ကျွန်တော့် ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။ စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ် ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူတို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်………………………… ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား) ပေါ်ပန်းဆိုးတန်း မှတ်တိုင်ကနေတက်လိုက် တဲ့အချိန်မှာညဉ့်နက် ၁၂းဝဝနာရီကျော် […]
