ကျွန်တော်တို. မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော ကိုးကွယ်သော နိုင်ငံဖြစ်သလို ။ လူတိုင်းကလဲ ဘာသာရေးကို ယုံကြည်စွာနဲ. ဘာသာရေးကို သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဟိုရက်က ရွှေတိဂုံ ဘုရားပေါ်ကို ရောက်သွားတော့ စိတ်ထဲမှာ ထင့်စရာလေး တစ်ခုကိုတွေလိုက်ရတယ်ဗျ။ ဘာလဲဆိုတော့ ဘုရားမှာ သစ်သီးဆွမ်းကပ်ထားတာ ပါ။ သစ်သီးဆွမ်းကပ်တာကတော့ အပြစ်ပြောစရာမရှိပေမယ့် ဘုရားကိုကပ်ထားတဲ့ သစ်သီးတွေကို အခွံမခွာပဲ အလုံးလိုက်ကပ်ထားတာကတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ. မဖြစ်သင့်ဘူးဗျ ။ ဘာလို.လဲဆိုတော့ ဘုရားရှင်ကဟောကြားတော်မူထား တဲ့ ထဲမှာ ဘုရားသားတော်ရဟန်းတွေနှင့် ဘုရားရှင်ကို သစ်သီး ဆွမ်းကပ်ရင် အသီးကို အလုံးလိုက်ကပ်ခွင့်မရှိပါဘူး ဘာလို.လဲဆိုတော့ သစ်သီးထဲမှာပါတဲ့ အစေ့က နောက်အတွက် အပင်ဖြစ်လာမှာမို.ပါပဲ။ ဒါမို. ရဟန်းတွေဟာ သစ်သီးကိုဘုန်းပေးချင်တယ်ဆိုရင် ခွဲထားသော သစ်သီးတွေကိုပဲ […]
