သူ့ကို ကျွန်မက “မောင်” ဟုခေါ်ပါသည်။ ဒါက သူခေါ်ခိုင်း၍ ခေါ်ရခြင်းပါ။ ကျွန်မတို့ ရပ်ရွာတွင် သမီးရည်းစား၊ လင်မယားများသည် နာမည်တပ်၍ ခေါ်လေ့ရှိကြပါသည်။ ကိုကိုတွေ၊ မောင်မောင်တွေ ဘယ်သူမှ မခေါ်ပါ။ ရည်းစားစာတဲတွင်တော့ ရေးပြီးခေါ်ချင်ခေါ်ကြသည်။ အပြင်မှာ လူချင်းတွေ့လျှင် နာမည်ပဲခေါ်ကြသည်။ တချို့များ နာမည်ပင်မခေါ်ရဲကြသဖြင့် စကားပြေလျှင် မျက်လုံးချင်းဆုံမျ အမည်မတပ်ဘဲ စကားပြေတတ်သည်။မျက်နှာချင်းမဆုံလျှင် ဆုံအောင် အသံတစ်ခုခု ပြုရသည်။ ရယ်စရာပြောလေ့ ရှိသောပုုံပြင်တစ်ခု၌ မိန်းကလေးက သူ့ယောက်ျားကို ထမင်းစားဖို့ခေါ်ချင်သည်။ ယောက်ျားက လှမ်းမကြည့်တော့ အသံပေးမှာဆိုပြီး အနီးမှာ ရှိသည့် ခွေးကို “ဟဲ့ခွေး”ဟု အသံပြုလိုက်၏။ အသံကြား၍ ယောက်ျားလှည့်ကြည့်တော့မှ ထမင်းစားမယ်ဟု ခေါ်ရသည်ဆို၏။ သည်တော့ :ဟဲ့ခွေး…. ထမင်းစားမယ်” ဖြစ်သွားသည်။ ခုလည်း ကျွန်မသည် သူ့ကို […]
