တစ်နေ့က ဦးမာဃ မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ဖြစ်တယ်။ မှတ်ထား တို့ထားတာလေးတွေ ဖတ်ရင်း တွေးစရာ အစကလေးတွေကို ဆက်တွေးရင်း ပေါ့။ အဲဒီမှာ ကဗျာလေးတစ်ပုဒ်ကို သွားတွေ့တယ်။ စ ဖတ်ရကတည်းက ကြိုက်မိလို့ မှတ်စုထဲကို တို့ထားမိတဲ့ ကဗျာလေးတစ်ပုဒ် ပေါ့ အခုအချိန်အထိလဲ ရှားရှားပါးပါး အလွတ်ရနေဆဲဖြစ်တဲ့ ကဗျာတစ်ပုဒ်ဆိုလဲ မမှားဘူးပေါ့လေ။ အတော်များများလဲ ဒီကဗျာကို သိကြမယ် ထင်ပါရဲ့။ ကဗျာ နာမည်က “ပတ္တမြားရွှေဂူ” တဲ့။ မန်လည်ဆရာတော် ရေးခဲ့တဲ့ ကဗျာပေါ့။ ပတ္တမြားရွှေဂူ ပြစ်မရှိ ပြစ်ရှာ။ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ။ မြရွှေဂူ ပတ္တမြားကိုလ ဝက်များက ငြူစူစွာ ညွှန်လူးကာ တိုက်နဲ။ ပွတ်လေလေ ဂူရွှေမှာ […]