မနေ့ညက ကျွန်မစာသင်နေရတဲ့ ကိုးတန်းကျောင်းသားက မေးခွန်းတစ်ခုမေးလာခဲ့ပါတယ်။ “မြန်မာစာကို ဘာလို့ အမှတ်ပြည့် မပေးတာလဲ” တဲ့။ ဒီမေးခွန်းကို ကျွန်မဆယ်တန်းနှစ်မှာ မြန်မာစာဆရာကြီးကို မေးခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ အဖြေက- “စာပေတစ်ခုရဲ့ အနှစ်သာရ၊ စာပေတစ်ခုရဲ့ တန်ဖိုးအရ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး…သမီးအနေနဲ့ သိင်္ဃသူ့သမီးကျောက်စာအရ သိင်္ဃသူ့သမီးရဲ့ စိတ်ထားကို ရေးမယ်ဆိုရင် ဘယ်လိုပဲရေးရေး သူ့ရဲ့စိတ်ထားကို ပြည့်စုံအောင် ဖော်ပြနိုင်မှာမဟုတ်ဘူး…ဒီလိုပဲ နွေရာသီအကြောင်း စာစီစာကုံးရေးမယ်ဆိုရင်လည်း ဘယ်လိုပဲဖြေဖြေ ပြည့်စုံတယ်လို့ မယူဆဘူး…ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေမှာ အမှတ်ပြည့်မပေးဘူး…ဒါက စာပေတိုင်းမှာရှိတယ်…အင်္ဂလိပ်စာမှာဆိုရင်လည်း essay/letter တွေကို အမှတ်ပြည့်မပေးဘူးလေ…”   ဆရာကြီးရဲ့ အဖြေအတိုင်းပဲ ကျွန်မလည်း ပြောပြလိုက်ပါတယ်။ စာစီစာကုံးနဲ့ မေးခွန်းရှည်တွေကလွဲလို့ ကျန်တဲ့မေးခွန်းတွေမှာ အမှတ်ပြည့်ပေးတဲ့အကြောင်းလည်း ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက ထပ်မေးလာခဲ့တယ်။   “ဆရာမတွေ […]


CourageNovember 17, 20121min09
အတူတူပါပဲ   ရန်ကုန်မြို့လမ်းမများ၏ မြင်ကွင်းတွေကိုအားလုံးပဲမြင်ဖူးကျပါလိမ့်မယ်။ ယခင့်ယခင် ကတော့ ရန်ကုန်မြို့ရဲ့ ကားလမ်းတွေပေါ်မှာ မော်တော် ယဉ်ပေါင်းမျိုးစုံကိုမျက်စိနောက် ဖွယ်မြင်နေရပေမယ့် သက်တန်းရင့် ယဉ်အအိုအဟောင်းများကို ကားသစ်များနှင့်လဲလှယ်ခွင့်ပြုပြီး သည့် အခုနှစ်ဆန်းပိုင်း (၂၀၁၂ခုနှစ်)လောက်ကစပြီး လမ်းမပေါ်မှာ ကားတွေကို ပိုပြီး မျက်စိနောက်လောက်အောင်မြင်ခဲ့ရသည်။ ကားတွေများလာတာနဲ့အမျှ ယဉ်ကျောပိတ် ဆို့မှုဆိုတာ ကလည်း နေရာတိုင်းလိုလိုပင်။ ဒါတွေကိုဖြေရှင်းပေးရန်အတွက်ရန်ကုန်မြို့ရဲ့အချက်အချာလမ်း စုံနေရာ၊ယဉ်ကျောပိတ်ဆို့မှုအများဆုံးဖြစ်ပေါ် တက်သောနေရာကြီးလေးနေရာတွင်လည်း ဂုံးတံတားကြီးလေးစဉ်းကိုတည်ဆောက်ပေးဖို့ လေးလပဲအချိန်ယူမည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက အတိအ လင်းကြေညာထားခဲ့သည်ကိုလည်း အားလုံးသိပြီးသား၊ ကားအသစ်များ၊ကားအကောင်း စားကြီးများနှင့်တန်အောင် လမ်းများကိုလည်း အကောင်းဆုံးဖြစ် အောင်ပြုပြင်ပေးနေခဲ့သည်ကို လည်း အားလုံးသိပြီးသားဖြစ်မည်။ ဒါတွေကအရေးမဟုတ်။ ယခုကျွန်ုပ်ပြောပြချင်သည်က ဒီလိုကားအကောင်းစားကြီးတွေ ၊ဖြူးနေတဲ့လမ်းတွေ၊အဆင့်မြင့်ဂုံးကျော်တံတားကြီး တွေ မြင်ရတော့မည့်အရေးကို တွေးမိခဲ့တဲ့အချိန် ကျွန်ုပ်စိတ်ထဲတွင်ပေါ်လာသည့်အတွေးလေးတစ်ခု၊အဖြစ်အပြက်လေးတစ်ခုကြောင်းကို တင်ပြလိုခြင်း ပင်။အဲ့ဒီ့အတွေးကို ကျွန်ုပ်စတင်ရရှိခဲ့သည်ကတော့ ယမန်နှစ် ကျွန်ုပ်၏ […]


CourageNovember 17, 20121min07
ကြားခေတ်က ကြားလူ             တစ်ကယ်တန်း ဒီအကြောင်းအရာကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်လိုက်ရင် လူပြော သူပြောတော်တော် ခံရမှာပဲဆိုတာကို စာရေးသူ နား လယ်ပြီးသားပါ။ သို့ပေမယ့် အကောင်းမြင် သူနဲ့အဆိုးမြင်တက်သူ၊ ဖြည့်တွေးတက်သူနဲ့ဟာကွက်ကိုရှာတက်သူ ဒီလိုမျိုးလူတွေရဲ့အမျိုး မျိုးသော စိတ်အ ခြေအနေ အယူအဆတွေကြားထဲက စာရေးသူလည်း ထောင့်တစ်ထောင့် ကနေပြီး မြင်ကြည့်တဲ့သဘောမျိုးလေးနဲ့ဒီစာကိုရေးလိုက်တာပါ။ အခုတစ်လော။ ဟိုဂျာနယ်ဖတ်လည်း ကံ့ကော်မြေ၊ ဒီမဂ္ဂဇင်းဖတ်လည်း ကံ့ကော်မြေနဲ့ စိန်ပန်းပြာတွေပွင့်တဲ့၊သစ်ပုတ်ပင်ကြီးရှိတဲ့ ဂျပ်ဆင်ထိပ် က လရိပ်ပြာလေးကြောင့်တင့်တယ်နေတဲ့၊ လှိုင်နယ်မြေ RC-2တက္ကသိုလ်ကြီးကို သတိရကြောင်း တမ်းတရကြောင်းရေးထားတဲ့ရင်ဖွင့်ထား တဲ့အကြောင်း အရာတွေကိုတွေ့ရတာ အရမ်းကိုကြည့်နူးဖို့ကောင်းလိုက်တာ။ သမိုင်းအတိနဲ့နေရာ၊ သမိုင်းသိတဲ့နေရာ ဘဝများစွာ အဖြစ်အပျက်များစွာ ခံစားချက်များ စွာ ပေါင်းလံနေတဲ့ ဒီနေရာကြီး အကြောင်းကို ပြန်လည်ဖေါ်ထုပ်နေကျပြီ။ ဒီပရဝဋ်ကြီးဟာ အလကားရှိခဲ့တာမဟုတ်ဘူး။ သစ်ရွက်ခြောက်အကြွေတွေနဲ့ အမှိုက်ရှုပ်ခံရုံသက်သက်မဟုတ်ဘူးဆိုတာကို […]


black chawNovember 17, 20121min024
ကြားပြီးကြပြီလားဗျ…။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတဲ့…။ လှလိုက်တဲ့ စကားလုံး…။ ဘယ်လိုပုဂ္ဂိုလ်အကောင်းစားကြီးတွေက တီထွင်သုံးစွဲသွားတာတဲ့လဲ…။ ခုရှုပ်မှနောင်ရှင်း… မှတ်တမ်းလေးတော့ တင်ထားသင့်တယ် ထင်မိပါတယ်…။ နောင်တစ်ချိန်…ဂုဏ်ပြုသင့်ရင်လည်း နာမည်တတ်ပြီး ဂုဏ်ပြုရအောင်ပေါ့…။ အဲ…အဲ ငါ နဲ့ ကိုင်တုတ်စရာရှိရင်လည်း နာမည်တတ်ပြီး ကိုင်တုတ်လို့ရတာပေါ့ နော့်…။ ဟေးဟေး…။ အဲဒါနဲ့ ပတ်သက်လို့ ကာတွန်းလေးတစ်ကွက် ဖတ်မိဘူးတယ်…။ ရေးသူအမည်မမှတ်မိတော့တာကိုတော့ ခွင့်လွှတ်ပေးပေါ့ဗျာ…။ ဆင်းရဲတဲ့လူတွေက အများစု…၊ ချမ်းသာကြွယ်ဝသူတွေက အနည်းစုဆိုတော့ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်တာထက် ချမ်းသာကြွယ်ဝမှုကို တိုက်ဖျက်တာက ပိုလွယ်ပါလိမ့်မယ်တဲ့…။ ဟုတ်တော့လည်း အဟုတ်သားဗျ…။ ဆင်းရဲမွဲတေသူတွေအနေနဲ့ ဖုန်းတောင်မကိုင်နိုင်ကြသေးတဲ့အချိန်မျိုးကြီးမှာ… နံပတ်အပူးနဲ့ ကျပ် ၂ သိန်းတန် GSM ဖုန်းတစ်လုံးကို ကျပ် ၄ရ သိန်းနဲ့ လေလံဆွဲဝယ်ယူသွားတယ်ဆိုတဲ့ သတင်းကလည်း ခုရက်ပိုင်း လူပြောများလို့ နေပါတယ်ဗျာ…။ အော်…မုဒိတာပွားနိုင်ပါတယ် […]


မိုခ်ိဳNovember 17, 20121min09
သစ် ထူ လွင် ဆိုဒ်မှာ ဖတ် လိုက် ရတဲ့ မပြည့် စုံ တဲ့ သတင်း တစ်ပုဒ် ကို ဆင့် ပွား ပြီး တွေး မိ လိုက်ခြင်း ပါ။ သစ်ထူးလွင် ပရိတ်သတ် တွေ လည်း ဖတ်ပြီး လောက် ရော ပေါ့ ။ဘို ကလေး မြို့ နယ် ၊ ကဒုံ ကနိ အုပ်စု ထဲက မရမ်း ချောင်း ရွာ မှာ လူ ၃၃ ယောက် က မိသားစု ၃ စု ကို အကြမ်း ဖတ် တယ် ဆိုတဲ့ သတင်း လေး […]


San Hla GyiNovember 16, 20121min044
အမှန်တော့ ဒီစာကို ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ နည်းနည်းရှည်သွားလို့ ပို့စ်အနေနဲ့ သီးသန့်တင်လိုက်ပါတယ်။ ထုံးစံအတိုင်း ဦးနှောက်ကို မုန်တိုင်းတိုက်လိုက်တယ်ဗျာ။ ကိုရှုံးနိမ့်မှုများနဲ့လူက စည်းကမ်းချက် အမှတ် ၁၃ ကိုပြောတာ မြင်လို့ ကျနော်လဲ စိတ်ဝင်စားတာနဲ့ ဝင်ပါလိုက်တယ်ဗျာ။ အဲဒီ စည်းကမ်းချက် ၁၃ ကိုပြောချင်တာ ကြာပြီ။ ကျုပ်က ကျုပ်အမြင်ကို ပြောမယ်။ မကျေနပ်သူက ချေဖျက်နိုင်တယ်။ ကျုပ်ကလဲ ပြန်လည် ချေဖျက်ဆွေးနွေးမယ်။ ထုံးစံအတိုင်းပေါ့။ အဲဒီ စည်းကမ်းချက် ၁၃ အကြောင်းပြောချင်တာ ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက်နဲ့ ကိုကြောင်ဝတုတ်ရေးတဲ့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ဆိုတဲ့ ဆောင်းပါးကတည်းကပဲ။ ကျုပ်အမြင်နဲ့ တချို့လူတွေ အမြင်တူမှာ မဟုတ်ဘူး။ ကျုပ်စိတ်ထင် အဲဒီစည်းကမ်းချက်ကို တွင်တွင်ပြောနေသူတွေတောင်  ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကွဲပုံမရဘူး။ […]


alinsettNovember 16, 20121min055
အခုတလော အလင်းဆက်လေးးတစ်ယောက် အချစ်တို့ မေတ္တာ တို ့က်ိုပဲ အပြောများနေတယ် လို ့ ထင်နေကြပြီလား မသိ ။ အမှန်တကယ်လည်း အချစ်နဲ့ မေတ္တာကိုပဲထွေရာ လေးပါးမက တွေးနေမိတာပါ။ အခုလည်း မေတ္တာ တရားအကြောင်း / အလင်းဆက် မိန်းမတစ်ယောက်ကို ထားချင်တဲ့ မေတ္တာ …အကြောင်း အလင်းဆက် လိုချင်တဲ့ မိန်းမ တစ်ယောက်မှာ ….ရှိသင့်တယ် ထင်တဲ့အချက်ကလေးတွေအကြောင်း…… ပြောကြည့်ပါရစေ ဦး။ ================== အလင်းဆက်နှင့် မေတ္တာ ကျွန်တော်က ချစ်ရမယ့် ချစ်သူ ဆိုတဲ့ မိန်းကလေးကို မတွေ့ရသေးပေမယ့် အဲဒီမိန်းကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ချစ်ရမယ် ဆိုတာတော့ ကြို တွေးထားပြီးပါပြီ။ ကျွန်တော်က အချစ်ဆိုတာကို ပေးဆပ်ခြင်း….လို ့ပဲ သတ်မှတ် ယူဆပါတယ် […]


စဆရ ႀကီးNovember 16, 20121min035
ကျွန်တော်သည် အတော်လေး ဂွကျကျ လူသားတစ်ယောက်ဖြစ်သည်။ မည်မျှ ဂွကျသနည်းဆို ငယ်စဉ်က ရှမ်းဘောင်းဘီသာ ဝတ်ခဲ့သောကြောင့်ဖြစ်ပေမည်။ သူများတွေ ဖင်ကျပ်ဝတ်နေချိန်တွင် ဂွကျကျဘောင်းဘီကြီးဖြင့် လူကြားထဲသွားရသည်ကို ဂုဏ်ယူမိခြင်းလဲဖြစ်သည်။ ယခုတော့ ဝတ်ရန်မဖြစ်နိုင်သေးသဖြင့် အသာလေးငြိမ်နေရသည်။ လူရိုသေ ရှင်ရိုသေဖြစ်ရန် လူတစ်ကာအကြိုက် မျက်နှာဖုံးတပ်ပြီးနေနေရသည်။ ဒါတောင်မှ တစ်ခါတစ်လေ ဝယ်လာသည့်ဘောင်းဘီကို ပြင်မဝတ်ပဲ ဂွကျကျ ဝတ်ဆင်ပြီး လျှောက်သွားတတ်သေးသည်။ ထိုမျှဂွကျသည့်သူပင်။ ကိုရင်ရှူံးငယ်စဉ်က ကျောင်းသားဘဝတွင်ဖြစ်၏။ သချင်္ာဆရာမှ ၁ နှင့် ၁ ပေါင်းလျင် နှစ်ဖြစ်ကြောင်းပြောသည်ကို ၃ ဖြစ်သည်ဟု ခံငြင်းဖူးသဖြင့် အရိုက်ခံခဲ့ရဖူးသည်။ ဆရာမှ ၁ နှင့် ၁ ပေါင်းခြင်းသည် ၂ ဖြစ်သည်ဟု ဇွတ်အတင်း ဝန်ခံခိုင်းသဖြင့် အရိုက်ခံရမည်ကြောက်သည်နှင့် နောင်မေးတိုင်း ၂ ဟုသာဖြေခဲ့ဖြစ်သည်။ ကိုရင်ရှူံးအမြင်မှာဖြင့် […]


black chawNovember 15, 20121min051
(နိဒါဏ်း) ကျွန်တော် စဉ်းစားနေတယ်…၊ အပြန်ပြန်အလှန်လှန်ကိုစဉ်းစားနေမိတယ်…၊ မိန်းမတစ်ယောက်ရဲ့ဘဝမှာ အနမ်းတစ်ပွင့်က ဘယ်လောက်အရေးပါသလဲဆိုတဲ့ ကိစ္စကိုပါ…။ အထူးသဖြင့် ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဘဝမှာပေါ့…။ ငယ်ငယ်တုန်းကလို အာဘွားဆိုပြီး ပါးထိုးပေးလာသူတိုင်းကို အလွယ်တကူ နမ်းလိုက်လို့မရနိုင်တော့တာကိုတော့ ကျွန်တော်လည်းနားလည်ပေးနိုင်ပါတယ်…။ ဒါပေမယ့်ပေါ့ဗျာ… သရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ဘဝမှာ… ချစ်ခြင်းလုံးဝမပါတဲ့…၊ ဒါမှမဟုတ် ရမက်ကင်းစင်တဲ့…၊ ဒါမှမဟုတ်ပြန်သေးရင်လည်း အလုပ်သဘောအနေနဲ့…၊ မင်းသားတစ်ယောက်ကို ဟန်ဆောင် နမ်းရှိုက်လိုက်ဖို့ ဘယ်လိုအရာကများ ခက်ခဲစေခဲ့တာပါလိမ့်…။ အဲဒါကို…ကျွန်တော်စဉ်းစားနေတာပါ…။ (စာကိုယ်) အကယ်ဒမီ သက်မွန်မြင့် ကတဲ့…။ ပုညခင် ရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းရိုက်မယ့် “ကျွန်မက နှင်းဆီပါမောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရထားရာက အဲဒီ အနမ်းတစ်ပွင့်ကြောင့်ပဲ မင်းသမီးနေရာကို စွန့်လွှတ်သွားခဲ့တယ်တဲ့…။ နည်းနည်း စိတ်ဝင်စားအောင် ကြော်ငြာဝင်ရရင် မင်းသားနေရာက သရုပ်ဆောင်မှာက အကယ်ဒမီ အိန္ဒြာကျော်ဇင် ကြီးရဲ့ခင်ပွန်း…အကယ်ဒမီပြေတီဦး […]


ကျွန်မမှာ ဘဝနှစ်ခုရှိပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ ဘဝအဓိပ္ပာယ် တစ်နည်းအားဖြင့် ဘဝဖွင့်ဆိုချက် နှစ်ခုရှိပါတယ်။ အဲဒီအဓိပ္ပာယ်တွေနဲ့ လက်တွေ့ဘဝတွေဟာလည်း အကျိုးအကြောင်း တစ်လှည့်စီ ဖြစ်နေပါသေးတယ်။ တစ်ခါတစ်လေမှာ လက်တွေ့ဘဝပေါ်မူတည်ပြီး အဓိပ္ပာယ်သက်ရောက်သွားတာမျိုးရှိသလို တစ်ခါတစ်လေကျတော့လည်း အဓိပ္ပာယ်ပေါ်မူတည်ပြီး လက်တွေ့ဘဝအဖြစ် ကျင့်သုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်အထိတော့ ကျွန်မဟာ အဲဒီဘဝနှစ်ခုထဲမှာ မသေချာမရေရာစွာ၊ ဒွိဟများစွာနဲ့ ရှင်သန်နေရဆဲပါပဲ။   “ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပါပဲ” တဲ့… ကျွန်မကိုယ်ကျွန်မ အားတင်းတဲ့ စကားတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိုးလင်းကမိုးချုပ် အလုပ်တွေနဲ့ တရစပ်ပြည့်နေတဲ့အခါမှာ၊ ကိုယ့်စိတ်ကို အပန်းဖြေဖို့ အချိန်နည်းနည်းလေးတောင် မပေးဖြစ်တဲ့အခါမျိုးတွေမှာ ကျွန်မကိုယ်ကျွန်မ ပြောလေ့ရှိပါတယ်။ “ငါလုပ်နိုင်တယ်..ငါလုပ်ရမယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ..”   ဒီလိုဘဝမျိုးကို ဘယ်အချိန်ကစပြီး ကြုံရသလဲဆိုရင် ကျွန်မဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်မှာပါ။ ဆယ်တန်းပြီးလို့ နားမယ်ကြံကာရှိသေးတယ်၊ […]


ကျုပ်နာမည် ပိစိ… မိသားစုထဲမှာ အညှက်ဆုံးမို့ ပိစိလို့နာမည်ပေးထားပေမယ့် အသက်လေးလဲရလာရော… ထင်သလောက်မသေးခဲ့ပါဘူး… အသက်လေးလဲ နဲနဲရလာတော့ လူတွေကကျုပ်ကို ဦးပိစိလို့ခေါ်ကြတယ်… ကျုပ်ဘဝမှာ အရက်သောက်ပြီး တစ်ခါတစ်ရံမူးတတ်တာကလွဲရင် သူများကိုဒုက္ခမပေးဖူးလို့ အပေါင်းအသင်းတွေကချစ်ကြတယ်… မူးရင် ဘယ်တော့မှမရစ်ဘူး… စကားပြုံးပြုံးကြီးပြောပြီး ခင်စရာတောင်ပိုကောင်းလာတယ်လို့သူများတွေက ပြောကြတယ်… တစ်ခါတစ်ရံ ယောင်္ကျားပီသအောင် ကွမ်းစားကြည့်ဖူးတယ်… သိပ်မကြိုက်ဘူး… လောင်းကစားလေး တစ်ခါတစ်ရံလမ်းကြုံရင် ကစားတယ်… ကံဇာတာကအရမ်းကောင်းတော့ စွဲသွားလောက်အောင်တစ်ခါမှမနိုင်ဘူး… နောက်ဆုံးတော့ ဘယ်အချိန်သောက်သောက်မူးတတ်တဲ့ သစ္စာရှိတဲ့အရက်ကိုပဲသောက်ရတယ်… တကယ်ကို မူးတဲ့အရသာကိုနှစ်သက်မိသွားတော့… ဦးပိစိမူးအောင်မျိုးစုံလုပ်ဖူးတယ်… ဘဝမှာ အရက်သောက်ပြီးမူးတာထက် ပိုပြီးမူးတဲ့နည်းလမ်းအသွယ်သွယ်ကို သုံးခဲ့ဖူးတယ်… နည်းမျိုးစုံနဲ့ ဦးပိစိမူးဖူးတယ်… (၁) ဦးပိစိ ကားတာယာကို မီးရှို့ပြီးမူးဖူးတယ်…. (၂) ဦးပိစိ PVC ကပ်တဲ့ကော်ရှုပြီး မူးဖူးတယ်…. (၃) ကိုယ့်ဂျိုင်းမွှေးကိုယ်နှုတ်… မီးရှို့ရှုရင်း မူးဖူးတယ်…. (၄) ဘုရားပွဲမှာ […]


                    တကယ်ပြောတာပါဗျာ…. ကျုပ်ရွာထဲတဝဲလည်လည်လုပ်နေတာသာ တော်တော်ကြာပြီး ဘယ်လိုပိုစ့်ရေးရမှန်းကို မစဉ်းစားတတ်သေးဘူး…။ အဲဒါနဲ့ပဲ ပုံစံတစ်မျိုးရေးလိုက် tag တမျိုးပေးလိုက်နဲ့ – ကျုပ်လုပ်မိသမျှ tag တွေ ပွစိတက်ပြီး ကိုယ့်ဟာကိုယ်လဲ မမှတ်မိတော့ပါဘူး….။ ပိုစ့်မရေးရပြန်တော့ ကွန်မင့်ရေးဘို့လုပ်တော့လဲ ပိုစ့်တိုင်းကို ကွန်မင့်ပေးလို့မရ..။ အဲတော့ ဘယ်လိုစာရေးရမယ်လို့ စဉ်းစားလို့မရခင် ကိုယ့်ရောဂါနဲ့ကိုယ် အာသာပြေအနေနဲ့ တစ်နေ့တစ်နေ့ အတွေ့အကြုံလေးတွေက ဆင့်ပွားတွေးမိတာလေး တစ်တို့နှစ်တို့လောက်စီကို ပဲ တစ်ပုဒ်နှစ်ပုဒ်လောက် စာဖြစ်အောင် အရင်ရေးနှင့်ပါရစေတော့ ……   ဒီနေ့မနက်လဲ  ကျုပ်အိမ်ခန်းအတွက် မီတာဆောင်မလို့ စမ်းချောင်း မီတာရုံးရှေ့မှာ သွားတန်းစီမိတယ်…။ အရင်ကတော့ ဒီအလုပ်ကို သူများကိုခို်င်းထားတာဆိုတော့ ကျုပ်အဖို့တော့ […]


Foreign ResidentNovember 14, 20124min0120
စဉ်းစားကြစေလိုပါတယ် ( ၄ဝ ) ( သင် ဆင်းရဲခြင်းနှင့် ထိုက်တန်နေပါသလား )   ဘာရယ် မဟုတ်ပါဘူး ။ ဟိုဘက် Post မှာ ၊ အဘ မန့်ထားတာလေးကို ၊ အမှတ်တရ ကျန်ခဲ့အောင် နှင့် ၊ ထပ်ပြောချင်တာ နဲနဲ ရှိလို့ ၊ Post တစ်ခု လုပ်လိုက်တာပါ ။ Comment ကျတော့ ၊ ခဏလေး နှင့်ပျောက်သွားပြီး ၊ ပြန် ရှာလို့ မလွယ်ဘူးလေ ။   အမှန်တော့ ဟိုဘက် Post က ၊ စာရေးသူက သူ့ဘာသာသူ ၊ ရသ စာပေလေး ရေးထားတာပါ ။ […]