black chawOctober 15, 20121min031
အနုပညာခံစားမှု ဆိုတာ ဆရာလိုမလို ဆိုတဲ့ ကိစ္စလေး ဆွေးနွေးကြည့်မလား လို့ပါ…။ အနုပညာတစ်ခုခုဟာ ဖန်တီးသူနဲ့ ခံစားမယ့်သူနဲ့ ကြားမှာ အကွာအဝေးတစ်ခုခုရှိနေတတ်ပါတယ်…။ ပို့စ်မော်ဒန် တွေခေတ်စားကာစက တောင်စဉ်ရေမရတွေ လျှောက်ရေးနေတာပါကွာ..၊ နားကိုမလည်ပါဘူးလို့ အလွန်အကျွံ ဝေဖန်ခဲ့ကြသူတွေလည်း မနည်းလှပါဘူး…။ နားမှမလည်ဘူးဆိုမှတော့ ဘယ်လိုလုပ်ခံစားနိုင်စွမ်းရှိတော့မလဲဗျာ…နော့…။ ဆိုလိုချင်တာက အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် နိမ့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။ နောက်တစ်ဖက်က ပြန်ကြည့်ရင် အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် မြင့်လွန်းနေတာလဲ ဖြစ်နိုင်တာပါပဲ…။ နောက်တစ်ခုက ခံစားမယ့်သူရဲ့ ခံစားနိုင်စွမ်းပေါ်မူတည်ပြီး အနုပညာတစ်ခုက ပေးနိုင်တဲ့ ရသတွေ အတွေးအခေါ်တွေဟာ ကွဲပြားခြားနားနေတယ် ဆိုတာပါပဲ…။ စာပေလွတ်လပ်ခွင့်မရခဲ့ခင်တုန်းက အောင်ဆန်းစုကြည် ကို ကဗျာရေးတာတောင် ဝင်္ကဝုတ္တိတွေသုံးပြီးရေးခဲ့ကြရတာပါ…။ စာပေစိစစ်တဲ့လူတွေကို လှည့်စားရတာပေါ့ဗျာ…။ ဥပမာ…။ ဆရာဇော်ဇော်အောင်ကြီးက အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ရေးခဲ့ဘူးတယ်ဆိုတဲ့ စာလေး […]


koyin sithuOctober 13, 20121min011
တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ဝင်ကာ စားဖွယ်သောက်ဖွယ်များ ဝယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။ မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ဝါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။ ကျွန်ုပ်သည် ဝါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ဝင်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။ […]


Khaing KhaingOctober 12, 20121min051
ကျွန်မ ဒီနေ့ညနေ ပျင်းပျင်းရှိတာနဲ့ အခွေဆိုင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ် …. မိုးလည်းမရွာဘဲ သီတင်းကျွတ်နီးတော့ ရာသီဥတုလေးက သာယာနေတယ်လေ …. အရင်ကဆို သူရှိတုန်းက ကျွန်မကြိုက်တဲ့ သရဲကားတွေကို ဝယ်ပေးထားလို့ အိမ်မှာသရဲကားပဲ ကြည့်ဖြစ်တယ် …. ဒီကြားထဲမှာ မြန်မာဗွီဒီယိုခွေတွေလည်း ငှားကြည့်တတ်သေးတယ် …. သူခရီးထွက်တော့ အပြင်ကို တစ်ယောက်တည်းထွက်ရမှာ ပျင်းတာနဲ့ အခွေမကြည့်ဖြစ်တာ နည်းနည်းကြာသွားခဲ့တယ် … ခွေဆိုင်ရောက်တော့ ၁ လလောက်မငှားဖြစ်တဲ့ကားတွေထဲက ဘယ်ကားက ဟာသကားတွေလဲဆို ပြီးရွေးနေမိတယ် …. ကျွန်မက ခွေကြည့်ရင် သရဲကားနဲ့ဟာသကားပဲကြိုက်တယ် .. မြန်မာသရဲကားကျတော့ ကြည့်လို့မကောင်းလို့ မကြည့်ဘဲ မြန်မာဟာသကားပဲကြည့်ဖြစ်တယ် ….အခုခေတ်က ဟာသကားတွေ ကျော်ရဲအောင်ကသရုပ်ဆောင်တာများတယ် … ကျော်ရဲအောင်တစ်ခါမြုပ်သွားခဲ့ဖူးတယ် … အခုတဖန်မှာ ကျော်ရဲအောင်က ဟာသရုပ်ရှင်ကားကြီး မှာ […]


ဒီအကြောင်းအရာလေးတွေ ကျွန်တော့်ခေါင်းထဲစိမ့်ဝင်နေတာကြာပြီလို့ဆိုရင်လဲ မှန်သလို… ဒီစာကိုရေးဖို့အတွက် အချက်အလက်တွေနဲ့အချိန်အခါတွေလိုနေသေးသမို့ အချက်အလက်စုရင်း အချိန်အခါစောင့်ရင်း… ပျင်းနေရင်းနဲ့ အချိန်တွေဆွဲဆန့်ထားတာလဲ တော်တော်ကြာနေပြီပေါ့… ပြီးခဲ့တဲ့လကုန်နဲ့ ဒီလဆန်းတစ်ရက်နေ့မှာ တက်ခဲ့တဲ့ပိုစ့်နှစ်ခုက ကျွန်တော့်အတွေးတွေကို ပိုပြီးတွေးမိစေ တယ်လို့ဝန်ခံရမှာပဲ… တစ်ခုကတော့ အစ်ကိုကျော်သိန်းရဲ့ ဘယ်ကျောင်းထားမှာလဲနှင့် ကျောင်းဒုက္ခ… http://myanmargazette.net/150390/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories သူကြီးကိုယ်တိုင် Sticky ပေးထားတဲ့ပိုစ့်ပါဗျာ… နောက်တစ်ခုကတော့ ကိုပေါက်ပေါက်ရေးထားတဲ့ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ ဦးဆောင်နေမယ်ဆိုရင်ဖြင့် http://myanmargazette.net/150680/education ကဲ… ကျွန်တော်စပြီး နှမ်းဖြူးပါတော့မယ်… ကျွန်တော်အမြဲပြောတတ်သလို Change ပေါ့ဗျာ… Change လို့ပြောတိုင်း သူငယ်ချင်းမယ်ပုချ်ရဲ့ အကြွေစေ့ပုံပြင်လေးကို သတိရမိလို့ အကြွေစေ့နဲ့အပေါက်ခံရမှာ စိုးသေး… Change လို့ပြောတဲ့နေရာရဲ့နောက်ကွယ်မှာ Update & Upgrade ဆိုတာက ကပ်ပြီးလိုက်ပါလာပါတယ်… အခု ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ၎င်းအောက်မှာရှိတဲ့ပညာရေးစနစ်ကို […]


black chawOctober 3, 20121min053
ပျင်းပျင်း ရှိတာနဲ့ ထရေးလိုက်မိတာပါ…။ အလကားနေရင်း ပျင်းတယ်ဆိုတဲ့လူတွေ ဖတ်ကြည့်ကြဖို့ပါ…။ ဘလက်တို့ မြန်မာပြည်မှာ မြို့ငယ်လေးတွေ မြောက်များစွာရှိနေကြပေမယ့် တွံတေးဆိုတဲ့ မြို့ကလေးကတော့ တခြားမြို့တွေနဲ့ မတူပါဘူး… အနုပညာရှင် အဆိုတော်တွေထွက်ရှိရာ မြို့လေးတစ်မြို့အဖြစ်နာမည်ကြီးပါတယ် … ဘယ်လိုနာမည်မျိုးကိုမဆို ရှေ့မှာ တွံတေး တတ်ထားလိုက်ရင်ကို တော်ရုံလူ မစော်ကားဝံ့တော့လောက်အောင်ကို တွံတေး ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်… ဥပမာ … ဘလက်ချော ဆိုတဲ့ နာမည်ရှေ့မှာ တွံတေး ထည့်ကြည့်လိုက်… တွံတေး ဘလက်ချော … ကဲ… ကြည့် … ဘယ်လောက် ခန့်လိုက် ထည်လိုက်သလဲ … နော့… တခြားမကြည့်ပါနဲ့… တွံတေးသိန်းတန် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့တင် တွံတေးမြို့ ဆိုတာ ဒါပဲကွ လို့ […]


နွေဦးOctober 1, 20121min09
တွေ့တိုင်းတွေ့တိုင်း အကြောင်းရာ တခုမဟုတ်တခု ငြင်းနေရတဲ့သူငယ်ချင်းနဲ့ ဒီနေ့လဘက်ရည်တိုင်မှာ ထိုင်မိတော့လဲ အမြင်မတူတာကို ငြင်းကြရပြန်တာဘဲ ။ငြင်းလိုက်တိုင်းလဲ သူလဲမနိုင် ကိုယ်လဲ အရှုံးမပေးနဲ့ ဘယ်တော့မှ ပွဲမပြီး အဆုံးမသတ် ကြဘဲအချိန်ကုန်ကြရတယ် ။ လူတိုင်းငြင်းခုံတတ် ကြတာပါ ။သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာ အများဆုံးငြင်းခုံတတ်ကြပါတယ်။ အဓိကငြင်းခုံရတဲ့ အကြောင်းအရာတွေဟာ သူလဲသိ ကိုယ်လဲသိထားတဲ့ အကြောင်းတွေဖြစ်တတ်ပါတယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူတော့တာနဲ့ ငြင်းခုံမှုဟာ စတော့တာပါဘဲ ။ တယောက်ယောက်က အလျှော့ပေးလိုက်မှ ဒါမှမဟုတ် အခြား ပြောစရာအကြောင်းပြောင်းသွားတော့မှ ငြင်းခုံတာပြီးသွားတတ်တယ်။ နို့မဟုတ်လို့ကတော့ အချိန်ကုန်သွားတဲ့အထိ မပြီးမဆုံး ငြင်းခုံနေကြရမှာ ။ ဒီလို ငြင်းခုံတဲ့ အလေ့အထဟာ ဘယ်အချိန်ကစပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်တမ်းမတွေ့မိပေမဲ့ လူတွေရှိနေသ၍တော့ ငြင်းခုံမှု အငြင်းပါွးမှုတွေကတော့ အဆုံးမရှိ ဖြစ်နေကြအုံးမှာပါဘဲ။ ငြင်းခုံကြတဲ့ အကြောင်းပေါ်မှာ အခြေခံပြီး […]


htet waySeptember 28, 20121min013
ပေးစာဆိုတာ မနက်စောစော လက်ဖက်ရည် ဆိုင် ထွက်လာရင်း ရေးကြီး သုတ်ပျာနဲ့ အန်အယ်ဒီက မိတ်ဆွေ တစ်ယောက်က လာပြီး ဆရာ ခဏလောက် စကားပြောပါရစေလို့ ဆိုလာတယ်။ ကျွန်တော်ကလည်းပြောပေါ့ ဒီမှာတင် သူတို့ ပါတီကို ရွာတွေမှာ စာဖြန့်ထားတယ် ။ ဘယ်သူက ဘာအပြစ် ၊ ဘယ်ဝါကတေ့ ငွေစားလို့ ၊ ဘယ် တစ်ယောက်က ရုံးမှာ ပါတီဝင် အမျိုးသမီးတွေနဲ့ တရုန်းရုန်း စသဖြင့် မကောင်းကြောင်းတွေ လိုက်လံ ဝေငှနေတယ်။ဒါကြောင့် ရွာကို စည်းရုံးရေးဆင်းတော့ အခက်အခဲတွေ ဖြစ်နေတယ် ဆိုပဲ။ ရေးဖြန့်သူက နာမည်ပါအောက်မှာရေးထားတယ်ဆိုတော့ တရားစွဲပါလို့ အကြံပေးလိုက်တယ်။ ဒီမှာတင် ပြောသူက တရားစွဲချင်တယ် သို့သော် လူနာမည်တစ်ခု ရေးရုံနဲ့ တရားစွဲလို့ ရပါ့မလား […]


ဟုတ်ပါပြီ။ပထမဦးဆုံး ကုလားဆိုတဲ ့အသုံးအနှုန်းကိုရှင်းရအောင။်ခင်ဗျားတို ့လဲသမိုင်းသင်ဖူးမှာပါ။ ကိုလိုနီခေတ် ကုလား-ဗမာ အဓိကရုဏ်းဆိုတာသင်ရမှာပေါ့။အိန္ဒိယနွယ်ဝင်တွေကို ရှေးကတည်းက ခွဲ ခြားခေါ်ပြီးသားပါ။ဟိန္ဒူတွေကို ရှေးကဗြဟ္မဏတဲ ့။အခုတော့ ပုဏ္ဏားလို ့ခေါ်တယ်။ပုဏ္ဏားတွေက မြန် မာတွေကို ဒုက္ခမပေးခဲ ့ပါဘူး။ဗုဒ္ဓကိုလည်း သူတို ့ဘုရား (၄)ဦးမြောက်ဝင်စားတယ်လို ့ ယူဆပြီး ရိုရို သေသေ ကိုးကွယ်ကြပါတယ်။ဟိန္ဒူ-မြန်မာ အဓိကရုဏ်းလို ့မပေါ်ဖူးပါ။ကုလား-မြန်မာအဓိကရုဏ်း ဆိုတာ မွတ်ဆလင်-မြန်မာ အဓိကရုဏ်းပါပဲ။ဒီလိုဆိုရင် ကုလားမခေါ်ရဘူးဆိုတော့သမိုင်းပါပြင်ရတော့ မှာလား။ကျုပ်က ကျူရှင်ဆရာဆိုတော့ လူမျိုးပေါင်းစုံဆက်ဆံရတာ။မွတ်ဆလင်တပည့်တွေက သူတို ့ ကိုယ်ကို ကုလားလို ့ပဲသုံးနှုန်းသလို သူတို ့အမျိုးသမီးတွေကျ ကုလားမတဲ ့။ကဲ မွတ်ဆလင်မခေါ်ကြ မလား။ခေါ်ကြလေ။ မြန်မာတွေသဘောကောင်းပြီးလိုက်လျောလွန်းလို ့ရခိုင်ပြဿနာလိုတွေပေါ်ရတာပါ။ဒ ီဖြစ် မယ်လို ့ပညာရှင်တွေသတိပေးပြီးသားပါ။ခင်ဗျားတို ့ပြုံးပြသလိုသူတို ့ကပြန်ပြုံးပြပါသလား။ခေတ်အဆက်ဆက် လူမျိုး၊သာသာထိပါးစော်ကားခံခဲ ့ရတာ […]


Green RoseSeptember 25, 20121min048
ဒီရက်ပိုင်းမှာ အလုပ်တွေက ရှုပ်လိုက်တာ။ ဘာတွေဘယ်လို ရှုပ်နေမှန်းမသိပါဘူး။  ဟိုတနေ့ကဆိုရင် မနက် Breakfast စားပြီးကတည်းက ညနေ ၃ နာရီလောက်အထိ ဘာမှမစားဖြစ်ဘူး။ အလုပ်တွေရှုပ်နေတုန်းတော့ ဆာတာကိုလည်း သတိမရမိပါဘူး။ ညနေ ၃ နာရီလောက် အလုပ်နည်းနည်းပါးသွားတော့မှ ဗိုက်ဆာတာကို သတိထားမိသွားတာ။ ထမင်းမစားရသေးမှန်းသိလို့ ရုံးကအစ်မက ခေါက်ဆွဲကြော်ဝယ် ပေးထားတယ်။ စားစရာက လက်တစ်ကမ်းမှာရောက်နေပြီး၊ စားဖို့အတွက် လက်ထဆေးတော့မှ အဲဒီ့လက်ဆေးနေတဲ့ အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင် ဗိုက်ကအရမ်းဆာလာတာ။ အဲဒီ့ခဏလေးမှာ စဉ်းစားလိုက်မိတာက ကမာ္ဘ့နေရာအနှံအပြားမှာ ဖြစ်နေတဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုဆိုတာကိုပါ။ အဲဒီ့က ခလေးတွေ၊ လူကြီးတွေ ဘယ်လိုများနေပါ့မလဲလို့ တွေးမိသွားတဲ့အခါ.. …. အခု Green Rose က စားချင်တာလည်း ဝယ်စားနိုင်တယ်။ စားစရာတွေလည်း လက်တစ်ကမ်းမှာရှိတယ်။ နောက်ပြီး […]


ကလင်…. ကလင်…. ကလင်…. စားပွဲပေါ်မှဖုန်းလေးမြည်လာသည်… ထုံးစံအတိုင်းဖြစ်နေကြ ကွန်ပျူတာပြသနာများအတွက် မေးမြန်းမှုပင်ဟု တွက်ထင်ပြီး ဖုန်းအားကောက်ကိုင်လိုက်သည်… “ အခွန်ဆောင်ထားတဲ့စာရွက်တွေ HR အခန်းမှာလာပြီးယူလို့ရပြီနော်… ” “ အော်… အင်း လာခဲ့မယ်… ခဏလေးပါ… ” လုပ်လက်စလေးကို လက်စသပ်… အောက်ထပ်ကိုပြေးဆင်းသွားပြီး… ဝင်ငွေခွန်ပြေစာယူရန် HR အခန်းထဲသို့ တံခါးလေးခေါက်ပြီးဝင်သွားလိုက်သည်… HR Officer အနားတွင် ရုံးမှအရာရှိတစ်ယောက် ပြေစာထုတ်ယူရင်းစကားစမြည်ပြောနေသည်… သူ့ကိစ္စပြီးပါစေလို့ ခဏစောင့်ရင်း… ကိုယ့်အလှည့်ရောက်လို့ လက်မှတ်လေးထိုးနေတုန်း… သူက စကားစ၏… “ ဘယ်လိုတုန်းဗျ… ကိုအိုင်တီရ… ကျွန်တော်အခုပဲပြောနေတာဗျ…” “ ဟုတ်… ဘာကိုလဲအစ်ကို…” “ ဒီလိုဗျာ… အစိုးရက တစ်နှစ်ကို တစ်ဆယ့်လေးသိန်းနဲ့အထက်ဝင်တဲ့လူတွေကို အခွန်ဆောင်ခိုင်းတယ်…” “ အင်း…” ခေါင်းတစ်ချက်ညိတ်ပြီး ထောက်ခံလိုက်သည်… […]


နေပြည်တော် တစ်ဖက်က ကန်လှရွာလေးမှာရိုက်ခဲ့တဲ့ပုံလေးပါ လမ်းကြမ်းတယ် ဖုံထူတယ် လမ်စိုက်တောင်သူတွေပဲနေကြတယ် လယ်ထွန်တယ် စပါးစိုက်ကြတယ် ထမင်းကြမ်းနဲ့ရေနဲ့စားတယ် အမှိုက်တွေမီးရှို့ပြီး ထမင်းချက်တယ် လယ်ထဲမှာတဲထိုးတယ် လယ်ထဲမှာပဲနေကြတယ် .. လယ်တောထဲမှာပဲနေ အဲ့ဒိမှာပဲ့မှာပဲစားရေချိုးအပေါ့အလေးသွား ့ဒီလယ်ယာထဲမှာပဲ ဒီအသက်မွေးဝမ်းကြောင်းနဲ့ပဲ တဘဝလုံးးးးဂိတ်ဆုံး ………. 🙁 အရမ်းပင်ပန်းပါတယ်.. မြို့ပေါ်ကလူငယ်တွေအဲ့လိုမျိုးဘဝတွေကို သိစေချင်ပါတယ် နားလည်စေချင်တယ် သဘောပေါ်က်စေချင်တယ် ်ဘဝမှာရိုးသားမှာကလွဲရင်ဘားမှမရှိတဲ့မပိုင်ဆိုင်နိုင်တဲ့သူတို့ဘဝ….. ဘဝပေးကံမကောင်း အကြောင်းမလှတဲ့သူတွေပါ … အခွင့်လန်းတွေများစွာလိုသလိုရနိုင်တဲ့ မြို့ပေါ်ကလူငယ်လူရွယ်များ ကိုယ့်မှာ ရနေတဲ့ အခွင့်အရေးတွေကို မသိချင်ယောင်ဆောင်ပြီးရှောင်မသွားပါနဲ့ လက်မလွတ်လိုက်ပါနဲ့ ဘော်လုံးပွဲလောင်း ချဲထိုး ဂိမ်းဆိုင်သွား အရက်သောက် ဖဲရိုက် တန်ဖိုးရှိတဲ့အချိန်တွေကို မသုံးဖြုန်းလိုက်ပါနဲ့ ပေါ့ပေါ့တန်တန်နဲ့ဘဝကို မဖြတ်သန်းလိုက်ပါနဲ့…. အမှားအမှန်အကောင်းအဆိုးအကြောင်းအကျိုးကို ခွဲခြာနိုင်ပြီး ဘဝတက်လမ်းကိုရှာဖွေနိုင်ကြပါစေ .. credit to- အမျိုးသား စာရိတ္တ ပညာ […]


koyin sithuSeptember 13, 20121min011
ကျွန်တော်တို.ရေကြောင်းပညာသိပ္ပံ ယခု ရေကြောင်းကောလိပ် (လာသမျှ လူကောလွတ် ရသမျှှလိပ်လိုယက်ပြီးယူ) တက်ခဲရစဉ်ကအရမ်းကိုပျော်ဖို.ကောင်းခဲ့ပါတယ်။ အယင်တုန်းကတစ်နှစ် ယခု နှစ်နှစ်ပြီးယင် Cadet သင်တန်းပြီးလို.ကျောင်းဆင်းပွဲ လုပ်ကြပါတယ်။ဒါက နှစ်စဉ် မတ်လလောက်မှာ ပို.ဆောင်ရေးဝန်ကြီး အဆက်ဆက် တက်ရောက်လာပြီး ကျောင်းဆင်းတပ်ခွဲတွေ စစ်ကျောင်းပုံနဲ. ဝန်ကြီးကို ချီတက်အလေးပြုကြပါတယ်။တကယ်ကို ကြည်နူးကျေနပ်စရာကောင်းတဲ့မြင်ကွင်းတွေပါပဲ။ ကျောင်းသားတွေကလည်းမိမိတို.ရဲ့ ဝန်ကြီးကို ဒီလိုစစ်ကျောင်းပုံနဲ.ချီတက်အလေးပြု နိုင်ဖို.အတွက် လနဲ.ချီပြီး စစ်ရေးပြသင်ခန်းစာတွေကို အပင်ပမ်း အဆင်းရဲခံပြီးလေ့ကျင့်ခဲ့ကြတာပါ။ ဒီလိုအရာရှိလောင်းပေါင်းများစွာတို.က လေးစားမှူ.အပြည့်နဲ. အလေးပြုခံရတဲ့ အတွက် လေးစားဂုဏ်ယူမိပါတယ် ဘကြီးအောင်။ အရာရှိလောင်းတွေရဲ့ ဘဝဟာ အခုဆိုပိုပြီး ပြင်းထန် ခက်ခဲလာပါပြီ ဘကြီးအောင်။ ကျောင်းဆိုယင်လည်း အယင်လို တစ်နှစ်ထဲမဟုတ်ပဲ ၂ နှစ်တက်ရတော့ အချိန်ကုန်တယ် ငွေကုန်တယ် လူတွေပိုပြီး ပင်ပမ်းတယ်။ ပြီးတော့သင်္ဘောမှာလည်း လခလေးတွေက နည်းလာတော့ […]


ムラカミSeptember 13, 20122min026
ဂျပန်နိုင်ငံလို့ ပြောရင် ..ကျနော်တို့ မျက်စိထဲမှာ ကီမိုနို ချယ်ရီပန်း မော်တော်ကား နဲ့ စက်ရုပ်တွေ ကို အရင်ဆုံး မြင်ယောင်မိမှာ ဖြစ်ပါတယ်.. ဒါတွေဟာ ..ဂျပန်ရဲ့.. brand elements တွေ …. (ဒေါက် … စိတ်ထိန်းဟဲ့… ဒါ …မားကတ္တင်း ပိုစ့် မဟုတ်ဘူး … ဟတ်ကဲ့ ဟတ်ကဲ့ ..) 😛 အဲလေ.. ဆက်ရရင် … ဆိုလာ အာအိုးအိ ၊ လိကို ကာဝါဂူချိ ၊ အိုဇာဝါ မာရီယာ .. တို့ကို ပြေးမြင်သူလည်း ရှိမှာပါ … ( ဖြန်း .. ညှီပြန်ဘီ… ဒါ ဂဇက်ဟဲ့ ..ချက်ကြီး မဟုတ်ဝူး… […]