လူတစ်ဦးချင်းစီ၏ အသက်ရှူရာမှ ပြန်လည်ထုတ်လွှတ်လိုက်သည့် အခိုးအငွေ့ကွန်ပေါင်းများသည် လက်ဗွေစနစ်ကဲ့သို့ပင် လူတစ်ဦးချင်းအတွက် ကိုယ်စားပြုပါသည်ဟု သိပ္ပံပညာရှင်များက ဆိုပါသည်။ အဆိုပါ လူခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် ဒြပ်ပေါင်းများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ၎င်းအား စစ်ဆေးခြင်းဖြင့် သွေးနှင့်ဆီးကဲ့သို့ပင် ဆေးပညာလောကတွင် ရောဂါရှာဖွေ ဖော်ထုတ်နိုင်ပါသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအသက်ရှူခြင်းစမ်းသပ်မှုသည် တစ်စုံတစ်ရာ အခက်ခဲမရှိဘဲ အဖြေအား ချက်ချင်း သိနိုင်ပါသည်။ ထု့ိကြောင့် ၎င်းသည် မေ့ဆေး၊သို့မဟုတ် ထုံထိုင်းစေသော ဆေးများပေး၍ စမ်းသပ်မှု ထက် ပိုမိုကောင်းမွန်ပါသည်။ ၎င်းအသက်ရှူခြင်းဆိုင်ရာ စမ်းသပ်မှုအား ဆေးသိပ္ပံပညာရပ်တွင် ကျယ်ပြန့်စွာ အသုံးမပြုခြင်းကို နားမလည်နိုင်ခြင်း ဖြစ်ရပါသည်ဟု ဆွစ်ဇာလန် ဗဟိုနည်းပညာတက္ကသိုလ် (ETH) မှ ၎င်းပညာရပ်အား ဦးဆောင်လေ့လာသူ Renato Zenobi မှ ပြောကြားပါသည်။ […]
