ဘူတန် နိုင်ငံအကြောင်း တစေ့တစောင်း လေ့လာ ရအောင်၊ ဘူတန် နိုင်ငံရဲ့စီးပွါးရေး ဟာ ကမ်ဘာမှာ အသေးငယ်ဆုံး နဲ့ မဖွံ့ဖြိုးဆုံးအုပ်စုနိုင်ငံတို့ထဲကပါဘဲ၊ ၆ဝ % သောလူဦးရေ တို့က လယ်ယာနဲ့သစ်တော ကိုဘဲမှီခို အသက်မွေးဝမ်းကျောင်း ကြတာ၊ တောတောင်တွေထူထပ်လို့လမ်းပန်းဆက်သွယ်ရေး ကောင်းဘို့ အရေး တည်ဆောက်တာတွေလဲ မလွယ်ကူ ကုန်ကျစရိတ်လဲ ကြီးလွန်းတာ၊ အိန်ဒိယ နိုင်ငံနဲ့ကုန်သွယ်တာ အားသန်ပြီး ၎င်း နိုင်ငံ မှ ငွေကြေးကူညီမှုကိုအားကိုးရတာ၊ ရေအားလျှပ်စစ်ဓာတ် တွေကိုအိန်ဒိယ နိုင်ငံသို့ တင်ပို့ရောင်းချ တာ ကြောင့် ဘူတန်ပြည်သူတို့ရဲ့တဦးချင်းဝင်ငွေ GDP ဟာတိုးတက်လာတာ၊ အိန်ဒိယ နိုင်ငံဟာ ဘူတန် ရဲ့အဓိက ဖောက်သယ်နိုင်ငံဖြစ်တာ၊ အိန်ဒိယ နိုင်ငံသို့ တင်ပို့ရောင်းချတာ က စုစုပေါင်းရဲ့ ၅၈.၆% ဖြစ်ပြီး အိန်ဒိယ နိုင်ငံမှ တင်သွင်းဝယ်ယူတာ […]
