minn_annawarJanuary 9, 20131min018
မြန်မာပြည်မှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားအတော်များများ ကွန်ပြူတာသုံးနိုင်လို့   အသုံးပြုနေကြပါပြီ။ ဒါပေမဲ့ တရားဝင် software သုံးနေကြ၊ သုံးနိုင်ကြသူ ရာခိုင်နှုံးဘယ်လောက်များရှိနေပါပြီလဲ။ တနေ့ တနေ့   တွေ့တွေ့ နေရတဲ့ software အသစ်အသစ်လေးများကို သုံးချင်နေကြသူများလည်း ရှိကြမှာပါ။ ဒါပေမဲ့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လိုချင်တဲ့ software ကိုအလွယ်တကူ၊ တရားဝင်ဝယ်ယူလို့  ရနိုင်ပါပြီလား။ နိုင်ငံခြားငွေ account ရှိမှဖြစ်မယ်ဆိုရင်လဲ    ဘဏ်တွေ မှာ account လဲဖွင့်လို့  ရနေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ တရားဝင် software ဘယ်လိုဝယ်လို့  ရနိုင်ပါမလဲ၊ သိရင်ပြောကြပါ။ ဘဏ်များမှ တာဝန်ရှိသူများလည်း ဒီကိစ္စ စဉ်းစားပေးကြစေလိုပါတယ်။ Computer software များကို သိက္ခာရှိရှိ၊  စိတ်သန့်  သန့်    နဲ့    သုံးချင်လို့  ပါ။


KyaemonDecember 26, 201265min01
ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်၊   တောတောင်ချောင်းမြောင်း၊ ရေကန်ဆည်မြောင်း၊ လယ်ယာကိုင်းကျွန်း ကွင်းပြင်မြေပြန့် အနှံ့တို့ရဲ့ သဘာဝဝန်းကျင်အလှကို ရင်သပ်ရှုမော မြင်တွေ့ခံစားနိုင်တာပါ Laggan ရေကာတာပါ  ၁၉၃၆ ကဆိုလို့ ၇၆ နှစ်တောင်ကြာပါပြီ Laggan Dam, 21-7-09 | Flickr – Photo Sharing! http://www.flickr.com/photos/domino_nz/3912137614/ Laggan Dam is a dam located on the River Spean south west of Loch Laggan in the Scottish Highlands. The dam is 700 feet (213 metres) long and rises 170 […]


KyaemonDecember 24, 2012150min01
 အထက်ပါပုံဟာယခင်ကTyskedammne ရေကာတာဟောင်းဖြစ်ပြီး ယခုကျတော့မြင်တဲ့အတိုင်းပျက်စီးယိုယွင်းနေတာပါ၊ ——————— စကားမစပ်ကျနော့ပေါက်ဖော်ကြီးဦး”အာချောင်တီး”က   ဒီပုံကိုမြင်သွားတာနဲ့ချက်ချင်းဘဲအမူအရာပြောင်းသွားခဲ့တာ၊ ရွှေတုံးတတုံးကောက်ရသလိုလို၊ထီပေါက်သွားသလိုလို၊ သူကမနောပီတိဂွမ်းဆီထိတဲ့အလား၊ပီတိအစုံစုံဝေဖြာလွှမ်းမိုးကာ  “ဝဇ်ဇာဓိုရ်”လိုခုန်ပေါက်ခုန်ပေါက်နဲ့ဟိုယိုင်ဒီယိုင်ညိမ်း”က”နေတော့ရာ၊ မကြာခင်မှာဘဲသူကငယ်သံပါအောင်၊တချက်တချက် အားရပါးရအော်ဟစ်ကြွေးကျော်လိုက်တာက “အောင်ပြီ၊ငါဒို့အောင်ပြီ၊” “အရေးတော်ပုံအောင်ရမယ်” ဆိုတာ၊ မရှေးမနောင်းခင်မှာဘဲသူကတချက်ထဲတအားခုန်ပေါက်လိုက်တာနဲ့၊    New Yorkနယူးယောက်သားပီပီNew Yorkနယူးယောက်ကအသစ်တဖန်ပြန်လည် တည်ဆောက်လိုက်တဲ့TwinTowersအမွှာပူးမိုးမျှော်တိုက်ခေါင်မိုးပေါ်ကို တချီထဲနဲ့ရောက်တော့တာ၊   Supermanလိုအပေါ်ကိုရောက်တော့လဲ၊ တဖျစ်တောက်တောက်အော်ဟစ်ကြွေးကျော်နေပြန်တာက “ဟဲ့ငမိုက်သားကြေးမုံဂျီးရာ၊နင်ဘာပြောအုံးမလဲ၊” “ငါအစောကြီးကပြောပြောနေသားဘဲ” “ငလျင်၊ငလျင်ဆိုတာလေ”  “နင်မှတ်မိသေးရဲ့လား” “မင်းက”ငကြောင်ကြီး”ကြောင်တောင်တောင်မို့လို့မယုံတာ၊” “ကြည့်စမ်းကွာငါ့လူ၊ငလျင်ကြောင့်ရေကာတာကြီး အစိတ်စိတ်အမွှာမွှာဖြစ်ရပြီမဟုတ်လားကွာ” “ငါ့ကိုအံတုလို့ရမလားကွာ၊ဟဲဟဲ၊ဟဲဟဲ” “နင်သိဘို့ရာ၊ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးလို့ဘဲမှတ်၊ဟဲဟဲ၊ဟဲဟဲ” ဆိုပြီးအသစ်ချပ်ချုပ်အမွှာမိုးမျှော်တိုက်ခေါင်မိုး ကနေကြွားဝါကျိန်းမောင်းကြွေးကျော်နေပြန်တာ၊ —– ဒါနဲ့လူတွေကဝိုင်းလာကြတော့နယူးယောက်ပုလိပ်တွေက အဆွေတော်ဦး”အာချောင်တီး”ကိုအောက်ကနေ အသံချဲ့စက်နဲ့အော်ပြီးရှင်းပြရတာ၊ “ဟဲ့ငတုံး၊ဟဲ့ငကြောင်၊ဒီရွာမှာလာပြီးရူးသလိုလို”အ”သလိုလို နံမယ်နဲ့လိုက်အောင်၊အူကြောင်ကြောင်လာမလုပ်နဲ့” “ဒီရွာမှာအမှားအမှန်ကိုခွဲခြားစိတ်ဖြာတတ်တဲ့ရွာသားတွေရှိတယ်” “အဲဒီပုံကရေကာတာဟာ ငလျင်ကြောင့်ပြိုကျပျက်စီးတာမှမဟုတ်တာ၊ ဒုတိယကမ်ဘာစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကနော်ဝေမှာ တည်ဆောက်ခဲ့တဲ့ရေကာတာကိုအင်ဂလိပ်လေယာဉ်တွေက ဗုံးကြဲခဲ့တာကြောင့်ပါ၊ —– အဲဒီလိုနဲ့ဆင်းခိုင်းတော့မှသူက”ဈာန်လျှော”လာကာအမြင်မှန်ရတော့တာ၊ မှတ်ချက်၊ဦး”အာချောင်တီးရဲ့”စိုးရိမ်ပူပန်မှုသက်သာအောင်ပြောရမယ်ဆိုရင် ငလျင်ကြောင့်နော်ဝေကရေကာတာကြီးတခုခုပျက်စီးခဲ့လို့လဲ လူတွေကအကြီးအကျယ်သေကြေပျက်စီးရတာဆိုလို့နှစ်ပေါင်းများစွာ (ရာချီနှစ်ပရိစေဒ)ကထဲကမရှိခဲ့ပါကြောင်း၊ နော်ဝေမှာဒီလိုမျိုးကိစ်စလုံးဝ […]


အာဂDecember 18, 20121min05
၁။ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဥ ပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် လိုအပ်သော အရင်းအမြစ်များ တည်ထောင်နိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ဖွဲ့စည်းထားသော အစိုးရမဟုတ် သည့် အဖွဲ့အစည်း ( NGO ) တစ်ခု ဖြစ်ပါသည်။ ၂။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်အဖွဲ့အစည်း ( MDRI ) ၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန ( CSIS ) မှ တတိယအကြိမ် ဖွင့်လှစ်မည့် ( Post-Graduate Certificate in Peace, Democracy and Development ) သင်တန်းကို ( ၁ – ၁ -၂၀၁၃ ) […]


KyaemonDecember 17, 201217min04
မြေငလျင်အဆက်ပါ —————- ကလေးလူငယ်ပါမကျန်ငလျင်အေကြောင်းကိုစိတ်ဝင်စားလာပြီး  နားလည်သဘောပေါက်သွားအောင်နည်းမျိုးစုံနဲ့ရှင်းပြနေကြတာ    ရှင်းပြသူMarshall Bradley ရှေ့ပိုင်းကHow Earthquakes Work ဆောင်းပါးမှာရှင်းပြပြီးနောက် ဗီဒီယိုနဲ့တခါထပ်ရှင်းပြနေတာ ကမ်ဘာကျော်တောင်ပိုင်းCaliforniaရှိSt Andreas Fault  မြေငလျင်ပြတ်ရွေ့ကနဲနဲချင်းရွေ့ရှားနေတာကို ကောင်းကင်ကနေမြင်ရကြောင်း How Earthquakes Work – YouTube http://www.youtube.com/watch?v=hkg_ZYm9IZw ——– မြေငလျင်ဟောကိန်းတွေနဲ့ခန့်မှန်းချက်တွေ    Pacific ပင်လယ်သမုဒ်ဒရာမှာရှိတဲ့ မြေငလျင်”Ring of Fire မီးစက်ဝိုင်းကြီး” အမေရိကတိုက်မြောက်ပိုင်းAlaskaပြည်နယ်Valdez မြို့နားမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြီးရဲ့ဗဟိုရ်ချက်မနဲ့ လှိုင်းဂယက်များပုံ မီးခိုးရောင်မြေထုအချပ်ပြားမှလှိုင်းဂယက်တွေက ပူးကပ်နေတဲ့ကြက်ဥနုရောင်မြေထုအချပ်ပြားဆီကို လှိုင်းဂယက်တွေထပ်ဆင့်လက်ဆင့်ကမ်းတွန်းအားတွေ ပို့ဆောင်ကူးဆက်သွားပုံ ====================== USGSအမေရိကန်မြေငလျင်ဌာနကသိပ်ပံပညာရှင် Michael Lampeedနဲ့တွေ့ဆုံမေးမြန်းခြင်း ငလျင်ဘယ်တော့ဖြစ်မယ်ဆိုတာဟောကိန်း ထုတ်နိုင်စွမ်းမရှိကြောင်း၊ သို့သော်ဘယ်Fault ပြတ်ရွေ့အက်ကြောင်းမှာဖြစ်နိုင်ကြောင်း၊ ဘယ်လောက်ကြီးမားပြီး၊ လှုပ်ခါတာဘယ်လောက်ပြင်းထန်နိုင်ကြောင်းကို ခန့်မှန်နိုင်ကြောင်းဖြေဆို၊ နှစ်ပေါင်းများစွာကစူးစမ်းလေ့လာတာ၊စမ်းသပ်တာ၊ ငလျင်တို့ရဲ့ပုံစံအချက်အလက်တွေ ဘေးအန်တရာယ်တွေကို စုစည်းခဲ့တာကြောင့် မြို့ပြစီမံကိန်းတွေ၊မြေနေရာချတာတွေမှာလဲ […]


mzmDecember 14, 20121min00
ုုဒီဇင်ဘာလအတွင်းမှာကျင်းပပြီး၊ ကျင်းပဆဲဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဟာ ဒီမိုကရေစီလမ်းစဉ်နှင့်ညီ၊ မညီဆိုတာလေးသိချင်လို့ပါ။ ဘာလို့လဲဆိုတော့ အခုကျင်းပနေတဲ့ရွေးကောက်ပွဲ(ရပ်/ကျေးအုပ်ချုပ်ရေးမှူး)ပေါ့။ ပထမဦးဆုံး ရွေးကောက်ပွဲကိုကြီးကြပ်ဖို့၊ ကျင်းပဖို့ ရပ်ကွက်ထဲမှာရှိတဲ့ရပ်မိ၊ရပ်ဖ (၅)ဦးကိုရွေးချယ်ကြပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်မရှိဘဲ တစ်လမ်းချင်းအလိုက် အိမ်ထောင်စု(၁၀)စုမှာ ဆယ်စုမှူးကိုယ်စားလှယ် (၁)ယောက်စီရွေးပါတယ်။ ဥပမာ- လမ်းတစ်လမ်းမှာ အိမ်ထောင်စု (၂၀၀)ရှိလျှင်ဆယ်စုမှူးကိုယ်စားလှယ်(၂၀)ဦးရသည်။ အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်အဖြစ်ဝင်ရွေးခံရမဲ့ပုဂ္ဂိုလ်ဟာ အုပ်ချုပ်ရေးမှူးအဖြစ်လည်း ဝင်ရောက်ရွေးပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ ရပ်ကွက်တစ်ခုလုံးအတွက် အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်(လူနည်းစု)အယောက်(၄၀)ကနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုရွေးချယ်တင်မြောက်မှာပါ။ ယခင်ရွေးကောက်ပွဲတုန်းကလိုရပ်ကွက်သူ/သားများမပါဘဲ လူနည်းစုကရွေးချယ်တင်မြောက်ရတဲ့ ဒီ ရပ်/ကျေး ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒီမိုကရေစီနည်းလမ်းလည်းမကျဘူးလို့ထင်မြင်မိပါကြောင်း…. ဂေဇက်ရွာသူ/ရွာသားတွေရဲ့အမြင်ကိုလည်းသိချင်ပါတယ်။………. ကျွန်တော့်အထင်တော့ အောက်ခြေ(ရပ်ကွက်)ကိုအချင်းချင်းစိတ်ဝမ်းကွဲအောင် အနုနည်းနဲ့ရန်တိုက်ပေးတဲ့ ရွေးကောက်ပွဲဥပဒေတစ်ရပ်အဖြစ်ထင်မြင်မိပါတယ်။ ဝေဖန်ဆွေးနွေးပေးကြပါဦး…………….


manawphyulayDecember 13, 20121min09
လုပ်ငန်းခွင်တိုင်းတွင် လုပ်ငန်းအောင်မြင်အောင် ဦးဆောင်ဦးရွက်ပြုဖို့အတွက် စီမံခန့်ခွဲသူတွေ ရှိရစမြဲဖြစ် ပါသည်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ လူတစ်ဦးတစ်ယောက်ထဲနဲ့ လုပ်ဆောင်လို့ မရနိုင်ဘူးဆိုတာ လုပ်ငန်းလုပ်သူတိုင်း သိထားကြမည် ဖြစ်ပါသည်။ စီမံခန့်ခွဲသူသည် စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲခြင်းအပြင် လုပ်ငန်း သဘောသဘာဝအရ အဆင့်ဆင့်သော လက်အောက်ငယ်သား ဝန်ထမ်းများကိုလည်း မှန်ကန်စွာ ကြီးကြပ်ကွပ်ကဲရမည် ဖြစ်ပေသည်။ လုပ်ငန်းတိုင်းတွင် စီမံခန့်ခွဲသူကို အထွေထွေ စီမံခန့်ခွဲရေးမှူး၊ အထွေထွေမန်နေဂျာ၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ် သုံးနှုန်းကြပါသည်။ ပုဂ္ဂလိကလုပ်ငန်းများတွင်မှာတော့ အများအားဖြင့် လုပ်ငန်း သေးငယ်လျှင် လုပ်ငန်းပိုင်ရှင်သည်ပင်လျှင် စီမံခန့်ခွဲသူဖြစ်ပေသည်။ စီမံခန့်ခွဲသူဟူသော ဝေါဟာရမျိုးဖြင့် မသုံးနှုန်းသော်လည်း လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းကိစ္စအဝဝကို စီမံခန့်ခွဲအုပ်ချုပ်ရသူပင် ဖြစ်လေသည်။ စီမံခန့်ခွဲသူ တစ်ယောက်တွင် ရှိအပ်သော အထူးအရည်အချင်းတစ်ရပ်ကတော့ သက်ဆိုင်ရာဌာန အဖွဲ့အစည်း ဒါမှမဟုတ် မိမိရဲ့လုပ်ငန်းကို […]


ဒီပွဲကို အားခဲထားတာ ကြာတော့ကြာပြီ။ သတင်းစာ ဂျာနယ်တွေထဲမှာ ကြော်ငြာတွေဖတ်နေရကတည်းကပဲ။ ဟုတ်တယ်လေ.. အလွန်ထူးခြားတဲ့ ၁၂-၁၂-၁၂ ရက်နေ့ က  စလို့ ဆိုင်ခန်းပေါင်း ၇၀ဝ ကျော်နဲ့ နေပြည်တော်မှာ ထူးကဲစွာ ကျင်းပမယ်ဆိုထားတယ် မလား။ နေပြည်တော်လို့ နာမည်ကြီးသာပေးထားတယ် ဒီလို ခမ်းနားတဲ့ အိတ်စပို ပွဲကြီးမျိုးက တစ်နှစ်တစ်ခါ ရှိချင်မှ ရှိတာကလား။ ကျုပ်လည်း စနစ်တွေပြောင်းပြီး ကားဈေးတွေ ကျနေပြီ ကျနေပြီ ဆိုကတည်းက ကားရူး ရူးနေတာလေ။ ရန်ကုန်၊ မန်းလေး မြို့ကြီးတွေမှာ ကားပြပွဲတွေလုပ်သွားတာ သတင်းတွေကြားပြီး လူမှာ မရိုးမရွ။ ဆယ်လီဗျစ်တီဒေါ့ကွန်းတို့ မောင်စေတန်တို့မှာ တတ်လာတဲ့ ဓာတ်ပုံတွေ ကြည့်ပြီးတော့ပဲ သရေကျနေခဲ့ရတာ။ (ကားရောင်စုံတွေက ဓာတ်ပုံစားလှတာကိုး) ရှလွတ် ပြောရင်းက သရေ ကျလာပြန်ဘီ။ […]


Swal Taw YwetDecember 11, 20122min020
ဆရာသစ်ရေ စာတွေပြန်ရေးလာလို့ကျေးဇူးပါဗျို့။ဆရာသစ်ရဲ့ စာတွေကို တတ်နိုင်သမျှ ကူးယူထားပါတယ်၊ ကျနော်တော့ရွာနဲ့ နဲနဲဝေးနေခဲ့ရလို့ပါ။ (ရှေ့ လျှောက် ပို ဝေးဘို့ တောင် မြင်နေသေး….ဟေး….ဟေး ) ဒီနေ့ ၁၁ ဒီဇင်ဘာ၂၀၁၂ ဆိုရင် အမှတ် ( ၁၁၁/ ၃) ပထမထပ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး။ ဆင်ရေတွင်းမှာ ကျနော်ဖွင့်ထားတဲ့ “စွယ်တော်ရွက်” လျှပ်စစ်လက်တွေ့ လေ့ကျင့်ရေးသင်တန်း လေး သက်တန်း ( ၅ ) လ ပြည့် ပါပြီ။ စီးပွားရေး အရ ရပ်တည်နိုင်စွမ်း မရှိသေးပေမယ့် ဆက်လက်ကြိုးစားသွားအုံးမှာပါ။ ဆရာသစ်တို့ ကျနော်တို့ မြင်ထားခဲ့တာတွေ တကယ်မှန်နေကြောင်း ပြောပါရစေဗျို့။ လက်တွေ့ကျွမ်းကျင်မှုရှိတဲ့ Skillful Technicians/ Engineers တွေ အများကြီးလိုအပ်နေတဲ့ အချိန်ကာလကြီး ဖြစ်လာနေပါပြီ၊ […]


KyaemonDecember 9, 201243min09
   ငလျင်တိုင်းတာနည်း အဆက်    ၁၉၇ဝ က Charles Richter  ပုံ ————————————- Charles Richter တို့က မြေငလျင်တိုင်းနည်းကိုတိုးချဲ့လိုက်လို့၊(၂၀) ရာစုနှစ်အလယ်ပိုင်းကစပြီးနိုင်ငံတော်တော်များများက အဲဒီMomento magnitude scaleနည်းသစ်ကိုအစားထိုးသုံးလာကြပေမဲ့ ရုရှနဲ့အပေါင်းပါနိုင်ငံတွေကမူလကRichter နည်းကိုဘဲဆက်သုံးကြတာ၊ The Richter magnitude scale (often shortened to Richter scale) is one of a number of ways that have been developed to assign a single number to quantify the energy contained in an earthquake. The scale is a base-10 logarithmic scale. The magnitude is […]


Kaung Myat ThuDecember 9, 20121min010
ဩဂုတ်လတုန်းက မပဒုမ္မာရေးတင်ခဲ့တဲ့ Post ကို ဟိုတစ်နေ့ကမှတွေ့လို့ comment ပြန်ရေးလိုက်ရတယ်။ ကျွန်တော်ထပ်ပြီး ဆော်ဩပါရစေ။ ၃၀.၁၂.၂၀၁၂(တနင်္ဂနွေနေ့) မှာ တို့ရဲ့ကျေးဇူးရှင်ဆရာ၊ဆရာမတွေကို လှိုက်လှိုက်လှဲလှဲကန်တော့ကြရအောင်။ အလှုငွေလေးတွေထည့်ဖြစ်အောင်ထည့်ကြဖို့(တတ်နိုင်သလောက်ပေါ့)။ လာဖြစ်အောင်လာပြီးပူဇော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။