ဂ်စ္စူDecember 24, 20151min019
Photo credit to original uploader လိပ်ကျွန်း လူသတ်မှု နှစ်ယောက်ကို ဒီနေ့ ၂၄ ရက်နေ့မှာသေဒဏ်ချလိုက်ပါပြီဗျာ အစိုးရတွေ အစိုးမရတွေ ကို့နိုင်ငံသားအပေါ် ဘာတွေ ကာကွယ်ပေးခဲ့သလဲ၊ တစ်နှစ်အချိန်ရတယ် အဲကာလရဲ့ ခင်ဗျားတို့ ကြိုးစားအားထုတ်မှုက သေဒဏ်လား ။ ဒါဆို လူကြီးမင်းတို့ ညံ့အိ။ ခင်များဒို့အစား ကျုပ်ရှက်ဒယ် ရိုင်းရိုင်းပြောရရင် စခွက်လု အိုစာမင်းစာမက ဆွေစဉ် ဆယ်ဆက် စားမကုန်သောက်မကုန်အောင် အိတ်ထဲထည့်ဖို့ပဲသိကြတာ ပြည်သူတွေ ဘွ လယ်တွေ ကျွဲတွေ နွားတွေ ရောင်း၊ မရှိချီးငှါးပြီး တပါသွား အလုပ်ထွက်လုပ်ကြနေရတာ ရွာတွေဆို အဖိုးကြီးအဖွားကြီးပဲ ကျန်တော့တယ် အလှူအတန်းတွေ ဆို ကွန်းတောင်ပန်းတောင် ကိုင်မဲ့လူတောင်မရှိ၊ သူတို့ကို မမြင်ရတော့ ကျုပ်စိတ်မကောင်း ။ အတော်များများ […]


Shwe EiDecember 12, 20151min013
နာမည်ကြီး ယန္တယား ကုမ္ပဏီ ကြီးတစ်ခုရဲ့ အငယ်ဆုံး အဝယ်တော်စာရေး ဘဝ ရောက်လာဖို့က လွယ်မယောင်နဲ့ ခက်သည်။ အလုပ်ရတာက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်လို့…တက်နေတဲ့ ကျောင်းကို ပစ်ထားခဲ့ပြီး ကျွန်မ သဘောနဲ့ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မအိမ်က မိသားစုကိုတောင် အသိပေးတဲ့ သဘောမျိုး ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး… ပြောပုံက..အမေရေ..သမီးရန်ကုန်မှာ အလုပ်လုပ် မှာမို့ ကျောင်းမှာ ထွက်စာတင်ခဲ့ပြီ ဆိုတာမျိုး။ အမေကတော့ ကို့သမီး ဘွဲ့လွန် ပထမနှစ် တက်နေတဲ့ ကျောင်းသူဟာ ဆုံးဖြတ်ချက်မမှားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးနဲ့ လက်ခံပေးလိုက်တာဖြစ်နိုင်သည်။ မဟုတ်ရင်လဲ တခြားတစ်ခုခုဖြစ်နိုင်သည်..ဘာဘဲဖြစ်ဖြစ် .. ယုံကြည်ပေးလို့ ကျေးဇူးတင်၏။ အတွေ့အကြုံမရှိသော အလုပ်သင် ဘဝသည် ပျော်စရာ အတိ။ သင်ပေးမဲ့ အကို အမတွေ […]


alinsettDecember 11, 20152min027
    သို့ သဂျီးမင်း— ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊     သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊ အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊ စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး   ဗျို့ သဂျီးးးး ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ— ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ— ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ— www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—   -အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား— ဒီအထိတော့ ဆန်းသေးဘူးဗျ— ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ […]


padonmarNovember 27, 20154min017
      သကျမဟာသီရိဘုရားကြီးတန်ဆောင်းထဲမှာ မုန့်ပွဲတော်အတွက် အရုဏ်ဆွမ်းမလောင်းခင် မနက် ၅နာရီကတည်းက အစောဆုံး လာထွက်ပေးတဲ့ မုန့်သည်ကတော့ အာဒက်ပါပဲ။ မုန့်အဖြူ ကို သကြားဖြူးပေးရင် တခု 150 ပါ။ ကြက်ဥထည့်ရင်တော့ တခု 300 တဲ့။ ပူပူနွေးနွေး ချိုဆိမ့်ဆိမ့် ကျွတ်ကျွတ်လေး မို့လို့ အတူပါသွားတဲ့ တူနဲ့ တူမတွေက အဲဒီ မုန့်သည်နားက မခွာတော့ပါဘူး။ နွားနို့နဲ့ စိမ်စားရင် ပိုကောင်းတာပေါ့။ လက်ဖက်ရည်နဲ့လည်း လိုက်တယ်။ မနက် ရနာရီလောက်မှာ အားလုံးကုန်လို့ ဆေးကြောနေတုံး ဘယ်လောက်ဖိုးရောင်းရလဲဆိုပြီး အင်တာဗျူးလိုက်တာ ပြုံးပြုံးကြီးနဲ့ တသောင်းခွဲဖိုး ရောင်းရတယ်တဲ့။ ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည်ကျရင် လိုက်လာရောင်းနော်ဆိုတော့ လာမှာပေါ့တဲ့။ အကိုကြီး အမကြီးတို့ […]


alinsettNovember 20, 20151min015
    ၁-မီးခြစ်ကို ထောက်ခနဲ ခြစ်ချလိုက်ပြီးးး စီးကရက်ကို မီးမြှိုက်လိုက်တယ်— (ဘဝထဲက တချို့အရာတွေကို အဲ့လို မီးမြှိုက်ပြီး ပြာချပစ်လိုက်ချင်တယ်)(အဲ့လို မီးညှိချိန်မှာ ပြာချသင့်တာတွေ စတင်ပြာချနေပြီလို့ ခံစားလို့ရတယ်) ၂-စီးကရက်ကို မီးညှိပြီးတာနဲ့ စတင်ပြီး ရှိုက်ဖွာလိုက်တယ်— မီးခိုးငွေ့တွေက အဆုတ်ထဲအထိ ပြေးဝင်လာတယ်၊ (အသက်ကိုအောင့်ထားရင်းနဲ့ တွေးမိတာက တချို့နာကျင်စရာတွေကို သက်ပြင်းချချင်လို့ အဲ့ဒီလို မီးခိုးတွေနဲ့ ရောရှိုက်လိုက်ပြီး—မီးခိုးငွေ့တွေ မှုတ်ထုတ်လို့ရသလို ဝှူးခနဲ မှုတ်ထုတ် ရှင်းပစ်လိုက်ချင်တယ်)(ဆေးလိပ်ကို ရှိုက်ဖွါလိုက်ရချိန်မှာ သက်ပြင်းချစရာတွေ ရှိုက်သွင်းပြီး ဝှူးခနဲ မှုတ်ထုတ်ပစ်လိုက်ရသလို ခံစားလို့ရလိုက်သလိုပဲ) ၃-တဖြည်းဖြည်းချင်း တိုဝင်သွားတဲ့ စီးကရက်တိုကို ကြည့်ရင်းးး ပြာချသင့်တာတွေ ချပစ်လိုက်နိုင်ပြီလို့ ခံယူနေလိုက်တယ်၊၊(စီးကရက်ကို သောက်နေရင်းးးး ကိုယ့်နှုတ်ခမ်းကိုကိုယ် လျှာဖျားနဲ့သပ်ကြည့်တော့ —ချိုလိုက်တာာာာ — ချစ်သူမိန်းကလေးနဲ့ နှုတ်ခမ်းချင်း နမ်းလိုက်ရစဉ်က […]


ဇီဇီNovember 9, 20152min021
              ငင့်.. အဘ တို့…!!! ဟိုးးရှေးးရှေးးတုန်းးက ကလေးးကွက် အဟောင်းးတွေ ပြန် သုံးး တုန်းးလားးးး??? ?? ဒီမှာ က အထင်တကြီးးနဲ့ အသစ်အဆန်းး လှည့်ကွက်တွေ မျှော်နေတာ… ??? ဒီ အခြေအနေ ရောက်မှတော့ ပြည်သူတွေ တိုင်းရင်းသားတွေ ပြည်နယ်သားတွေ ကို အချဉ် လို့ မှတ်ပြီးး မဖမ်းးစေလို…!! ခိခိခိ     —– . . Please share this message. Suspected irregularities about early voting results are happening right now in […]


Kaung Kin PyarOctober 8, 20151min032
ဒီနေ့ Linked In မှာ ဒါလေးမြင်လိုက်တော့ ဖတ်ရင်း အတော်သဘောကျမိတာနဲ့..အလုပ်ခွင်ဝင်နေကြတဲ့ ရွာသူရွာသားတွေကို သတိရပြီး Knowledge Sharing လုပ်တာပါ… သေချာအချိန်ပေးဖတ်ဖို့တော့ လိုမယ်ထင့်… ကိုယ့်ဟာကိုယ်တောင် ဖတ်ရင်း ချရေးရင်း ချာလပတ်လည်နေတယ်… —————————————————– ယနေ့ အသုံးချနေကြသော စီမံခန့်ခွဲမှုညာရပ်များကို ကားလ်ယွန်း(CARJUNG)ဆိုသူကစတင်တီထွင်ခဲ့ သည်။ ထိုနည်းပညာများအရ ရုံးဝန်ထမ်းများကို အသွင်ပုံစံ(၁၆)မျိုးအထိခွဲခြား ဖော်ပြခဲ့ပြီးထိုအုပ်စုတို့ကိုလည်းအချင်း ချင်း အဆင်ပြေစွာဆက်ဆံနိူင်စေခဲ့သည်။ ဤနည်းစနစ်များကို စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ယူဆောင်ရွက်ရသူ အများစု ကများစွာကြိုက်နှစ်သက်ကြသဖြင့် မိမိတို့ရင်သွေးများကိုပင်ဤနည်းဖြင့် ဆန်းစစ်ခဲ့သည်ဆို၏။ အမေရိကန်ပြည်ထောင်စု ဒါးလက်စ်မြို့ရှိကွန်ပါ့စ်(Compass)ကွန်ပျူတာလုပ်ငန်းများဌာနမှ အမျိုးသမီး ငွေစရင်းကိုင်တစ်ဦး၏ စားပွဲပေါ်တွင်” ESFJ ဘာသာစကားပြောနိူင်သည် ” ဟူသောစာတန်းလေးကိုတွေ့ရပေမည်။ သူမ၏ အထက်အရာရှိစားပွဲငွေစရင်းဝန် စားပွဲပေါ်      တွင်လည်း “ISTJဘာသာစကားပြောသည်” ဟုရေးသားထား သောကတ်ကလေးတစ်ခု တင်ထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ဤသို့သော “တုံးတိတိ အတိုကောက်” စာလုံးများ ကိုဘုရားရှိချိးကျောင်း အစ […]


ဇီဇီOctober 5, 20151min013
ကာတွန်းကားလေး တစ်ကား အကြောင်းပြောချင်တယ်။ ကာတွန်းကားထက်ပိုတဲ့ ကာတွန်းကား လေးမို့ပါ။ သာမာန်အားဖြင့် ကာတွန်းကား တစ်ကား ကို ကြည့်ဖို့ ကျနော် ပျင်းတတ်ပါတယ်။ သူတို့ ကာတွန်းကားတိုင်း ကောင်းတာမှန်းသိသိကြီးနဲ့ကို စကြည့်ဖို့ ဝန်လေးမိတာပါ။       Inside Out (2015) ဆိုတဲ့ ကားလေးကိုလည်း ဒီလိုပဲ။ စိတ်မပါ လက်မပါနဲ့ စကြည့်ဖြစ်တဲ့ အချိန်ကနေ နောက်ပိုင်းမထတမ်း ပြီး တဲ့ထိ ကြည့်မိအောင် ဆွဲဆောင်နိုင်တာကို ပြောပြချင်လာတာပါ။ Rating – 8.5/10 ဇာတ်လမ်းကတော့ သဘောပေါက်လွယ်ပါတယ်။ ကာတွန်း မောင်မောင် (လို့ထင်ပါတယ်) ဦးခေါင်းထဲက ဌာနလေးတွေ အလုပ်လုပ်ပုံ ကာတွန်းကို ဖတ်ဖူးရင် ပိုသဘောပေါက်လွယ်ပါတယ်။ နားတွင်း အလုပ်လုပ်ပုံ၊ မျက်လုံး အလုပ်လုပ်ပုံ […]


Ko out of...September 27, 20151min06
ငါဖြစ်ချင်တာကိုမလုပ်ရရင် သူများဖြစ်ချင်သည့် အရာနောက်ကို လိုက်လုပ်ရမလား? သို့မဟုတ် ငါဖြစ်ချင်တာလည်း လုပ်ခွင့်မရ သူများနောက်လိုက်လည်း မဖြစ်ချင် ဒါဆိုရင်ငါ ဘာလုပ်သင့်သလဲ? ဒါဆိုရင် ဘယ်လောက်များများ လုပ်ခွင့်ရမှ ငါလုပ်မယ်ဆိုတာထက် ငါတတ်စွမ်းသလောက် ငါလုပ်နိုင်သလောက် လုပ်မှဘဲ လောကအတွက် အလုပ်လုပ်ရတော့မယ် ဒါကြောင့် How much? ဆိုတာထက် How can? နဲ့ဘဲ ငါသိသလောက် ငါတတ်သလောက် သတင်း Message တော့ထားခဲ့ရမှဘဲ? အမျော် အကြောက်ကင်း စိတ္တဇကင်းမဲ့ပြီး လွတ်မြောက်ငြိမ်းချမ်းမှု အမှန်ရနိုင်ကြပါစေ…


mgsaiSeptember 18, 20151min07
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]


ဇီဇီSeptember 18, 20151min043
ခုချိန်မှာ ….. အိမ်မှာလည်း အိမ်မှာမို့… လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။ :a:   ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်… သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။ ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။ . . ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ??? . ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ […]


ဇီဇီSeptember 18, 20151min021
ပြောရရင် ကိုယ်တိုင်လည်း စိတ်ပေါက်လာတဲ့ အခါ … ပြောတာ ဆိုတာ ရန်စ တာ ပြန်ချေပတတ်တာ အစွန်းရောက်ရောက်သွားတယ်။ ကိုယ်တိုင်လည်း သိတာမို့ ထိန်းသိမ်းနေတာပဲ။ . . စဉ်းစားကြည့်ရင် ကိုယ့်နိုင်ငံ ကာကွယ်နေတဲ့ တပ်မတော်ကို အမြင်မကြည်ရတာ အတော်ကို စိတ်ဆင်းရဲစရာကြီးပါ။ ကျနော်တို့ ကိုယ့် တပ်မတော်ကို ကိုယ် ယုံကြည်ချင်ပါပြီ…!!! 😥 အဖိုးလေး ဗိုလ်ချုပ်တွေ၊ ဦးလေး စစ်ဗိုလ်တွေ စစ်မြေပြင်က အကြောင်းတွေ ဟာသနှောပြီး ပြောပြတိုင်းလည်း အဲဒီ ဟာသနောက်က ဒုက္ခတွေကို မြင်တာမို့ မရီရက်ခဲ့ဘူးး။ သူတို့ ခေတ် စစ်တက္ကသိုလ်မှာ ဝါဒဖြန့်တာတွေ၊ ဘရိန်းဝပ်(ရှ) လုပ်တာတွေ မရှိခဲ့လို့ လားတော့ မသိ၊ ခုခေတ် စစ်သား/စစ်ဗိုလ်တွေထက် စကားပြောတာ အလယ်အလတ် […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min06
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]