alinsettFebruary 10, 20142min030
  သူရ တော်တော် စိတ်လေသွားတယ်။ မြန်မာပြည်မှာက မဖြစ်သင့်တာ တော်တော်များများ ဖြစ်နေပြီး ဖြစ်သင့်တာတွေကတော့ ဖြစ် မနေဘူး။ ဒီတော့ ဟိုတွေးဒီတွေး ဟိုမြင် ဒီမြင် ဖြစ်တတ်တဲ့ သူရကို မြန်မာပြည်ကြီးက အတော် စိတ်ပျက်စေတယ် ။ ဟိုတနေ့က သူရရဲ့မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောရင်းနဲ့ သဂျီးပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတဲ့ စကားကို သတိရသွားပြီး အတွေးပွါးများခဲ့ရသေးတယ်။ ———————————– အဲဒီမိတ်ဆွေနဲ့ သူရ ရှစ်မိုင်လမ်းဆုံနားကနေ လမ်းဖြတ်ကူးတာပါ။ လူကူးမျဉ်းကျားကနေကူးတာပါပဲ။ ဒါပေမယ့် ကားတွေက အေးဆေးပဲ ။ လူတွေ ဆယ်ယောက်လောက် တန်းစီပြီး ကူးဖို့စောင့်နေတာကို ခဏရပ်ပြီးကူးစေဖို့ ကားသမားတွေမှာ စိတ်ကူးမရှိဘူး။ ရပ်ပေးစရာ မလိုသလိုပဲ။ သူရတို့က ကားအကျဲမှာ အတင်းဖြတ်ပြေးဖို့ ကြိုးစားရတယ်။ ဒါပေမယ့် ကားအကျဲလေးမှာ အသည်းအသန်ကူးလို့ […]


moonpoemFebruary 9, 20141min09
ခရီးပန်းလွန်းလို ့အိပ်ပျော်တဲ့အချိန် အဝေးကလိုလို ကိုယ့်အနီးကလိုလို ကြားလိုက်မိတာက အုန်းပင်တွေကြားထဲကို လေတိုးဝှေ ့တဲ့ အသံ ပြီးတော့ လှိုင်းပုတ်သံ သဲ့သဲ့။ အိပ်မှုန်စုံမွှား နဲ ့စဉ်းစားမိတော့မှ အိုး…ဟုတ်တာပေါ့ အခု ကျွန်မရောက်နေတာ ချောင်းသာပဲကိုး။ဪ ငါခရီးထွက်လာတာပါလား ဆိုတဲ့ အသိ ခရီးထွက်လာတာကလည်း အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အပျော်ခရီးဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး တပ်လှန် ့လိုက်တဲ့ အချိန် ရုတ်တရတ် ပါးစပ်ကနေ ဟေး….ဆိုပြီး အော်လိုက်မိတယ်။ ပြီးတော့ အသံတွေကြားရတဲ့ အခန်းအပြင်ဘက်ကို ထွက်ကြည့်လိုက်တယ်။ အိုး…ကြည့်ပါဦး ပင်လယ်ပြာပြာနဲ ့ကောင်းကင်ပြာပြာကြီး စပ်ဆက်ပြီး လှနေလိုက်တာများ ဟိုး.အဝေးကြီး တစ်နေရာမှာ ထိစပ်နေသလို။ ကိုယ့်စိတ်ထဲမှာလည်း အဲဒီလို ထိစပ်တဲ့နေရာအထိ ရွက်လွှင့်ချင်လာသလို ခံစားမိတယ်။ တစ်ညလုံးကားစီးလာလို ့ နေ ့လည်အထိနားလိုက်ပြီး ညနေစောင်းလိုက်မှရေထဲဆင်းမယ်လို […]


သုရွင္February 8, 20141min07
သားကြည့် မင်းအဖေမာနတွေ မင်းမသိတုန်း မင်းကြောင့် ပြုတ်ပြုတ်ကျခဲ့ဖူးတယ်။   သားကြည့် မင်းကြောင့်မဟုတ်ရင် မင်းအဖေဒီလောက် အသားအရေတွေ ခမ်းခြောက် ရှုံ ့တွမနေဘူးသား။   သားကြည့် မင်းအဖေ ပြန်လာရင် မင်းတို့ဖို့သယ်သယ်လာတဲ့ စိတ်ညစ်ခြင်းနဲ့အလဲအလှယ်လုပ် ပြီးသား မုန့်ထုပ်တွေ။ သားတို့ဖို့ အပြုံးတွေ ဖုံးအုပ်ထားခဲ့တာ။   သားကြည့် မင်းသွားတော့မယ်ဆိုတော့ မင်းမြင်မှာစိုးလို့ ဟိုဖက်လှည့်ထားတဲ့ သူ့မျက်နှာ မင်းရှေ ့မှာလို ပြုံးနေမယ်ထင်လို့လား။   သားကြည့် မင်းလည်း အဖေဖြစ်တော့မယ်။ သားကြည့်ကြည့် မကြည့်ကြည့် သိလာမှာပါ။ သုရှင်( ၈.ဖေဖော်ဝါရီ.၁၄)    


alinsettFebruary 6, 20144min06
    * ရင်ဝမှာ. . .ဒဏ်ရာတန်းလန်းနဲ့ ည * ကြယ်တွေ လတွေ ဝေဆာနေတဲ့. . . သူတို့တွေရဲ့ ညများ. . . . ငါနဲ့ ငါ့ညလေးတွေက အားကျလိုက်ပါတယ် ညဟာ . . .ည မပီသလွန်းလို့. . .     လူမမည်သေးတဲ့ လူအတွက်. . . ညမမည်သော ညတွေကပဲ. . . တုတ်ဆွဲဓါးဆွဲ ထိုးခွဲဝင်ရောက်. . . ကံဆိုးမိုးမှောင်တွေ ခုတ်ထစ်ကျွေးဖို့တဲ့… ကွယ်. . . ငါကမှ မစားချင်တာ. . .     ဆူးချွန်တွေနဲ့ ဖိအုပ်တတ်သော […]


ဇီဇီFebruary 5, 20147min019
ဘယ်က စပြောရမတုန်းဆိုတော့ ဟိုဘက် ပို့(စ)မှာပြောခဲ့သလိုပေါ့။ ဆုတွေ များကြီးရထားတယ်။ ရည်ရွယ်ချက်ကောင်းတယ် ဘာညာသာရကာနဲ့ အတော်ကို ထင်ထားတာပေါ့။ ထင်တာလည်း ကိုယ့်အမှားမုတ်ပေါင်။ ခါတိုင်းဆို ဥယျာဉ်မြို့တော်ဖြစ်ရမယ်ဘာညာ ဆိုပြီး အလှဆင် စိုက်သမျှ ဘာတွေတုန်းဆိုတော့ ………. စက္ကူပင်တွေ။ စက္ကူပန်းပင်လောက် ဖြစ်တဲ့ မြေကိုးးး ပန်းတွေ မမွှေး အသီးတွေ မချိုသောမြေ….. စက္ကူပန်းကတော့ ရောင်စုံရှိတယ်။ သူတို့လေးတွေ ရေလောင်းဖို့က အလုပ်တစ်လုပ်အနေနဲ့ လုပ်ကြတာ ဆိုတော့။  :mrgreenn: သူတို့ကလည်းပြောတယ်လေ။  Gardens By the Bay – အပင်မျိုးပေါင်း ဘယ်လောက်၊ ကမ႓ာ ရှားပါး အပင်မျိုးစိတ် ဘာညာရှိတယ်ပေါ့။ ကိုယ်ကလည်း အပင်နဲ့ ပတ်သက်ရင် အမြစ်နဲ့ အကိုင်းတောင် ကွဲတာမဟုတ်တဲ့ လူပြိန်းဆိုတော့ အတော်ထင်ထားတာပါ။ […]


ဇီဇီFebruary 5, 201415min021
  ကဲ။ ဒီတစ်ပတ်တော့ စလုံးက ဘဘလီတို့ အင်မတန် လက်မထောင်ရတဲ့ နေရာတစ်ခုကိုသွားခဲ့တာကိုပြောပြမယ်။ စလုံးကို Garden City ကနေ City in the Garden အဖြစ်ပြောင်းလဲဖို့ လုပ်ခဲ့တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တစ်ခုပေါ့။ ဒီ ဖန်တီးမှုအတွက် ဆု တွေ ရထားတာ (၆) ခု။ ၁) Award for Outstanding Achievement (20th Annual Thea Award) ၂) Breakthrough Contribution to Tourism (Singapore Experience Awards 2013) ၃) 2013 RIBA Lubekin Prize (Royal Institute of British Architects) ၄) […]


ရွာထဲသို့ လျှောက်လည်ကြသည်။ ရန္တပိုတစ်ရွာလုံးက အိုးလုပ်ငန်းလုပ်ကိုင်သည်ဟု ထင်မိသော်လည်း တကယ်တမ်းက ရွာမြောက်ပိုင်းကသာ အိုးလုပ်ကြခြင်းဖြစ်သည်။ ရွာတောင်ပိုင်းကမူ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည်ဟု သင်္ဘောမန်နေဂျာက ရှင်းပြသည်။ ရွာတစ်ခြမ်းတည်းကို ပတ်ကြည့်သည်ပင် အချိန်အတော်ကြာသည်။ (၁) နာရီခွဲအချိန်အတွင်း ကြည့်စရာတွေက မကုန်နိုင်။ အိုးလုပ်သည့်ရွာ ပီသစွာ အိုးများက လက်ညှိုးထိုးမလွဲ။ လမ်းတစ်လျှောက်၊ ခြံစည်းရိုးများတစ်လျှောက်၊ ခြံဝန်းများထဲ၊ အိမ်တွေထဲ.. အိုး..နေရာတိုင်းပင်။ ကလေးများကျောင်းဆင်းချိန် ဖြစ်သောကြောင့် ကျောင်းပြန်လာကြသော ကလေးများကို စက်ဘီးကိုယ်စီနှင့် တွေ့ရသည်။ ကျွန်မအတွက် ထူးဆန်းသည်က ထမင်းချိုင့်များကို နောက်ထိုင်ခုံပေါ်တွင် ကြိုးနှင့်ဆိုင်းထားကြခြင်းပင်။ ကျွန်မတို့ကတော့ ထမင်းချိုင့်ရော၊ လွယ်အိတ်ရောကို ရှေ့ခြင်းထဲတွင် ထည့်သည်။ သူတို့ကတော့ လွယ်အိတ်ကို ခြင်းထဲထည့်ပြီး ချိုင့်ကို နောက်ခုံတွင် တင်သည်။ အခြားသူများက မထူးဆန်းသော်လည်း ကျွန်မကတော့ ယခုမှပင် […]


alinsettFebruary 4, 20143min06
    * တွေ ့လျှင် ပြောကြပါ. . . * သိပ်မလွတ်လပ်သော ကောင်းကင်ထဲ. . . ငါ့ အတောင်ပံတွေကို ဖြန့်. . .ဝဲခနဲပျံပြီး. . . ငါ့သီချင်း ငါရှာပါရစေ. . . မင်္သကာဖွယ်ရာ တိမ်တိုက်တွေနဲ့. . . ရှုပ်ထွေးလှတဲ့ ကောင်းကင်ထဲ. . . ငါဆိုရမယ့် သီချင်းလေးက ဘယ်မှာလဲကွယ်. . . အတောင် ညောင်းတဲ့ငှက်မို့ . . . ပျက်ကျတော့မယ့်ဆဲဆဲလို့ မလှောင်ပါနဲ့ကွယ်. . . . ဇွဲနဲ့ လုံ ့လ ကို ဒဏ်ကြေဆေးလို လိမ်းကျံပြီး ဆက်ပျံနေမယ်. . […]


မီ မီFebruary 3, 20141min013
      အမေ လောကနိယာမ သမီးကြားဖူးတာက ကျား တွေမြက်မစားဘူး တဲ့လေ ကျားမှန်ရင် တောဘုရင် ဂုဏ်ပုဒ်နဲ့ တိုက်ခိုက် ကြိုးစားပြီး ဝမ်းမီး ငြိမ်းစေတာလေ ။´   လက်ရုံးခြင်းယှဉ်ဖက် ပြိုင်ဘက်ကိုဗိုလ်မထား ကျား ဆိုမှကျား သမီး လေးစားတယ်အမေ ။   အမှောင်ကွယ်ခြုံပုဒ်ထဲက ခုန်အုပ်မယ်ဆိုရင်လဲ အသံပေးအမြီးလှုပ် အစာအတွက် တိုက်ခိုက်ရင် ကျွဲကိုကိုက်လည်းဒီခွန်အား သမင်ကိုကိုက်လည်းဒီခွန်အား ယုန်သူငယ်ကိုက်လည်းဒီခွန်အား သမီးလေးစားတယ်အမေ ။   ကျားမှောင်ခို ရောင်းဈေးက သိန်း တရာ ဆိုလဲဟုတ်တယ် ကျားတကောင်လုံးအသုံးဝင်လို့ တရုပ်ပြည်တင်ပို့တာ ကျား မစင်ပါဆေးဖက်ဝင်တယ် သမီးလေးစားတယ်အမေ ။   လောကသဘာဝ ကျားဆရာ ကြောင်လို့ပြောကြတယ် ကြွက်မရရင် အရိုးရှာတဲ့ ့ကြောင်သူတော်ရဲ့မစင် […]


မီ မီFebruary 3, 20141min06
      အ​မေ အဆုံးကိုမသိ​သေးတဲ့ခရီးကို သမီးထွက်လာခဲ့ပြီလေ လေတွေမိုးတွေတိုက်တဲ့ညက ဘယ်တော့မှမငိုတဲ့သမီးရဲ့ပါးမှာ (never) မျက်ရည်စတွေ စိုလို့ပေါ့ ။     အမေ ကဗျာရေးတဲ့သူဟာ ကဗျာဆရာ မဟုတ်လဲ ကဗျာကိုချစ်တယ် ကဗျာကိုမြတ်နိုးတယ် ကဗျာရဲ့ခွန်အားတွေခြုံလွှမ်းတယ် ကဗျာက်ုအမြဲတန်းသစ္စာရှိတယ် (ever) ကဗျာဟာဓားတစ်စင်းဆိုရင် ရင်ကိုထွင်းဖေါက်ပြီး ကဗျာဝိညဉ်နဲ့ အသက်ဆက်ဖို့ ထာဝရ ထာဝရ ထာဝရ ………မျှော်လင့်နေခြင်တယ်အမေ ။   အမေ ဒီတောကကြမ်းတယ် သမီးမသွားနဲ့ လို့ အထပ်ထပ် သတိပေးသံကြားက ခင်မင်မှုအသစ်တွေ ပျော်ရွှင်မှုအသစ်တွေ စိန်ခေါ်မှုအသစ်တွေ အောင်မြင်မှုအသစ်တွေအတွက် နောက်မလှည့်တဲ့ခရီးကို ကဗျာတွေအဖေါ်လုပ်ပြီး သမီးအားတင်းထားတယ်အမေ တောဆင်ရိုင်းတွေတွေ့လည်း သမီးမကြောက်ဖူးအမေ ခြင်္သေ့ဆိုတာလည်း ရင်ဆိုင်ရဲပါတယ်အမေ ကိုးတောင်ကျားစစ်စစ်လည်း အသက်ခြင်းလဲရဲတယ်အမေ တောကြောင်တစ်ကောင်မန်ဖီလို့ ဘယ်တော့မှ၊ အမြဲတမ်း […]


မီ မီFebruary 2, 20141min010
    အသျှင် ဤသစ်သီးကိုယူပါ ၎င်း သစ်သီး၏အဟာရသည် အသျှင်၏ လက်ယာဖက်၌တည်ပါစေသတည်း။     အသျှင် ဤရေချမ်းကို သုံးသပ်ပါ အေးမြခြင်းသည် နှလုံးသား၌တည်ပါစေသတည်း ။   အသျှင် အသစ်တဖန်မွေးဖွားခြင်းကိုဖန်ဆင်းပါ ဘဝသစ်၏ဝိညဉ်သည် ကျွန်တော်မျိုးမ၏ ဘဝင်၌ တည်ပါစေသတည်း ။   အသျှင် နေမင်း၏ရဲဝံ့မုှကိုရယူပါ လရောင်ရဲ့ ညှို့ငင်အားကိုတွန်းလှန်ပါ ကျွန်တော်မျိုးမ၏ မျက်ဝန်းအစုံတွင် နေ နှင့် လတို့ တည်ပါစေသတည်း ။   အသျှင် တောင်တန်းများ၏ကြံ့ခိုင်မှုကိုရယူပါ ပင်လယ်၏မာယာသည် အသျှင်၏ လက်ဝဲဖက်၌တည်ပါစေ ကျွန်တော်မျိုးမ၏ စိတ်နှလုံးအား အသျှင်၏လက်ဝဲဖက်လက်နှင့် ချီးမြှောက်ပါစေသတည်း။   အသျှင် ဤမည်သော ပန်းတို့၏ရနံ့ကိုသိမ်းယူပါ အေးမြသောလေညှင်း၌ပျော်ဝင်ပါစေ ပူသောမီးလျှံတို့သည် အသျှင့်ဖဝါးအောက်၌ ငြိမ်းပါစေ ကျွန်တော်မျိုးမအား […]


စဆရ ႀကီးFebruary 2, 20141min021
နေ့တစ်နေ့တာသည် နေဝင်ခြင်းဖြင့် အစပြုလေ၏။ သို့ဆိုလျင် လူအများမှတ်ယူထားသည်နှင့်များ ဆန့်ကျင်နေလေမလားရယ်မသိ။ တစ်ကယ့်တစ်ကယ်တော့ ကိုရင်စိုင်းတစ်ယောက် နေ့တစ်နေ့ကို နေဝင်ချိန်မှ အစပြုရခြင်းဖြစ်သည်။ နေဝင်ပြီဆိုသည်နှင့် ယခုနေရပ်မှ အာရပ်လူမျိုးများအပါအဝင် နေထိုင်ကြသူ လူမျိုးပေါင်းစုံမှာ ဇွန်ဘီများလို Chicken Chicken Chicken ဟုအော်ကာ ထွက်လာကြလေ၏။ တစ်ချို့များမှာတော့ မော်ရိုကို ကြက်၊ ဖိလစ်ပိုင် ကြက်၊ တရုတ် ကြက်၊ ရုရှား ကြက်၊ အာဖရိက ကြက် အစရှိသည်တို့ကို လိုက်ရှာကြသော်လည်း ကိုရင်စိုင်းတို့ထံသို့မူ စားစရာကြက်များဝယ်ရန်သာ လာကြခြင်းဖြစ်၏။ တစ်ခါတစ်ရံများတော့ တွေးမိပြန်သေးသည်။ ကြက်တစ်ကောင်လုံး လွှင့်ပြစ်ရတယ်ကိုမရှိပေ။ ကြက်ကို အရင်းပြုပြီး အသားများသောနေရာများကို ကြက်သားလုပ်ရောင်း၊ မလိုအပ်တော့သည့် ကြက်မွှေးများကို ကြက်တောင်လုပ်ရောင်း၊ အတွင်းကလီစာများကို တရိစ္ဆာန်စာလုပ်ရောင်း (မြန်မာတွေစားတာတော့ ချွင်းချက်ပေ။)၊ ကြက်သားမှတစ်ဆင့် ဆင့်ပွားပြီး […]


နေရောင်အောက်က ဧရာဝတီမြစ်ပြင်ကား အလှကြီးလှနေတော့သည်။ မြစ်ဝကျွန်းပေါ်သူ ကျွန်မအတွက်တော့ အညာဒေသ၏ မြစ်ပြင်အလှသည် အံဩထူးဆန်းဖွယ်ရာပင် ဖြစ်၏။ အထူးသဖြင့် ဟင်္သာ၊ ကြိုးကြာစသော ငှက်များ ပျော်ရွှင်မြူးထူးနေကြသော သဲသောင်ပြင်ဖြူဖြူများ၊ နုန်းတင်မြေပေါ်က စိုက်ခင်းများက ကျွန်မ မမြင်ဖူးသည့် အရာများပင်။ ကြည့်နေရင်းနှင့်ပင် အတွေးတစ်ခုက ဝင်လာ၏။ အမိဧရာဝတီကား သောင်ထွန်းနေပေပြီ။ ယခင်က မည်သို့မည်ပုံရှိခဲ့သည် မသိသော်လည်း ယခုအခါ မြစ်လမ်းကြောင်းတစ်လျှောက် သဲသောင်များက နေရာယူနေသည်။ ငှက်များမှလွဲ၍ ဗလာနတ္ထိ၊ ဘာမှမရှိ။ ရေကြောင်းကျပ်သည်ဟူသော စကားကို ကြားဖူးသော်လည်း အသေအချာ နားမလည်ခဲ့ပေ။ နွေပေါက်တော့ ရေနည်းသည်၊ ရေနည်းတော့  မြစ်ကျဉ်းသည်၊ မြစ်ကျဉ်းတော့ သင်္ဘောအများကြီးကြားထဲ ကိုယ့်သင်္ဘောက သွားရတာကျပ်သည်၊ ကျွန်မ အတွေးနှင့် ကျွန်မ နားလည်ထားခဲ့သည် သဘောတရား။ ယခုမှ သေချာသိလိုက်ရသည်က […]