ကံကြမ္မာက ကျွန်တော့်ဆီ . . . ဓါးထမ်းပြီး လာနေကျ ဖြစ်သည် ။ အဲဒီ အသိကို ကျွန်တော့် စိတ်နှလုံးထဲ စွဲမြဲသွားစေသော အဖြစ်များလည်း ရှိခဲ့သည်ပဲ ။ တကယ်ပဲ ကျွန်တော့်ကို မှ ကံတရားက ရက်စက် ခဲ့လေသလားးလို့ ့တွေးထင်ခဲ့ရပါသည် ။ ကျွန်တော့် ဘဝ ၏ စာမျက်နှာ တော်တော်များများ သည် ကံကြမ္မက ကျွန်တော့်ကို ကျကျနန အငြိုးထား ခဲ့သော စာမျက်နှာ များသာ . . . များနေသည် ။ ******************** ပိတ်ထားသော တံခါးချပ်တော်တော်များများကို ကျွန်တော်က မကြခဏ တွန်းဖွင့်နေရသည် ။ […]
