မနှင်းဖြူမှန်မှန်ဖော ..အဲလေ.. မနှင်းညို မှန်မှန်ရှော .. မနှင်းညို …အာ ..မနှင်းဖြူမှန်မှန်ပြော …ဖြစ်ပုံလာပုံလေးပြောချင်လို့ပါ .. ကျုပ်ကို စရောက်ကထဲက နာမည်ဖျက်ကြလို့ နာမည်ရေးတာတောင် မှားကုန်ကြပြီ … ဂျူနီယာဆိုပြီး ဝိုင်းဖဲ့ကြတာဗျာ ..သူများနာမည်အလှအပလေးကို … ဟို ..အရှေ့တောင်အာရှမှာ အကျူဆုံးဘွဲ့ရထားတဲ့ ဖားသက်ပြင်း ဆိုလား ဘာ ဇာဂီဆိုလား နာမည်ပေါင်း ၁၀၈မျိုးနဲ့သူက မနှင်းဖြူမှန်မှန်ရှော တဲ့ …… ဟို သိကြားမင်းရဲ့ နတ်သမီးတစ်ဖက် ငါးရာရှိတာကို အားကျပြီးသကာလ သံတူကြောင်းကွဲ နာမည်နဲ့ မာဂိန်ဆိုတဲ့ သိကြားမကျ ထန်းလျက်မကျ လူသားက မနှင်းဖြူမှန်မှန်ရှောတဲ့ ………. ဟို ငါးပေကိုးနဲ့ ပါခန့်စော်ကြည်ဆိုတဲ့ … ပါလေရာ .. ခန့်ငြားချင်ယောင်ဆောင်သော ၊ ခဏခဏ ဆော်ခံရသော […]
