poochSeptember 20, 20144min024
ရောက်ခဲ့ဖူးတဲ့ ဒေသတခုကို ပြန်မျှတဲ့ မှတ်တမ်းတခုပါ။ ဓာတ်ပုံပညာမျက်စိနဲ့ကြည့်ရင် အနှုတ်ပြမယ် ကော်နတ်ရှင်နှိပ်စက်လို့ ဖွင့်မရရင် ကျိန်ဆဲခံရမလားပဲ ။ ပုံတင်တာ များသွားလို့ :mrgreenn: လမ်းပြမိုင်တိုင် အိမ်ဝင်းနံရံအများစုက ဒါမျိုးလေးတွေများတယ် ကချင်ဘက်က ခွေးပေါက်စလေးတွေပါ ခွေးချစ်တော့ ရောက်ရာအရပ်မှာ ခွေးပုံတွေကို မှတ်တမ်းတင်ရတာအမော :mrgreenn: အထက်ရှန်ခေါင်ရွာ ကျမတို့စခန်းချတဲ့ဝါဆန်ဒါန်းရွာ မူလတန်းကျောင်းဝါးတဲလေးရဲ့ ရှေ့က ရှုခင်းကို ညနေစောင်းလှမ်းရိုက်ထားတာပါ လျှို့ဝှက်သောနှင်း ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ လူမင်း ကျောက်တုံးလို့လည်း ခေါ်သတဲ့ ပြောတာပဲ ဒါက ဇီယာဒမ်းရွာလေးရဲ့ အဝင်ကနေ လှမ်းမြင်ရတဲ့ သူရဲ့နောက်ခံက ဖုန်ကန်ရာဇီ၊ ဖုန်ရင် စတဲ့ ရေခဲတောင်တွေပါ ကျမတို့ သွားခဲ့တာ အဲ့ဒီတောင်ပါ သူတို့ရဲ့ အိမ်ဝင်းတံခါးအားလုံးလိုလိုက ဒီလိုလှေကားထစ်တံခါးလေးတွေပါ


ခင္ခSeptember 20, 20141min06
” လှေနံနှစ်ဖက်နင်းလို့ “   တစ်ခုသော အချိန်ကာလတုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ ပြည်မြို့ မင်းကြီးတောင်ခြေဆိုတာကြားဖူးကြမယ်ထင်ပါတယ်၊ ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းပေါ့၊ ဟိုဖက်တစ်ဖက်ကမ်းကတော့ ပဒေါင်းကိုသွားတဲ့ဖက်ပါ၊ အဲဒီအချိန်တုန်းက ထိုဧရာဝတီမြစ်ကို အခုလို ဖြတ်ကူးတဲ့ မြစ်ကူးတံတားကြီး မဆောက်ရသေးတော့ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိဘုရားသွား ဖူးချင်ကြတဲ့သူတွေ ပဒေါင်းဘက်သွားချင်သူတို့က ဌက်သမ္မာန်တို့ စက်လှေတို့နဲ့ ကူးကြရတာပေါ့ဗျာ။ အဲဒီ ရွှေဘုံသာမုနိဘုရားမှာ အမတော်မမြစိမ်းသိုက်နန်းရှိလို့ သွားရောက်ဘုရားဖူး၊ သိုက်ပွဲပေး ဆုတောင်းကြ သူတွေ အနေနဲ့ အများဆုံးသွာတတ်တာမို့ အဲဒီလှေဆိပ်ကလည်း လူစည်လေတော့ တစ်ခါတလေ ကိုယ်စီး ရမည့် စက်လှေအလှည့်မရောက်သေးလို့ရှိရင် စောင့်ရတာမျိုးလည်း ပိတ်ရက်တွေဆို ကြုံရလေ့ ရှိတာပေါ့ဗျာ။ ပဒေါင်းဖက်သွားဖို့ ပြည်တဖက်ကမ်းကူးရမှာမို့ ကျုပ်တစ်ခါက အဲဒီလှေဆိပ်ကိုရောက်တော့ စက်လှေနှစ်စီး ဆိုက်ကပ်ထားပြီး စီးဖို့ဦးရေများနေတာကြောင့် ဟိုဘက်ကမ်းက စက်လှေတွေပြန်ကျော့လာမှ ကိုယ်စီးမယ့် […]


“ ကုသိုလ်ရ၏  ……….မရ၏”     “လမ်းဘေးမှာ.. လှနေတဲ့ပန်းကို.. ချိုးယူပြီးဘုရားလှူရင်.. ကုသိုလ်ရ/မရ.. သိချင်မိတယ်…။” လို့ သူကြီးမင်း က အမေး ရှိလာပါတယ်။   တစ်ခါတစ်ခါမှာ ဘာသာတရားနဲ့နီးနွယ်နေတဲ့ အကြောင်းအရာတွေက ဟုတ်မဟုတ်မှန်မမှန် ပြောဘို့ရာခက်ခဲပါတယ်။ အဖြစ်အပျက်အကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်တဲ့အခါ ရူ့ဒေါင့်အမျုးိမျုးိ အမြင်အမျုးိမျုးိနဲ့ ကြည့် မြင်ဆုံးဖြတ်တတ်ကြလို့ပါဘဲ။ အလွယ်ဆုံးဥပမာပြောရ ရင် ကျောက် ရုပ်ထု တစ်ခု ကို မြင် လိုက်တယ်ထားပါတော့။ အနုပညာရှင်က အနုပညာမြောက်မမြောက် ဘူမိဗေဒပညာရှင်ကတော့ ကျောက်အမျိုးအစားနဲ့သက်တမ်းဘယ်လောက်ရှိမယ်ဆိုတာ ရှေးဟောင်းသုတေသီကတော့  ဘယ်ရာစုနှစ်လောက်က ဖြစ်မယ်လို့ တွေး နေပါမယ်။     အဲ့တော့ဒီမေးခွန်းကို ဖြေကြမယ့် သူတွေကလည်း ကိုယ်ကိုးကွယ်ရာ ဘာသာ တရား နဲ့ ချိန်ထိုးမလား ဘာကို […]


alinsettSeptember 19, 20142min011
မင်္ဂလာပါ ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့သတင်း Zone သတင်းအစီအစဉ် ( ၃ )ကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့…. *မြန်မာနိုင်ငံဟာ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ ၂၂ နိုင်ငံထဲမှာ ပါဝင်ကြောင်း အမေရိက သမ္မတရဲ့ သတ်မှတ်ကြေညာချက်သတင်း၊ * ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်တင်နိုင်ဖို့ အတွက် အမေရိကန်တောင်တက်သမား ၄ ဦးကို အကူအညီတောင်းထားတဲ့သတင်း ၊ * ပါကစ္စတန်နိုင်ငံ ရေဘေး ဒုက္ခသည်တွေကို သီတဂူဆရာတော် အရှင်ဉာဏိဿရ က US ဒေါ်လာ တစ်သောင်း လှူဒါန်းလိုက်တဲ့သတင်း ၊ * အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေမှုကို အပြည့်အဝထောက်ခံလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ […]


naywoon niSeptember 18, 20141min09
အချစ်​မူးည ကို ကဗျာပုံစံနဲ့ တင်​ပြခဲ့ပြီးသားပါ ။ ဒါ​ပေမဲ့ ​ပေးလာတဲ့ မှတ်​ချက်​​လေး ​တွေမှာ ကဗျာကို သိပ်​မထိမိဘူးထင်​လို့ ဝတ္ထုပုံစံ နဲ့ ထိုးဇာတ်​ခင်​းပြချင်​​သေးလို့ပါ ။ အဲ့ဒိ​တော့ ကဗျာ​ရေးသူဟာ ပြန်​စဉ်​းစားရပါတယ်​ ။ ဝတ္ထု ပုံစံ အဲ့ ဝတ္ထု တို အဖွဲ့ မှာဘာ​တွေလိုအပ်​မလဲ ဆိုတာ ။ နိဿရည်​း ဆရာ​တွေ အလိုအရ​တော့ ဝတ္ထုတိုဆိုတာ တစ်​ထိုင်​ထဲ ဖတ်​နိုင်​ရမယ်​ တဲ့ ။ အဲ့ဒါ​တော့ လက်​မခံ နိုင်​ပါဘူး ။ ဘာလိုဆို ဝတ္ထု​ရေးဆရာက အ​ရေးအဖွဲ့ ​ကောင်​းရင်​ အိုင်​ကျင်​း နိုင်​ရင်​ စာမျက်​နှာ​လေးငါးရာ ကို​တောင်​ တစ်​ထိုင်​ထဲဖတ်​ခဲ့ ကြဖူးတာပဲ ။ ​နောက်​ အချိန်​ကာလ ကတို​တောင်​းရမယ်​တဲ့ ။ […]


hmeeSeptember 18, 20141min038
လမ်းကလေး ရောက်ခဲ့ပြန်ပါပြီ။ ဘယ်တော့မှ ထပ်မရောက်နိုင်တော့ပါဘူးလို့ ထင်ခဲ့တဲ့လမ်းကလေးဆီ နောက်တကြိမ် ရောက်ခဲ့ပြန်ပါပြီ။ အဖြစ်အပျက်တွေ အားလုံးဟာ ဒေါ်ခင်သူ စိတ်ထဲမတော့ မနေ့တနေ့ကလိုပင်။ အချိန်ဆိုတဲ့ သမားတော်ဟာ အရာရာကို ကုစားနိုင်ပေမဲ့ ဒေါ်ခင်သူကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။ ဒေါ်ခင်သူသာ မပြောင်းလဲပေမဲ့ လမ်းကလေးကတော့ ပြောင်းလဲခဲ့ပြီ။ ဟိုတုန်းက မြေနီလမ်းကလေးဟာ အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ စိတ်ကို လန်းဆန်းစေခဲ့သော စိမ်းစိမ်းစိုစို ပုဏ္ဏရိတ်ပင်တန်း ခြံစည်းရိုးလေးတွေ နေရာမှာ အုတ်တံတိုင်းတွေက အစားထိုးနေလေပြီ။ အဆုတ်လိုက်ပွင့်နေသော ပုဏ္ဏရိတ်ပန်းနီနီလေးတွေ၊ တချို့နေရာမှာ ပန်းရောင်ဖျော့ဖျော့၊ တချို့နေရာမှာတော့ အဝါရောင်လေးတွေနှင့် အလှဆင်ထားကြသော သဘာဝအလှတရားတို့ ဘယ်တုန်းကများ ပျောက်ကွယ်သွားပါလိမ့်။ ဒေါ်ခင်သူ့ အတွေးထဲမှာတော့ လမ်းကလေးကို တွေးမြင်လေတိုင်း သည်သဘာဝ အလှလေးတွေက ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။ အခုတော့ ဒေါ်ခင်သူ မျက်မြင်မှာတော့ […]


alinsettSeptember 18, 20141min032
ဂဇက်မြို့သူ မြို့သား အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေလို ့. . . ဆန္ဒပြု မေတ္တာ ပို ့သ ပေးလိုက်ပါတယ်။ —————– ဂဇက်ရဲ့ မန်ဘာဝင် မဟုတ်ပေမဲ့ ဂဇက်ကို ဝင်ရောက် ဖတ်ရှုလေ့လာနေတဲ့ သုတမိတ်ဆွေ ရသမိတ်ဆွေများကိုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး ချမ်းသာစေကြောင်း မေတ္တာရေ . . .လောင်းပါတယ်ဗျာ. . . ——————- ဒီနေ ့မှာ . . . တခြား ဘာအတွေးမှ ထူးထူးခြားခြား မတွေးမိပဲ. . . အဓိကတွေးမိတာလေးက. . . အဲ့ဒါလေးပါပဲ။ လူရယ်လို ့ ဖြစ်တည်လာတဲ့နောက် ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာစွာ […]


ခင္ခSeptember 18, 20141min09
” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “   စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မှာ တစ်ခါတုန်းက ကြေငြာချက်တစ်ခု တိုင်းပြည်ကို ကြေငြာလိုက်တာ ဒီနေ့ပါဘဲ အဲဒီကြေငြာချက်လွန် ကာလတွေမှာ တစ်ချို့တွေက မြို့ပေါ်မှာ ကြက်ပျောက်ဌက်ပျောက်သလိုပျောက်သွားပြီး နယ်စပ်တွေ တောထဲတွေရောက်ခဲ့တယ် တစ်ချို့တွေက နံရံလေးဘက်ကို တံတိုင်းကြီးလို ကာရံထားတဲ့ထဲ ဝင်သွားကြရှာတယ် တစ်ချို့တွေက ပေါ်လိုက်ပျောက်လိုက် ပုန်းလိုက်ပြေးလိုက် လုပ်နေကြရတယ် တစ်ချို့တွေက မိသားစုတွေနဲ့ တကွဲတပြားဖြင့် ဘဝကြမ်းကိုရင်ဆိုင်ခဲ့ကြတယ် တစ်ချို့တွေက အမိမြန်မာမြေကို စွန့်ခွာသွားဖြစ်ကြတယ် တစ်ချို့တွေက ပါးစပ်တွေအပိတ်ခံလိုက်ရတယ် တစ်ချို့တွေက လက်တွေကိုချည်နှောင်ခံလိုက်ရတယ် တစ်ချို့တွေတော့ ချမ်းသာရေးလမ်းပေါ်ကို ထွက်လာခွင့်ရသွားကြတယ် တစ်ချို့တွေက တောထဲကနေ မြို့ပေါ်မှာတရားဝင်နေခွင့်ရလာကြတယ် တစ်ချို့တွေက နှစ်ပေါက်တစ်ပေါက် ဒီနိုင်ငံသားတွေ ဖြစ်ခွင့်ရသွားသလို တစ်ချို့တွေက ဒီနိုင်ငံသားဖြစ်ပါသော်လည်း […]


……………………………………………. ကျုပ်ဒီနေ့မနက် အလုပ်လုပ်ရတာ အဆင်ကိုမပြေပါဘူး အင်မတန်စိတ်ရှည်တယ်၊ ဒေါသထွက်ခဲတယ်လို့ အများချီးကျူးခံရတဲ့ကျုပ် ဒီနေ့တော့ ဘာကိစ္စဖြစ်ဖြစ်ဒေါသထွက်စရာတွေပဲမြင်နေမိတယ် ဒါနဲ့ပဲ…ရုံးထဲကထွက်ခဲ့ပြီး ကန်တီးဖက်ကိုတစ်ယောက်ထဲလျှောက်လာခဲ့တယ်… ကန်တီးမှာဆေးလိပ်တစ်လိပ်ထုတ်ဖွာရင်း…ရန်ကုန်အိမ်မှာဖျားနေတဲ့ သမီးဆီစိတ်ကရောက်သွားတယ် …သမီးဖျားနေတာနှစ်ရက်ရှိပြီ… မနက်ကဖုန်းသတင်းရတဲ့အထိ ရှင်းရှင်းမပျောက်သေးဘူးလို့ မိန်းမကပြောတယ်..ကျုပ်တော်တော်စိတ်ပူတယ်… မတော်ခုတလောအဖြစ်များနေတဲ့….သွေးလွန်တုတ်ကွေးဆိုမှဖြင့်….. ကျုပ်ရုံးဖက်ပြန်ခဲ့ပြီး ချက်ချင်းမိန်မကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ သမီးကို ခုပဲ ကလေးဆေးရုံကြီးကို သွားပြဖို့ပြောတော့…အပြင်ဆေးခန်းလည်းပြနေတာပဲ..ဆေးတွေလည်းရှိတယ်..ကောင်းသွားမှာပါ ယောက်ကျားရယ်..သိပ်စိတ်မပူပါနဲ့တဲ့……အေးလေ..ငါစိတ်ပူလွန်းနေတာပါ လို့တွေးပြီး အလုပ်ထဲအာရုံပြန်စိုက်လိုက်တယ်…ဒါပေမဲ့ ညနေဖက်ကျတော့ ကျုပ်မနေနိုင်ပြန်ဘူး.. ဒါနဲ့ပဲ စိတ်အေးရအောင် ဘော့စ်ကိုခွင့်တစ်ရက်တိုင်ပြီး ကျုပ်ရန်ကုန်ကိုပြန်ခဲ့တယ်… အိမ်ရောက်တော့ သမီးတင်မဟုတ် သားကပါ ကိုယ်ပူနေပြီ…သူ့အမနဲ့အတူအိပ်တာဆိုတော့ ကူးတာနေမှာပေါ့ ကျုပ်သမီလေးက ကိုယ်ငွေ့ငွေ့လေးပူနေတယ်… မျက်နှာလေးလည်းညှိုးလို့…အိပ်ယာထဲမှာလှဲပြီးမှိန်းနေတယ်… ဘာမှလည်းကျွေးမရ…အိုဗာတင်းလေးနဲနဲဝင်အောင်မနည်းချော့တိုက်ရတယ်…. ကျုပ်သိပ်အားမရလှဘူး…ဒါနဲ့ မနက်မိုးလင်းတာနဲ့ မိန်းမကို အဝတ်အစားနဲ့လိုမယ်ထင်တာလေးတွေစုခိုင်းပြီး ကလေးဆေးရုံကြီးကိုထွက်ခဲ့ပါတယ်…. ကလေးဆေးရုံကြီးမှာလည်း ကျုပ်တို့လိုစိုးရိမ်တဲ့မျက်နှာတွေနဲ့ ကလေးလာပြသူတွေမနည်းဘူးပဲ…အလှည့်ကျအောင်တန်းစီစောင့်ရင်းနဲ့ ကိုယ့်အလှည့်ရောက်လို့ သမီးနဲ့ သားကိုဆရာဝန်တွေ ကသေချာစစ်ဆေးနေပါတယ်..မြင်ရသလောက်တော့ ကလေးဆေးရုံကြီးကဆရာဝန်တွေ […]


ခင္ခSeptember 17, 20141min06
” လုပ် သင့် တာ လုပ် ပေး စေ ချင် “   ” သမီးလေး ညဉ့်နက်နေပြီ စာတွေလုပ်တာ မပြီးသေးဘူးလား ” ” မပြီးသေးဘူး ဖေဖေ ” ” ဘာတွေများ ဒီလောက်တောင်ရေးနေရတာလဲ ” ” ဆရာမက သင်္ချာအိမ်စာတွေလေ အပုဒ် ၅ဝ တောင် ကျောင်းပိတ်ရက်မှာ အပြီးတွက်ဖို့ပေးလိုက်တာမို့ပါ အခုမှ အပုဒ် ၃ဝ ကျော်ဘဲ ပြီးသေးလို့ ” ” မနက်ဖြန်မှာ ဆက်တွက်ပါလား သမီးရယ် အရမ်းညဉ့်နက်အိပ်ရေးပျက်တော့ သမီးနေမကောင်းဖြစ်နေ အုံးမယ် ” ” မနက်ဖြန်ကျတော့လည်း အပြင်ကျုရှင်က တစ်နေ့လုံးနီးပါးရှိတာဆိုတော့ မပြီးမှာစိုးလို့ပါ ” ” ဒါနဲ့နေပါအုံးသမီး သမီးတို့ကျောင်းဆင်း […]


alinsettSeptember 16, 20141min025
အတည်ပြောမလို့ပါ… ။ မွှေတယ်ထင်မှာဆိုလို့…ကြိုပြောတာ.. ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 1306 ခုနှစ် ၊ ၅ လပိုင်း ၊ ၁၅ ရက်နေ့မှာ သေဆုံးခဲ့တဲ့ ပုဂိ္ဂုလ်ကြီးတစ်ပါးရှိတယ်။ နာမည်က Musho Josho တဲ့ ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့  ဂျပန်ဘုန်းတော်ကြီးဆိုပါတော့…။ သူက…မသေခင်…သေတော့မယ့်ဆဲဆဲ အချိန်ကလေးမှာ.. ဘာလုပ်လဲ..ဆိုတော့… သေတော့မယ့်အချိန်ကလေးမှာ…သူရဲ့ တပည့်တွေကို စုဝေးစေပြီး…ကဗျာတစ်ပုဒ် ရွတ်ဆိုပြတယ်။ သူရွတ်ခဲ့တဲ့ ကဗျာစာသားကို မြန်မာလို ပြန်ဆိုထားတာလေး ဖတ်ဖူးတယ်…။ ဒီလို… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ လာတဲ့အခါမှာ…ဒါပဲ… သွားတဲ့အခါမှာ… ဒါပဲ… လာခြင်းနဲ့သွားခြင်း… နေ့တ်ိုင်း ဖြစ်ပျက်နေတယ်… အခု..ငါပြောတဲ့စကားတွေဟာ…ဒါပဲ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာသားတွေကို အပေါ်ယံဖတ်ရင် ဘာမှ မဟုတ်ဘူးထင်ရပေမဲ့…တကယ်လေးလေးနက်နက် ဖတ်ကြည့်ရင်.. အဲဒီပုဂ္ဂိုလ်ကြီးကို လက်ဖျားခါလိုက်ရတယ်… ။ […]


ဇီဇီSeptember 16, 20141min080
ဟို ကရွဲစည်ပို့(စ) မှာ စရင်းနောက်ရင်း လေးပေါက် စ လိုက်တဲ့ သေတမ်းစာ အကြောင်းကနေ အပြောင်အပျက်ပို့(စ) လေး တင်မှလို့ စဉ်းစားမိတာ။ ဟီးး   :mrgreenn: အဲလို စဉ်းစားမှ အပြောင်အပျက်က ထွက်မလာပဲ ခေါင်းထဲ ပေါ်လာတာတွေက နည်းနည်း ” လေး ” သွားတယ်။ အာတီဒုံရဲ့ ပို့(စ) လေးကိုလည်းဖတ်ထားမိတာလည်းပါတာပေါ့။ ဟိ။ အမှန်က ဟိုပြသနာ ပို့(စ) က အတည်ရေးတာ ဘယ်လိုဖစ်ပြီး ပေါက်ကရဖြစ်သွားမှန်းမသိဝူးးးး  :mrgreenn: ထားပါလေ။ သေတမ်းစာ အကြောင်း စ ပါ့မယ်။ မှတ်မှတ်ရရ ငါးတန်းလောက်က Will လို Auxiliary verb ကို Noun အနေနဲ့  သေတမ်းစာ လို့ […]