အာဂOctober 23, 20131min032
• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။ – အချက်အပြုတ်က ငယ်ငယ်ကတည်းက ဝါသနာပါတယ်။(၈)တန်းနှစ်လောက် ကတည်းက ညီမတို့က အိမ်မှာစချက်ရတယ်ပေါ့။ • ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင်ပြောပြပေးပါဦး။ – အဲဒီလိုမျိုးကြီးတော့ မမှတ်မိဘူး။ မနက်အစောကြီးတော့ နေ့တိုင်းချက်နေရတာ ပါပဲ။ မနက်ဆို ဈေးသွားတယ်။ ဟင်းချက်တယ်။ ဟင်းချက်ပြီးရင်ကျောင်းသွားတယ်။ • အဲဒီလို ပထမဆုံးစချက်တဲ့ဟင်းတုန်းကအရသာကရောဘယ်လိုရှိခဲ့လဲ။ – အရသာက သိပ်တော့မကောင်းဘူး။ ဒါပေမယ့်နောက်ပိုင်းအမေသင်ပေးတော့ အဆင်ပြေသွားတယ်။ •ညီမချက်တဲ့ဟင်းတွေထဲမှာမှမိသားစုတွေရော သူငယ်ချင်းတွေပါကြိုက်တဟင်းပွဲလေးဆိုရင်ဘာဟင်းပွဲဖြစ်မလဲ။ – လူကြိုက်အများဆုံးဆိုရင် ညီမချက်တာကို အများဆုံးအိမ်က မိသားစုတွေပဲစားတယ်။ ပြောကြတာကတော့ ကြက်သားကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးနဲ့ချက်တဲ့ ဟင်းက အရမ်းစားလို့ကောင်းတယ်လို့ပြောကြတာပါပဲ။ အဲဒီဟင်းက ကြက်သားကာလသား ဟင်းလိုပါပဲ။ဒါပေမယ့် ဒီကဟင်းက ဒီမှာချက်တဲ့ဟင်းလိုတော့ မဟုတ်ဘူးရှမ်းပြည်မှာချက်တဲ့ ကာလသားဟင်းပုံစံပါ။ • နန်းခင်ချက်တဲ့ဟင်းတွေကို […]


KyaemonOctober 21, 20138min07
   ပြင်သစ်မြို့တော်Paris ပါရစ်က နံမယ်ကျော် Louvre ပြတိုက်ကိုဆက်လက်ပြီး လိုက်ကြည့်ရအောင်၊      ဘုရင့်နန်းတော်ကို Louvreပြတိုက် အဖြစ်သို့ပြောင်းလိုက်ပြီးနောက်  Pyramid ဆိုတဲ့ အောက်ခြေခံကလေးဒေါင့်၊ အနား က သုံးဒေါင့် အဆောက်အအုံကို ထပ်မံ ဖြည့်စွက်လိုက်တာ၊ ——– ပုံကြီးကြည့်ဘို့ ကလစ်တချက်နှစ်ချက်နှိပ်ပါ၊       Pyramid ပရီးမစ်  အသေးသုံးခု က Pyramid အကြီးတခုကို  ခြံရံတဲ့ ၎င်းဒီဇိုင်းကို ကမ်ဘာကျော် ဗိသုကာ I M Pei   က ရေးစွဲစီစဉ် ဖန်တီးခဲ့ကာပါ၊ I M Pei (Chinese-American) ကအမေရိကန်နိုင်ငံသားတရုပ်အနွယ်ဘွားပါ၊   ———-   မူလကနန်းတော်ကြီး ပါ   […]


alinsettOctober 21, 20131min027
ဖြစ်နိုင်မယ်ဆိုရင် … … … အဝါရောင်မဟုတ်တဲ့ ခပ်ရင့်ရင့်အရောင် ဝတ်ရုံတစ်စနဲ့ ငါ့ ရုပ်အလောင်းကို ဖုံးလွှမ်းပေးပါ။   ငါဟာ ဒီလောက ရဲ့ သုညတစ်လုံးပါ။ သုညတို့ရဲ့ ပုံရိပ်ကို ဖုန်သုတ်ပြီး ခပ်သွက်သွက်လေး ခြုံထားပါတယ်။   မဖြစ်နိုင်တာတွေကို ဖြစ်နိုင်သယောင်ယောင် ဟန်ဆောင်ပြီးလည်း မလုပ်ချင်တော့။   မျှော်လင့်ချက်ဆိုတာ … … … တရားမျှတဲ့ ခေတ်မှာမှ ဖူးပွင့်ဝေဆာနိုင်မယ့်ပန်း ။   အဟမ်းးးး။   ********************************   (((( အပေါ်ကစာရွက်ကို . . . . ကျွန်တော် ဆွဲခြစ်ပစ်လိုက်ပြီ ။ ))))   ******************************** ဘယ်တုန်းက ကျွန်တော် ပျောက်ဆုံးသွားသလဲ မသိ […]


ဇီဇီOctober 19, 20133min019
ရွာထဲမှာ ရှိကြကုန်သော ကိုယ့် ထက် အသက် တစ်မနက် တစ်ရက် ကြီးသောသူမှ အစ ရွာလူကြီးများ အလယ် တဂျီး အဆုံးးး ကျနော် ရွာကို ရောက်တဲ့ ဒီ တစ်နှစ် အတွင်း ကာယကံ (ကျောက်/မတ် ပဲ ပါတယ်)၊ ဝစီကံ၊ မနော်ကံ၊ တိုက်ပင် နဲ့ စာရိုက်ပြီး ပစ်မှားခဲ့သည်များ ရှိပါ က ခွင့်လွှတ်ကြပါရန် ကေဇီက ဤ နေရာမှ ကန်တော့ပါတယ်။ _/|\_   _/|\_   _/|\_ မဖြစ်မနေ ခွင့်လွှတ်ပြီး မုန့်ဖိုးများလည်း ပေးသနားပါ။  :mrgreenn: (တဂျီးလည်း လူလူချင်း ကန်တော့တာ ဘာညာသာရကာကို ဂနေ့ မပြောနဲ့ဦး နော် ၊ အဟိ)  :mrgreenn: ကဲ […]


alinsettOctober 17, 20138min085
🙄   🙄     🙄     🙄     🙄 သီတင်းကျွတ်ပြီ….။ သီတင်းကျွတ်ဆိုသည်မှာ …. မိုးလေ ကင်းလွတ်သော ပွင့်လင်းရာသီဖြစ်သည်။ စိုစွတ်အိုက်စပ်သော ရာသီဥတု နေ့ရက်များဆီမှ. . . …ဆောင်းအငွေ့အသက် ခပ်သဲ့သဲ့နှင့်  သာသာယာယာ နေချင်စဖွယ်နေ့ရက်များဆီကို . . . လှစ်ခနဲ ကူးပြောင်းလိုက်ခြင်းသည် . . .သီတင်းကျွတ် ဖြစ်သည်။ ဗမာပြည်သူပြည်သားတို့၏ ထုံးတမ်းစဉ်လာအရ. . . ဤအချိန်အခါသည်. . . သမိုင်းရာဇဝင်မှာ အစဉ်အလာကြီးသော အခါကြီးရက်ကြီးဖြစ်သည့်အပြင် မြင်မြတ်တင့်တယ်သော ပြုဖွယ်အစုစုတို့ ့နှင့် စည်ကားသိုက်မြိုက်သော အချိန်အခါလည်း ဖြစ်ပါသည်။ ဗမာလူမျိုးတို့၏ အစဉ်အလာများထဲမှ ချစ်စရာကောင်းသော အစဉ်အလာတစ်ခုအဖြစ် . . […]


    မေမေ.. မေမေ သင်ပေးတဲ့ ချိုမိုင်မိုင် ကျနော့် နှလုံးသားထဲ အမြစ်ခိုင်ခဲ့တာ သိခဲ့လို ့လား..။ ရှက်တတ်တဲ့ ကောင်လေးမှာ မာန တခုတော့ ရှိခဲ့တယ်..မေမေ။ .. မိဘတွေ မချစ်ခဲ့တဲ့သား… ချစ်သူတွေ များတယ်.. ဖြူစင်ခြင်းနဲ ့ပန်းလက်ဆောင်တွေ အလယ်.. အချစ်တွေ ကျနော်ရခဲ့တယ်..မေမေ။ သူတို ့ရင်ခွင်က ကျနော့်အိမ်.. သူတို ့လက်ခုပ်သံက ကျနော့် အဟာရ တစ်ထောင့်တစ်ညမက ရှည်လျှားတဲ့ ညများစွာ မေတ္တာတွေ ဖလှယ်ရင်း ကျနော် အသက်ရှင်ခဲ့တယ်..။ … အကျီင်္လေးတစ်ထည် တောင်းဆိုမိလို ့ မေမေ ရိုက်ခဲ့တဲ့ပါး အခုတော့ သူများတွေ နမ်းလိုက်ကြတာမေမေ…။ အဲဒီအချိန်က သွေးစီးကျခဲ့တဲ့… နှုတ်ခမ်း မေမေ့အတွက် မဆန်းပေမယ့်. ချိုသာသော […]


Thiha Phone MoOctober 15, 20131min04
မကွေးမြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲကို 14.10.2013 ရက်နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။အနယ်နယ်အရပ်ရပ်မှ အညာထွက်ကုန်မျိုးစုံရောင်းချသော ဆိုင်ခန်းများစွာဖြင့် ဘုရားဖူးများစတင်စည်ကားလျှက်ရှိနေပြီဖြစ်သည်။ အညာဒေသဂုဏ်ဆောင် လူအစည်ကားဆုံး ဘုရားပွဲတော်တခုဖြစ်သည်နှင့်အညီ ဘုရားလည်းဖူးရင်း အညာထွက်ကုန်မျိုးစုံကိုလည်း sh0pping ထွက်ခဲ့ကြဘို့ မိတ်ဆွေအပေါင်းကို ဖိတ်ကြားလိုက်ရပါသည်။


alinsettOctober 14, 20132min06
ဘုရားဟော မဇ္စိုမပဋိပဒါ နှင့် ယနေ့ မြန်မာ ခေါင်းစဉ်ကိုသာ အမြင့်ကြီး ပေးလိုက်ရပေမဲ့ FreeIdea ရဲ့ အတွေးအခေါ်၊ အရည်အချင်း၊ အသိပညာ လောက်နဲ့ ဒီအကြောင်း ရေးဖို့ မထိုက်တန်သေးဘူး ဆိုတာကိုတော့ အရင်ဦးဆုံး ဝန်ခံပါရစေ။ ဘာဘဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီသလောက် တွေးခေါ်ပြီး ရေးသားပေးလိုက်ပါတယ် ….။ ဗုဒ္ဓ မြတ်စွာဘုရားရှင် ဟာ (၆) နှစ်တာ ကာလပတ်လုံး ဆင်းရဲတဲ့ကျင့်စဉ်နဲ့ ကျင့်ကြံအားထုတ်ခဲ့ရာမှာ သဗ္ဗညုဘုရားရှင် အဖြစ် မရောက်ရှိခဲ့ပါဘူး ….။ အဲဒီအချိန်မှာမှ ပြန်လည်ဝေဖန်သုံးသပ်ပြီး မဇ္စိုမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ် ကို လိုက်နာပြီး ကျင့်ကြံပွားများခဲ့တာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။ ဒီ […]


zaw winOctober 14, 20131min02
– စကားတွေ အများကြီးမပြောပါနဲ့ ကိုယ်အသုံးမကျတာတွေ လူတွေသိကုန်လိမ့်မယ်။ – ကိုယ့်ကြောင့် လူတွေဒုက္ခမရောက်ကြပါစေနဲ့။ – မိမိ ဘာမှားနေသလဲ ချို့ယွင်းချက် – အားနည်းချက် – လုပ်ဆောင်ချက် အတွေးအခေါ်အယူအဆ – ငွေကြေးအလေအလွင့် ဒါတွေကို သုံးသပ်ဝေဖန်ဆင်ခြင်ပါ မိမိအမှားများကို သတ္တိရှိရှိဖြင့် ပြင်ပါ ဝန်ခံပါ – မိမိကိုယ်မိမိ ပြင်ဆင်ပြီးရင် မိသားစု – မိတ်ဆွေ – ပတ်ဝန်းကျင်အတွက် ကောင်းအောင်လုပ်ပါ။ – တစ်ယောက်ချင်းအမှားပြင် နိုင်ငံကောင်းဖို့အတွက် နိုင်ငံချစ်စိတ်ဝင်။ မင်းသုတ 16:20 P.M 14.10.2013


Mr. MarGaOctober 14, 20135min026
မီးရှုးမီးပန်းတွေ (Fireworks)   စာမရေးဖြစ်တာလဲ ကြာပြီ။ ရေးမယ်လုပ်လိုက်၊ ဝေ့လိုက် နောက် ရေးမယ်လုပ်လိုက် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ မေ့သွားလိုက် နဲ့။ ဘယ် ရေးဖြစ်မတုံး တစ်ယောက်တည်း ပတ်ပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာလေ…။ အခုတော့ သီတင်းကျွတ်နား နီးပြီမို့ ဟို ဂျီးဒေါ်ကို ကတိပေးထားတာလဲ ရှိ။ ကိုယ်တိုင်လဲ နည်းနည်းပါးပါး မွှေနှောက်မိတာာမို့ ဒီတစ်ခါ ဦးမာဃ ရဲ့ တာဝတိံသာ research center ကနေ တင်ဆက်ချင်တာကတော့ မီးရှုးမီးပန်း (fireworks) တွေ အကြောင်းပါ။ တွေ့သလောက် နားလည်သလောက် တတ်သလောက်၊ မှတ်သလောက် တင်ပြလိုက်ပါတယ်။   မီးရှုးမီးပန်း ဆိုတာ… မီးရှုးမီးပန်း ဆိုတာကတော့ အနုပညာ ဖန်တီးမှုတွေ၊ ရိုးရာပွဲတော်တွေ၊ ဘာသာရေး […]


ဒီတနှစ်တော့ အာလူးသီးလေးတွေ ခွေးလေးတွေ လုပ်ဖို.စဉ်းစားပြီး လုပ်ထည့်လိုက်တယ်.. ကဲ့ ရွာသူားတို.ရေ အားပေးကြပါအုံး…. အရုပ်လိုချင်သူများလဲ အော်ဒါလက်ခံတယ်နောာာာာ…. ရွာထဲရှိ လူပျိုကြီး အပျိုကြီးများအတွက် သီတင်းကျွတ် ယတြာ အထူး ပုံတူ လက်ခံဆောင်ရွက်ပေးနေပါပြီ….. ခိခိခိ ဝါးနဲ. မီးကပ်တိပ်နဲ. သုံးပြီး အကြမ်းထိုင်တယ်… ကော်ကပ် ဆေးဆွဲ   အဲလို အကြမ်းကနေ လက်စသပ်လိုက်တယ်..