ကျွန်မနဲ့ ဇာခြည်တို့ဟာ ငယ်ပေါင်းကြီးဖော် မဟုတ်ပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦးဟာ မိသားစုအခြေအနေ တွေတူကြတာရယ်၊ language တူတာကြောင့်ရယ်နဲ့ပဲ မကြာခဏဆုံဖြစ်ကြရင်းနဲ့ (၅) နှစ်လောက်အကြာမှာတော့ အင်မတန်မှ ရင်းနှီးတဲ့ ရင်ဖွင့်ဖော်၊ တိုးတိုးဖော်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။ “ညနေတော့ ဆုံကြရအောင်ဟယ်” ဆိုတဲ့ ဇာခြည့်ကြောင့် ကျွန်မတို့ ဆုံနေကြ အကင်ဆိုင်လေးမှာ ရုံးအဆင်း ဆုံမိကြတယ် ဆိုရင်ပဲ – “မြိုင်ရေ၊ ငါတော့ နင်မကြိုက်တဲ့ အမှောင်ထဲကနေ ရုံးထွက်လိုက်နိုင်ပြီ” — ဆိုတဲ့ ဇာခြည့်ရဲ့ ရင်ဖွင့်သံလေးတွေဟာ ကျွန်မအတွက် ပိတိဖြစ်ခဲ့ရပါတယ်။ ဇာခြည့်ကို လိုက်ပို့ပေးပြီး အပြန်လမ်းမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အမှောင်ထု တခုထဲကို ဝင်ရောက်ခဲ့တဲ့ မိန်းကလေး (ဇာခြည်) ရဲ့ အကြောင်းတွေ ကျွန်မအတွေးထဲ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်….. ****** […]
