alinsettDecember 18, 20141min016
  ”နေရာမှားပြီး ရှင်သန်မိတဲ့သစ်ပင်” ——-   ငါ့ကိုယ်ထဲ တစ်ယောက်ယောက်များ ဖောက်ထွင်းဝင်ရောက်မိလေသလား. . .   ဒါမှမဟုတ် ငါကပဲ. . . တခြားတစ်ယောက်ယောက်ထဲ ဖောက်ထွင်းဝင်ရောက်ခဲ့လေသလား. . .   သေချာအောင် ငါ့ကိုယ်ကိုငါ ခွဲခြမ်းစိတ်ဖြာကြည့်ရဦးမယ်. . .   ငါဟာ ဘယ်လိုမြေပြင်မှာ ရှင်သန်ခဲ့တဲ့. . . ဘယ်လိုအပင်က . . . ဘယ်လို သစ်သီးများလဲလို့. . .   ~~~~~~~~   မောင်သူရ   ၂၀၁၄၊ ဒီဇင်ဘာ၊ ၁၀ ။။။။။


alinsettDecember 15, 20141min042
  ဒီလိုဗျ မိတ်ဆွေတော်ကြီးတို့ရ။     မောင်သူရကြီးက ဗမာပီပီ. . . ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ်လေးနဲ့ သိပ်ကြိုက်တာပေါ့။ ( စကားမစပ် . . .သူကြီးရေ. . . လက်ဖက်သုပ်နဲ့ရေနွေးကြမ်းဆိုတာ ဗမာရိုးရာအစားအသောက် စစ်/မစစ် ဗဟုသုတ ပေးပါဦး)   မောင်သူရ ကြိုက်တဲ့ လက်ဖက်သုပ်ဆိုတာက လက်ဖက်အညွန့်လေးတွေများများနဲ့ ခါးသက်သက်ဆိမ့်ဖန်ဖန် လက်ဖက်သုပ်လေ။   အံမယ် ပုဇွန်ခြောက်လေးကလည်း နီနီတွတ်တွတ် ပါဦးမှဗျားးး။   လက်ဖက်ညွန့်လေးတွေကို မိုးကုတ်မြို့က သူငယ်ချင်းမိတ်ဆွေတွေက မကြာခဏပို့ပေးပါရဲ့။   ဒါပေမယ့်. . . မောင်သူရအကြိုက် လက်ဖက်ညွန့်ကလေးတွေ ဒီက ပဲခြမ်းကြော်တွေနဲ့ သိပ်မလိုက်ဘူးဗျ။   အဲ မိုးကုတ်က လက်ဖက်အညွန့် နှပ်ပြီးသားလေးတွေနဲ့လိုက်တာကတော့ […]


alinsettDecember 11, 20142min035
  အဟိ။ ဂွိဂွိ ။     မောင်သူရတို့ရပ်ကွက်ထဲက ဒေါ်ဖွားမေတို့ ပြောပြောနေတာ ကြားဖူးတယ်ဗျ။ စကားပုံတစ်ခုပါ။ .ပြောတော့ဖြင့် မိုးလားလေလား ရလဒ် ထွက်လာတော့လည်း ဘာမှ မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ. . . စကားက နည်းနည်းတော့ ကြမ်းတယ်ဗျ။ ဘာတဲ့ !!!!   ”အော်တော့ဖြင့် (၇) အိမ် ကြား (၈) အိမ် ကြား. . . မွေးလာတော့ (၁)ပေါင်တောင် မပြည့်ဘူး” တဲ့။   အဲ့စကားပုံနဲ့တော့ မတင်စားလောက်ပါဘူးနော့။ စကားကြို ခံထားတာ။ :k: ။ ။ ။ ။ ။ ။   ဒီလိုပါ။ လာမယ့် […]


alinsettDecember 10, 20142min026
တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း   ~~~~~~~~~~~     ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။   အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။   စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။   နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည် ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။   တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊ လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။ အဲသည် စက်ဝိုင်းထဲ […]


Mr. MarGaDecember 9, 20141min031
နှလုံးသားတစ်ခု အရင်းပြု အချစ်ကစားပွဲကို ဝင်ကြမယ် မထိတထိ ဆော့မလား ကြေးကြီးပေး ရင်ခုန်မလား Heartbreaker လုပ်မလား Healer အဖြစ် နေမလား ကြိုက်တဲ့နေရာမှာ ကစားပေါ့ နှလုံးသားချင်း လောင်းကြေးထပ် ခပ်စပ်စပ် ဖြစ်အောင် အသည်းခွဲတမ်း ဆော့ချင်သလား နှလုံးသားကိုပဲ တစ်စစီခွဲ ဘယ်သူ ပို ကွဲနိုင်သလဲ ယှဉ်ကြမလား ခပ်မာမာ နေတတ်သူအတွက် နှလုံးသားကို အပြင်ထုတ် ဘော်လီဘောလို ပုတ်ကစားလို့ ဘယ်လောက်မာလဲ စမ်းကြမလား အသည်းပေါက်မတတ် ချစ်သူတွေအတွက် ဖောက်စက်ခုံတွေလည်း အသင့်ရှိရဲ့ ခြွင်းချက်အနေနဲ့ နှလုံးသားနုနု ထိ ရုံနဲ့တင် သွေးခြည်ဥနိုင်ရင်တော့ အသာလေး ဘေးရှောင် ခပ်ဝေးဝေးကိုသာပြေး နှလုံးသားလေး တစ်စစီဆွေးသွားနိုင်လို့ ကစားပွဲရဲ့ အနိုင်အရှုံး နှလုံးသားနဲ့ပဲ ဆုံးဖြတ်တာမို့ ရှုံးသူရဲ့ နှလုံးသား […]


အခုတလော ကလေးတွေကို စာသင်ရင်း၊ ကလေးတွေကြားမှာနေရင်း၊ ကလေးတွေအကြောင်းတွေ သိလာတယ်။ ဆယ်ကျော်သက်တွေများ အတော်လေးသတိထားပြီး ထိန်းရတာပဲ။ ခေါင်းကြောကလည်းမာ၊ မထုံတတ်တေးလည်းလုပ်၊ ဒီလိုအချိန်မှာ မိဘတွေက လေသံပျော့လေးနဲ့ ထိန်းပေးမှ။ တင်းတင်းကျပ်ကျပ်သွားလုပ်လို့ကတော့ သူတို့က ကိုယ့်ထက်ပိုပြီး သောင်းကျန်းပြလိမ့်မယ်။ သူတို့ကို မြင်နေမိတော့ ကိုယ်တိုင်လည်း ဆယ်ကျော်သက်တုန်းက ဘယ်လိုမျိုးပါလိမ့်ကို ပြန်စဉ်းစားကြည့်မယ်။ အောင်မယ်လေး..အတော်ခေါင်းကြောမာခဲ့တာပဲ။ ဒါတောင် ကိုယ့်ဆို ပတ်ဝန်းကျင်က စာအရမ်းဖတ်ပြီး ရင့်ကျက်တယ်လို့ ထင်ကြတာ။ အိမ်မှာ အမေကို အရွဲ့တိုက်ပြီး သောင်းကျန်းတာ ဘယ်သူကမှ မသိဘူး။ တနင်္ဂနွေသမီး၊ ကန်ရာသီဖွား၊ ခေါင်းကြောသိပ်မာတယ်။ လက်မဆိုလည်း လုံးဝမကော့ဘူး။ ခြေမကျပြန်တော့ အပေါ်ကို ကော့တက်နေတယ်။ ကိုယ့်ယူဆချက်ကို တော်ရုံလူ လာပြင်ပေးလို့ မရဘူး။ လုပ်ချင်တာကို ဖြစ်အောင်လုပ်တယ်။ လုပ်ချင်တာ မလုပ်ရရင် အရွဲ့တိုက်တယ်။ […]


ကျနော့်နာမည် မောင်ကြောင်ကြီးပါ ရွာသူများကခြစ်ပါဒယ်၊ ဒါပေမဲ့လဲ ပုထုဇဉ်မို့ ရမ်သူများလဲချီးပါဒယ်၊ ပထမဆုံးက ကြေးမုံဂျီးပါ တုျတ်သဗုံဖြစ်ပါဒယ် ခုတလောသူပျောက်တာ ဝပြည်နယ်ဖက် ရောက်နေဒယ်၊ နောက်တျောက်က နော်ရွှီးဂါး ကေအန်ယူမ ဖြစ်ပါဒယ်၊ ပုဇွန်ထုပ်စားဒါ မေးငေါ့မိလို့ တသက်လုံးပဲ မုန်းသွားဒယ်၊ ကင်းကောင်ပြာက ဒီကေဘီအေမ ဆားမဲပြောလို့ မုန်းလျှာဒယ်၊ နောက်တျောက်က နော်ခွစ်ဗျ ဗိုလ်ထိန်မောင်တပ်က ဖြစ်ပါဒယ်၊ သူ့ကိုလည်းပဲ ဝါးမည်ပြောလို့ တင်းနေဒယ်၊ ကျောက်ဂဒေါ် အမ်တီနှင်းက တီးမဲပြောလို့ ဆိတ်စိုးဒယ်၊ နောက်ဆုံးကဒေါ့ အာတီဒုံဂျီး ဆြာဝံမဖြစ်ပါဒယ် သူ့မြို့ဂျီးကို ဝေဖန်မိလို့ သက်မဲဒဂဲဂဲ ဖြစ်ပါဒယ်၊ နောက်ဆုံးမှာတော့ ရွံဒယ်ဆိုပီး ဗလော့သွားဒယ်၊ ရေနစ်ကြောင် ဝါးထိုးလှောင် အူးငယ်လိမ္မာ ဝင်ဆဲဒယ်၊ ၇၈၆မာမွတ် တနှာထွဋ် အသားလွတ်ကျီး ဝင်ဆော်ဒယ်၊ ကျနော်ဂဒေါ့ ခေါင်းငုံခံကာ […]


alinsettDecember 8, 20141min011
”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ” ~~~~~~~~~~~~ – မောနေကြပြီလား ? ခရီးကြမ်းကြီး လှမ်းခဲ့ရတာ ခပ်ပါးပါး ဘဝတွေတောင် ထူလို့ . . . အမ်းလို ့. . . ရေကြည်ရာ မြက်နုရာ. . . အခု အဲဒီခေတ်ကြီးပျောက်လို့…. ရှာနေကြတုန်းပေါ့ ။ နောက်ဆုံးတော့လည်း. . . . ကိုယ့် ကိုယ်တွေကို ရေလောင်း ကိုယ့် ကိုယ်တွေကို ပေါင်းသင်လို ့. . . နှုတ်သင့်တာ နှုတ် ဖြုတ်သင့်တာ ဖြုတ်ပြီး ကိုယ့်ဘဝတွေကပဲ ကိုယ့်ဘဝရဲ့ ရေကြည် မြက်နု….အခု ဖြစ်ရမယ်. . .ပေါ့။ ဒီသက်တမ်းမှာ . . . လူဖြစ် […]


padonmarDecember 6, 20141min016
ဒီနေ့မနက် လမ်းလျှောက်ရင်း ဖုန်းထဲပါတဲ့ Panorama ကိုစမ်းရိုက်မိတယ်။ အပြင်မှာ ကျယ်ပြန့်လွတ်လပ်တဲ့ ခံစားချက်ရလို့ နှစ်ခြိုက်မိတဲ့ ပြည်သူ့ရင်ပြင်ရှုခင်းကို ဓာတ်ပုံထဲလည်း ခံစားရမိသလိုပါပဲ။ဒီနေရာကို ကျမတို့ ငယ်ငယ်က ဗိုလ်ရှုခံတဲ့။ နောက် ၈ဝ ခုနှစ်ပိုင်းတွေမှာ ပြည်သူ့ရင်ပြင်၊ပြည်သူ့ဥယျာဉ်လို့ နာမည်ပြောင်းလိုက်ပါတယ်။၊လူတွေ အပန်းဖြေလို့ရမယ့် အပြင်အဆင်တွေလည်းပြောင်းခဲ့တာပေါ့။ 2007 လောက်မှာ မနက်ဖက် လမ်းလျျှောက်တဲ့ လေ့ကျင့်ခန်းစလုပ်ဖြစ်တုံးက မနက်ဖက် ပြည်သူ့ရင်ပြင်မှာ လွတ်လွတ်လပ်လပ် လေ့ကျင့်ခန်း လုပ်လို့ရခဲ့တယ်။မနက်ဆို ကက်ဆက်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေ အများကြီး။တကိုယ်တော်တွေရော၊၄-၅ယောက်အစုအဖွဲ့လေးတွေရော စုံလို့ပါပဲ။ပျော်စရာကြီးပါ။ နောက်ပိုင်း မနက် ၅နာရီဖွင့် ရနာရီဆို တံခါးပြန်ပိတ်လို့ အသည်းအသန်ပြန်ထွက်ကြရပါတယ်။ မမီလိုက်ရင် အဝေးကြီးက ပတ်ပြန်ကြရတာကိုး။ခုတော့ ဒီအဝင် ပေါက်၂ခုကို ခြင်္သေ့စောင့်တဲ့ တံခါးမကြီးတွေက စောင့်ကြပ်ထားလိုက်တာ ကြာပါပြီ။ ဘယ်လိုပင် တောင်းဆိုကြပေမယ့် ခြင်္သေ့ကြီးတွေက […]


padonmarDecember 6, 20141min034
ခုတလော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း တရားတော်တွေ နာဖြစ်နေပါတယ်။ အပိုင်း ၅၅ မှာပါတဲ့ တရားလေးကို အလွန်သဘောကျမိပါတယ်။ ဆရာတော်လောင်းလျာ မောင်စိုးမင်း ငယ်စဉ်က ဘကြီးဖြစ်တဲ့ အိုးသူကြီးဘဘသောင်းနဲ့ အလှူ ထမင်းဟင်း လိုက်ချက်လေ့ရှိပါတယ်။ ဘဘသောင်းဟာ တရုတ်စာ၊ကုလားစာ၊ဗမာစာ စုံအောင်ချက်တတ်၊ဟင်းချက်အလွန်ကောင်းရုံသာမက မလေမလွင့်အောင်လည်း ချက်နိုင် စီမံနိုင်တယ်။ အလှူရှင်ရဲ့ စေတနာကိုလည်း အလွဲ သုံးစား ဘယ်တော့မှ မလုပ်တာကြောင့် အလှူရှင်တွေက အမြဲခေါ်ချက်ခိုင်းလေ့ရှိပါတယ်။ ဘဘသောင်းမှာ အဲသလို အရည်အချင်းကောင်းတွေရှိပေမယ့် အလှူလာစားတဲ့လူက ဒန်ပေါက်မစားလို့ ထမင်းဖြူလေးပေးပါဆိုရင် မစားနဲ့ ပြောလွှတ်တတ်ပါတယ်။ ဟင်းပေါ့လို့ ဆားလေး တပွင့်နှစ်ပွင့်ပေးပါဆိုရင် အဲဒီဟင်းခွက်ယူပြီး မြင်အောင် သွန်ပစ်တတ်ပါတယ်။ ဒါတွေကို မြင်ရတဲ့ ဆရာတော်လောင်းလေးက ထမင်းဖြူ ခိုးချက်ပေး၊ဆားဘူးလေး ဆောင်ထားပေးလုပ်ရပါတယ်။ သူ့ရင်ထဲမှာလည်း […]


ဇီဇီDecember 4, 201416min086
မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး ဆိုတဲ့ နာမည် ဘယ်ကဘယ်လို ရတယ်တော့ မသိ။ အာ့ ကိုယ့် အလုပ်လည်း မဟုတ်။ အဟစ်။ အရေးကြီးတာက အင်မတန်ကြိုက်သော နေ့တိုင်းစားနိုင်သော အစားအသောက်ဖြစ်နေခြင်းးး (မုန့်ဟင်းခါးအလှည့်ဆိုတော့ ဂလိုပဲ ပြောရမှာပေါ့။ နောက် အစားအသောက်အလှည့်ကျ တစ်မျိုး ပြန်ပြောရမှာပေါ့နော့)  :mrgreenn:  မွင်းငါး လို့ ခေါ်ရတာ အားသန်လို့ ဂလိုပဲ ရေးမယ်နော်။ အဘိုးက ဒေးဒရဲ ကျိုက်လတ်ဆက် ဆိုတော့ မွင်းငါး ကို အင်မတန်ချေးများတယ်၊ ငါးနည်းတယ်တို့၊ ငံပြာရည်မကောင်းဘူးတို့ စသည်ဖြင့်ပေါ့။ အဲ!! မွင်းငါးချက်ရင်လည်း ငါးအသားနွှင်ပြီး စပါးလင်ငရုပ်သီးအကြမ်းဖတ်ထောင်းနဲ့ ငါးမွှေစပ်စပ်လေး ချက်ပေးရသေးတယ်။ ပြီးမှ မွင်းငါးကို ငါးမွှေပါ ထည့်စားတယ်။ ငှက်ပျောအူလည်း နုနေမှ၊ ကြက်သွန်ဥ အရွယ်တော်ပေါလောပေါ်မှာ […]


Ma MaDecember 3, 20141min041
နေရာသစ်တစ်ခုကိုရောက်ပြီဆိုတာနဲ့ ရေမြေသဘာဝ၊ ရာသီဥတု၊ လူ့ပတ်ဝန်းကျင် အခြေအနေ၊ အစားအသောက်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေက ကိုယ့်ဆီကနဲ့မတူ ကွဲပြားခြားနားတာတွေကို တွေ့ရတယ်။ (တောသားမြို့ရောက်ဆိုသလိုပေ့ါ) :kwi:   ထိုင်ဝမ်နိုင်ငံဟာ အရင်တုန်းက ပြည်ဝင်ခွင့် တင်းကြပ်ထားရာကနေ အခုအချိန်မှာ အထိုက်အလျှောက် ဖြေလျော့ပေးလိုက်လို့ နိုင်ငံခြားခရီးသွားတွေ အရောက်အပေါက်များလာပါတယ်။   တရုတ်ပြည်မကြီး၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားအများအပြား တွေ့ခဲ့ရပါတယ်။   အဲဒီလူမျိးတွေ အားလုံးဟာ ကော့ကေးရှန်းမျိုးနွယ်က ဆင်းသက်လာသူမို့ ရုပ်ရည်တွေက မတိမ်းမယိမ်းရှိကြပါတယ်။ ဒါပေမယ့် စကားပြောသံမကြားခင်ကတည်းက ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး ဂျပန်လား၊ တရုတ်လား၊ ကိုရီးယားလား၊ ထိုင်ဝမ်နိုင်ငံသား ပဲလားဆိုတာကို ခွဲခြားလို့ ရတယ်ဆိုရင် ဘာပြောကြမလဲ သိချင်လို့ ကွန်မန့်ကျမှပဲ အဖြေပြောပါတော့မယ်။   ၂၀၁ဝ Burj Dubai မတိုင်ခင်အထိ […]