ယနေ့ခေတ် လူငယ်တော်တော်များများ၊ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားအတွက် အဓိကကျသော လူငယ်၊ လူရွယ် တော်တော်များများသည် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အလွှာပေါင်းစုံ အလုပ်သမားများအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ထို့အတွက်ကြောင့် တိုင်းပြည်တွင် အင်အားအတော်လေး ချိနဲ့နေသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိနိုင်ငံကို တိုးတက်စေရန်အတွက် လူငယ်များကသာ စွမ်းဆောင်နိုင်သည်မဟုတ်ပါလား။ တစ်နည်းပြန်ကြည့်လျင်မူ မိမိနိုင်ငံတွင် ရနိုင်ခဲသော လုပ်ငန်းအတွေ့အကြုံများကို နိုင်ငံခြားတိုင်းပြည်များတွင် ရှာဖွေရယူနေကြသည်ဟုလည်း ဆိုနိုင်သည်။ ယခုအချိန်တွင် နိုင်ငံတော်တော်များများတွင် ကြုံတွေ့နေရသည့် ဦးဏှောက်ယိုစီးမှုကို ကျွန်တော်တို့နိုင်ငံသည်လည်း ခံနေရသည်သာ မလွဲဧကန်ဖြစ်သည်။ ဒီနေရာတွင် တရုတ်ပြည်ကို ယခုအခြေအနေရောက်အောင် ထူထောင်ခဲ့ပုံ၊ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရေးသားသည့် စင်္ကာပူအကြောင်းစာအုပ်မှ မြန်မာပြည်တွင် ပြုလုပ်သင့်သည့်၊ လေ့လာအတုယူသင့်သည့် အချက်ကို ပြေးမြင်မိသည်။ ထိုနိုင်ငံ့ခေါင်းဆောင်များ ၎င်းတို့တိုင်းပြည်ကို လက်ဝယ်ရရှိစဉ်က ဘာဆိုဘာမှ မရှိသည့်အနေအထားဖြစ်သည်။ သို့သော် တိုင်းပြည်တွင် တိုးတက်အောင်စွမ်းဆောင်နိုင်မည့် […]

