alinsettOctober 12, 20161min07
US သို့ ပေးစာ _______________________________ ရွာက သူကြီးတစ်ယောက် အမေရိကားဆိုတဲ့တိုင်းပြည်ကြီးကို ထွက်သွားလိုက်တာ ကြာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်မှာလည်း ပြောင်းလဲမှုတွေရော မပြောင်းလဲသေးတာတွေရော အသီးသီး အသက အသက ပေါ့။ ကျုပ်တို့ သူကြီးကို သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တစ်လက်စတည်း ကျုပ်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေထဲက တချို့ကိုလည်း ပြောပြရအုန်းမယ် သူကြီးရေ။ ————————————— ကျုပ်တစ်ယောက်. . . ပုဂံ-ညောင်ဦးဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီးတစ်ခု ထွက်ဖြစ်ရာက…စတဲ့ ပြဿနာ ဆိုပါစို့။ ဒီခရီးစဉ်ဟာ လေ့လာရေး ခရီး မဟုတ်ဘူးလို့ ပြောလို့ ရသလို…လေ့လာရေး ဟုတ်တယ် လို့လည်း ပြောလို့ ရနေပြန်ရော..။ ဘာကြောင့်ဆို… မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာကလေးတွေဆီ သွားပြီး… […]


Foolish GirlOctober 6, 20161min02
နွေးထွေးတဲ့ပွေ့ဖက်မှုတခုက ကိုယ်ချစ်ရတဲ့သူ ကိုလုံခြုံစေတယ် ညစ်နွမ်းတဲ့ပွေ့ဖက်မှုတခုကကျ ကိုယ်ချစ်ရတဲ့သူ ရဲ့ဘဝကိုကိုစွန်းထင်းစေတယ် နားလည်ပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုအားတက်စေတယ် အပြစ်တင်တဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုသိမ်ငယ်သွားစေတယ် အားပေးတဲ့စကားတခွန်းက ကိုယ်ချစ်ရတဲ့သူ ကိုခွန်အားဖြစ်စေတယ် လစ်လျူရှူတဲ့စကားတခွန်းကကျ ကိုယ်ချစ်ရတဲ့သူ ကိုစိတ်အားငယ်စေတယ် ဂရုစိုက်တဲ့အပြုအမူတခုက ကိုယ်ချစ်ရတဲ့သူ ကိုကြည်နူးစေတယ် အမှတ်တမဲ့အပြုအမူတခုကကျ ကိုယ်ချစ်ရတဲ့သူ ကိုဝမ်းနည်းစေတယ် တွဲခေါ်တတ်တဲ့လက်တစုံက ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာရင်ဆိုင်ရဲစေတယ် ချန်ထားတတ်တဲ့လက်တစုံကကျ ကိုယ်ချစ်ရတဲ့သူ ကိုဘဝမှာကြောက်ရွံ့့စေခဲ့တယ်လေ ဒုက္ခတွေအမျိုးမျိုးထဲက ကိုယ်ချစ်ရတဲ့သူ ရဲ့လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့လူ အပြစ်တွေလုပ်တဲ့အခါ အပြစ်တင်တာထက် နားလည်မှုပေးတတ်တဲ့လူ စိတ်ဓာတ်ကျအားငယ်တဲ့အခါ ဂရုတစိုက်နဲ့အားပေးတတ်တဲ့လူ အဲဒီလိုလူဟာ မိမိအတွက်ချစ်သူအပြင် ဘဝမှာသင့်တော်တဲ့လက်တွဲဖော်တယောက်ပါပဲ အခက်အခဲဖြစ်ချိန်ရှောင်ပြေးတတ်သူ ၊ ဒုက္ခတွေ့ချိန်ချန်တတ်သူ ၊ အမှားလုပ်ချိန် အပြစ်တွေသာပြောတတ်သူ အဲဒီလိုဆိုရင်တော့ အဲဒီလိုလူဟာ မိမိအတွက် ချစ်သူသာဖြစ်မှာပါ လူဖြစ်လာတာနဲ့ ပြသနာဆိုတာတစ်ခုမဟုတ်တစ်ခုကြုံနေရမှာပဲ ဇာတ်ကားတွေထဲကလို […]


ဇီဇီSeptember 27, 20161min011
အသားဆို အစိမ်းစားဖို့တောင် မကြောက်တတ်သော အမတစ်ယောက်တွင် အနံ့အရသာပြင်းသော ဘယ် အစားအသောက်မျိုးမဆို လုံးဝမစားသော မောင်တစ်ယောက် ရှိလေသည်။ :mrgreenn: မဆာဘူး ပြောပြောပြီး မျက်စိရှေ့တွင်ရှိသော စားစရာများကို ချန်ထားက ရန်များ၏ ထုံး နှလုံးမူကာ စားတတ်သော အမတစ်ယောက်တွင် ဘယ်လောက်ကောင်းတာကျွေးကျွေး မဆာလျှင် လုံးဝ ငြင်းနိုင်သော မောင်တစ်ယောက်ရှိလေသည်။ :mrgreenn: အပြောဆိုးသလောက် သဘောကောင်း သော အမတစ်ယောက်တွင် (အာဟိ) :mrgreenn: စကားမပြောသလောက် မလုပ်ချင်တာကို ခေါင်းမာမာနဲ့ မလုပ်ပဲနေနိုင်သော မောင် တစ်ယောက်ရှိလေသည်။ :mrgreenn: အင်မတန် အာရုံများကာ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါသော အမတစ်ယောက်တွင် ဘာလုပ်လုပ် အင်မတန် အာရုံစိုက်ကာ သေချာလုပ်နိုင်သော မောင် တစ်ယောက် ရှိသည်။ :mrgreenn: […]


Foolish GirlSeptember 26, 20161min014
ခေတ်ရေစီးကြောင်းနဲ့အတူကြားကြားနေရတဲ့ သမီးရည်းစားတွေအကြောင်းနည်းနည်းဆွေးနွေးချင်တယ်ဗျာ။ ခုခေတ်မှာ သမီးရည်းစားဖြစ်တာနဲ့ Living Together နေကြတာပိုပြီး ခေတ်ထလာတယ် ပိုပြီးတွေ့လာ မြင်လာ ကြားလာနေရတယ်။ အရင်တုန်းကမရှိဘူးလားလို့ပြောတဲ့သူရှိရင် တော့ ဟုတ်အရင်ကလည်းရှိပါတယ်။ ဒါပေမယ့် ခုခေတ်လောက်တော့ ပေါ်ပင်မဟုတ်ဘူးပေါ့။ နောက်ထပ်အဆိုးဝါးဆုံးသတင်းက Ezee2 ဆိုတဲ့ တားဆေးလေးတွေဟာ မြန်မာနိုင်ငံမှာ အရောင်းရဆုံးဆေးဖြစ်နေတာပါပဲ။ ဒါကဘာကိုပြသနေလဲ ဖော်ညွှန်းနေလဲဆိုတာ ရွာသားတွေနားလည်မယ်ထင်ပါတယ်။ လောကကြီးအတွက်ရင်လေးတယ်။ မြန်မာမိန်းကလေးတွေအတွက်ရင်လေးတယ်။ ဟိုးအရင်ခေတ်တွေတုန်းက မိန်းမတစ်ယောက်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းမြင်နိုင်ဖို့ဆိုတာ အတော်ကိုမလွယ်ဘူး။ ဒီတော့ ကိုယ့်ချစ်သူ (ကိုယ်လက်ထပ်မယ့်မိန်းကလေး) ကို ရယူပိုင်ဆိုင်ရဖို့ ၃ နှစ်၃ မိုး ယောက်ခမကြီးမျက်နှာသာပေးအောင်ကြိုးပမ်းပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ကြတယ်။ မိန်းကလေးတွေတန်ဖိုးဘယ်လောက်ရှိလဲ။ မြန်မာပြည်သိန်းတန်သီချင်းလို “အခုတော့ဒီလိုမဟုတ်ပါပဲ” လို့ပဲပြောရမှာပေါ့။ ခုတော့ မိန်းမတစ်ယောက်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းမြင်နိုင်ဖို့ဆိုတာတော်တော်လွယ်ကူလာတဲ့ခေတ်။ မိန်းမတစ်ယောက်နဲ့ အတူအိပ်ရဖို့ talky ကောင်းကောင်းလေးပစ်တတ်ယုံနဲ့ လွယ်လွယ်ကူကူရတဲ့ခေတ်။ ဘယ်မှာဘဲ […]


Tawwin PanSeptember 20, 20161min06
ဟိုရက်တွေက မမကြီးခင်ဇော်တင်တဲ့ပို့စ်မှာ အားလုံးဝိုင်းဆွေးနွေးနေကြတာလေးကို ကြည့်ပြီး ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့အကြောင်းလေး ရေးရင်ကောင်းမလားလို့။ ကိုယ်ရေးကိုယ်တာ ခံစားချက်ဆိုတော့လည်း ရေးရမလား၊ မရေးရဘူးလားဆိုပြီး ဒွိဟဖြစ်နေလို့ပါ။ ရွာထဲက သူတွေအကုန်လုံး စာဖတ်အားကောင်းပြီး ဆွေးနွေးငြင်းခုံနိုင်တဲ့ အသိပညာတွေနဲ့ပြည့်နေလို့ အားကျစိတ်တွေလည်းဖြစ်မိပါရဲ့။ အဲဒီတော့ သူမအတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်မယ်လို့ မျှော်လင့်ပြီး ရေးပါရစေနော်။ အရင်တင်ထားဖူးတဲ့ပို့စ်တခုမှာလည်း အဖေနဲ့ပတ်သက်ပြီး ရေးပြချင်ပါတယ်လို့ ဆိုထားခဲ့ဖူးလို့ အဖေ့အကြောင်း သူမရဲ့အမြင်ကို အရင်ရေးပြချင်ပါတယ်။ အဖေနဲ့ပတ်သက်ရင် သူမရဲ့အမြင်က အဆိုးမြင် ဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်ဆိုတာတော့ ဝန်ခံထားပါရစေ။ အမှန်တော့ အဖေက လူရိုးလူကောင်း အညာသားတစ်ယောက်ပါပဲ။ မှတ်မိသလောက်ဆိုရင် အမျိုးတွေထဲမှာ ရန်ကုန်ကို တက်ပြီး စီးပွားဖြစ်ထွန်းခဲ့တဲ့အထဲမှာ အဖေက ဦးဆောင်သူပါပဲ။ ငယ်ငယ်တုန်းကတော့ အဖေက ရေခဲမုန့်ဗုံးလေး လွယ်ပြီး ရပ်ကွက်တကာပတ်ပြီး ပစ္စည်းတွေနဲ့အလဲအလှယ်လုပ်ပြီး ဈေးရောင်း […]


hmeeSeptember 19, 20161min018
မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်။ ပုဉ္ဖင်းတက်ဖူးရမယ်။ ပွဲကြည့်ဖူးရမယ် လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ကျွန်မ တယောက် မြန်မာ မပီသသေးဘူးဟုဆိုရမှာပါ။ ကျွန်မ ပုဂံကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ မိသားစုဝင်တွေ  ကျွန်မ ညီမတွေ ပုဂံကို သွားကြ ရောက်ကြပေမဲ့ တကြောင်းမဟုတ် တကြောင်းနဲ့ ကျွန်မ ကျန်ခဲ့ရတာမို့ အခု အသက်အရွယ်ထိ တခေါက်မှပင် မရောက်ဖူးသေးပါ။ ဒုတိယ တခုကတော့ မိန်းမသားမို့ လွတ်မည် ထင်ပါရဲ့။ တတိယ တခုနှင့် ပတ်သက်လို့ကတော့ဖြင့် ကျွန်မ မြန်မာ ပီသလွန်းသူဟုပင်။ အငြိမ့်ပွဲ၊ ဗလာပွဲ၊ ရုံပွဲ  ပွဲ အတော်များများစုံအောင် ကြည့်ဖူးသည်။ အညာသူမို့ ပွဲကြိုက်သည်ဟုပင် ဆိုနိုင်ပါသည်။ အလှုတွေမှာ အလှုအောင်ပွဲ အငြိမ့်ထည့်သည့် အရပ်မို့ […]


ဇီဇီSeptember 16, 20166min044
Wintpyone Myint September 14 at 7:04am · အလွတ်သဘော ရေးတာပါ။ လူတစ်ယောက် ဖြစ်ထွန်းလာဖို့ ဆိုတာ ပြုစုပျိုးထောင်မှု လိုပါတယ်။ ဆိုက်ကားသမားကလည်း သူဌေးဖြစ်လာနိုင်တာပဲ ပြောလို့ ရတယ်။ ဒါပေမယ့် ကြားထဲမှာ ကွင်းဆက်တွေ ရှိတယ်။ အဲဒီဆိုက်ကားသမား ၂လုံး ၃လုံး ရောင်းတာတွေ မဟုတ်တာ လုပ်တာတွေ အဲဒါတွေ လူမသိတဲ့အပိုင်းပေါ့။ လက်ဖဝါးခြေဖဝါး ဘဝကနေ လူရိုသေရှင်ရိုသေ ဘဝဖြစ်လာဖို့ ဆိုတာ ဟိုခေတ်အမြင်ကတော့ မိမိကိုယ်ကိုအားကိုးမှု အခရာ လို့မြင်ကြတယ်။ ဒီဘက်ခေတ်ကျတော့ အဲဒီလို ပုံစံမျိုး မမြင်မိဘူး။ မြင့်မြင့်မားမား ရောက်လာတဲ့ လူတွေဟာ ကောင်းကောင်း ပြုစု ပျိုးထောင်ခံခဲ့ရတာချည်းပဲ။ အဓိက မိဘ၊ နောက် အိမ်ထောင်ဘက် စသူတွေက အသားကုန်ပံ့ပိုးပေးတဲ့အတွက် […]


Foolish GirlSeptember 12, 20161min01
၁) အခြားလူအတွက်လုပ်ပေးနေတာလို့ပြောပြောပြီး။ ၂) လုပ်ဆောင်နေတဲ့အရာတိုင်းမှာ ငါ့အတွက်ဆိုတဲ့ အတ္တလေးက 50 % တော့ပါဝင်ပါတယ်။ ၃) ပျော်ရွှင်ခြင်းသည် မိမိပိုင်ဆိုင်သောပိုင်ဆိုင်မှုကြောင့်ဖြစ်တည်တာမဟုတ်ဘဲ မိမိခံယူသောရပ်တည်ချက်ကြောင့်သာပျော်ရွှင်မှုဖြစ်တည်သည်။ ၄) လူတစ်ယောက်အသက်ရှင်တဲ့ကာလတစ်လျှောက်လုံး ကိုယ့်ကြိုက်တာတွေချည်း လုပ်ခွင့်ရနေမယ် လုပ်ရမယ်လို့ ပုံသေတော့မှတ်မထားသင့်ဘူး။ ၅) ကိုယ့်ဘက်ကအလျော့ပေးတာများလာရင် သူကဘယ်တော့မှအလျော့ပေးခံနေရတယ်ဆိုတာ နားလည်နိုင်မှာမဟုတ်ဘူး။ ၆) ကိုယ့်စိတ်နဲ့နှိုင်းရင်မရိုင်းဘူး ဆိုပေမယ့်လည်း ကိုယ့်စိတ်နဲ့နှိုင်းပြီးယုံကြည်ပြန်တော့လည်း အလွဲသုံးစားလုပ်တတ်ကြတယ်။ ၇) အနိုင်ရတာများတဲ့သူက အရှုံးရဲ့အရသာကိုနားလည်နိုင်မှာမဟုတ်ဘူး။ ၈) ကိုယ့်ကို အမြဲအထက်စီးဆက်ဆံတဲ့သူက ကိုယ့်ကို ကိုယ်ချင်းစာစိတ်ရှိစမ်းပါလို့ ပြောလာတဲ့အခါ ပြုံးပြလိုက်ပါ။ ၉) ဘယ်လောက်ပဲထောင့်စေ့အောင်တွေးပြီးအားလုံးအတွက် အကောင်းဆုံးလုပ်ပေးနေပေမယ့် ဘယ်သူကမှအကောင်းပြောမှာမဟုတ်ဘူး။    


Foolish GirlSeptember 12, 20161min07
ဘယ်လိုလူလဲဟုတ်လား ဟုတ်ကျွန်တော်လူမိုက်ပါ ဘယ်လို ဟုတ်လား မယုံဘူးလား ဟုတ်ကဲ့ကျွန်တော်လူမိုက်စစ်စစ်ပါဗျ ကျွန်တော်က စိတ်ဆတ်တယ် ၊ စိတ်မြန်လက်မြန်သမား ၊ ဒေါသကြီးတယ် ၊ စိတ်မရှည်ဘူး ၊ ကိုယ့်ခံစားချက်ကိုပဲရှေ့တန်းတင်တယ် ၊ စကားအပြောမတတ်ဘူး ၊ အငြင်းသန်တယ် အဲဒီလောက်နဲ့……. လူမိုက်လို့ခေါ်ရသလားလို့တော့မတွက်နဲ့ကိုယ့်လူ တကယ်တော့ ဆိုးသွမ်းလုယက်နေတဲ့လူမျိုးကို ပဲလူမိုက်လို့ခေါ်သင့်တာမှမဟုတ်ဘဲ ကျွုပ်လိုစိတ်ရှိတာကမှ လူမိုက်အစစ်ဗျ ဘာလို့လဲဟုတ်လား ဟ ဟ ဟ ဟ ဟ ဟ ဟား ကျွန်တော်က ကျွန်တော့လုပ်ရပ်တွေ အတွေးအခေါ်တွေ မှားမှန်းသိတယ် အမှန်ကဘာဆိုတာလည်းသိတယ် ဒါပေမယ့် အမှားထဲမှာ ဘဲပျော်မွေ့နေလို့ အမှားထဲကနေရုန်းမထွက်နိုင်သေးဘူးဗျ တကယ်တော့ လောကမှာ ခင်များကြောက်ရမယ့်လူက ဓါးကိုင်ပြီးရန်မူတတ်တဲ့သူမျိုးမဟုတ်ဘူး ကျွုပ်လိုလူမျိုးကိုကြောက်ရမှာ ဓါးကိုင်ပြီးရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်းသတ်နိုင်တာ ပြီးတော့ သူ့အပြစ်အတွက်သူချက်ချင်းပြန်ပေးဆပ်ရတာ ကျွန်တော်ကတော့ […]


A mar nyoSeptember 8, 20161min010
တနေ့က မတွေ့တာကြာပြီ ဖြစ်တဲ့ငယ်သူငယ်ချင်းနဲ့ စကားပြောမိတယ် မတွေ့တာလည်း ကြာသလို အရေးအကြောင်းမရှိရင်လည်း စကားပြောလေ့ မရှိသော သူ့အကြောင်းသိနေသော ကျွန်မအဖို့ သူကစကားစလာတော့ ထူးဆန်းမိသည်။ ဘာအကြောင်းများရှိပါလိမ့်လို့လည်း တစ်ဆက်တည်းတွေးမိသည်။ ကျွန်မတွေးမိတဲ့ အတိုင်းသူပြောလာသည်က သူလုပ်ချင်တာတစ်ခုရှိနေပေမဲ့ လုပ်သင့် မလုပ်သင့် စဉ်းစားနေပါတယ်တဲ့။ လုပ်ငန်းခွင်ဝင်ပြီး လုပ်ချင်တာနဲ့ လုပ်သင့်တာယှဉ်လာရင် စဉ်းစားရကျပ်တာ ဓမ္မတာပင်ဖြစ်သည်။ လုပ်ချင်တာလုပ်လိုက်လို့ လုပ်သင့်တာကို လွတ်သွားရင် သူများတွေထက်နောက်ကျကျန်နေတတ်သည်။ ဘာလုပ်ချင်တာလဲမေးတော့ အလုပ်ထွက်ချင်သည်ဟု ဆိုလာသည် အလုပ်ခွင်ဝင်ပြီး အများဆုံးတွေ့ကြုံရသည့် အကြောင်းအရာပင်ဖြစ်သော်လည်း တစ်ချို့က သည်းခံရင်းဆက်လုပ်ကြသည်။ ကို်ယ်ပိုင်အလုပ်တောင်မှ စိတ်ဖိစီးမှူ့ရှိသေးသည်ပင်။ သူများအလုပ် လုပ်ရင်တော့စိတ်ဖိစီးတာပိုများတာ ဓမ္မာတာပင်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူးလားဆိုတော့မဟုတ်၊ အထက်လူကြီးစရိုက်ကို သိပ်မကြိုက်ပေမဲ့ အခုထိတော့ အဆင်ပြေနေသည် ဆိုတော့စဉ်းစားစရာ။ အထက်လူကြီးကတော့ အလုပ်နဲ့ပတ်သက်ရင်သင်ပေးသည်ဟု ဆိုသော်လည်း သူ့လက်အောက်ဆွဲသွင်းတတ်ပြီး သူလက်အောက်မဝင်ပါက […]


alinsettSeptember 8, 20161min04
                  ”ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ” —————————————— အခုတလော လက်ညှိုးတွေ ခေတ်စားနေတယ် ကြားလို့. . .တဲ့။ ဇာတ်တော်သမိုင်းထဲက ဟိုလူကြီးတောင်မှ ဓါးသွေးနေပြီ။ လက်ညှိုးတွေကလည်း ဖြတ်မယ့်ဓါးကိုတောင် ထိုးကာထိုးကာနဲ့ ဟားတိုက်ရယ်မလို့တဲ့. . . လှောင်ပြောင်ရယ်သွမ်းနည်း တစ်သန်းမကကိုလည်း ပြုစုနေကြလေရဲ့။ မှန်တွေကပဲ ပြနိုင်စွမ်းလျော့နည်းနေတာလား? ခြေထောက်တွေကပဲ မှန်ရှေ့ဆီမှာ ရပ်ဖို့ရာ မသွားရဲတာလား? အဲ့ဒီလိုနဲ့. . . ရေရာစွာ မခွဲခြားတတ်နိုင်ခင်မှာပဲ ဒီပုစ္ဆာရဲ့အဖြေဟာ . . . မှင်နီအတားခံလိုက်ရလေရဲ့။ လေပြေတွေ ရှဲခနဲ ပြေးထွက် ပျောက်ကွယ်… မုန်တိုင်းတွေသာ ရှူးရှူးရှဲရှဲ ဝင်လာတယ်။ ”ကိုယ်ဟာ မုန်တိုင်းဆန်စွာ […]


moonpoemSeptember 3, 20161min05
မေမေနဲ့ ဖုန်းပြောရင် ကြာတတ်လွန်းလို့ လိုရင်းကို ပြောဖို့ပဲ မှာမိတယ်။သူနေမကောင်းဘူးဆိုရင်တောင် ဆေးခန်းသွားဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ပြောတာခပ်များများ။အိမ်ကို တစ်နှစ်တစ်ခေါက်ပြန်ရင် နွေးနွေးထွေးထွေး ရှိကြပေမယ့် ရန်ကုန်ပြန်ရောက်ရင်တော့ သိပ်အချိန်မပေးမိ။ ဖုန်းပြောရင် မေမေပြောသမျှ အင်းလိုက်ပြီး နားထောင်ရုံကလွဲလို့ ဘာမှလည်း ပြန်မပြောဖြစ်တော့ သူစိ်မ်းဆန်တယ်လို့ ရံဖန်ရံခါ အဲလိုအတွေးတွေ ဝင်မိပေမယ့် မိဘနဲ့ သားသမီး ဒီလိုပါပဲလေလို့ ဖြေတွေးနဲ့ပဲ ရှိနေတတ်ခဲ့တယ်။တခါတလေ အလုပ်ရှုပ်ရင် မေမေ့ကို ပြန်အော်မိတာတွေလည်း ရှိခဲ့တယ်။ နောက်တော့ အားနေရင်တောင် ကျင့်သားရနေတော့ မေမေနဲ့ ဖုန်းပြောရင် ပြီးပြီးရောတွေ များလာတယ် 🙁 အရင်လကတော့ မန်းလေးမှာ ရာသီဥတု ဖောက်ပြန်တာတွေကြောင့်ရော မေမေက မိုးမိပြီးဖျားနေတာနလန်မထူသေးဘူးဆိုတာကြောင့်ရော ဖုန်းခဏခဏဆက်နေမိတယ်။ ဒီနေ့လည်း မေမေနဲ့ ဖုန်းပြောတယ်။မေမေ နေပြန်ကောင်းပြီလား မကောင်းသေးရင် ရုံးမတက်နဲ့ဦးနော် […]


Foolish GirlSeptember 1, 20161min09
ပုဇွန်ဦးနှောက်လေးနဲ့ ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး အားလုံးအတွက် အကောင်းဆုံးလမ်းဆိုတာကို ရွေးချယ်ခဲ့/ ပြုလုပ်ခဲ့တာပဲ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အညံ့ထဲမှာ မပါဘူးလို့ထင်ခဲ့တာပဲ လုပ်သမျှကအရာမထင်တော့လည်း အားတွေယုတ်လာတယ် / အသားတွေတုန်လာတယ် မချီးမွမ်းရင်နေကြပါ / မရှုံ့ချပါနဲ့ ကြိုးစားပြီးလုပ်ဆောင်နေတာကို တော့ အသိအမှတ်ပြုပေးပါ / မြင်ကြည့်ပေးပါ လုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကလည်း ငါ့တဘို့တည်း အတွက် တော့ ငါဘယ်အရာမှမလုပ်ဆောင်ခဲ့တာတော့အမှန်ပဲ ခုလိုပြောလို့နင့်အတွက်ချည်းပါပဲလို့ပြောကြလိမ့်မယ် အေး လူဆိုတာအတ္တအသမား ဒီတော့ ငါ လုပ်ဆောင်တဲ့အရာတွေမှာ ငါ့အတွက်ဆိုတာမပါဘူးလို့တော့မဆိုလိုခဲ့ပါဘူး ငါ…. အိပ်မနေဘူး ၊ ထိုင်မနေဘူး ၊ ရပ်မနေဘူး ၊ သွားနေတယ် ရွေ့နေတယ်လို့တော့ထင်တာပဲ ဒါကိုအိပ်နေတဲ့သူက “နင်ကရှေ့ကိုမရောက်တော့ဘူး အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပြောလာတော့လည်း နှုတ်ခမ်းတစ်ခြမ်းမဲ့ပြီး ပြုံးရုံလေးသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်းနေသလားပေါ့ ဒါပေမယ့် အရှေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင် ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်