မနေ့ညက ကျွန်မစာသင်နေရတဲ့ ကိုးတန်းကျောင်းသားက မေးခွန်းတစ်ခုမေးလာခဲ့ပါတယ်။ “မြန်မာစာကို ဘာလို့ အမှတ်ပြည့် မပေးတာလဲ” တဲ့။ ဒီမေးခွန်းကို ကျွန်မဆယ်တန်းနှစ်မှာ မြန်မာစာဆရာကြီးကို မေးခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ အဖြေက- “စာပေတစ်ခုရဲ့ အနှစ်သာရ၊ စာပေတစ်ခုရဲ့ တန်ဖိုးအရ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး…သမီးအနေနဲ့ သိင်္ဃသူ့သမီးကျောက်စာအရ သိင်္ဃသူ့သမီးရဲ့ စိတ်ထားကို ရေးမယ်ဆိုရင် ဘယ်လိုပဲရေးရေး သူ့ရဲ့စိတ်ထားကို ပြည့်စုံအောင် ဖော်ပြနိုင်မှာမဟုတ်ဘူး…ဒီလိုပဲ နွေရာသီအကြောင်း စာစီစာကုံးရေးမယ်ဆိုရင်လည်း ဘယ်လိုပဲဖြေဖြေ ပြည့်စုံတယ်လို့ မယူဆဘူး…ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေမှာ အမှတ်ပြည့်မပေးဘူး…ဒါက စာပေတိုင်းမှာရှိတယ်…အင်္ဂလိပ်စာမှာဆိုရင်လည်း essay/letter တွေကို အမှတ်ပြည့်မပေးဘူးလေ…” ဆရာကြီးရဲ့ အဖြေအတိုင်းပဲ ကျွန်မလည်း ပြောပြလိုက်ပါတယ်။ စာစီစာကုံးနဲ့ မေးခွန်းရှည်တွေကလွဲလို့ ကျန်တဲ့မေးခွန်းတွေမှာ အမှတ်ပြည့်ပေးတဲ့အကြောင်းလည်း ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက ထပ်မေးလာခဲ့တယ်။ “ဆရာမတွေ […]
