alinsettDecember 9, 20134min023
နဂါးတစ်ကောင်ရဲ ့ ကိုယ်ရေးရာဇဝင် ______________________________         ယုတ္တိရှိခြင်းတွေကို အန်ထုတ်. . . . သဘာဝမကျခြင်းတွေကို. . . . . . . ဝါးစားခဲ့ရပြီးမှတော့. . . . . . . . . . . အတ္တကိုလည်း အလံထူမပြချင်တော့ဘူး။ —————– Yes နဲ ့ No ကို အခါတစ်သိန်းစီချရေး. . . သေသေချာချာသော့ခတ်ပိတ်ဆို့ထားတဲ့ ”အရေးပေါ်ထွက်ပေါက်တွေ ” ရှေ ့မှာ. . . . ”သားကောင်ဒူးထောက် ” ထိုင်ချရုံကလွဲလို့ . . […]


padonmarDecember 9, 20131min023
မှီရဲ့ မိဘဝတ်(သို့)ဝဋ် ထဲမှာ သကြားလုံးကြော်က ဒီလိုမန့်ထားပါတယ်။ သကြားလုုံးကြော် says: ဖတ်လိုု့ကောင်းလိုုက်တာ။ ကလေးဘဝက အစောဆုုံး ကိုုယ်တိုုင် မှတ်မိတာပြောပါလိုု့ မေးရင် မူကြိုမသွားချင်တဲ့ နေ့တနေ့ကိုုပဲသတိရတယ်။ အဖိုုးက မူကြိုကိုုစက်ဘီးစီးပြီးလိုုက်ပိုု့တယ်။ မသွားချင်တာကိုုသိလိုု့ထင်တယ် အဖိုုးက လမ်းမှာရောင်းနေတဲ့ သကြားရည်နဲ့ပုုံဖော်ထားတဲ့ မျောက်ရုုပ် တုုတ်ထိုုးသကြားချောင်းလေးဝယ်ပေးပြီး မူကြိုပိုု့လိုုက်တယ်။ မူကြိုဆရာမက နေ့လည်မှ/ကျောင်းဆင်းမှ စားရမယ်ဆိုုပြီး နံရံမှာ ထိုုးထားတယ်။ နေ့လည် ကလေးတွေအကုုန်အိပ်ချိန်မှာ အဖိုုးဝယ်ပေးသွားတဲ့ နံရံပေါ်က မျောက်ရုုပ်ကလေးကိုုပဲကြည့်ပြီး ငါ့အဖိုုးဝယ်ပေးသွားတာဆိုုပြီး အဖိုုးကိုုပဲသတိရနေတာ မှတ်မှတ်ရရပဲ။ ကျမအဖိုုးမရှိတော့ပါဘူး။ ဒါပေမဲ့ ငယ်ငယ်က ကျမကိုု မူကြိုလိုုက်ပိုု့ပေးပြီး နှစ်သိမ့် မျောက်ရုုပ်ကလေးဝယ်ပေးတာကိုု စဉ်းစားမိတိုုင်း အဖိုုးကိုုချစ်လိုု့မဆုုံးဘူး။ အန်တီမှီ့သားလေးကိုု ကျောင်းပိုု့ရင် သူ့အနားမှာယူသွားစရာ အမေ့ကိုုယ်စားဆိုုပြီး အရုုပ်သေးသေးတခုုခုု ထည့်ပေးလိုုက်ပါလား။ something to hold […]


                                                    “အဝေးက ဆောင်းပုံပြင်”             ( အပိုင်းနှစ်)   “နိုးထခြင်း” သဲပြင်မှာ သူသူငါငါလာတဲ့အခါ အားလုံးရဲခြေရာ မြေမှာကျန်သလို ကျနော်ရဲ့နှလုံးသားရင်ပြင် သူဝင်လာတဲ့အခါ                                         လွယ်လွယ်မမြင်နို်င်တဲ့                                                    သံယောဇဉ်ခြေရာများ သူချန်ထားခဲ့ပါတယ်။   “ခိုင်” ရန်ကုန်ကိုရောက်တဲ့နေ့မှာ ခိုင့်နဲ့ အဆက်အသွယ်ရပါတယ်။ သန်ဘက်ခါ ည အီလိုက် ည ဆယ်နာရီကားနဲ့လာမယ်။ ဘူတာကြီးနားကစောင့်ပါလို့မှာပါတယ်။ တံခွန်တိုင်အဝိုင်းပတ်ရောက်ရင်ဖုန်းဆက်ပါလို့မှာတော့ အဝိုင်းပါတ်သူမသိတဲ့.။ အဲတော့အလွယ်ဆုံးကတော့ကားပေါ်ရောက်ရင်ကျနော့်ဖုန်းကိုခေါ်လိုက်။ ပြီးရင်ဖုန်းကို စပယ်ယာကောင်လေးပေးလိုက်။ အဲဒီစပယ်ယာကို ကျနော်မှာမယ်လို့ဘဲ ပြောထားရပါတော့တယ်။ တကယ်ရောက်လာတော့လဲချောချောမောမောပါဘဲ။ ခိုင်တံခွန်တိုင်အဝိုင်းပါတ်ရောက်ပြီလု့ိဖုန်းဆက်ချိန်မှာ ကျနော်က သူ့ကိုကြိုဘို့အိမ်ကထွက်လာနေပြီလေ။ ဘူတာကြီးရှေ့ကျနော်ရောက်တော့ ခိုင်တို့ကား ကရောက်နေပါပြီ။ အသားလတ်လတ်မျက်နှာဝိုင်းဝိုင်း  အရပ်ခပ်မြင့်မြင့် ခဲရောင်စကဒ်ဝတ်ထားပြီးခပ်ကျော့ကျော့လေးရပ်နေသူက ခို်င်မှန်းကျနော်တန်းသိလေသည်။ သူ့ကတော့ ဟိုကြည့်ဒီကြည့်ရှာနေလေသည်။ သူ့နံဘေးနားကိုကျနော်အရောက် ခို်င် ဟု […]


ထော် လေးDecember 6, 20131min022
မန်းဂေဇက်မှပေးသောဒုက္ခ ဆိုပီးခေါင်းစဉ်တပ်ထားတာက ရွာအဖြစ်မှမြို့သို့မပြောင်းမှီ အချိန်ကရခဲ့တဲ့ ဒုက္ခဖြစ်နေလို့ပါ ဂဇက်ရွာနဲ့ အဲ မြို့နဲ့ရင်းနှီးခဲ့တာ ကြာခဲ့ပါပီ ဂဇက်ရွာ ( အဲ ရွာကစွဲနေပီဗျာ ရွာလို့ပဲပြောမယ် ကွန်ဆာဗေးတစ်ပြောပြော ဘာပြောပြော) ဂဇက်ရွာရဲ့ ရင်းနှီးနွေးထွေးမှုတွေ ငြင်းခုန်ခြင်းအနုပညာတွေ (ခရက်ဒစ်တူ ဘူလဲမသိ ဟီး) ကျနော် သဘောကျနှစ်သက်ခဲ့တာ ကြာခဲ့ပါပီ ဘယ်လောကဘယ်လောက်ထိအောင်လဲဆိုတော့ ထောက်လှမ်းရေးပြသနာကြောင့် မိနိးခလေးတွေကို ဝီစကီ အဲ ဝီစီလိုက်ဝေတာကို ပိုစ့်တင်နေတဲ့အချိန်(ဘူရဲဒေါ့ မှတ်မိဒေါ့ဗူး) မအီးတုန်းလား မအိတုန်လား(ဘယ်လိုခေါ်ရမှန်းမသိလို့) အလှူခံနေတာကို ဆာဘုန်းကျော်က စွပ်စွဲတဲ့အချိန် ဆာပေကသူ့ဆိုင်ရှေ့ မှာအရူးမကြီးတစ်ယောက်နဲ့ရန်ဖြစ်တဲ့အချိန် အိုက်အချိန်တွေထဲက ဂဇက်ရဲ့ရင်းနှီးနွေးထွေးမှုတွေ ကိုအားကျရင်း အမြဲတမ်းဂဇက်စာဖတ်သူအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ် (သူကြီးခင်ဗျာာ အဲ မြို့စားမင်းခင်ဗျာ နာမည်တွေပါတဲ့အတွက် ဒီပိုစ့်ကို ဖြတ်ချင်ဖြတ်ပစ်နိုင်ပါကြောင်း) ဒါကတော့ အင်ထရိုပါ ဟီး(ရုပ်ပြောင်လေးတွေမလုပ်တတ်လို့) ကျနော်ဟာ […]


ထော် လေးDecember 6, 20131min09
အလံဖြူမပါတဲ့ အိမ်မက်ရထားနဲ့ စရွေးကိုက်အံဝှက်လေးထဲ (ငါ့ကိုယ်ငါ) သော့ခတ်ထားတယ်….. ငါ့သက်ပြင်းရှည်တွေ ငါပြန်ရှုရှိုက်ရင်း မှန်ပြတင်းရဲ့အခြားတစ်ဖက်က လွပ်လပ်ခြင်းတွေ အားကျရင်းပေါ့….. ရက်ရာဇာမပါတဲ့ ပြက္ခဒိန်ကို ခေါင်းအုံးအိပ်မိမှတော့ အိပ်မက်တွေခါးနေတာ မဆန်းပါဘူး….. နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ တစ်ဖက်တစ်ချက်က ကြိုဆိုပါ၏ ဆိုတဲ့စာသား ဘာလို့များ (ငါ) မေ့နေပါလိမ့်…,


ဦးကျောက်ခဲ စာမရေးတာလည်းကြာပြီဆိုတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကလေးနဲ့ လက်ပြန်သွေးလိုက်ဦးမယ်ခင်ဗျ။ ဒီလိုပါ… ၈၈ အရေးတော်ပုံကြီးပြီးသွားတော့ မောင်ကျောက်ခဲ တက်ကြွတဲ့ကြက်ဖလုပ်လိုက်တာ ကံကောင်းလို့ အင်းစိန်တောရမှာ ဝါမဆိုရတာခင်ဗျ ။ ဒါတောင် အခုကော်ဖီဆိုင်ဖွင့်ထားတဲ့ ဘဘထောက်ချုပ်ဟောင်းကြီးရဲ့ တပည့်တွေ အတော် ထုထောင်းလွှတ်လိုက်တာတော့ ခံခဲ့ရသေးတာပေါ့။ သူ့စကားအရဆိုရင်တော့ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေပေါ့ဗျာ ။ ပြန်စဉ်းစားမိရင် အဟောင်းတွေက အသစ်ဖြစ်လို့ မစဉ်းစားချင်ပေမည့် သင်းကိုတော့ ဘယ်လိုမှ မေတ္တာလည်းထားမရ ၊ ဥဒါန်းလည်းမကြေနိုင်ပါဘူး။ အနှီ ထောက်လှမ်းရေးများနှိပ်စက်လို့ ပျက်ခဲ့ရတဲ့ဘဝတွေ မရေတွက်နိုင်သလို ၊ သန်း၆ဝသော မြန်မာပြည်သားများရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးသွားတဲ့ စာဖတ်နေတဲ့ ဘဘကြီးနဲ့အဖွဲ့ကိုလည်း အတော် မေတ္တာတုံးပါတယ်။   ထားပါတော့ဗျာ၊ အဲသည့်လို အငြိမ်မနေတတ်လေတော့ မာတာမိခင်စိတ်တွေပူပြီး မွေးသဖခင်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေကို ပို့လိုက်တယ်ခင်ဗျ။ […]


Paing LayDecember 5, 20131min09
မနက်စောစာ အိမ်အပြန် လမ်းတွင် လက်ဆော့ထားခြင်း 😀 ညနေ အလုပ်သိမ်းတော့ မောမော နဲ့ ဂစ်တာ တစ်လက်ဆွဲပြီး ဒီသီချင်းတွေ ထိုင်ဟဲတယ်။ 😀 မနက်စာ ဆွဲပြီးတော့ စာအုပ်ဆိုင် ဝင်မွှေရင်း ဒီစာအုပ်လေး ရခဲ့တယ်။ ရွာသူား တွေလည်း ဖတ်ပြီးပြီထင်ပါတယ်။ 🙂 အောက်နှစ်ပုံက ဘယ်လိုဖြစ်သွားလဲမသိဘူး ဗျို့  အချိန်လွဲသွားတယ်ဂျာ။


hmeeDecember 5, 20131min022
“မိဘဝတ် (သို့)  မိဘဝဋ်” မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိန်းမြှားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ။ မိဘဝတ်တရား ငါးပါးထဲမှာ အတတ်သင်စေလို့ ပါပါတယ်။ ပညာကမှ လူတယောက်ကို အကျိုးအကြောင်း ဆင်ခြင်တတ်စေနိုင်တာမို့ သားသမီးကို ချစ်နည်းမှန်စွာ ချစ်တတ်တဲ့မိဘတိုင်းက ကိုယ့်သားသမီးကို မဖြစ်မနေ ပညာသင်ယူစေပါတယ်။ …………………………………………………………………………. ဝဋ် ဆိုတာ ဝဋဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာပါတယ်။ သံသရာလည်ပတ်ခြင်း။ အကြောင်းပြီးအကျိုး အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း။ မကောင်းမှုပြုသည့်အတွက် သံသရာဘဝခရီး၌ ဆိုးကြိုးတစုံတရာကို ခံစားရစေခြင်း စသောအဓိပ္ပါယ် များစွာရှိပါတယ်။ သည် ဝဋ်ကတော့ သံသရာလည်ခြင်းကို ဆိုလိုချင်တာပါ။ (မိဘဝဋ် = မိဘသံသရာလည်ပတ်ခြင်း) ……………………………………………………………………………………. “မသွားချင်ဘူး။ ဟီး….ဟီး” “ မသွားလို့ မရဘူးလေ သမီးရဲ့” မေလအကုန်မို့ […]


alinsettDecember 5, 20131min027
အမင်္ဂလာ အက်ဆေး ___________________________________   ညက မှောင်မှောင် ။ ကြယ်ရောင်တောင် မလင်းပါလား။   အင်းးး ဒီလို ညအမှောင်ထု နဲ့ အခုလို ည ဆယ့်တစ်နာရီအချိန်အခါမျိုးဟာ . . . မကောင်းမှုတစ်ခုခု ဖြစ်ပျက်သွားဖို ့ ဖြစ်နိုင်ခြေ အရှိဆုံးပဲ မဟုတ်လား။   ကျွန်တော် ဒီအချိန်မှ အိမ်ပြန်မိတာ မှားပြီလား ။ စိတ်ထဲမှာ. . . . . မသိုးမသန့်ဖြစ်လာတော့အမှန်ပဲ။   မနေ ့က ဟိုဘက်ရပ်ကွက်မှာ . . . ဆိုးဝါးပက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်သွားခဲ့တယ် ။   ကိုးနှစ်အရွယ် ကလေးမလေးတစ်ယောက်ကို အိပ်နေတုန်းမှာ အတင်းချုပ် /မုဒိမ်းကျင့်တယ်တဲ […]


sorrowDecember 4, 20131min030
” ဘာ…”..ဟိန်းထွက်လာသည့်အသံ… ” ပိုက်ဆံလိုပြန်ပြီလား…ရှင်တို့တောသားတွေဟာလေ.”… ငွေတိုးချေးသည့် ချစ်တီးသူဌေးမ အပျိုကြီး စွာတေးလန် ဖြူဖွေး အသံက ရင်ခေါင်းထဲက ထွက်လာသည် ။ လက်စွပ်အပြည့်ဝတ်ထားသည် ့ လက်ချောင်းများက ယပ်တောင်ကို တဖျပ်ဖျပ် ….. လက်မောင်းတုတ်တုတ်ကြီးအရင်းမှ ဆာရီကိုသပ်တင်လိုက်သည် ။ အဟေးဟေး တောသား…လယ်သမားရုပ်နှင့် တစိုးတစိမှ မလိုက်ဖက်သည့် ကချင်နုထွားကြီး ဆောရိုး မျက်လွှာချ ခေါင်းငုံ့လိုက်ရင်းက … ” အမေ ..နေမကောင်းလို့ပါ..သူဌေးမကြီးခင်ဗျာ…..” ” အဲ့တာ..လယ်လေးပေါင်ထားတဲ့အထဲက ..ငွေလေးထပ်လိုချင်လို့ပါ.” . တိုးညှင်းဖျော့တော့နေသည့်အသံနှင့် တောင်းပန်သံ …. လူမိုက်ရုပ်ပေါက်နေသော အခြံအရံတစ်အုပ်ကြားမှာ… မိန့်မိန့်ကြီးထိုင်ရင် း .. ပရာဒါ အိတ်အပွကြီးထဲမှ ငွေစက္ကူတစ်ထပ်ကို ဘတ်ကနဲ ပစ်ပေးလိုက်သည် ။ “” ဟဲ့အကောင်..စာမတတ်တဲ့ကောင်….လက်ဗွေနှိပ်လိုက်အုံး .. […]


ဇီဇီDecember 4, 20136min035
        ဟို အရင်က အိမ်လေးမှာ….. ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။   […]


alinsettDecember 3, 20133min026
          လူဖြစ်ရတာ..နာတဲ ့…. လူနာ… = အနီရင့်ရင့် လောင်မြိုက်ခြင်းထဲမှာ…     ဘယ်သူ့အတွက်မှ..စာနာခြင်းမရှိဘူး..။     ဘယ်ရှိလိမ့်မလဲ….     အဲဒါက… တန်ဖိုးနည်းသက်ရှင်မှုတွေအတွက်တော့…     အရှင်လတ်လတ်မြှုပ်နှံမယ့်..ကျင်း ပဲလေ.. ။ =  ကောင်းကင်ကို..တစ်လွှာချင်း…ဖောက်ထုတ်ရတာ…လွယ်သလောက်..      မြေပြင်ကို..တစ်ထပ်ချင်း..တူးဆွရတာ…လွယ်သလောက်…      ရိုးရိုးသားသားအသက်ရှူရတာ… ခက်လိုက်တာ… ။ =  နိုင်ငံစော် မနံသေးတဲ့နိုင်ငံထဲက…      လူစော်မနံသေးတဲ ့ လူတွေထဲ…       ငါလည်း.. ပါနေမှတော့…      အသက်ရှူဖို ့အတွက်… နှာခေါင်းမှာ အပေါက်ဖောက်ရဦးမယ်…။ =  မောတယ်ကွာ….မတွေး…မဆွေးချင်ဘူး..      ဒီမှာ..လူဖြစ်ရတာနာတယ်လို ့…      ဒါပေမယ့်……..             …….        မဟုတ်ချင်ဘူးဆိုလည်း…… […]


ဇီဇီDecember 3, 20131min032
ပြောမယ်၊ ပြောမယ်နဲ့။ ညည်းချင်းမို့လို့ မပြောဘူးလို့နေတာပဲ။ ဘာရှိရမတုန်းးး၊ ဖွဘုတ်တော်ကြီးပေါ့။ သုံးရတာ မကောင်းတော့ပါဘူး ပိတ်သတ်ကြီးရယ်။ အနော် ၂၀၀၈ ကတည်းက သုံးလာတာ။ အဲတုန်းက လူသုံး သိပ်မများပေမဲ့ ငြိမ်းချမ်းသလိုပဲ။ အခုလို ……………………. သတင်း မှားလား မှန်လားတောင် မခွဲခြားပဲ ဇွတ်ကို ရှယ်တဲ့သူတွေ……………….. အကျိုးသင့် အကြောင်းသင့် မစဉ်းစား ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်ရင် ဆဲမယ် ဆိုတဲ့သူတွေ………………… ခု နောက်ပိုင်းတွေ့ရတာဆို ဝါဒဖြန့်နေတဲ့ သူတွေ…………………….. ဖတ်ရတာ စိတ်ညစ်စရာ။ ဝါဒဖြန့် ဆိုလို့ ပေါ့သေးသေးမမှတ်ကြနဲ့ဗျ။ အဲလို ဝါဒဖြန့်သမားက အမျိုးမျိုးရှိသေးးး။ အကောင့်တွေဝယ်ပြီး လစာနဲ့ ဝါဒီဖြန့်တယ်။ ကိုယ့်ဝါသနာ အရ ကိုယ်ဘက်ပင်းတဲ့သူအတွက် ဝါဒဖြန့်တယ် အားနေလို့ ကိုယ့်ဖွဘုတ်တော်ကြီး လူစည်အောင် ဝါဒဖြန့်တယ်။ […]