https://m.facebook.com/home.php?_mn_=2&refsrc=https%3A%2F%2Fwww.facebook.com%2F&refid=9&_rdr#!/photo.php?fbid=274319549375225&id=100003915476655&set=a.233741200099727.1073741827.100003915476655&refid=52 အလေးထားရမဲ့သူတွေ ———————- မင်းခန့်ကျော် ခုတလောလိုင်းတွေမရတလှဲ့ ရတလှဲ့ နဲ့ အွန်လိုင်းပေါ်တက်တိုင်း ပြန်ပြန်ကျနေတာနဲ့ လုပ်ချင်တာမလုပ်ရ။ဟိုစပ်စပ်ဒီစပ်စပ်လည်းမလုပ်ရနဲ့။ အတော်ကိုခွကျသဗျာ။ ဒီအတိုင်းလဲအငြိမ်မနေနိုင်တော့ ဒီနေ့ ဖတ်မိတဲ့အကြောင်းအရာလေးထဲ ကအပျင်းပြေရှယ်ချင်တာလေးတခု သတိရလို့ တွေးဖို့လေးတခု ပြန်မျှ လိုက်ပါတယ်။ ဆိုကြပါစို့ ။ ခင်ဗျာကိုယ်ခင်ဗျားအ စက်တစက်အနေနဲ့သတ်မှတ်ထား လိုက်ဗျာ။ အောက်ကပုံအတိုင်းစက်ဝိုင်းရဲ့အလယ်မှာရှိနေတယ်ပေါ့ဗျာ။ အလယ်မှာထားရတဲ့အကြောင်းက ဥပမာ – ခင်ဗျားကအပြင်းဖျားနေ တယ်။ခံစားနေရတယ်။ စားချင်စိတ် လဲမရှိ။သွားချင်တာမသွားရစားချင် တာမစားရ အတော်ဂွကျနေတယ်ပေါ့။ ဒီလိုမ ဖြစ်ချင်ဘူး။အမြန်ပြန်ကောင်းချင်တယ်။ ပြန်ကောင်းဖို့ခင်ဗျားနည်းမျိုးစုံနဲ့ ကြိုးစားမယ်။ ဒါကြောင့်ခင်ဗျားက ကိုယ့်ကိုကိုယ် အလေးထားတယ်။ ကိုယ့်အတွက် သိတတ်တယ်။ဒါကြောင့်ခင်ဗျားကို စက်ဝိုင်းအလယ်မှာကျနော်ထား လိုက်တာ။ ဟုတ်ပြီ။ အဲဒီဖျားနာ တာကခင်ဗျား မဟုတ်ပဲ ခင်ဗျားရဲ့အရင်းနှီးဆုံး သူတွေဖြစ်နေရင်။ ခင်ဗျားအနေနဲ့ မင်းဖျားမဲ့အစား ငါသာဖျားပေးလိုက်ချင်တယ်ဆို လောက်တဲ့ […]


padonmarJuly 24, 20132min058
ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်မှာ ထူးထူးခြားခြား အမှတ်တရလေးကတော့ ရွာသူလေး Green Rose ကြိုးစားထားတဲ့ ရွာ့စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ မန်းဂဇက် ချစ်သူများရဲ့ အကြိုက်ဆုံး စာမူ ၁၁ ပုဒ်နဲ့ အချစ်ဆုံး ကဗျာလေး ၃ ပုဒ် ပါပါတယ်။ ရွာသူားတွေရဲ့ စုပေါင်းလှူဒါန်းထားတဲ့ အလှူမှတ်တမ်းတွေ ပါပါတယ်။ ရွာ့လူငယ်လေးများရဲ့ ဒါဇင်ပလပ်စ်လှုပ်ရှားမှု မှတ်တမ်းနဲ့ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေရဲ့ စုစည်းမှု အမှတ်တရ ဓာတ်ပုံတွေလည်းပါပါတယ်။ ရွာသူားတွေ ဘယ်လိုပင် ကလော်ဆဲကြသော်လည်း အားလုံးရဲ့ရင်ထဲက အချစ်ဆုံးဖြစ်တဲ့ သူကြီးရဲ့ အမှာစာလည်းပါပါတယ်။ စာအုပ်ဖြစ်မြောက်ဖို့တွက် နီးစပ်ရာ ရွာသူားတွေ စုပေါင်းစိုက်ထုတ်ပြီး အမှတ်တရ စာအုပ်လေး ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ရောင်းရတဲ့ငွေကနေ Green Rose စိုက်ထားတဲ့ အရင်းထက်ပိုသမျှကို ရွာသူားတွေ အကျိုးရှိမယ့် နေရာမှာ […]


ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ နုတ်ခွန်ဆက်အပ်ပါတယ်။ အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။ ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့ စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း ၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့ ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ် စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့် ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း […]


manawphyulayJuly 24, 20131min05
လုပ်ငန်းခွင်တစ်ခုတွင် သင် မပျော်တော့လျှင် ဒါမှမဟုတ် ကိုယ့်အတွက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်လို လျှင်သော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ် ပိုမို ချဲ့ထွင်လိုလျှင်သော် လည်းကောင်း လုပ်ငန်းခွင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သင့်ကြောင်း ဟောပြောပွဲတစ်ခုမှာ ဒေါက်တာ အောင်ထွန်းသက် ဟောပြောတာကို ကြားခဲ့ဖူးပါသည်။ ယခုပြောချင်သည်များကတော့ လုပ်ငန်းလုပ်သည်ဆိုသည်မှာ မည်သည့်နေရာပင် ရောက်ရှိနေပါစေ ကိုယ် ကျွမ်းကျင့်သည့် အတတ်ပညာနှင့် ဝါသနာပါသည့် အလုပ်မျိုးကိုသာ ရွေးချယ် ပြောင်းရွေ့သင့်ပေသည်။ အလုပ်တစ်ခု ရွှေ့ပြောင်းတော့မည်ဆိုလျှင် ငွေတစ်ခုထဲမကြည့်ပဲ ကိုယ်ပျော်ရွှင်ရာ နေရာဖြစ်မည်လားဆိုတာပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ရံဖန်ရံခါ အဆင်ပြေမလားဆိုပြီး ပြောင်းလိုက်သည့် အလုပ်က အဆင်မပြေ မှုတွေ ဖြစ်လာသည့်အခါ ဘယ်လိုတွေ နေထိုင်သွားရမလဲဆိုတာပါ ကြိုတင် စဉ်းစားထားဖို့ လိုအပ်လှပါသည်။ အလုပ်ပြောင်းပြီဆိုရင်ဖြင့် ဘာကြောင့် ပြောင်းတာလဲ၊ ဘာအတွက် ပြောင်းတာလဲဆိုတာ […]


kpJuly 14, 20131min011
အင်းမိုးတွင်းရောက်လာပြီဆိုတော့မိုးလေးကလည်းတစ်ဖျောက်ဖျောက် ဖုန်းသံလေးကလည်းတစ်ဂျိ့ဂျိ့နဲ့ပါ။ ဒါနဲ့ဘဲပြီးခဲ့တဲ့လက ၈ရက်နေ့လောက်ကလိုင်းမန်းကိုခေါ်ပြီးဖုန်းလိုင်းစစ်တော့ ကြိုးတွေအဆက်တွေများနေလို့ ကြိုးလဲရမ ယ်ဆိုတာနဲ့ ကြိုးလဲလိုက်တာ ၃သောင်းပေးလိုက်ပါတယ်။ကြိုးလဲလိုက်ပေမဲ့ လိုင်းကမကြည်ဘဲ Noise တွေဝင်နေပါတယ် ဒါနဲ့ ဘဲ noise ရှင်းဘို့နောက်ထပ် ၃သောင်းထပ်ပေးလိုက်ရပါတယ်။ဒါလည်းလိုင်းကကောင်းသလိုဖြစ်ပေမဲ့ အင်တာနက်သုံးတာကတော့ အချိန်ကြာလာရင်တစ်ဖြည်းဖြည်း ကျပြီးလုံးဝသုံးလို့မရတော့ပါဘူး ။ကျွန်တော်တို့လို ADSL ကိုဖုန်းလိုင်းကအသုံးပြုတဲ့အင်တာနက်ဆိုင်တွေကဖုန်းမကောင်းရင်လုံးဝအဆင်မပြေပါဘူး။ဒါနဲ့လိုင်းမန်းကိုထပ်စစ်ခိုင်းလိုက်တာနဲ့ UG- Underground cable ဖြစ်တာဆိုတာနဲ့ လိုက်ချိန်းလိုက်တာ နောက်ထပ်၄သောင်းထပ်ကုန်သွားတာနဲ့ ပြီးခဲ့တဲ့လက တစ်လတည်းနဲ့ ၁သိန်းနီးပါပြောင်သွားပါတယ်။ဒါပေမဲ့လိုင်းကတော့ဖုန်းလိုင်းလည်းကြည်ပြီးအင်တာနက်လိုင်းလည်းတော်တော်ကောင်းသွားတယ်ပေါ့။မကြာပါဘူးတစ်လဘဲကြာတယ် ဒီလ၈ရက်နေ့ကွက်တိမှာဘဲ ဖုန်းထဲက ရေဒီယိုအသံတွေကြားနေရပါတယ်။ဒါနဲ့လိုင်းမန်းကိုထပ်ခေါ်ပြီးပြောတော့တော်တော်နဲ့ လာမလုပ်ပေးပါဘူး။နောက်တော့ ဖုန်းဆက်ပါများတော့ ကိုယ့်ဖုန်းတိုင်ကိုတောင်လာလုပ်ပေးစရာမလိုပါဘူး။ ဖျာပုံလမ်းထိပ်ဘုတ်ကနေ မျက်စိတစ်မှိတ်လုပ်ပေးလိုက်တာဖုန်းကချက်ခြင်းဘဲ ကောင်းသွားတယ်။ဒါနဲ့လိုင်းမန်းခေါင်းဆောင်ကို ခင်ဗျားတို့ ကျုပ်ဖုန်းကိုခဏခဏမလုပ်ပါနဲ့ ဖုန်းပျက်ရင်လည်းတစ်ခါလာလုပ်ရင် ၂ထောင်လောက်ပေးနေရတာ ကျုပ်တစ်ခါတည်း ၃သောင်းပေးထားမယ်ဆိုပြီး ၃သောင်းပေးလိုက်ပါတယ်။သူ့ဆရာကိုပေးလိုက်ပေမဲ့ လှေခါးထမ်းတဲ့လိုင်းမန်းပုံကသိပ်မကြည်သလိုဘဲ ။မကြာပါဘူး နောက်နေ့သောကြာနေ့ ညနေ၆နာရီသူတို့ပြန်တဲ့အချိန်မှာလိုင်းကိုလုံးဝဖျက်တောက်သွားပါတယ် ဒါတော့ အရမ်းကိုလွန်သွားပါပြီ။ ရတယ်လေငါဒီကြိုးဖုန်းမသုံးလည်းဟမ်းဖုန်းသုံးမယ် […]


ကဲ………… လေထီး အန် ဂျဲတမန်းများခင်ဗျာ ကျနော်ပြောတတ်သလိုဒဲ့ပြောပါမည်ခင်ဗျာ။ ပြောပါမယ်ဆိုတယ် ဘယ်ကစပြောရပါ့။ အင်းလေ ပြောတတ်သလိုဆိုမှတော့ စတတ်သလို ပဲစပြောမယ်။ပြောဖြစ်ရတဲ့အကြောင်းကတော့မနေ့ကပိုစ့် တပုဒ်ကြောင့်ပါ။ ရှေးဦးစွာ ပိုစ့်ပိုင်ရှင်နဲ့မန့်တဲ့သူများကို ဝေဖန်ခြင်း ကဲ့ရဲ့ခြင်း မြှောက်ပေးခြင်း ကြော်ငြာပေးခြင်းမဟုတ်ပါကြောင်း တောင်းပန် အပ်ပါတယ်။အဓိကကတော့ စာပါအကြောင်းအရာများကိုသာ ရွာ့ အကျိုးရှိမည်ထင်သော အကြောင်းပြောချင်တာပါ။ ကွန်မန်းပေးရင်နဲနဲပေါ့မှာရယ် ကွန်မန်းပြန်ရှာဖတ်ရတာခုတလော ကျနော်ဆီက ကွန်နက်ရှင်နှေးနေတာရယ်ကြောင့်ပါ။ ဒီပိုစ့်ကတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်/Rich Environment =Gazette အလင်းစက်ရဲ့ပိုစ်ပါ။ ကွန်မန်းကိုညွှန်းချင်တာက အရှေ့တောင်အာရှမှာ ………………………နဲနဲရှည်နေလို့ ဒီလောက်ဆို သိမှာပါ ။ ကဲဒဲ့ပြောပါမယ်……………… ပိုစ့်ကို ထောက်ခံတယ်။ ကွန်မန်းကိုထောက်ခံတယ်။ ဒါဆိုဘာလိုလဲ? ဟုတ်ကဲ့ ပိုစ့်နဲ့ ကွန်မန်းက ဆန့်ကျင့်ဘက် သဘောမျိုးဖြစ်နေတယ် လို့ထင်ပါတယ်။ ဒီမှာအဓိကပြောချင်တာက ကွန်မန်းပါအကြောင်းအရာပါ။ ပိုစ့်ကတော့ပြောစရာမရှိ့ ok. […]


ムラカミJuly 11, 20138min020
အတည်အကောင်း မရေးတာကြာပြီဆိုတော့လည်း ရေးလိုက်ပါဦးမယ်လေ..။ ကနဦး ပြောဖူးတဲ့ ဟာသလေးတပုဒ် အရင်ပြောပါမယ် (အမ်.. အတည်ရေးမယ်ဆို) ဟုတ်ကဲ့ ရေးတာလည်း ရေးတာပေါ့ .. ဒါလေးအာသာပြေရေးလိုက်ဦးမယ် အမေရိက ကအာကာသယာဉ်ပေါ်မှာ ဖြစ်ပါတယ်.. ဘောပင်တွေက မင်မထွက်ဘူးတဲ့..။ ဘယ်ထွက်မတုန်း ကမာ္ဘမြေဆွဲအားမရှိတော့ မင် က ဂလိုပဲ ပေပြီး နေနေတာကိုး ။ ဆိုတော့ ကမာ္ဘမြေဆွဲအားမလိုတဲ့ မင်ဖိအားပေးမှု စနစ် ပါတဲ့ ဘောပင်တီထွင်တာ ဒေါ်လာထောင်ချီ ပလုံပြီးနောက်ပိုင်း အောင်မြင်သွားပါတော့တယ်။ ဒီသတင်းကြားတော့ ဥရောပမြောက်ပိုင်းက အရက်သမား ရုရှ တွေက ရီပါတယ်။ သူရို့က ဘောပင်မင် မလိုက်တော့ ခဲတံ ပြောင်းသုံးပါတယ်တဲ့ ..။ ငိငိ (ဟာသသက်သက်ပါ) ဒါပေမယ့်တကယ် ပြောချင်တာက Lateral thinking နဲ့ […]


ပထမပိုင်းအတွက် ကျနော် အဆိုးမြင်သမား အဲဒီမှာ ဖတ်နိုင်ပါတယ်။မမျော်လင့်ပဲအချိန်ပိုထွက်လာလို့ အဆုံးသတ်နိုင်ခဲ့တယ်ဗျာ။ ************************************************ ဒီနောက်ပိုင်း နေရာအနှံ့ pk တွေရဲ့ လုပ်ပေါက်တွေကိုသတိထားထားလာမိတယ်။ မြို့အထွက် (မတ္တရာ) လမ်းမှာလဲ အုပ်စုလိုက် လာသမျှလိုင်းကားတွေတားပြီး လက်နဲ့ ကားပေါ် ကလှမ်းပေးသမျှယူနေတာမျိုး။ အသိတွေကလဲ ဒီနေ့အဖမ်းခံရတာဒီလောက်နဲ့ကြေးပြတ်သွားတယ် ဆိုတာမျိုး တမျိုးမဟုတ်တမျိုးကြားရ မြင်ရတော့ အသိထဲကြာကြာစွဲလာတယ်။ pk နဲ့ တွေ့ရင်မလွယ် ဘူး။သူတို့နဲ့လွတ်အောင်ရှောင်ရမယ်။ သူတို့ကအတော် ဆိုးတဲ့ သူတွေ ဆိုပြီး pkတွေအပေါ်အဆိုးမြင်ပါတော့တယ်။ ဒါကြောင့်သူတို့ရန်ကလွတ်အောင် စည်းကမ်းတကျ မောင်း တယ်။လိုအပ်တဲ့ အထောက်အထားအစုံယူတယ်။ ယဉ်ကို လဲ အင်္ဂါစုံအောင်စစ်တယ်။အားလုံးပြည်စုံမှ လမ်းပေါ်တက် တယ်။pk တွေကိုအဆိုးမြင်တော့ ဒီလိုအကျင့်လေးရလာတယ်။ ယဉ်မထွက်ခင်စစ်ဆေးတဲ့အကျင့်စွဲလာတယ်။လမ်းစည်းကမ်း လိုက်နာပြီးမောင်းတဲ့အကျင့်စွဲလာတယ်။ အဆိုးမြင်တခုကနေ ရလာတဲ့ အစွဲ တခု ။ အကျင့် […]


စိတ်တခုတွင်ကြာမြင့်စွာခိုတွယ်နေသည့် အစွဲသည် သင်၏အမူအကျင့်သို့ပြောင်းလဲသွားသည်။အမူအကျင့် တခုဖြစ်လာသည်နှင့်နေ့စဉ်ပုံမှန်လုပ်ငန်းတခုသဖွယ် အထူးအားမထုတ်ရပဲအလိုအလျောက်ဖြစ်ပေါ်နေသည်။ ထိုသို့သောအစွဲ အကျင့် တခုသည် တစုံတရာ ဖြစ်ပျက်မူ့အပေါ်မှားသည် မှန်သည် လက်ရှိအချေအနေ နှင့်ကိုက်ညီမည်လာ အစွဲကိုပြောင်းလဲပစ်ရမည်လား တခုသောမနက်ခင်းတခုတွင် ကျနော် တို့ (ဇနီးနှင့်) ပုံမှန်ရုံချိန် အနည်းငယ်နောက်ကျ သောမနက်တခုဖြစ်ခဲ့သည်။ဇနီး က ခေါင်းလျော်နေ ခြင်းကြောင့်၎င်း ကျောင်းသွားမည့်သားငယ်အားပြင် ဆင်ပေးရခြင်း အစရှိသော အိမ်ကိစ္စများကြောင့်ဖြစ် သည်။ဆိုင်ကယ် နောက်တွင်လိုက်ပါလျက် မခြောက် သေးသောဆံပင် အမြန်ခြေက်စေရန် ဇနီးဖြစ်သူက ဆိုင်ကယ်စီးဦးထုတ်မဆောင်း။ကျနော်လည်းသတိမထား မိ။ခါတိုင်းသွားနေကျလမ်းအတိုင်းသွားပါက မီးပွိုင့် များ၍ အနည်းငယ်ပိုဝေးသော်လည်း မီးပွိုင့်နည်း သောလမ်းကြောင်းဘက်သို့ချိုးကွေ့သည်။ အကွေ့ ခပ်လှမ်းလှမ်းတွင် ဆပ်ပလိုင်းချက်ကဒီနေ့မှလာရှိ နေသည်။အိုးးးး ကိုယ်ကအစုံပဲဘာဖြစ်တုန်း။အမျိုး သမီး pk နှစ်ယောက်က လှမ်းတားသည်။ အမျိုး သား pk သုံးယောက်လောက်က မောင်းပြေးလျှင် […]


alinsettJuly 9, 20136min064
မန်းဂဇက် ရွာသူရွာသားများ က    လူငယ်တွေကို ပြောချင်တဲ့ စကားများ —————————————————————————— အသက် ၂၅ နှစ်စွန်းစွန်း လူငယ်တစ်ယောက်ဖြစ်တဲ့ အလင်းဆက် ။ ဘဝ ဆိုတဲ့ ကျောင်းတော်ကြီးဆီက သင်ယူစရာတွေ အများကြီး ကျန်သေးတယ်။ လေ့လာ စရာတွေ မှတ်သားစရာတွေ အများကြီးမှ အများကြီး ကျန်နေသေးတာပါလားးး။ ဖတ်စရာ စာအုပ်တွေ အများကြီး . …. လုပ်စရာ အလုပ်တွေ အများကြီး . . ကျန်နေသေးပါလားးး ။ အမှန်အတိုင်းပြောရရင်တော့ …………..ခက်ခဲကြမ်းတမ်းသော / ဆင်းရဲဒုက္ခ ရောက်ခြင်းနဲ့သာ အမြဲလိုလို ရင်ဆိုင်နေရသော ဒီဘဝ ကို အလင်းဆက် ကြောက်ရွံ ့တွန့်ဆုတ်ခဲ့ဖူးတယ်။ အလင်းဆက် ရှင်သန် နေထိုင်ခွင့် ရ ထားတဲ့ […]


တိုက်ပွဲတပွဲတပွဲကား ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင် မှတ်မထားနိုင်သောအကြောင်းတရားများကြောင့် ဘိုနီအကြောင်းမေ့ထားကြပါစို့။ ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင် ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ် တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။ ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။ ၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။ ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင် သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။) ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ် မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက် လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။ အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး” “သွေးလက်ဝါး” “မိစ္စာ […]


manawphyulayJuly 9, 20132min01
The Center for Vocational Training, with school facilities and office in Yangon provides vocational training according to the dual apprenticeship model, which combines Practice with Theory. CVT works closely with a wide range of training companies. We are recruiting a English Teacher (2) Post The suitable person for this post • Graduated in B.A (English) […]