sofiadimpleAugust 20, 20101min00
အန ္တရာယ်နံပါတ်-၆ ကို ကျော်လွှားနိုင်ဖို့ ကျတော့ ပန်းတိုင်မှန်မှရမယ်ဆိုတာ သိသင့်သလောက်တော့သိခဲ့ပြီနော်။ ဒါပေမယ့် အပြောသာလွယ်တယ် ။ တကယ့်လက်တွေ့မှာက ဒီ ဘုံဘဝ တွေကို တွယ်နေတဲ့တဏှာက ရှိနေသေးလေတော့ အင်း နိဗ္ဗာန်ဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ ဒါကြောင့်ဒီ “ နိဗ္ဗာန် မရောက်ခင်ကြားမှာ ဖြစ်လေရာဘဝတိုင်းမှာ လူဖြစ်သော်က လူတကာထက် မြတ်သော အဆင်း၊အသံ၊ အလုံးအရပ် ပိုင်ဆိုင်ရပါလို၏။ နတ်ဖြစ်သော်ကား နတ်တကာထက်မြတ်သော ကိုယ်ရောင်ကိုယ်ဝါ ပိုမိုတောက်ပသော ၊ဘုန်းတန်ခိုးကြီးသောနတ် ဖြစ်ရ ပါလို၏။ ” ဆိုပြီးလေ ဆုတွေတောင်းနေတာတွေ တွေ့ဖူးမှာပေါ့။ နမူနာအနေနဲ့ မိဖုရားဖွားစော ကျောက်စာထဲက ဆုတောင်းပုံလေးကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အင်း…ဒါကိုကြည့် လိုက်ရင်ကိုပဲ နိဗ္ဗာန်ဆုထက်ကို ဘုံဘဝ တွေကိုတွယ်နေတဲ့တဏှာလေး ကိုအထင်းသားတွေ့နိုင်မှာပါ။ ဒီတဏှာလေးရှိသေးသမျှကတော့ဖြင့် ဒီအန ္တရာယ်နံပါတ်-၆ […]


sofiadimpleAugust 20, 20101min00
ဒီနေ့တော့ သစ်တုံးလေးဟာရှေ့က အန္တရာယ်(၅)မျိုးကနေ လွတ်လာခဲ့ပြီမို့ ပျော်ပျော်ပါးပါးကြီး ခရီးဆက်နိုင်သွားရှာပြီဆိုပြီး စိတ်ကလေးအေးထားမလားလို့။ ဟော နောက်ထပ် အန ္တရာယ်နံပါတ်-၆ နဲ့ထပ်တွေ့ရပြန်ပါပေ့ါလား။ ဘယ်လိုဖြစ်သွားတာလဲဆိုရင် သူ့ကိုနတ်တွေကဆယ်သွားတာပေါ့။ ကဲဒီအဓိပ္ပါယ်လေးစဥ်းစားကြည့်ကြစို့။ သူကတော့ရှင်းပါတယ်။ ဒို့အိမ်တွေမှာ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးထားတာမရှိဘူးလား ။ အဲဒီအိမ်မှာမွေးထားတဲ့ကြောင်လေးတွေကို ကြည့်ပြီး အော်ဒို့တော့ဖြင့် သူတို့လိုတိရစ ္ဆာန်ဘဝထက် မြင့်တဲ့လူ့ဘဝကိုရလာခဲ့ကြပြီ။ ဒါဘာကြောင့်လဲ ဆိုတော့ အတိတ်ကပြုခဲ့တဲ့ ကောင်းမှုကံတွေကြောင့်ပဲလို့ နားလည်ထားပါတယ်နော်။ အင်းသူတို့ကကျ တော့ဘာလို့တိရစ ္ဆာန်ဖြစ်နေရတာလဲ။သူတို့ရဲ့အတိတ်ကပြုထားခဲ့တဲ့အကုသိုလ်ကံကြောင့်လို့ဆိုရမှာပါပဲ။ လောဘနဲ့သေ ပြိတ္တာပြည်၊ဒေါသနဲ့သေ ငရဲပြည်၊မောဟနဲ့သေတိရစ ္ဆာန် ပြည်ရယ်လို့တောင် ဆိုထားပါလား။ ဒါကြောင့်ပဲ အတိတ်ကပြုခဲ့တဲ့ အကြောင်းတရား တွေကြောင့် ယခုပစ္စုပ္ပန်မှာ အကျိုးတွေခံကြရတာပဲမလား။ အင်းဒါဆို ပစ္စုပ္ပန်မှာပြုတဲ့ အကြောင်းကံ တွေရဲ့အကျိုးကိုတော့ အနာဂါတ်မှာပြန်ခံရမယ်ဆိုတာပေါ်ပြီနော်။ အကြောင်း ကောင်းမှ အကျိုးကောင်းမယ်။ အကြောင်းမကောင်းရင် […]


Good IdeaAugust 20, 20101min00
မင်းတပ်မြို့အေးချမ်းသာယာရေနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏  ခွင့်ပြုချက်နှင့်တည်ဆဲဥပဒေအရ လုပ်ထုံးလုပ်နည်းနှင့်အညီ အဖွဲ့ဖွဲ့ပြီးတာဝန်ပေးအပ်ခြင်းအရ၊ အဖွဲ့ခေါင်းဆောင်အဖြစ် အား/ကာအရာရှိဦးရွှေအွမ်၊ သစ်တောဌာနမှဦးသန်းမြင့်၊နတ်မတောင်အမျိုးသားဥယျာဉ်မှ ဦးဟုန်းမန်၊ မြေစာရင်းဌာနမှ ဦးထန်းမောင်၊ ရဲတပ်ကြပ်ဦးနိုင်းထန်း တို့သည် မိုးကြိုးဝိုင်းသစ်တောထိန်းဧရိယာ၊ နယ်မြေခံလူထု၏ ဝမ်းစာအတွက် လုပ်ကွက်ဧရိယာ၊ နွားနောက်စားကျက်မြေဧရိယာ သတ်မှတ်ရန်နှင့် ဆုတောင်းဥယျာဉ်အဖြစ်အသုံးပြုရန် (၂၀)ဧကခန့်မြေကို သက်ဆိုင်ရာ ၊ ဌာနဆိုင်ရာ အသီးသီးမှ သတ်မှတ် ခွင့်ပြုပြီး ဖြစ်ပါသည်။ ထို့အပြင် သစ်တောထိန်းသိမ်းရေးဧရိယာအဖြစ် သစ်ပင်ခုတ်လှဲခြင်း၊ သစ်ခွပန်းခူးခြင်း၊ သားငှက်တိရိစာ္ဆန်များ သတ်ဖြတ်ခြင်းမှထိန်းသိမ်းကာကွယ်ရန်နှင့် သတ်မှတ်ထားသည့် အစိုးရတရားဝင် ခွင့်ပြုထားပြီးဖြစ်သည့် ဆုတောင်းဥယျာဉ်ပိုင်နက်အတွင်း  အမြင့် (၂၃)ပေ၊ အနံ (၃)ပေ၊ ထုထည် (၁)ပေရှိသည့် လက်ဝါးကားတိုင်တည်ထား ကိုးကွယ်ဆောက်လုပ်ခွင့်ကိုပါ အာဏာပိုင်အစိုးရမှ တရားဝင်စာထုတ် ခွင့်ပြုပြီးဖြစ်ပါသည်။  အာဏာပိုင်အစိုးရမှ ( ၁. ၂. ၂၀၀၉ ) ရက်နေ့တွင် […]


တနေ့က မမြင်ဘူးတဲ့ မန ္တလေးဂေဇက်က မိတ်ဆွေ ကိုလူဝက ရဟနာ္တစိတ် ဆိုတာဘာလဲလို့ မေးတဲ့စာတွေ ့လို့ဒီစာကိုဖြည့်စွက် ရေးလိုက်ပါတယ်။ တခုတောင်းပန် သတိပေးချင်တာက မယုံရင်၊ အပြစ်တင်ချင်လို့ရှိရင် ရေးသူကျွန်တော့်ကိုပဲ ဦးတည်ကြဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စာသန်သူများအတွက် မဂ်တား၊ဖိုလ်တား ဖြစ်မှာစိုးလို့ပါ။ ဒီပညတ်ချက်အဆင့်တွေကို သဲအင်းဂူဆရာတော်ကြီး တရားတော်များမှ တဆင့် မိမိအာဘော်ဖြင့် သဘောပေါက် နားလည်သလို ပြန်လည်ဖေါက်သည် ချခြင်းသာ ဖြစ်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဒီအဆင့်သတ်မှတ်ချက်တွေဟာ အကြောင်းများမဟုတ်ဘဲ အကျင့်ရဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိူးတရားများသာဖြစ်ပါတယ်၊ ဒါကြောင့် သူဘာလဲ၊ငါဘာလဲ ဆိုတာကို နင်းကန်လိုက်ဖို့ မလိုကြောင်း အသိပေးပါရစေ။ တဖက်မှာလည်း သိလို့အကျိုးမမဲ့၊ အကျိုးများရန် သာဖြစ်ကြောင်း ကုမ္မဏီရုံးလုပ်ငန်းတွေမှာ သုံးတဲ့လုပ်ငန်းတိုးတက်မှု အခြေပြဇယားကိုသာ ဥပမာ ယူကြရန်ဖြစ်ပါတယ်။ တရားရိပ်သာဝင်လေ့ရှိသူ […]


introAugust 19, 20101min02
တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။ တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် […]


sofiadimpleAugust 19, 20101min00
ဟိုနေ့ကအန ္တရာယ်နံပါတ်-၅ ကိုပြောခဲ့ပြီးပြီမို့ သူကနေလွတ်အောင် ဘယ်လို နေရပါ့လို့     တွေးကြည့်လိုက်တော့….။အင်း မလိုအပ်သောစကားတွေကို ရှောင်ရမယ်။ တစ်ခါ တစ်လေ ကျတော့ သူများကို အားနာတာနဲ့သူတို့ပြောနေတဲ့ လောဘဖြစ်စရာ အကြောင်းတွေအပေါ်၊ဒေါသထွက်စရာသတင်းတွေအပေါ်လိုက်ပြီး နားထောင်မိနေမယ် ။ နောက်တော့ နားထောင်ရာကနေ ကိုယ်ပါပါလာမယ်ဆိုတာတွေဖြစ်လာမယ်နော်။ ဒါဆိုရင်ပဲ ကိုယ့်ဖက်ကအရင်ဆုံး စကားစကိုဖြတ်လို့ ဘရိတ်အုပ်နိုင်ရမယ်နော်။ အင်း…လူကတော့ ကိလေသာ တောထဲမှာ ဆိုပေမယ့် ဒီအာရုံတွေကပ်လာမယ်ဆိုရင်ပဲ အထူးသတိပေးပြီးတန်းခွာနိုင်မှဖြစ်မယ်နော်။ ကိုယ့်စိတ်ကလေးကို ကိလေသာတောကနေ အရင်ဆုံးလွတ်အောင် ရုန်းထွက်ထားရမယ်နော်။ ဒါမှ နေရင်းထိုင်ရင်းက တောထွက်ပြီးဖြစ်မှာပေါ့။ အဓိက ထွက်ရမယ့်တောကလည်း ကိလေသာတောပဲမလား။ အင်း…တစ်ခါတစ်ရံကျတော့လည်း ကိုယ်တောင်မသိလိုက်ဘူး ပြောရင်းဆိုရင်း လုပ်ရင်းကိုင်ရင်းကပဲ စိတ်တွေညစ်သွားလိုက်တာ။ ဘာလို့လည်း။ ဒီကိလေသာအာရုံတွေအပေါ် စိတ်ကတင်မိနေလို့ပေါ့။ အဲလိုတင်လိုက်တာနဲ့ ဒီစိတ်ကလေးမှာက တခါတည်းကို တန်းပြီးညစ်ပတ်သွားပါပြီနော်။ ဒါကြောင့် စိတ်ညစ်လိုက်တာဆိုပြောကြတာပေါ့နော့။ […]


Yin Nyine NwayAugust 19, 20101min01
“ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ – (၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊ (၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊ (၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် – လို့ အမိန့်ရှိပါတယ်။” “အချို့က ‘ဗုဒ္ဓဘာသာ’ ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။” “အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ […]


fattyAugust 19, 20101min04
ကျနော်ဟာ ငယ်စဉ်က ဘာသာမဲ့ တဦးဖြစ်ခဲ့ပါတယ်။ မိရိုးဖလာကတော့ ဗုဒ္ဓ ဘာသာပါ။ သရဏဂုံ သုံးပါး တည်လိုက်ရင် ဗုဒ္ဓဘာသာဖြစ်တယ်လို့ လည်းဆိုကြပါတယ်။ ငယ် စဉ်က သရဏဂုံ သုံးပါးကို လေးလေးနက်နက် တည်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအသက်ကလေး ရလာတော့ ဘာသာရေးကို စဉ်းစားမိပါပြီ။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး လက်လှမ်းမီရာ စာအုပ်များလည်းဖတ်။ ဒီ ဆိုဒ်ထဲမှာ ပါတဲ့ ဗုဒ္ဓ ဘာသာနဲ့ဆိုင်တဲ့စာစု များကိုလည်းမလွတ်တန်းဖတ်ပါတယ်။ ယခုလောကကြီးဟာ ရုပ်ဝါဒ ကြီးစိုး နေတဲ့ လောကကြီးဖြစ်ပါတယ်။ ဒါကြောင့် တဖက် ကလည်း ရုပ်ဝါဒကြီးစိုးနေ၊ တဖက်ကလည်း ဗုဒ္ဓဘာသာကို လေ့လာချင်ယုံမက လိုက်စားချင် ..ဆိုတော့အခက်အခဲတော့ကြုံရပါတယ်။ စားဝတ်နေရေးကလည်းရှိတော့ လိုချင်စိတ် လောဘစိတ် အနည်းငယ်နဲ့ နေရပါတယ် …… ဘာသာရေး လိုက်စားပြီး […]


Good IdeaAugust 18, 20101min02
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော ဥပုသ်ကို စောင့်ထိန်းလေ့ရှိကြသည်။ ကောင်းမြတ်သောအကျင့်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ အားပေးချီးကျူးပါသည်။ ဤနေရာ၌ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော အဆုံးအမကို တင်ပြလိုပါသည်။ ဤအဆုံးအမသည် ဝိသာခါကျောင်းအမကြီးအား ဟောကြားဆုံးမသော အဆုံးအမဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။ ယင်းတို့မှာ- (၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်) (၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်) (၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်) (၁) နွားကျောင်းသား ဥပုသ်-ဆိုသည်မှာ အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။ နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့ ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ […]


Good IdeaAugust 18, 20102min00
ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။ ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။) ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။) ၎င်းဘီစီ-၅၈၈-(မြန်မာလလို-ဝါဆိုလပြည့် […]


Good IdeaAugust 18, 20101min00
ရွှေချိန်ခွင် အဆို ၁၂ – (က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ဝဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။ (ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တဝါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။ ဆရာတော် ရှင်းလင်းချက် “ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌– ၁။ ခို၍လုံသည့် အမှုလည်းရှိသည်။ ၂။ […]


Good IdeaAugust 18, 20101min00
ရွှေချန်ခွင် အဆို ၁ဝ – (က) သိကြား နတ်များ ရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသောကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏ ။ ဆရာတော်ရှင်းလင်းချက် ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တဝါတို့ကား– ၁။ လူ့ဘုံသား ၂။ တိရစ္ဆာန်ဘုံသား ဤနှစ်ဘုံသားသာ ရှိသည်။ ၃။ ငရဲဘုံသား ၄။ ပြိတ္တာဘုံသား တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်းသည်သာ များ၏။ လူ့ဘုံမှ အထက် တစ်ဆင့်ထက်-တစ်ဆင့် အလွန်ကြီးကျယ်လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊ ထိုကောင်းကင်ဘုံကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊ ဈာန် အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည် ။ ထိုကောင်းကင်ဘုံတို့ကို […]


Good IdeaAugust 18, 20101min00
ရွှေချိန်ခွင်အဆို ၇- (က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။ (ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊ ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊ သုတဗုဒ္ဓ သက်သက်ဖြစ်၏။ ဆရာတော်ရှင်းလင်းချက် ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည်။ ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။ အနမတဂ္ဂေါယံ ဘိက္ခဝေ […]