ကျွန်မတို့ဟာ တစ်ခါတစ်ရံမှ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်ဘဲနဲ့ လုပ်နေကြရတယ်။ ဒါဟာ ဘာလဲဆိုတော့ ဥပမာ ကျွန်မအကျင့်ပေါ့လေ။ ကားစီးတဲ့အခါဖြစ်ဖြစ်၊ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါဖြစ်ဖြစ် ပုတီးစိတ်တာတို့၊ ဘုရားစာရွတ်တာတို့ လုပ်ကျင့်ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လူတွေရဲ့အမြင်ပေါ့ လေ။ အတွေးဆိုရင်လည်း မမှားပါဘူး။ ဪ သူက လူအထင်ကြီး အောင် လုပ်နေတာပဲ။ အသက်ကလေးကဖြင့် ငယ်ငယ်လေးရှိသေး တယ်စသဖြင့်ပေါ့လေ။ ဒီပြင်အတွေး ဪ သူတောင် အသိတရား ရှိရင် ငါတို့ကကော ဘာလို့မရှိရမှာလဲလို့ မတွေးကြဘဲနဲ့ ကိုယ့်အမြင်နဲ့ ကိုယ် မြင်တတ်ကြတယ်။ အဲဒီလို ကြည့်တဲ့အကြည့်ကို အရင်တုန်း ကတော့ လိုက်ကြည့်ပြီး ပုတီးစိပ်ရမှာ၊ ဘုရားစာရွတ်ရမှာ သိပ်ပြီး မဝံ့ရဲခဲ့ဘူး။ ဘေးပတ်ဝန်းကျင်က ငါ့ကို အမြင်တစ်မျိုးဘဲပေါ့။ ဒီလို အတွေးဝင်ရင် […]

