ဇီဇီJuly 6, 20163min013
ဒီရက် ကို ကိုယ့် ဖွဘုတ်ထဲ ဥပိန် ကိစ္စ ကို ပြောနေကြလို့ တစ်ချို့ က မပြင်စေချင်.. တစ်ချို့က ပြင်စေချင်.. ငြင်းနေကြလို့ လိုက်ရှာဖတ်ရသေးးး ကိုယ် တစ်ကိုယ်စာ အတွေးး ကတော့ ဦးပိန် ဘာဖြစ်လဲ လည်း စိတ်ကိုမဝင်စားဘူးး ဘာလို့ဆို ဖိနပ်အမြင့် အမြဲစီးပြီး လမ်းလျှောက်ပျင်းတဲ့ ကိုယ် ကတော့ ဦးပိန်တံတားစပ်နား ဓာတ်ပုံရိုက်ဖို့ကလွဲရင် တံတားပေါ်ကို မရောက်ဖူးတာ။ လျှောက်လည်းး မလျှောက်ချင်ဘူးး.. Safety and risk နဲ့ ကြည့် လည်းး မလျှောက်သင့်.. လေ က အသေတိုက်တာမို့ ဝတ်ထားတာတွေ ဆံပင်တွေ ဟိုလန်ဒီဖုံးး မို့ မလျှောက်ချင်.. ဘယ်တံတားးလျှောက်လျှောက် အောက်ဖက် ရေကြည့် ရင် မူးးတတ်တာမို့ အမြင့်ကြောက် ရေကြောက် သမားး […]


KyaemonJune 15, 201680min013
  တပါတီစံနှစ်ကိုကျင့်သုံးကြတဲ့ကွန်မြူနစ်နိုင်ငံတွေကနဲပါးလာပြီး၊၎င်း နိုင်ငံအသိုင်းအဝိုင်းအနဲအကျဉ်းမှာ လာအိုလဲပါဝင်တယ်၊ ၁၉၈၆ ကစပြီး ဗဟိုဦးစီးစံနစ်ကိုစွန့်လွှတ်ကာ ပုဂ္ဂလိကလုပ်ငန်းတွေကို အားပေးလာတယ်၊ ၁၉၉ရ အာရှ စီးပွါးရေးပြသနာဖြစ်ချိန် ကလွဲလို့ နှစ်စဉ် ၆% ထက်မနဲ တိုးတက်ခဲ့တယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကာလ မှာဆိုရင် ဖျမ်းမျှအားဖြင့် ၈ % နှစ်စဉ်တိုးတက်လို့ အာရှမှာ တိုးတက်မှုအမြန်ဆုံး ထဲကတနိုင်ငံ ဖြစ်ခဲ့တယ်၊ သို့သော်အခြေခံ အဆောက်အအုံတွေမပြည့်စုံမဖူလုံသေးပါ၊ အထူးသဖြင့်နယ်မှာပါ၊ ပင်မ လမ်းပန်းဆက်သွယ်ရေး နဲ့ မြေတယ်လီဖုန်း လိုင်းတွေက မဖွံ့ဖြိုးသေး ပါ၊ လူဦးရေ ၈၃ % တို့က လျှပ်စစ် ကိုလက်လှမ်းမှီနိုင်သုံးစွဲနိုင်တယ်၊ လူဦးရေ ၇၃ % ကလယ်သမားဖြစ်ကြပြီး ၎င်းတို့က တနိုင်ငံလုံးဝင်ငွေ ရဲ့ ၂၅ % ကိုရှာဖွေပေးကြတယ်၊   […]


padonmarJune 13, 20161min013
……………………………………………………………………………….. တချိန်တုံးက အစိုးရရုံများမှာ ကပ်ထားတဲ့ (ကပ်ရုံကပ်ပြီး မလိုက်နာတဲ့) ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်။ ဥပမာ- လာဘ်ပေးရန်မလို၊ ကူညီပါရစေ။…စသည်စသည်ပေါ့။ အဲဒီထဲ TV မှာပါ လွှင့်တဲ့ ဆောင်ပုဒ်တခု ရှိသေးတယ်။ “ရေကို မူလချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး လောင်စာကိုပါ ချွေတာပါ။.”…..တဲ့။ ထုံးစံအတိုင်း ကပ်ထားပြီးရင် လိုက်နာဖို့ မလိုဘူးလေ။ -ရေဆို ခွက်အပြည့်ထည့်သောက် ၊ပိုတာကို ဘေးပက်ထည့်လိုက်ရုံ။ ပလပ်စတစ် တခါသုံးခွက်နဲ့ သောက်ရင်လည်း ပလပ်စတစ်ခွက်ဟောင်းတွေ တောင်ပုံရာပုံ အမှိုက်ထဲသာရောက်။ -လျှပ်စစ်ကလည်း လူမရှိတဲ့ လမ်းမကြီးတွေမှာ ထိန်ထိန်ညီး။ ရုံးခန်းမီးတွေ ရုံးဆင်းသွားရင် နေ့အလားဖွင့်ခဲ့။ အလုပ်မလုပ်လည်း ပပဝတီတွေက ခုနစ်ဆောင်တိုက်ခန်း မလင်းမှာစိုးလို့ အပြည့်ထွန်း၊ (မီတာခလာတော့မှ ကိုယ့်အိမ်ဆို အမေက များတယ်အော်၊ အများဆိုင်နေရာဆို […]


KyaemonJune 6, 201636min03
  တချိန်တုန်းကနော်ဝေနိုင်ငံဟာ ဆင်းရဲပြီး ခေတ် နောက်ကျ ခဲ့တယ်၊ နောက်ပိုင်းမှာဖွံ့ဖြိုးကြွယ်ဝ လာကာ ဥရောပ တိုက်မှာ ဆိုရင် တဦးချင်းဝင်ငွေ GDP ဒုတိယအမြင့်ဆုံးဖြစ်လာတယ်၊ ရေကာတာ တွေကို လုပ်ဘို့ ကိုယ့်နည်းကိုယ့်ဟန်၊ လက်လှမ်းမှီရာ တတ်နိုင်တဲ့ကရိယာတန်ဆာပလာ သံတူကြီးတွေနဲ့ပင်ပန်းကြီးစွာလုပ်ဆောင်ခဲ့တယ်၊   ကြွက်သေတခုအရင်းပြု၍ကြွယ်မှုထက်ဆုံး သူဋ္ဌေးထုံးကိုနှလုံးပိုက်ခဲ့ပုံရတယ်၊    ၁၉၈ဝ မှ ၂၀၁၄ ထိ ဇယား အရ နှစ်စဉ် ရေအားမှလျှပ်စစ်အားပို၍ ပို၍ ထုတ်လုပ်နိုင်တယ်၊ အိမ်နီးချင်းနိုင်ငံတို့ဆီ TWh နဲ့ချီပြီး ရေအားလျှပ်စစ် စွမ်းအား တင်ပို့ရောင်းချတယ် TWh = ၁၀၀ဝ GWh= ၁,၀၀၀,၀၀ဝ MWh= ၁,၀၀၀,၀၀၀,၀၀ဝ KWh T =Terawatt, G=Gigawatt, M=Megawatt, K= Kilowatt […]


padonmarJune 6, 20161min08
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။ တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။ အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။ ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။ ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။ မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ […]


padonmarJune 3, 20161min07
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။ Dalin Tsu Chi Buddhist Hospital Havo Medical Center Shin Kong Memorial Hospital West Garden Hospital Far Eastern Hospital နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။ ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။ အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ […]


KyaemonMay 31, 201635min018
  ပဉ္စမ မေးခွန်းနဲ့ဆဋ္ဌမ မေးခွန်းအတွက် အဖြေရှာဘို့ဘဲကျန်တော့တယ်၊ ၎င်းမေးခွန်းတွေကို ပြန်lသတိရအောင် အောက်မှာထပ်ဖော်လိုက်ပါတယ်၊ အဖြေတွေက အပြန်အလှန် အကျိုးပြု ဆက်နွယ်နေလို့ အမှတ်စဉ် ရ က စပြီး ဆက်ဘတ်ရင် အဖြေတွေရလာမှာပါ၊ အမေရိကန် အိန္ဒိယ နော်ဝေ လားအိုး စတဲ့နိုင်ငံတို့ရဲ့ရေကာတာများ အကြောင်းဆွေးနွေးသွားမှာပါ၊   ————- ပဉ္စမ မေးခွန်း ရေအားလျှပ်စစ်စွမ်းအားထုတ် ရေကာတာတွေက မြန်မာနိုင်ငံအတွက် အကျိုးမပေး သူမြားနိုင်ငံကိုဘဲအကျိုးပေးတယ် ဆိုတာမှန်ကန် ပါသလား ဆဋ္ဌမ မေးခွန်း ရေကာတာလုပ်ပြီးလျှပ်စစ်စွမ်းအားတင်ပို့ရောင်းချတာကြောင့် နော်ဝေနိုင်ငံသားတဦးချင်းရဲ့ဝင်ငွေကအမေရိကန်တဦးချင်းရဲ့ဝင်ငွေ ထက်သာသွားတယ်ဆိုတာရယ်၊ အလားတူ ရေကာတာလုပ်ပြီးရေအားလျှပ်စစ်ရောင်းစားလို့လဲ လားအိုးပြည်သူတဦးချင်းရဲ့ဝင်ငွေကမြန်မာထက် နှစ်ဆခွဲ မက သာလွန်နေပြီဆိုတာရယ် မှန်ကန်ပါသလား ————- အမေရိကန် ရေကာတာအကြောင်းနဲ့စ ကြစို့၊ ဘာဖြစ်လို့ အကြီးစားရေကာတာ လုံးရေ ၈၀၉၂ […]


KyaemonMay 25, 201628min03
အမှားနဲ့အမှန်ပြန်ကောက်ရအောင်၊ ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတည်ရှိနေတယ်၊ မမှန်ပါ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊ မမှန်ပါ၊ အလှမ်းခပ်ဝေးဝေး မှာပါ ဒုတိယမေးခွန်း မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊ ရံဖန်ရံဖန် မဟုတ်ပါအလွန့်အလွန်ဖြစ်ခဲတယ် နှစ်ပေါင်း ၂၁၆ အတွင်းမှာ  မိုင် ၆၂ မှ ၁၃၄ ထိ ခပ်ဝေး ဝေး  မှာ ၂ ကြိမ်ပါဘဲ အကြီးအကျယ်ဖြစ်စေ၊ ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလားပါ အဲဒီ နှစ်ကြိမ် ကလဲ ရစ်တာ ၇.ဝ နဲ့ ၇.၆ ဆို တော့ အကြီးအကျယ် မဟုတ်ပါ၊ ရေကာတာကိုမထိခိုက်နိုင်ပါ —- တချိန်လုံး ဖြစ်၊ ငလျင်ကျောတလျှောက် လုံးဖြစ်၊ ရစ်တာ ၈.ဝ ရစ်တာ ၉ .ဝ […]


KyaemonMay 23, 201627min02
နိုင်ငံတိုင်းလိုလိုက ရေကာတာ အကြောင်းအပြင်၊ ၎င်းနဲ့ ဆက်နွယ်နေတဲ့ ငလျင် အကြောင်းတွေကိုပါ အတော် စိတ်ဝင်စားကြတယ်၊ ————- ဒါကြောင့်မို့ ကိုယ့်ထက်ကျွမ်းကျင်သူများဆီ ချဉ်းကပ်ပြီး ဆည်းပူးလေ့လာ ဖလှယ်ရတယ် “ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးသို့”လိုပေါ့ဗျား၊ သူဋ္ဌေးသားဂိုက်လိုထုတ်ပြီး ဝါယမ မစိုက်ရင် မရနိုင်ပါ၊ ကိုယ့် “ဖားရေတွင်း” နဲ့ဘဲပျော်ပိုက်ပြီး ကျေနပ်နေရင်လဲ မရနိုင်ပါ၊ ဆက်ကြိုးစားရအောင် ———- အကြီးစားရေကာတာများ ကော်မရှင် ———— ICOLD The International Commission on Large Dams, or ICOLD, (French: Commission Internationale des Grands Barrages or CIGB) is an international non-governmental organization dedicated to […]


ဇီဇီMay 20, 20161min041
အလွဲတွေ မပြောခင်မှာ နည်းနည်း ပျိုးပါရစေ။ ဟိဟိ (လေကြောရှည်တော့မယ်) :mrgreenn: ကေဇီ မွေးရာပါတတ်တဲ့ ပညာရပ်ထဲမှာ အနှိပ်ပညာရပ်ပါပါတယ်။ (ကျန်တဲ့ ပညာတွေကတော့ ပြောမပြဘူးးးး) :k: ကိုယ်တိုင်ကလည်း အနှိပ်ခံရတာကို အတော်ကြိုက်တာရယ်။ မွေးမေလေ့နဲ့ လုံးဝ တူတဲ့ အချက်တွေထဲမှာလည်း အနှိပ်ပညာလည်း ပါသပေါ့။ သူကတော့ ဇိမ်မခံတတ်ဘူးး။ သူများသာ နှိပ်ပေးချင်တာ။ ဘယ်နားကို ဘယ်လိုလေး နှိပ်လိုက်ရင် မျက်ရိုးကိုက်တာ ပျောက်တာတို့ ဇက်ကြောတက်တာ ပျောက်တာတို့ ဆိုတာ သူ့လောက် မသိပေမဲ့ ကိုယ့်လက်နဲ့ အနှိပ်ခံဖူးသူတိုင်း လက်ပေါက်တယ်လို့ ပြောကြတယ်။ (အနှိပ်ခံဖူးတဲ့ ရွာသူ ရွာသားတွေ ရှိတယ်) :aa: လက်ပေါက်တာက နှိပ်တဲ့သူရဲ့ ဝတာ ပိန်တာနဲ့ မဆိုင်သလို အရမ်းအားစိုက်စရာလည်း မလိုပါဘူးး။ ငယ်တုန်းကတော့ […]


padonmarMay 16, 20162min012
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


KyaemonMay 15, 201611min08
ယခင်ကတင်ပြချက်တွေကိုပြန်ကောက်ရင် အဖြစ်မှန် မြစ်ဆုံက  ၁။ စစ်ကိုင်းငလျင်ကျောပေါ်မှာမရှိပါ ၂။ ယင်းငလျင်ကျောရဲ့ အနီးအနားမှာလဲမရှိပါ ငလျင်ကျောနဲ့မိုင် ၈၄ ဝန်းကျင် ခပ်ဝေးဝေးမှာရှိတာပါ (ရန်ကုန်သထုံမျဉ်းဖြောင့်မိုင် ၇၈ မန္တလေး ရမည်သင်း မျဉ်းဖြောင့် မိုင် ၇၆ ရန်ကုန်ပဲခူး တစ်ဆခွဲ ထက်ဝေး) ——- ( မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – ၂ ကိုညွှန်း) ၃။ နှစ် ၂၁၆ အတွင်း မြစ်ဆုံရဲ့ ၆၂ မိုင် ကျော် ပတ်ပတ်လည် မှာ မြေငလျင်ကြီး ရစ်တာ ရ နဲ့အထက် မဖြစ်ခဲ့ပါဘူး၊ ၄။ ငလျင်ကျော တလျှောက်လုံး ကြိုက်ရာ နေရာ ငလျင်ဖြစ်နေတာ မဟုတ်၊ ဖြစ်ဘို့အလားအလာ ရှိမှာလဲမဟုတ်ဘဲ ၎င်းအတွက် ကွဲပြဲ […]


padonmarMay 13, 20163min011
ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။ တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။ အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။ ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။ ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။ သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။ မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ […]