မြစပဲရိုးDecember 31, 20151min012
အင်္ဂလိပ် ခုနှစ် သက္ကရာဇ် ၂၀၁၅ ကုန်ဆုံးတော့မည်။ သက္ကရာဇ် ၂၀၁၆ သည် မြချစ်သော ရွှေပြည်ကြီး၏ ကြီးမားသော အပြောင်းအလဲ တစ်ခု အတွက် အဆုံးသတ် တော့ မည်ဟု ဆိုရမည်လား။ အစပျိုး တော့မည် ဟု ဆိုရမည်လား။ ဆုံးဆုံး၊ စစ ဒီအတိုင်း ရေစုန်မျောသလို မဖြစ်ပါစေနှင့်။ ကောင်းသောအပြောင်းအလဲလေး ကိုတော့ ပေးပါဟု ဆုတောင်းပါသည်။ “ဆုတောင်း” ဟူသော စကားလုံး ကို ကြားလျှင် သူကြီးမင်းကတော့ လှောင်မည်။ ထို လှောင်မည့် သူကြီးမင်းအား ပုံ တစ်ပုံ ပြချင်၏။ ဆာဗာ Admin များ ပိတ်ရက်အတွင်း Holiday မသွားခင် ဆာဗာကြီးများ ကို ထိုင်ကန်တော့ နေကြပုံဖြစ်သည်။ {သူကြီးမင်း […]


SawAungDecember 28, 20151min011
အလုပ်နဲ့ပတ်သက်မိလို့ မရေးမိပေမယ့် ရေးလိုက်ပါဦးမယ်။ အရင်တုန်းက ဘာအလုပ်လည်းလို့ သူများမေးရင် ဂရတ်ဖစ်ဒီဇိုင်းလို့ပြောရင် အိကျီ င်္ ချုပ်တဲ့ဒီဇီုင်းလားပဲ မေးကြတယ်။   အမှန်တော့ ဂရတ်ဖစ်လို့ ပါတဲ့အတွက် ကွန်ပျူတာနဲ့ ကြော်ငြာတွေ ပရင့်ဒီဇိုင်းတွေ ဆွဲမယ်မှန်း တော်တော်များများ မသိခဲ့ကြဘူး။ ရွာထဲက ပြက္ခဒိန်အတွက် ဒီဇိုင်းဆွဲတုန်းကတော့ ပရင့်ပိုင်းပေါ့။ ပရင့်ပိုင်းဆိုပေမယ့် ကျတော့်အထင်က ဒီဇိုင်းလို့ မမြင်မိပါဘူး။ Layout လို့ခေါ်တဲ့ အစီအစဉ်တကျ ချပြတဲ့ ပုံစံတစ်ခုလို့ပဲ မြင်မိတာပါ။ ကာလာတွေ အရောင်တွေ သုံးထားတာတော့ တစ်ပိုင်းပေါ့။   လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အကူအညီ တစ်ခုလာတောင်းဖူးတယ်။ Ya Kun ကော်ဖီဆိုင်အတွက် Wallpaper တစ်ခု ဆွဲပေးဖို့ပါ။ ပထမ သူ့သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်က ဆွဲပေးပေမယ့် […]


မြစပဲရိုးDecember 27, 20152min09
မြ အလည်သွားခဲ့သည်။ ကိန်းဘရစ်ချ် ဟု အမည်ခေါ်သောမြို့ သို့ ဖြစ်သည်။ ထိုနာမည် သည် မြတို့ ရွှေပြည်တွင်လည်း မစိမ်းလှ ဟု ဆိုပါမည်။ Duke of Cambridge သည် အင်္ဂလိပ်ပြည် မှ ဝီလျံမင်းသား ၏ title ဖြစ်၍ သူ၏ ကြင်ယာတော် မိန်းမ ကက်သရင်း(ကိတ်) သည် Duchess of Cambridge ဟု အမည်တွင်လေသည်။ သူတို့ နှစ်ယောက်၏ သားလေး နှင့် သမီးလေး တို့သည်လည်း Prince George of Cambridge နှင့် Princess Charlotte of Cambridge ဖြစ်လေတော့၏။ ထို ကမ္ဘ္ဘာကျော်အောင် လူချစ်လူခင်များသည့် မင်းဆွေ မင်းမျိုး […]


SawAungDecember 23, 20151min010
ဒီတစ်ခေါက် ပုဂံသွားတာ အလုပ်နဲ့ဆိုတော့ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပြန်ဘူး။ အရင်တစ်ခေါက်ကလည်း ဘုရားဖူးကားနဲ့မို့ ရောက်ပြန်တွေချည်းပါပဲ။ ပုဂံမှာ ခြောက်ရက်ကြာတယ် ငါးရက်ကတော့ မြင်းပြိုင်ပွဲကွင်းအလယ်မှာပဲ အချိန်ကုန်ခဲ့တယ်။ တစ်ရက်တော့ ရှိတဲ့အချိန်လေး E Bike စီးပြီးလည်တော့။ E Bike ဟာ ကိုယ်လိုချင်တဲ့နေရာ သွားလို့ တော်တော်အဆင်ပြေမှန်းသိခဲ့တယ်။ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပေမယ့် အခုတည်းခဲ့တဲ့ ဟိုတယ်လ်ဈေးရယ် E Bike ရယ် သေချာသိပြီမို့ နောက်တစ်ခေါက် နှံ့နှံ့စပ်စပ် လည်မို့ သေချာ ဆုံးဖြတ်ခဲ့တယ်။   ဒီတစ်ခေါက် လောကနန္ဒာဘုရားကို အေးဆေးရောက်ခဲ့တာမို့ ဓာတ်ပုံလေးတွေ ရလာခဲ့တယ်။


ဂ်စ္စူDecember 23, 20151min07
ကျနော် တယုတယနဲ့ ပေါင်းသင် ရေလောင်း စိုက်ပျိုးခဲ့တဲ့ ချစ်စရာ့ ပန်းလေးတွေပါ ဒါတောင် သပြေပန်း တစ်ပုံကျန်ခဲ့တယ် ဘေကုန်ပြီဆိုလို့ ရင်နာနာနဲ့ချန်ခဲ့ရတယ်ဗျာ


SawAungDecember 23, 20151min017
ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ  


ဂ်စ္စူDecember 20, 20151min012
မထင်မှတ်ပဲ တနင်္လာနံနဲ့ စတဲ့ တိရာစ္ဆာန် ငါးမျိုုး ရိုက်မိရက်သားဖြစ်သွားတယ် လေးမျိုးတော့ အလွယ်တွေ့ပါလိမ့်မယ်.. တသ်မျိုးကတော့ .. ကြုံတောင့် ကြုံခဲ လို့ ဆိုမလားပဲ.. မရည်ရွယ်ပါဘူး.. စကား မစပ် တ စပ် ရွာထဲ.. သရဲ အတော်ခြောက်တယ်နော


Shwe EiDecember 12, 20151min013
နာမည်ကြီး ယန္တယား ကုမ္ပဏီ ကြီးတစ်ခုရဲ့ အငယ်ဆုံး အဝယ်တော်စာရေး ဘဝ ရောက်လာဖို့က လွယ်မယောင်နဲ့ ခက်သည်။ အလုပ်ရတာက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်လို့…တက်နေတဲ့ ကျောင်းကို ပစ်ထားခဲ့ပြီး ကျွန်မ သဘောနဲ့ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မအိမ်က မိသားစုကိုတောင် အသိပေးတဲ့ သဘောမျိုး ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး… ပြောပုံက..အမေရေ..သမီးရန်ကုန်မှာ အလုပ်လုပ် မှာမို့ ကျောင်းမှာ ထွက်စာတင်ခဲ့ပြီ ဆိုတာမျိုး။ အမေကတော့ ကို့သမီး ဘွဲ့လွန် ပထမနှစ် တက်နေတဲ့ ကျောင်းသူဟာ ဆုံးဖြတ်ချက်မမှားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးနဲ့ လက်ခံပေးလိုက်တာဖြစ်နိုင်သည်။ မဟုတ်ရင်လဲ တခြားတစ်ခုခုဖြစ်နိုင်သည်..ဘာဘဲဖြစ်ဖြစ် .. ယုံကြည်ပေးလို့ ကျေးဇူးတင်၏။ အတွေ့အကြုံမရှိသော အလုပ်သင် ဘဝသည် ပျော်စရာ အတိ။ သင်ပေးမဲ့ အကို အမတွေ […]


မြစပဲရိုးDecember 12, 20151min09
တကယ်ဘဲ စိတ်ဆိုးလို့ ရွာထဲ မလာတော့တာ မဟုတ်ဘူး မဟုတ်လား။ ဟုတ်ခဲ့ရင် Sorry  ပါ ဇီဇီ နဲ့ ကလေး တို့။ ပြန်လာကြပါ။ ဆက်ပြီး စိတ်ဆိုးအောင် လုပ်ချင်လို့။ မဟုတ်ရင် ဘူတွေ ကို လုပ်ရပါ့။ 🙄  😉  :-))) ချစ်သော လွမ်းသော အရီး  


မြစပဲရိုးDecember 12, 20151min010
မြ တစ်ယောက် ရောဂါ တစ်ခု ထ နေသည် ဟု ဆိုရမည်။ ချစ်သော တူမတော် ဇီကလေး လို ရှားလော့ဟုမ်း စင်ဒရုမ်း နဲ့ ဆင်တူသော စတော့ဟုမ်း စင်ဒရုမ်း ဖြစ်နိုင်သည် မှန်း၏။ ကိုယ့်ကိုဓားစားခံလုပ်ကာ ပြန်ပေးဆွဲ ဒုက္ခပေးသူကို သွားပြီး သနားကြင်နာ စာနာ ထောက်ထား မိသော စိတ်ဖြစ်သည်။ ထို အကြောင်းကို အစွဲပြုပြီး ရိုက်ထားသော ရုပ်ရှင်ကား များလဲ ရှေးပဝေသဏီ မှစလို့ ဒီနေ့ခေတ်ထိပင် မရိုးနိုင်အောင် ရိုက်ကြသည်။ ထိုရုပ်ရှင်များ တွင် မင်းသားများ သည် ပြန်ပေးဆွဲသမားများ ဖြစ်သည်။ သို့ရာတွင် ရုပ်ကြမ်းကြီး များ မဟုတ်။ ရုပ်ရည်ပြေပြစ်သော ပြန်ပေးသမား များ ဖြစ်သည်။ အဆုံးသတ်တွင် ပြန်ပေးဆွဲခံရသော […]


alinsettDecember 11, 20152min027
    သို့ သဂျီးမင်း— ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊     သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊ အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊ စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး   ဗျို့ သဂျီးးးး ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ— ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ— ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ— www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—   -အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား— ဒီအထိတော့ ဆန်းသေးဘူးဗျ— ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ […]


SawAungDecember 10, 20151min06
တစ်ရက်က မြေပဒေသာကျွန်းကနေ အပင်လေး နှစ်ပင်ဝယ်ခဲ့တယ်။ နွယ်လို အနွယ်လေးတွေ ကျနေတဲ့အပင်လေးတွေပါ။ ကျတော်အရင်က စိုက်ဖူးခဲ့တဲ့ အပင်လေးတွေလိုပါပဲ ကျတော်ကြားဖူးတာက သံယောဇဉ်ပင်လို့ခေါ်ပါတယ်။ သူက အရွက်ပုံစံအမျိုးမျိုးရှိပါတယ်။ အသည်းပုံလိုအရွက်ပုံစံလည်းရှိသလို ခပ်ထူထူ လှလှလေးလည်းရှိတယ်။ အခု ကျတော်ဝယ်ခဲ့တဲ့အပင်က အသည်းရှိတ်ပုံစံလေးရယ် ခပ်ထူထူအရွက် အပင်လေးရယ် ဝယ်လာခဲ့တယ်။ အသည်းပုံစံအပင်ကတော့ အပွင့်နီနီလေးတွေ သေးသေးလေးတွေပွင့်တယ်တဲ့။ အရွက်ထူထူအပင်ကတော့ အပွင့်နီနီ ခေါင်းလောင်းလို ခပ်ကြီးကြီးပွင့်တယ်တဲ့။ အခုတော့ ခေါင်းလောင်းလိုပွင့်တဲ့ အပင်က အဖူးထွက်လာပြီ။ သိတဲ့သူများ အပင်နာမည်လေး ဘာလေး အလင်းပြပါဦးဗျာ။   လေးစားစွာဖြင့် အောင်မိုးသူ  


SawAungDecember 8, 20151min06
လာမယ့် ၁၃ရက်နေ့ညကစပြီး ပုဂံမှာ ကျင်းပမယ့် မြင်းပြိုင်ပွဲအထွက် ရက်ရှည်ခရီးထွက်ရမယ်။ အလုပ်တွေပြီးလို့ နောက်ရက်တော့ လည်မယ်ပေါ့။ ပုဂံမြေက ကောင်းတယ်ဆိုတဲ့ အစားအသောက် နေရာ အမှတ်တရပစ္စည်းလေးတွေ သိတဲ့သူများ ပြေပြပေးဖို့ အကူအညီတောင်းပါရစေ။   လေးစားစွာဖြင့် အောင်မိုးသူ