“မရှိမဖြစ် ……………………….. “ ကျနော်တို့ ခင်ဗျားတို့အားလုံး ငယ်အိပ်မက်တွေတော့ ရှိခဲ့ကြတာပေါ့။ ဒါပေမယ့် လဲ ကိုယ့် ရဲ့ ဘဝပေးအခြေအနေအရ မတူညီသော အကြောင်းတရားများအရ မတူညီတဲ့ အကျုးိတရားတွေကိုဘဲ ကိုယ်စီခံစားခဲ့ကြရပါတယ်။ ငယ်ငယ်က ဆရာဝန်ဖြစ်ချင်သူက ကျောင်းဆရာဖြစ်ချင်လဲဖြစ်နေမယ်။ ဆရာဝန်လုပ်ဘို့ စိတ်ကူး မရှိသူက လဲ ဆရာဝန်ဖြစ်ချင်ဖြစ်သွားမယ်။ ဝေလသီချင်းထဲကလို စစ်သားကြီးလုပ်မယ်ဆိုသူကလဲ ဈေးသည်ဖြစ်ချင်ဖြစ်နေပြီး အင်င်္ဂျင်နီယာ ဖြစ်ချင်သူက စစ်ဗိုလ်ဖြစ်ချင်ဖြစ်နေတတ်ပြီး လေတောင်ချွန်ဘို့ စိတ်ကူး မရှိသူက အဆိုတော်ဖြစ်ချင်ဖြစ်နေတတ်သလို သူဌေးကြီးလုပ်မယ်လို့ စိတ်ကူးထားသူက လယ်ယာပြန်စားရေး ဝန်ကြီးဖြစ်ချင်ဖြစ်နေပါမယ်။ ကိုယ့်စိတ်ထဲ ဖြစ်ချင်တာနဲ့ တစ်ထပ်ထဲ ကျတယ်ဆိုသူတွေကတော့ ရှိပေမယ့်လည်း အတော်ကိုရှားပါးပါမယ်။ အထက်တန်းကျောင်းသားဘဝ လွန်မြောက်ချိန် ကြီးမားတဲ့ဘဝလမ်းခွဲမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ တွေဆန္ဒတွေနဲ့ တကယ့်လက်တွေ့ ဘဝ […]
