ကျွန်တော်တို့ငယ်တုန်းကကျူးဆိုတာအတော်မျက်နှာငယ်တာကိုး နေစရာမရှိလို့သူများအိမ်ရှေ့ကျူးကျော်နေတယ်ဆိုတာအတော်နည်းပြီးတော်ရုံလူကလဲ ကျူးအဖြစ်နဲ့နေတာကိုရှက်ကြတာကိုး ဟိုးတုန်းကတော့မြေဈေးတွေကလည်းမကြီးမြေတွေကလည်းပေါဆိုတော့နေစရာမရှိသူက ကိုယ့်အနားလာပြီးတဖက်ရပ်ကလေးလာဆွဲပြီးနေရင်ကိုစားစရာတွေပေးရတာနဲ့ အလုပ်မရှိရင်အလုပ်ရှာပေးရတာနဲ့မြန်မာရဲ့ကူညီရိုင်းပင်းမှုစိတ်တွေကချစ်စရာကိုဖြစ်နေတာ အခုနောက်ပိုင်းမြေဈေးတွေတက်လာကျူးတွေကတဖြည်းဖြည်းများလာ ကိုယ့်မြေလေးရောင်းတော့မယ်ဝယ်သူကအိမ်ရှေ့ကကျူးကိုဖယ်ပေးဆိုတော့ ကျူးကနေလာတာကြာပေါ့မဖယ်နိုင် ဒါဆိုလည်းမြို့သစ်ဝိုင်းလေးဝယ်ပေးမယ်ဆိုလည်းမြို့သစ်မနေနိုင် ဘယ်နေရာဝယ်ပေးဆိုပြီးပြောလာရော မခက်လား ချဉ်စရာမြန်မာ့စရိုက် ဒါကကျူးသရုပ်ဖော်တကွက် ဟိုနေရာကကျူးတွေ အဲဒီနေရာက ိုပြန်ရောင်းနေတယ်ဘာစာချုပ်မှမပါ ဒါပေမဲ့ကျူးတွေဖယ်ခိုင်းရင်မြေတကွက်တော့သေချာရမှာဝယ်ထားရင်မမှားဖူး တန်တယ်နဲ့ဝယ်လိုက်ကြတာငွေရှိသူရောမရှိသူပါ နောက်တော့ဘာမြေကွက်မှမပေးဆိုတော့ရှိသူကနဲနဲပွန်းသွားပေမဲ့ မရှိသူကကုန်ပြီဒါကလောဘကျူး ပိုင်ရှင်မရှိတဲ့အကွက်တွေဝင်သာနေဖယ်ခိုင်းတော့ပိုက်ဆံပေးမှဖယ်ပေးမယ် ဒါကလုပ်စားကျူးတွေ ဒီနေရာကျူးတဲတေ ွရှင်း နေစရာမရှိလို့ကျူးတာ နေစရာအစားပေး သနားပါတယ်ဆိုပြီးမြို့သစ်တွေမှာမြေကွက်ရိုက်ပေး ပြောင်းသွားပါတယ်ခဏ နောက်တော့မြေကိုရောင်းစားပြီးနဂိုနေရာပြန်ရောက်လာတဲ့ လူလည်ကျူးတွေ မြစ်ဝကျွန်းပေါ်သွားလမ်းမပေါ်မှာတညတည်းနဲ့တဲအိမ်ရာထောင်ချီ ဆောက်ပြီးကျူးတဲ့နိုင်ငံရေးကစားကွက်ထဲကကျူးတွေ အနှီးကျူးထိုကျူးအမျိုးမျိုးကျူးကျူးနေကြတာ အရင်းစစ်အမြစ်မြေကဆိုသလို တရားဥပဒေကိုလူတွေမလေးစားကြတာ ဥပဒေကိုကကျူးတွေအတွက်အကာအကွယ်ပေးထားတာ ကျူးတဲကိုဖျက်ရင်ကိုဖျက်တဲ့သူကိုကျူးကပြန်တရားစွဲရင်လျော်ကြေးပေးရမယ် အချောင်သမားတွေအတွက်စားပေါက်ကြီးဖြစ်နေတဲ့ အနှီးကျူးထိုကျူးများကိုနှစ်သစ်မှာ စံနစ်တကျထိမ်းသိ်မ်းနိုင်သောဥပဒေများထုတ်ပြန်နိုင်ပြီး နိုင်ငံတိုးတက်ပါစေကြောင်း ဆုတောင်းရင်း မြန်မာတို့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်ပါကြောင်း
