အာဂAugust 1, 20121min041
ကဒ်(၁) နှလုံးသား ခြေတစ်လှမ်းအတိုးမှာ လှုပ်မရအောင် ရစ်ပတ်ထားတာ….နွယ်ပင် ကဒ်(၂) လူတိုင်း တစ်နေရာရာ တစ်ချိန်ချိန် တစ်စုံတစ်ယောက်ကြောင့် အရစ်ပတ်ခံခဲ့ရမှာပဲ။ မိဘက သားသမီးကို သံယောဇဉ်နဲ့ တစိမ်းတစ်ယောက်က တစိမ်းတစ်ယောက်ကို သံယောဇဉ်နဲ့ နေ့စဉ်နဲ အမျှ ကမ္ဘာပေါ်ကရစ်ပတ်မှုများ။ ကဒ်(၃) ကျွန်တော်က သူမ ကို သူမက ကျွန်တော်ကို ချစ်ခြင်းများဖြင့်……။ ကဒ်(၄) မွေးကတည်းကနေ မသိခဲ့တဲ့ လက်နှစ်ချောင်း ၁ဝ စုနှစ်တစ်ခုကျော်မှ ဆုပ်ကိုင်မိချိန် နွယ်ပင် ကဒ်(၅) ချစ်ခြင်းရဲ့ အကြီးအကျယ်အမြစ်တွယ်ခြင်းမှ စလို့ နှစ်ယောက်သား ရစ်ပတ်လိုက်ကြ ကိုယ့်အတွက်…. ပင်ပင်ပန်းပန်း ချက်ထားတဲ့ သူမ ကိုယ်သင်းနံ့လေးက အိပ်ယာဝင် ပုံပြင်တိုင်းမွှေးလို့ အို……………… သည်း..။ မောင်…။ ဖေကြီး…။ မေကြီး…။ အဘိုး..။ အဘွား…။ […]


လက်စားချေခြင်းဆိုတာ… သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး ရပ်တန်သွားမှာ မဟုတ်ဘူး။ သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။ ဆင်ခြင်စဉ်စား အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင် နောက်ဆုံးမှာ… ပေါက်ကွဲပျက်စီးရတာချည်း။ သို့မို့ကြောင့်… ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့် ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။ အဲ့ဒါဆိုရင်… အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။ ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။ အစာအဆိပ်မသင့်တော့ဘူး။ ရေတိမ်မနစ်တော့ဘူး။ နာမကျန်းမဖြစ်တော့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။ သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့် ဤကမ္ဘာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ကဗျာဖတ်တတ်ချင်သူများအတွက် အဓိက အရေးကြီးဆုံးက စာတတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။ စာမတတ်မြောက်သူများအတွက် ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဖတ်ရှူသူနှင့် ကဗျာအား ဆက်သွယ်ပေးသော ကြားခံနယ်က မိမိ၏ ကိုယ်ပိုင်ဘာသာစကားဖြစ်သော စာကြောင်းများသာဖြစ်သောကြောင့်ပင်။ ထိုကြောင့် ပထမဆုံးမှာချင်တာက ကဗျာဖတ်တတ်ချင်လျှင် အနည်းဆုံးတော့ စာတတ်မြောက်ထားဖို့လိုကြောင်း ပြောလိုပါတယ်။ ဆရာ ကောင်းသန့်ရဲ့ ဒဿနစာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။ အဲ့ဒါက ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းက ဘဝကောင်းဖို့ လမ်းကြောင်းပြောင်းလဲ ပေးနိုင်တယ် တဲ့။ အဲ့ဒီစာကြောင်းရဲ့အဆိုအရ ကဗျာဆိုရင် ကဗျာရဲ့ ဆိုလိုရင်းကို သိဖို့လိုသလို၊ စာဆိုရင်လည်း စာရဲ့ ဆိုလိုရင်းကို သိဖို့လိုပါတယ်။ သို့မှသာ ဖတ်သူက ရေးသားသူ၏ ရည်ရွယ်ချက်ကို ခြုံငုံသိရှိကာ နှလုံးသားအထိ အမြစ်တွယ်သွားပြီး ဘဝတိုးတက်မှုအတွက် ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲ့ဒီမှာ ဖတ်သူတို့အား တစ်ခု […]


mamanoyarAugust 1, 20121min012
အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏ ..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့ မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ အိမ်ကြီးမှာဩဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက.. ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့ သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏…. ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင် များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏…. သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက် ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင် သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏…… ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏….. နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း မှာတော့သူမိဘများနှင့်အတူ သခင်တိ့ိုအတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ် ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏………. လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေဝင်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား သံကိုသူအတိုင်းသားကြားနေရ၏…. ” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့ ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….” “ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ ထက်မြက်တယ်” “ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …” အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင် မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ် မှန်းသူမသိခဲ့ပေ… ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ……………….. သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက် အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့ မှစတင်ပြီး […]


PareByokeAugust 1, 201221min06
လန်ဒန်အော်လံပစ်ဖွင့်ပွဲမှာပါဝင်ချီတက်လာတဲ့ မြန်မာအားကစားအဖွဲ့ဓာတ်ပုံတွေပါ (ကိုသူ့ဝေနဲ့ဂေဇက်ရွာသားများအတွက်ရှာရှာဖွေဖွေ ရတာလေးကိုတင်ဆက်လိုက်တာပါ)   LONDON, ENGLAND – JULY 27: Zaw Win Thet of the Myanmar Olympic athletics team carries his country\’s flag during the Opening Ceremony of the London 2012 Olympic Games at the Olympic Stadium on July 27, 2012 in London, England. – Myanmar Images: Firstpost Topic http://www.firstpost.com/topic/place/myanmar-london-england-july-27-zaw-win-thet-of-the-my-image-06ay69Q5H7clB-3445-1.html    Myanmar\’s flagbearer Zaw Win […]


အာဂJuly 31, 20121min08
Yangon Media Group — နိုင်ငံတော်သမ္မတဦးသိန်းစိန် – ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ CNA – ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ CNAသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ CNAသတင်းဌာနအနေနဲ့ ကျွန်မအပါအဝင် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ […]


alinsettJuly 30, 20121min06
ထိုအမည်ကို ကျွန်တော်ထုတ်ဖော်မပြောလို။ ထုတ်ဖော်ပြောမိပါက ပဉ္စလက်ပြလိုက် သလို သူပေါ်လာမည်စိုးသည်။ သို့သော်သူရောက်နေပြီ။ ကိုယ်တိုင်ကိုယ်ကျရောက် နေပြီ။ နှစ်တွေသည်လောက်ကြာပြီးမှ ယခုကျွန်တော်နှင့်ဆယ်ပေမကွာသော နေရာ တွင် သူအမြိန့်သားထိုင်နေသည်။ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။ _________________________________________ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။ ”အာစွပ်” ”အေမား” ”မင်း ဒီမှာဘာလုပ်နေတာလဲ” ကျွန်တော့်မေးခွန်း လုံးလုံးသုံးမရမှန်း သိလျက် အခြားစကားလည်း စဉ်းစား၍မထွက်။ ”ငါက-” အာစွပ်၏မျက်ခုံးတစ်ဖက် ပင့်သွားသည်။ ”ငါက ငါ့ပိုင် နက်ထဲမှာလေ။ ဘာလုပ်နေတာလဲဆိုတာ ငါကမေးရမှာကွ” ”ငါပြောပြီးပြီ” ဟုဖြေလိုက်သော ကျွန်တော့်အသံတုန်နေသည်။ ”ကောင်လေးလား” ”ဟုတ်တယ်” ”ဘာကြောင့်လဲ” ”သူ့အတွက် ငါငွေပေးပါ့မယ်။ ငွေကိုကြေးနန်းနဲ့ပို့ခိုင်းမယ်” ”ငွေ … ဟုတ်လား” ဟု အာစွပ်ဆိုကာ ရယ်သွမ်းသွေးသည်။ ”ရော့ ကင်းဟမ်းကို […]


Mon LayJuly 30, 20122min04
နန်းကျောင်းဆရာတော်သည် ပါဠိစာပေသင်ရိုးကျမ်း ဖြစ်သော သဒ္ဒါကျမ်းကို နိဿယ ပြန်ဆိုတော်မူသဖြင့် ထင်ရှားလာသော ဆရာတော် ဖြစ်သည်။ ဆရာတော်၏ နိဿယကျမ်း ကြီးမှာ ကောင်းမွန် မြင့်မြတ်လှသဖြင့် ခေတ်အဆက်ဆက် စာသင်သားတို့၏ လက်သုံးကျမ်းကြီး တစ်ဆူ ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ဗားကရာ ၊ သဒ္ဒါ နန်းကျောင်း ဟူ၍ ရှေးသူဟောင်း တို့ ဆိုစမှတ်ပြုကြလေသည်။ ဆရာတော်သည် ပြည်မင်း၏ အမတ်ကြီးဖြစ်သော နေမျိုးနော်ရထာ၏ သားဖြစ်၍ မှူးမတ်မျိုးနွယ်မှ မွေးဖွားလာသူ ဖြစ်သည်။ မွေးဖွားရာ ဒေသကိုမူ တိကျစွာ မတွေ့ရသေးချေ။ အချို့မူ၌ ပခန်းကြီးကျေးလက် ဘလဘရွာသားဟု ဆိုကြသည်။ ဖွားသက္ကရာဇ်ကိုမူ မှန်နန်း ရာဇဝင်တော်ကြီး-တတိယတွဲ၌ သက္ကရာဇ် ၁ဝဝ၆-ခု၊ တပေါင်းတွင် သာလွန်မင်းတရား ကြီးသည် သုဓမ္မာဇရပ်တော်သို့ ထွက်တော်မူပြီးလျှင် […]


zaw winJuly 29, 20121min04
အသင်ရထားကြီး သင်ဖြတ်သွားသော် ငယ်စဉ်ကလေးဘဝ ဘာကြောင့်ရယ်မသိ ငါတို့ပျော်၏ အသင်ရထားကြီး ငါကြီးလာသော် ပညာရှာမှီး မြို့သို့သွားရန် သင့်ကိုစီး၏ အသင်ရထားကြီး ငါအရွယ်ရောက်သော် ပညာတတ်မြောက် လုပ်ငန်းရောက်၍ မြန်ပြည်တလွှား သင်သွားလိုရာ သွားနိုင်စေရန် ငါ့ပညာဖြင့် လမ်းဖောက်-တံတားဆောက် လုပ်ဆောင်ခြင်းဖြင့် သင်လည်းပျော်ရွှင် ပြည်သူအများ ဝမ်းမြောက်ပါစေသတည်း။ မင်းသုတ 10:25 AM 13.2.2012


alinsettJuly 29, 20121min020
ထိုတာလီဘန်သည် လက်နှစ်ဖက်ကိုဆန့်ကားလိုက်ကာ ကိုယ်ကိုတစ်ပတ်ပြည့် အောင်ဖြည်းဖြည်းချင်းလှည့်၍ လူအုပ်ကြီးကိုနှုတ်ဆက်သည်။ ကျွန်တော်တို့ရှိရာ ဘက်ကိုလှည့်လာချိန်တွင် ထိုတာလီဘန် နေကာမျက်မှန်ဝိုင်းတပ်ထားသည်ကို တွေ့လိုက်ရတော့၏။ ဂျွန်လင်နွန်တပ်သည့်နေကာမျက်မှန်နှင့် တစ်ထေရာတည်းတူ သောမျက်မှန်။ ”ဒီလူဖြစ်ရမယ်” ဟု ဖာရစ်ဒ်ဆိုသည်။ ________________   ”ဒီလူဖြစ်ရမယ်” ဟု ဖာရစ်ဒ်ဆိုသည်။ တတိယပစ်ကပ်ကားပေါ်မှချထားသော ကျောက်ခဲပုံဆီ နေကာမျက်မှန် တာလီဘန်လျှောက်လာသည်။ ကျောက်ခဲတစ်လုံးကောက်ယူကာ ပရိသတ်ကိုပြသည်။ အသံများငြိမ်ကျသွားသည်။ တာလီဘန်ကောင်သည် ဘေ့စ်ဘောပစ်သူလို မတော်မတ ရားကြည့်ပြီး ကျင်းထဲမှ မျက်လုံးစည်းထားသူကို ကျောက်ခဲဖြင့်အားကုန်လွှဲ ပေါက်သည်။ ဂျိုစောင်းကိုထိသွားပြီ။ ကျင်းထဲမှအမျိုးသမီး၏အသံ ဝက်ဝက်ကွဲ သွားသည်။ လူအုပ်ကြီးလန့်ဖြန့်ပြီး အားခနဲအော်သည်။ ကျွန်တော်မျက်လုံးစုံ ပိတ်ကာ မျက်နှာကိုလက်ဝါးအုပ်ထားသည်။ ကျောက်ခဲတစ်လုံးပစ်တိုင်း ပွဲကြည့် ပရိသတ်ထံမှ အားခနဲအော်သံထွက်ပေါ်လာသည်။ အသံများရပ်သွားသော် ပြီး သွားပြီလားဟု ဖာရစ်ဒ်ကို ကျွန်တော်မေးသည်။ မပြီးသေးဟုသူဖြေသည်။ […]


လက်တို့သူက လက်တို့တာတောင် တကယ်လှုပ်မရတဲ့အနေအထားမို့ ညနေပိုင်းဆုတောင်းလေးဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ် လေးမိုက်ခ်ရဲ့ စိန်ရတုသုံးပုံနှစ်ပုံအလွန်နှစ်နှစ်မွေးနေ့မှသည် နှစ်ပေါင်းသိန်းသောင်းမက တွယ်တာသောမိသားစု၊ ချစ်ခင်သောသူငယ်ချင်းများနှင့် နှစ်သက်သော စကာ့တလန်စမ်းရည်လေး အားမှီဝဲရင်း စော်ကြည်သောဘဝ၊ ထီပေါက်သောချမ်းသာ၊ နိဗ္ဗာန်ရောက်နိုင်သော လောကုတ္တရာ အကျိုးများ သယ်ပိုးနိုင်သောသူဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်မင်လေးစားလျက် ကြောင်ဝတုတ်


manawphyulayJuly 28, 20122min012
ဒီနေ့တော့ မောင်အငယ်ဆုံးလေး ၁၃ နှစ်ကလေးရဲ့ Paint လက်ရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ သူကတော့ ပုံဆွဲတာ အတော်ဝါသနာပါတယ်။ စာရွက်အလွတ်ဆိုတာ မရှိသလောက်ပဲ အကုန်ပုံဆွဲတာ။ ကွန်ပျူတာမှာလည်း Paint သုံးပုံသုံးနည်းလေးနည်းနည်းပဲ ပြောလိုက်ရတယ်။ ဆွဲတော့တာပဲ။ သူဖန်တီးထားတဲ့လက်ရာတွေကို မမကြီး အင်တာနက်ပေါ်တင်ပေးမယ်ပြောတာနဲ့ ဝမ်းတွေ အတော်သာနေတဲ့ကလေးတစ်ယောက်ရဲ့ လက်ရာပဲဖြစ်ပါတော့တယ်။ အားပေးဝေဖန်ပေးကြပါဦးရှင်။ မောင်လေးနာမည်က အိမ်နာမည်စီးဖိန်လို့ ခေါ်ပါတယ်။


alinsettJuly 28, 20122min05
”ကျုပ်က ဒီတာလီဘန်ကောင် ကို ကလေးတစ်ယောက်ပေးဖို့ငြင်းရင် သူကဆယ်ယောက်ယူလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ပေးပြီး ကျန်ကလေးတွေကို အလာဟ်အရှင်စီမံတာစောင့်ရတယ်။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုမျိုချပြီး သူစွန့်ကြဲတဲ့သောက်ပိုက်ဆံကို ယူရတယ်။ ဈေးသွားပြီး ကလေးတွေစားဖို့ ဝယ်ရခြမ်းရတယ်” ဖာရစ်ဒ် မျက်လွှာချထားသည်။ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ……………………… _________________________________ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ဟုကျွန်တော်မေးကြည့်သည်။ ဇာမင်သည် လက်ညှိုးလက်မဖြင့် မျက်လုံးကိုပွတ်ပြီး ”တစ်ခါတလေတော့လည်း ပြန်ရောက်လာတဲ့ကလေးရှိတယ်” ”ဒီကောင် ဘယ်သူလဲ။ ဒီကောင့်ကို ဘယ်လိုရှာရမလဲ” ”မနက်ဖြန် ဂါဇီအားကစားရုံကိုသွား။ ပထမပိုင်းအားလပ်ချိန်မှာ သူ့ကို တွေ့လိမ့်မယ်။ နေကာမျက်မှန်အမည်းရောင် တပ်ထားတဲ့တစ်ယောက်” ဟု ဇာမင် ဖြေပေးပြီး မျက်မှန်အကွဲကောက်ကိုင်ကာ လက်ထဲလှည့်နေသည်။ ”ဆပ်တို့ကို အခုပြန်စေချင်ပြီ။ ကလေးတွေ သိပ်ကြောက်နေပြီ” ဇာမင် ကျွန်တော်တို့ကိုလိုက်ပို့သည်။ ကားထွက်လာစဉ် ကားဘေးကြည့် မှန်မှတဆင့် […]