VisesaNovember 24, 20102min026
၁။ http://www.dhammaweb.net/notes/view.php?id=222 ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ by အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ ) ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ဝါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊ အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် […]


manawphyulayNovember 21, 20101min00
တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။ ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ဝိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် […]


ဂ်စ္စူNovember 21, 20105min00
ကဲကဲ..ဤနေ ့ တန်ဆောင်မုန်းလပြည့်နေ ့မှာ တရားလေးဘာလေးနာချင်ရင်နာလို ့ရအောင် ဆေရာတော် ဦးသုမင်္ဂလရဲ့ တရားတော်များဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။အောက်မှာ ဒေါင်းလုပ်ဆွဲ ပြီး နာယူနိုင်ပါတယ်။ဒေါင်းမာန်ဟုန်မှ ကူးယူဖော်ပြခြင်းလဲ ဖြစ်ပါတယ်ခင်ဗျ။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကုန်။ ရွှေတိဂုံဘုရားပုံပေါ်နှိပ်ပြီးနားဆင်နိုင်ပါတယ်။ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိူင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိူးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။ ဒီနေ့ ကျနော်တို့ မြန်မာနိူင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ ယုတ်မာပက်စက်တဲ့ အကြံညဏ်နဲ့ ပုံသွင်းတာကို ခံနေကြရတာကြောင့်လည်း ပါသလို […]

circles.jpg

ဒီတခါတော့ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်များကြားမှာ ရေပန်းစားတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ်စက်ဝန်း တရားတော်ကို သဲအင်းဂူဆရာတော်ကြီး ပြောတဲ့အတိုင်း တင်ပြပါ့မယ်။ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောခဲ့တဲ့ နည်းကတော့ ပညာရှိများ တရားစာပေနဲ့ ရင်းနှီးကျွမ်းဝင်သူများ အတွက် လို့ မှတ်ယူနိုင်ပြီး သဲအင်းဂူနည်းကတော့ စာနဲ့ဝေးတဲ့ လက်တွေ့ ပိုအားသန်သူများအတွက် လိုရင်းတိုရှင်းလို့ အလွယ် သတ်မှတ်နိုင် ပါတယ်။ စာလိုပြောရင်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ရုပ်နာမ် သင်္ခါရ စသဖြင့် အစဉ်လိုက် ကြောင်းကျိုးစပ်ဆက်မှုတွေနဲ့ပါ။ အလွယ်နည်း မှာတော့ သိမှုနာမ်ကလေးက ပဋ္ဋိစ္စသမုပ္ပါဒ် လည်တာပါ။ ရုပ်နာမ်နှစ်ပါး တိုက်ဆိုင်လို့ဖြစ်ရတဲ့ ခံစားမှု ဝေဒနာအပေါ်မှာ ငါဆိုတဲ့ စွဲလန်းခြင်း ကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ […]


ဆူးNovember 7, 20101min09
ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ) ၏စာစုများ ပါလာပြီးသားပါ.. ပါလာမှာလား “နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ“ ကမ္မုနာ ဝတ္တတိ လောကော၊ ကမ္မုနာ ဝတ္တိ ပဇာ။ ကမ္မနိ ဗန္ဓနာ သတ္တာ၊ ရထဿ ဏီဝ ယာယတော။ သတ္တလောကကြီးဟာ ကံကြောင့် ဖြစ်ရတယ်။ သတ္တဝါတွေဟာလည်း ကံကြောင့် ဖြစ်နေရတယ်။ သတ္တဝါတို့ကို ကံတို့သည် သွားနေသော ရထားလှည်း နားစောင့်ကံ့သို့ ဖွဲ့ချည်ထားပါသည်။ ကုသိုလ်ကံကြောင့် ကျော်စောသတင်း ပန်းလိုသင်း ရတယ်၊ ချီးမွမ်းခံရတယ်၊ အကုသိုလ်ကံကြောင့် ဆုံးရှုံးပျက်စီးရတယ်၊ သတ်ဖြတ်ညှင့်ပန်း နှိပ်စက်ခြင်း၊ နှောင်ဖွဲ့ခြင်း ခံရတယ်။ အဝိဇ္ဇာ တဏှာမကင်းကြသေးလို့ သံသရာအတွင်း လျှောက်လှမ်းနေသမျှတော့ ကုသိုလ်၊ အကုသိုလ် ခြေလှမ်းတွေ ရောပြွမ်းနေကြရမှာ […]


manawphyulayNovember 6, 20101min00
မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများအနက်မှ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ်လေးဆူကို တင်ပြချင်ပါတယ်။ ကောဇာသက္ကရာဇ် ၃၇၉ မှာ အရိမဒ္ဒနပူရခေါ် ပုဂံပြည်၌ သီရိအနုရုဒ္ဓဒေဝဘွဲ့ခံ အနော် ရထာမင်းကြီး ထီးနန်းတက်ခဲ့တယ်။ သက္ကရာဇ် ၃၉၃ မှာ သီဟိုဠ်မင်း ဓာတုသေနက အနော်ရထာမင်းကြီးကို ဗုဒ္ဓရဲ့ သရီရစွယ်တော်ကို ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ စတင် သာသနာတော် ဖြစ်ထွန်းအောင် ကြံဆောင်ခဲ့တဲ့သူဟာ ရှင်အရဟံ ဖြစ်ပါတယ်။ အဲဒီမှာတင် ရှင်အရဟံက မင်းကြီးကို သာသနာတော်အရှည်တည်ဖို့အတွက် အများပြည်သူတွေ ပူဇော်နိုင်ရန် သီးသန့်နေရာမှာ တည်ထားကိုးကွယ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ရာဇဝင်က ပြောရရင် အရှည်ကြီးပဲ။ ‘ဒီတော့ တိုတိုပဲ ပြောလိုက်တော့မယ်နော်။ အဲဒီမှာတင် အနော်ရထာမင်းက အဓိဋ္ဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့တယ်။ စေတီလေးဆူ တည်ထားကိုးကွယ်ခဲ့တယ်။ အနော်ရထာမင်းကြီး၏ […]


VisesaNovember 3, 20101min00
မြန်မာ(၁၂)လရာသီပွဲတော်(၈) တန်ဆောင်မုန်းလ ကထိန်ပွဲ ၊ တန်ဆောင်တိုင်ပွဲ ၊သာမည ဖလ အခါတော်နေ ့။ မြန်မာ(၁၂)လရာသီတို ့တွင် တန်ဆောင်မုန်းလ သည်(၈)လ မြောက်ဖြစ်သည်။ခရစ်နှစ် အားဖြင့်မူအောက်တိုဘာလ၊နိုဝင်ဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။ မိုးတွင်းကာလကုန် ဆုံးသည့်အချိန် ဖြစ်၍ ၊ “မိုးလအဆုံး-တန်ဆောင်မုန်း”– ဟူ၍ ဆိုလေ ့ရှိကြသည်။ မြန်မာတို ့၏ လယ် ယာစိုက်ခင်းကွင်းပြင်တို ့မှ စပါးကောက်နှံတို ့သည် စိမ်းလန်းပြည့်ဖြိုးရာမှ ရင့်မှည့်လုလုအခါ ရွှေဝါ ရောင် သို ့ ပြောင်းလဲကာစ ဖြစ်သည်။မိမိတို ့၏ ရှင်သန်ပြည့့်ဖြိုးသော  လယ်ခင်းကိုရှုမြင်ရ၍ ၊တောင် သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြရသောကြောင့် ၊ “တောင်သူရွှင်ပြုံး-တန်ဆောင်မုန်း”– ဟုလည်း ဆိုကြပါသည်။စပါးနှံ အခိုင်ခိုင်တို ့မှ အခက်အခက် ဖြာထွက်သော စပါးသီး အစီအရီတို […]


ဂ်စ္စူOctober 31, 20101min02
အင်တာနက်သုံးစွဲနိုင်မည့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို ယခုလ ၂၃ ရက်မှစတင်၍ နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများသည် ဝ၆ရ နံပါတ်ဖြင့် စတင်သည့်ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့သုံးမြို့လုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။ “ဒီဖုန်းတွေက EVDO စနစ်နဲ့ Data service ကိုသုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော်အတွင်းမှာပဲ ဒါကိုသုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေစမ်းတုန်း၊ ပစ္စည်းတွေတပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှပဲ Data service ကိုသုံးလို့ရမယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ထိုဖုန်းများတွင် အင်တာနက်ချိတ်ဆက်သုံးစွဲလိုသူများအနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ကနဦးမှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀ဝ နှင့် […]


ဆူးOctober 22, 20101min01
ဗဟုသုတ အနေနှင့်.. သိတာလေး နဲနဲ ရေးပေးလိုက်တယ်။ စ – စင်္ကြာဝလာအား အစိုးရတော်မူသော မြတ်စွာဘုရား ဓ – ဓမ္မခန္ဓာပေါင်း ၈၄၀၀ဝ ကိုဟောကြားတော် မူသော မြတ်စွာဘုရား ဗ – ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော် မူသာ မြတ်စွာဘုရား ၀ – ဝသုန်တရေ မြေကို အပိုင် စိုးရတော်မူသော မြတ်စွာဘုရား မသိတဲ့ သူတွေ ဗဟုသုတ အနေနှင့် တင်ပေးလိုက်တာပါ။ တခြားဘာမှ မရည်ရွယ်ပါဘူး။


ဆူးOctober 21, 20103min05
အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်တို့ အိနိ္ဒယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ “Incredible India” မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့ဩဖွယ်ရာကောင်းသောအိနိ္ဒယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃ဝ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇနာ္တ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိနိ္ဒယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ […]


PareByokeOctober 20, 201010min02
How about setting aside some donations for the VERY DESERVING Burmese Migrants at the Thai Burmese borders, especially those working in the trash dumps? The monks in the videos are really NOBLE. You can compare their deeds and speeches with other monks. Some monks always advertise themselves. You can see them including themselves in the videos […]

zero.jpg

အရင်က ထာဝရ မြဲခြင်းဆိုတဲ့ စကားလုံးကိုကြားရင် လက်မခံနိုင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဗုဒ္ဓဘာသာဝင် မဟုတ်လား၊ ဒီတော့ လောကမှာ ဘယ်အရာမှ မတည်မြဲ အနတ္တလို့ စွဲမြဲစွာ ခံယူထားခဲ့ပါတယ်။ တကယ် လေးလေးနက်နက် သဘောပေါက်ခဲ့လို့ မဟုတ်ဘဲ ငါမှန်တယ် ဆိုတဲ့ အတ္တနဲ့ ဇွတ်တင်ခဲ့တာပါ။ နိဗ္ဗာန်ဆိုတာ ခံစားမှုမရှိ၊ ရုပ်နာမ်မဲ့တယ်လို့ ကြားဖူးနားဝရှိလေတော့ မြဲခြင်း ဆိုတာကို အတ္တလို့ အဓိပ္ပါယ်ဖွင့်ခဲ့ပြီး ဖန်ဆင်းရှင် အယူဝါဒတွေနဲ့ ထင်ယောင်မှားခဲ့ပါတယ်။ နဲနဲခြင်း ရင့်ကြက်လာမှ တရားထိုင်တယ်၊ သံသရာမှ လွတ်မြောက်ဖို့ ကြိုးစားတယ် ဆိုတာ ခဏဖြစ်ခဏပျက် မမြဲခြင်းကနေ ဖြစ်ခြင်းပျက်ခြင်း ကင်းတဲ့မြဲတဲ့ အဖြစ်ကို ရောက်ဖို့ပါလားလို့ နားလည်ပါတော့တယ်။ အခုလို မြဲတယ်မမြဲဘူးလို့ ပညတ်တင်တာ နားလည်မှု လွဲနိုင်လို့ ပြောရတာ […]


မမေလးOctober 14, 20101min012
သားငါးစားသူများသည် မိမိအတွက် ရည်ရွယ်ပြီး သတ်သည်ကို … ( ၁ ) မြင်ခြင်း ( ၂ ) ကြားခြင်း ( ၃ ) ငါ့အတွက် သတ်ထားတာများလားဆိုပြီး သံသယဖြစ်ခြင်း ထိုသို့ဖြစ်ပါက ရဟန်းရှင် ၊ လူ ၊ မည်သူမဆို အပြစ်ဖြစ်သည် ။ ( ရှင်နေသော အကောင်တစ်ကောင်ကောင် ကို မိမိအတွက် သတ်နေသည်ကို ၎င်း ၊ သတ်သည်ကိုမြင်သော် ၎င်း ၊ ကြားသိရလျှင်သော် ၎င်း ၊ သံသယဖြစ်ပြီး စားလိုက်လျှင်သော်၎င်း  အပြစ်ဖြစ်သည် ။ ) ရဟန်းတော်များက သတ်သတ်လွတ်စားရမယ်လို့ မရှိပါဘူး … အသားကြီး ဆယ်မျိုးကိုတော့ရည်ရွယ်ပြီး မစားရပါဘူးး .. . […]