သင့်တော်ကောင်းမွန်တဲ့ မိတ်ဆွေွနဲ့ တွေ့ဆုံစေဖို့ မိဘတွေစေလွှတ်လို့ တခါမျှမရောက်ဖူးတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ၁ဝ တန်းအောင်လျင် အောင်ချင်း ရောက်လာရပါတယ်။ သင့်တော်ကောင်းမွန်တဲ့ မိတ်ဆွေွနဲ့ တွေ့ဆုံခွင့့်ရဖို့အတွက် လိုအပ်တဲ့သင်တန်းတချို့တက်တယ်။ ဒါပေမယ့် မိတ်ဆွေတော့မ တွေ့သေးဘူး။ ဒီလိုနဲ့ နယ်ကို ပြန်ပြီး ပထမနှစ် စာမေးပွဲဖြေလိုက်ရသေးတယ်။ ရန်ကုန်ပြန်ရောက်လို့ ်သိပ်မကြာခင်မှာပဲ ဦးလေးက သူသိတဲ့ အခုကျမချစ်ဦးသူနဲ့ တွေ့ဆုံပေးပါတော့တယ်။ ကျမညံ့ဖျင်းမှန်း အရည်အချင်းမရှိမှန်း သိလို့လေ။ တွေ့တွေ့ချင်းတော့ သူက တနေ့ ကျမအခုလို ရင်နင့်အောင်ချစ်ရတဲ့ ကျမချစ်ဦးသူ အချစ်ရဆုံးသူဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ သူနဲ့ပတ်သက်ဆက်ဆံခဲ့တဲ့နှစ်များကာလအတွင်း သူဟာ ကျမနှလုံးသားထဲမှာ ဘယ်အချိန်က ဝင်ရောက်နေရာယူထားမှန်းမသိပေမယ့် သိလိုက်တဲ့အချိန် မှာတော့ ကျမမိသားစုဝင်တစ်ယောက်လို ကျမနှလုံးသားထဲမှာ နေရာယူထားပြီး ကျမနှလုံးသားကို စိုးမိုးချုပ်ကိုင်ထားပြီး ဖြစ်နေပါတော့တယ်။ ကျမသူနဲ့ခွဲခွါဖို့ကို စိတ်ကူးနဲ့တောင် […]
