chityimhtooNovember 17, 20111min011
ယနေ့နံနက် ၇:၃ဝ သတင်းမှာ MRTV-4 မှ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ လူတွေ သဘောင်္သားများ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ ကုမ္မဏီတွေကိုကားဝယ်ခွင့် ပြုမယ်လို့ ကြားသိရပါတယ်။သတင်းအပြည့်အစုံကိုသိရင်တင်ပေးကျပါဦး။


ムラカミNovember 16, 201121min060
Apple product တခုခုသုံးနေတဲ့ လူတိုင်း အားပါးတရ ဆဲသွားနိုင်ပါကြောင်း .. ဦးစွာ ပဏာမ ပြောပါရစေ။ ကျနော် the dark side of Apple Inc. ကိုတူးဆွချင်လို့ပါ။ သည်နေရာမှာ 1) Technical Point of View 2) Marketing Point of View 3) User Point of View ၃ခုနဲ့ ပြောချင်တယ်ဗျ... ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ex-CEO: Steve Jobs ကို ဝေဖန်တာပါမယ်ဗျာ .. သူနဲ့ Apple ရဲ့ policy ကို ရှုံ့ချတာပါမယ် ... social status ကိုပြချင်လို့ ကိုယ်နဲ့ ကိုက်မကိုက် […]


ေမွာ္ဆရာNovember 16, 20111min029
အရင်တုန်းက ရွာထဲမှာ တောက်တဲ့တစ်ကောင်ကို သိန်း တစ်သောင်းကျော်နဲ့ အရောင်းအဝယ် ဖြစ်တဲ့သတင်း ပါလာပါတယ်… သိန်းတစ်သောင်းကျော်ဆိုတဲ့ မက်စရာကြီးပေါ့ ..။အမယ်အမယ် ဝယ်တဲ့သူက သိန်းငါးသောင်းတောင် ပေးဦးမှာဆိုပဲ … ဒီသတင်းကြောင့် လူစွမ်းကောင်း ဆယ့်တစ်ယောက်က ခေါင်းဆောင်ပြီး ရှိရှိသမျှ ရွာသူရွာသားအားလုံး ရွာထဲရှိ အပင်ကြို အပင်ကြား တွင်းကြို တွင်းကြား နောက်ဆုံး သူကြီးရဲ့ တောင်ရှည်ပုဆိုးကြားပါ မကျန်(ခေါက်သိမ်းထားတဲ့ ပိုးပုဆိုးကြားပါခင်ဗျာ .. တော်ကြာ သူကြီး မလုံမလဲ ဖြစ်နေမှာစိုးလို့ ..) တောက်တဲ့ ရှာဖွေရေးဆင်းနေကြပါတယ် ..။ zzလေးအတွက် တောက်တဲ့ ဆိုတဲ့သူနဲ့၊ အိုး တောက်တဲ့များရလိုက်လို့ကတော့လေ ဘီယာစက်ရုံကြီးကို ထောင်ပြီး သောက်ပလိုက်ဦးမှာဆိုတဲ့ သူနဲ့၊တောက်တဲ့တစ်ခု အရင်းပြုပြီး ယိုးဒယားသွား ရွက်ပုန်းသီး လုပ်မယ့်သူနဲ့ ရင်ထဲမှာတော့ ကိုယ်စီ […]


                                                                     သူတို့ဘာတွေတိုးနေကြတာလဲ?( ဘဏ် ဆောင်ရွက်ခငွေသွင်းဘို့ပါ) မြန်မာနိုင်ငံမှာ ဘဏ်စနစ်ဟာ အတော်အတန်ထွန်းကားနေပြီဖြစ်ပါတယ် ယခုရက်ပိုင်းလေးမှာတင်  ပြည်သူတွေ အလွယ်တကူ အသုံပြုနိုင်ရေးအချို့ဘဏ်များဟာ မိမိတို့ရဲ့ ကာစတန်မာများ အတွက် ATM စံနစ်နဲ့  ချက်ခြင်းငွေထုတ်ယူနိုင်တဲ့စက်တွေတောင်တပ်ဆင်နေကြပါပြီ  ပုဂ္ဂိုလိက ဘဏ်များမှာတော့  ကာစတန်မာများအတွက် ဘဏ်ရှေကားရပ်လိုက်တာနဲ့တင် ကားတံခါးဖွင့်ပေးသူ ကားပါကင် အဆင်ပြေအောင်ဆောင်ရွက်ပေးသူ ပါလာတဲ့ပိုက်ဆံထုတ်ကြီးငယ် တွေကို စိတ်ချလက်ချ သယ်ပို့ပေးသူတွေအပြင်  ဘဏ်အတွင်းမှာလဲ  ကာစတန်မာများရေနွေကြမ်း အအေး လက်ဖက်ရည် စသည်များ အပြင်အေးချမ်းစွာ နားနေနိုင်တဲ့ နေရာ ကိစ္စကြီးငယ်ကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးနေတဲ့  ဝန်ထမ်းတွေ  စောင့်ဆိုင်ရမယ်ကိစ္စမှာ စောင့်ဆိုင်းရမှာဖြစ်ကြောင်းရှင်းပြသူ လွယ်ကူတဲ့အရာဆို ချက်ချင်းပြီးအောင်ဆောင်ရွက်ပေးမယ့်အကြောင်းရှင်းပြသူ ငွေလွဲ/ငွေအပ်/ ငွေထုတ် အရာအားလုံအဆင်ပြေလွယ်ကူနေသော်လည်း။။ ရန်ကုန်မြို့ရဲ အထင်ကရ  MICB ကြီးကတော့ ဒီလိုမဟုတ် အခြားလုပ်ငန်းပိုင်ဆိုင်ရာတွေ ဝန်ဆောင်မှုတွေ အတွက်တော့ အစိုးရ […]


three colorsNovember 13, 20111min012
ရန်ကုန်မြို့ကြီးမှာ နိုင်ငံခြားမြို့ကြီးများလောက် ကားအရေအတွက် မများသေးပဲယာဉ်ကြောပိတ်ဆို့မှူဖြစ်နေသည်၊ အကြောင်းရင်းများစွာအနက် အဓိက မှာ ကားများ လမ်းပေါ ်parking ပြုလုပ်ခြင်းပင်ဖြစ်သည်၊ ပိတ်ဆို့မှူအများဆုံးမှာ မြို့လယ်ရှိမြို့နယ်များတွင် ဖြစ်ပြီးကားရပ်နားမှူ အများဆုံးလဲဖြစ်သည်။ လမ်းသွယ်များတွင် တခြမ်းမှာ ပါ့ကင်ကားများကြောင့်တခြမ်းပဲမောင်းနိုင်သည်၊ဒါတောင် လူတွေက ပလက်ဖေါင်းပျောက်နေလို့လမ်းပေါ ်တက်လျှောက်နေသေးသည်၊ လမ်းသွယ်အကျယ်ကျတော့ဘယ်ရောညာပါ ရပ်ကြသည်၊လမ်းအားလုံး တလမ်းသွားဖြစ်လို့အလယ် ကြောက တန်းစီမောင်းရသည်၊ပစ္စည်းရပ်ချသောကားရှိနေရင် တလမ်းလုံးရပ်စောင့်ပေ ရော့။ အရှေ့အနောက်တလမ်း သွားလမ်းမကြီးများမှာယာဉ်ကြော၆ခု-ဘယ်အစွန်၂လိုင်းမှာစောင်းစောင်းရပ်သောကားများ၊ ရပ်ဘို့နောက်ဆုတ်နေသောကား များနဲ့နေရာယူသည်၊ ညာဘက်ဆုံးကြောက ဘတ်စ်ကားကြီးများက ပိတ်ထားသည်၊ဘေးလဲချမရပ်၊ အလယ်-၁ကြောသာသာမှာ rush hours တွင်ကား စုပြုံတိုးနေသည်၊ရပ်နားခ ကောက်ခံရုံနဲ့ မရတော့၊ ထို့ကြောင့်ကားပါကင် သည်ရန်ကုန်မြို့အတွက် မရှိမဖြစ် ဖြစ်နေပြီ၊ စင်္ကာပူတွင် လမ်းပေါ ်ကားရပ်နားခွင့်မရှိ၊တက္ကစီ ပင် လူတင်ရုံ စက်မသတ်ပဲခဏရပ်နိုင်သည်၊ တိုက်မြင့်အားလုံး  မြေညီထပ်ကို ကားရပ်နားဘို့ထားရသည်၊လိုရင် […]


ေမွာ္ဆရာNovember 12, 20111min024
အရင်တုန်းက အကောင်းသားဗျာ .. အခုမှ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့ပြီ ဘာကိစ္စလဲဆိုတော့ အဖာတစ်ရာ ပိုက်ဆံတွေကိစ္စပေါ့ … အရင်တုန်းကတော့ အကြွေကလဲရှား ရှိတဲ့ အကြွေကလဲ ရေသည်ယောကျင်္ားရဲ့ ပုဆိုးထက်တောင်ဆိုးနေတာဆိုတော့ ရှိတဲ့ နှစ်ရာတန် တစ်ရာတန်လေးတွေကို ရွှေအစစ်ထက်တောင် ယုယုယယ တိပ်နဲ့ကပ် ၊ ပလပ်စတစ်နဲ့ထုတ် ၊ မီးပူတိုက် နည်းမျိုးစုံနဲ့ လည်ပတ်လာရတယ် … အမယ် …ပေးတဲ့သူက ပေးရင် ယူတဲ့သူကလဲ ဘယ်လောက်စုတ်ပါစေ .. ယူတယ်ဗျ .. အကြွေပေးလို့ဆိုပြီး ကျေးဇူးတွေဘာတွေတင်လို့ …. အခုတော့ဗျာ … ရှိတဲ့နှစ်ရာတန်လေးနဲ့ ဆေးလိပ်လေး သွားဝယ်ပါတယ် … စုတ်လို့ ပြန်လဲပေးပါတဲ့ … ဟယ် တစ်ခါမှ မကြားဘူးတဲ့ စကားကြားရလို့ ငုတ်တုတ်တောင် […]


asiamastersNovember 10, 20111min06
ရှင်သန်ရသည့်အကြောင်း (Purpose of Life)   ၁။       ရှင်သန်နေတဲ့လူသားတွေမှာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး၊ ဟုတ်တိပတ်တိလုပ်တတ်တဲ့လူမျိုးနဲ့ မရေမရာနဲ့  အဓိပ္ပာယ်မဲ့စွာ နေသူဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိလုပ်တတ်သူများ ဟာ အလုပ် ကြိုးစားသူများဖြစ်ကြတယ်။ အလုပ်ကြိုးစား သူများဖြစ်လို့ ပိုကောင်းတဲ့ဘဝတွေကိုရလာကြတယ်။ ကတိသစ္စာ တည် ကြည်ပြီး၊ ဥပဒေကိုလေးစားလိုက်နာသူတွေဖြစ်လာကြတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့စွာနေထိုင်သူများဟာအပျင်း ထူသူများဖြစ်လာကြတယ်။ အလုပ်မကြိုးစားပါ။ ဖြတ်လမ်းကိုသာ လိုက်လိုတယ်။ လွယ်လွယ်ရတာကို သာလျှင်လိုလား ပါတယ်။ အမြဲတမ်းလိမ်လည်ဖို့၊ အချောင်ရဖို့သာကြိုးစားနေသူများဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရမှာကို လည်း ဝန်မလေးသူများဖြစ်လာတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာတဲ့လူတွေများတဲ့လူ့အသိုင်းအဝိုင်းဟာ သန့်ရှင်းနေ လေ့ရှိ တယ်။ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားတဲ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့သူများတဲ့ လူ့အသိုင်း အဝိုင်းဟာ ညစ်ပတ်ပြီး ဆင်းရဲနုံခြာတဲ့လူ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။   ၂။       လူသားတွေကို စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး […]


thit minNovember 10, 20112min022
(ဆရာခိုင်၊ ကိုFR၊ ကိုကြောင် ၊ကိုဇာဂီ  ၊ကိုထူးဆန်း၊ ကိုပါလေရာတို့၏ ဆွေးနွေးချက်များအားကျနော့၏အသိလက်တွေ့ အမြင်များပေါင်းစပ်၍ပြန်လည်ရေးသားပါသည်။)   (၁)တိကျသေခြာမှု (၂)စိတ်အဆင့်အတန်း (၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း) (၄)အစုံကျွမ်းကျင်လုပ်သား (၅)လူကိုတန်ဘိုးထားခြင်း (၆)အလုပ်ကိုတန်ဘိုးထားခြင်း (၇) တသွေးတသံတမိန့် ( Comapny Warrior ) အထက်ပါရ ချက်ကတော့ အရင်ပို့စ်ကဂျပန်တို့ရဲ့အားထားပြုခဲ့တဲ့အဓိကအချက်တွေပါ။ အဲဒီအချက်တွေကိုခြုံငုံခေါင်းစဉ်အားဖြင့်စီးပွါးရေးဆိုဒ်ကအရင်ပြောပါမယ်နော်။ ခေါင်းစဉ်ဆိုပေမဲ့အောက်မှာရေးပါ့မယ်။ရှင်းချင်လို့ပါ။ (၁)တိကျသေခြာမှု (၂)စိတ်အဆင့်အတန်း (၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း) (၆)အလုပ်ကိုတန်ဘိုးထားခြင်း စွမ်းဆောင်နိုင်သောအရည်အသွေး(Capability=Absolute Advantage) = ပင်ကိုယ်အရည်အသွေးအပေါင်း၊ ပတ်ဝန်းကျင်ရဲ့ထိန်းကြောင်းမှုပါ, အရေးပါပါတယ်။ယူထိုက်တဲ့နည်းပါ။ (၄)အစုံကျွမ်းကျင်လုပ်သား စရိတ်ခြိုးခြံထုပ်လုပ်ခြင်း(Cost-Effectiveness) =လူတယောက်ထဲနဲ့လစာတခုထဲနဲ့အများကြီးခိုင်းလို့ ရတာမျိုးပါ။အလုပ်သမားကိုစိတ်ဖိအားStress ရစေပါတယ်။အပေါ်က (Capability) ကိုကျသွားစေပါတယ်။ (၅)လူကိုတန်ဘိုးထားခြင်း လူသားအရင်းအမြစ်ဖော်ထုတ်ခြင်း(GeneratingHumanResources) =သုံးလို့မရတဲ့သူမရှိဘူးဆိုတဲ့ခံယူချက်ပါ။ တော်တော်ကောင်းပါတယ်။လူကိုအသုံးဝင်လာအောင်လုပ်တဲ့နည်းမို့ယူထိုက်ပါတယ်။ (၇) တသွေးတသံတမိန့် ( Comapny Warrior =ကုမ္မဏီစစ်သည်တော်များ) စီမံခန့်ခွဲမှုထိန်းချုပ်မှု (Managerial […]


three colorsNovember 9, 20111min011
ငယ်ငယ်တုံးက မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီတို့ရေကြောင်းခရီးသည်ပို့ဆောင်ရေးမှာ ပြိုုုင်ကြတဲ့အကြောင်းသင်ဘူးတယ်၊ အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီးတော့ ဦးနာအောက် ပြေးဆွဲနေတဲ့ရေကြောင်းပို့ဆောင်ရေး မှာ အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက ဝင်လာတယ်၊ ပြီးတော့ သင်္ဘောခ ကိုလျော့ချ ပြေး တယ်(ဥပမာ-နဂိုက ၁ကျပ်ဆို သုံးမတ်ပေါ့) အဲဒီအခါ ခရီးသည်တွေ ရွှင်လန်းအားရ ဖြစ်ကြရတယ်၊ ဟိုဘက်ကို စီးတဲ့ ခရီးသည်တွေပိုများသွားတဲ့အခါ ဦးနာအောက် ကလဲ လျော့ချပြေးတယ်၊ ခရီးသည်တွေပြန်မျှသွားတယ်၊ ဒီအခါ ဧရာဝတီကုမ္ပဏီက ငါးမူးနဲ့ပြေးတယ်၊ ဦးနာအောက်က လဲလိုက်လျော့တယ်၊ ဒီလိုနဲ့ခရီးသည်တွေကိုလျော့ပေးရုံမက ပုဝါတပိုင်စီပေးတဲ့အထိ service ကောင်းလာခဲ့တယ်၊ အရင်းရှင်ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရ က လွတ်လပ်စွာယှဉ်ပြိုင်ခြင်းပဲ၊ ဥပမာ-ကွန်ပြူတာမှာ intel နဲ့ အခြားcompany တွေယှဉ်ပြိုင် microprocessor တွေ, chip […]


KyaemonNovember 9, 201110min054
စာရေးသူတဦးက တရုပ်ကြီးကြောင့်လို့ ထင်မြင်ယူဆ တယ်၊ တရုပ်ကြီးကိုကုန်ပစ်စည်း သယံဇာတ ရောင်းရင် ဈေးနှိမ်ခံရတယ်လို့သူက မြင်တယ်၊ တရုပ်ကြီးကိုဘဲ လုံးဝ  ဥသုံ အားကိုး ပြီးကုန်သွယ်တာ မကောင်း၊ အနောက်နိုင်ငံနဲ့ကုန်သွယ်ရင် တဟုန်တည်း ချမ်းသာ လာလိမ့်မယ်လို့လဲ ပြော၊ ———————————————————————–  အမေရိကန်ထောက်လှမ်းရေး အဖွဲ့ရဲ့အမြင် ကရော ဘယ်လိုလဲ? ———————————————————————- အောက်ပါ link ကို နှိပ်ပြီး CIA  ရဲ့ဖြစ်ရပ်မှန်မှတ်တမ်း Fact Book ကို ဖွင့်ကြည့်ပါ၊ Burma Economy 2011 http://www.theodora.com/wfbcurrent/burma/burma_economy.html   အများသိထားတဲ့ အတိုင်း တော်တော် များများ ကိုက်ညီနေတာ တွေ့ပါလိမ့် မယ်၊ ၁၊ စစ်အစိုးရ နဲ့လက်ဝေခံ စားဖား Cronies တို့ ၂၊ […]


တစ်ဦးဆောင်သော်မရ အများဆောင်သော်ရ၏ ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျနော်တို့ မနှစ် 2010တုန်းက ပရဟိတ အဖွဲ့ကလေးဖွဲ့ဖြစ်တယ်။ ခုဆိုရင် ကျနော်တို့အဖွဲ့လေးဟာ အဖွဲ့ရယ်လို ပီပီသသ ဖြစ်လာပြီး ၂ရဦးအထိရှိလာပြီဖြစ်တယ်။ ဒါပေမယ့် ခုချိန်ထိ အဖွဲ့ရဲ့ အမည်နာမ မရှိသေးပါဘူး။ တပိုင်တနိုင်အားဖြင့် လှုပ်ရှားနေတဲ့ အဖွဲ့ကလေးပါ။ အဓိက လှူဒါန်းဖြစ်လာတာကတော့ ပညာရေးဘက်အပိုင်းပါ။ ကျနော်တို့ ဖားကန့်မှာဆိုရင် ရာသီအစလို့ပြောလို့ရတဲ့ အောက်တိုဘာ လကနေစပြီး ရာသီသိမ်းချိန်ဖြစ်တဲ့ မေလအထိ အဖွဲ့ဝင်များဆီက လစဉ်လစာငွေများထဲကနေ စေတနာ ရှိသလောက်လှူဒါန်းထားတာတွေကို ကောက်ခံပြီး စုပေါင်းထားခဲ့တာပါ။ 2010ထဲမှာတော့ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်လှူဒါန်းဖြစ်ပါတယ်။ ခုလက်ရှိလည်း 2011ခုနှစ်အတွက် စတင်ကောက်ခံနေကြပါပြီ။ နောက် အဖွဲ့ကိုလည်း ရေရှည်တည်တံ့စေချင်တဲ့အတွက် ကျနော်တို့ ဆက်လက် ကျိုးစား […]


Yin Nyine NwayNovember 7, 20111min05
ကျွန်တော့် မီးကို ဒိုင်လူကြိးက ကြော်ငြာနေပြီ… ကျွန်တော်တို့အဖွဲ့ သက်မှတ်ထားတဲ့နေရာကိုသွားကြတယ် ပြီးတော့ ကျွန်တော်တို့မီးကျီကို အလေးချိန်ချိန်ဖို့ပြောတယ် ကျွန်တော် ဒိုင်လူကြီးဆီ မီးပုံးပျံနဲ့ ပတ်သတ်တဲ့အချက်အလက်ကိုပေးလိုက်တယ် သူက ပရိသတ်ကို ကျွန်တော်ေရေးထားတဲ့အတိုင်း ရွက်ပြတယ် အလေးချိန်ချိန်ရတဲ့အကြောင်းရင်းက မီးပုံးပျံခေါင်အမြင့်နဲ့ ယမ်းပိသာချိန်ကို ကိုက်မကိုက်စစ်တာပါ နို့မဟုတ်ရင် မီးပုံးပျံမတက်နိုင်ပဲ အောက်မှာ ဝုန်းဒိုင်းကျဲမှာကြောက်လို့နေမှာပါ ကျွန်တော် မီးကျီချိန်နေတဲ့အချိန် ကျွန်တော်တို့အဖွဲ့က မီးပုံးပျံထောင်နေပြီ မီးဇော်နဲ့ မီးပုံးပျ့ကိုမှိုင်းဖြည့်တယ် ခေါင်တက်လာပြီဆိုတာနဲ့ မီးပုံးပျံ မှိုင်းဝအောင်ဖြည့်တယ် ပြီးတော့ တီတံလို့ခေါ်တဲ့ မီးပုံးပျံနဲ့မီးကျီ ဆက်တဲ့ ကြားခံနယ်ကိုချိတ်တယ် တီတံက လည်းအရေးကြီးတယ် တီတံကို ကိုင်ပြီး မီးပုံးပျံ ဆွဲနိုင်မဆွဲနိုင်ကို ချိန်နိုင်တယ် ပြီးတာနဲ့ …. မီးပုံးပျံဆွဲနိုင်တဲ့အချိန်လောက်မှာ အောက်ကနေ မီးကျီကို ဆွဲတယ် လေအပင့်မှာ မီးပုံးပျံက ဆွဲတက်သွားတက်တယ် […]


thit minNovember 7, 20111min029
ကြောင်ကြီး says: ………………Culture လို့ ခြုံငုံ ကင်ပွန်းတပ်နိုင် မလားမသိဘူး၊ ကျယ်ပြန့်လွန်းတော့ လုံးကောက် သတ်မှတ်ရခက်တယ်။ အဲဒီအချက်တွေကို ဖြစ်စေနိုင်တဲ့ လိုအပ်ချက်လို့ ပြောရင်ရမယ်ထင်တယ်။ ……. …………………………………….. ဆရာသစ်အနေနဲ့ အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။ ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊ လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ […]