရသူမို့ ကမ်းပေါ်တက်လာရင် ရေထဲကငါး ကုန်းပေါ်ရောက်ရင် ဖလတ်ဖတ် ဖြစ်နေသလို ရေနည်းငါး ဖြစ်နေလို့ ကိုယ့်အပေါ်မှာ စိတ်ပျက်နေပါလား… […]


black chawOctober 31, 20111min022
သူကြီး ၏ “သတ်သေနေကြလေသတည်း”  ပို့စ်ကို ဖတ်ပြီး တွေးမိပါတယ်။ သတ်သေဘို့ ကြံစည်ကြိုးပမ်း ခဲ့ပေမယ့် အကြံမအောင်တဲ့လူတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲဆိုပြီး ဂွကျကျ တွေးမိပါတယ်။ ဟုတ်ပါတယ် မိမိကိုယ်ကို သတ်သေတိုင်း အကြံအောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ အဲဒီလို အကြံမအောင်ခဲ့ရင် ထောင်ချမယ့် ဥပဒေကြီးကလည်း ရှိနေတော့ သေရင်သေ မသေရင်ထောင်ပဲဆိုတာ သေချာနေပါတော့တယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် အမြင်လေးကို သတိရမိပါသည်။ ပြီးခဲ့တဲ့ တစ်လလောက်က “အရက်သောက်ခြင်းသည် ဒုစရိုက်မဟုတ်” နာမည်ဖြင့် ပိုစ်တစ်ခုကို ဆရာကြီးရွှေဥဒေါင်း ၏ အတွေးဒေါင့်လေး အဖြစ် ကျွန်တော်တင်ပြခဲ့ဘူးပါသည်။ ထိုပို့စ်တွင် ကြောင်ကြီး က ဆရာကြီး၏ ဓမ္မဆောင်းပါးများကို မနောတံခါးလေးဖွင့်ပြီး ဖတ်စေလိုပါတယ် ဟု မန်းခဲ့ဘူးပါသည်။ ယခု ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် […]