alinsettAugust 5, 20151min021
.ဘေးဘယ်ညာက အိမ်အမိုးစွန်းတွေ ရပ်ထားတဲ့ဆိုက်ကားတွေ စက်ဘီးတွေ ဘာတွေညာတွေနဲ့ ကျနော်မောင်းတဲ့ကားရဲ့ ဘက်မှန်တွေနဲ့ လက်နှစ်လုံးစာလောက်ကလေးဘဲ ကပ်ကပ်သပ်သပ် လွတ်တယ်ဆိုရုံ အင်မတိအင်မတန် ကျဉ်းတဲ့လမ်း. . . အဲ့ဒီလို လမ်းကြိုကြားထဲအထိမှ  ဝင်မပေးရင် တစ်လမ်းလုံးစီးလာတဲ့အဖိုးအခ ပိုက်ဆံကို မပေးဘူးဆိုတဲ့အထာမျိုး. . . ချိုးရက်နိုင်တဲ့ ခရီးသည်တွေကိုလည်း အံ့ဩတယ်။ အဲ့ဒီလောက် ကျပ်သပ်နေတဲ့လမ်းထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လမ်းမအလည်ဘက် ခြေဆင်းထိုင်နေတဲ့လူလည်းရှိသေးတယ်။ ဒါ့ထက် အံ့ဩတာက ကျနော်မောင်းတဲ့ကားရဲ့ ညာဘက်အခြမ်းမှာ ရှေ့ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကို မထိအောင် ရှောင်လိုက်ရင် ကားရဲ့ဘယ်ဘက်အခြမ်းက ဘက်မှန်နဲ့. . .  လမ်းပေါ်ချထားတဲ့ အုတ်တိုင်ကီကြီးနဲ့ ထိမှာ သေချာသမို့ သူ့ခြေထောက်ကလေးကိုလည်း ထိမရ/ ဟိုဘက်က အုတ်တိုင်ကီကိုလည်း ပွတ်ဆွဲမရနဲ့. . . .ရှေ့ဆက် မောင်းလို့မရတာကို […]


ဒီတစ်ခါ မဲ နံပါတ် ကို ဒေါ်ဇီဇီ ရဲ့ စာရင်းမှာ သွားပြီး ကြည့်လိုက်ချိန် ပြုံးရုံမက အသံပါထွက်ပြီး ရီ လိုက်မိတာ။ ရွာ ထဲ က  ဝမ်းအော့သီ စူပါစတားအကြီးကြီး ရဲ့ နံမည် “ဘုန်းကျော်” ကို မြင်လိုက်ရလို့ပါ။ .  ဖေ့စ်ဘုတ် ထဲ မှာ နာမည်ကြီးနေတာမို့  သွေးကြီးပြီး ရွာထဲ မလာတော့ တာလားမသိ။ FB Friend တစ်ယောက်က ကဘုန်းကျော် ရဲ့ အော်ဇီမှာ အိမ်ဝယ်တဲ့ အကြောင်း ပို့စ်တစ်ခု ကို  ဖေ့စ်ဘုတ် ထဲ မျှထားတာ တွေ့တော့ ရွာက ကဘုန်းကျော် ဘဲ လို့ သိလိုက်ရတာ။ အဲဒီထဲ မှာ သူတို့ အိမ်လေး […]


ဒီတစ်ခါ မဲကျ သူကတော့ စက်ကွင်းလွတ်ကောင်းပါရဲ့။ ဒါတောင် ဟိုတစ်ကောင် ရှိတယ်လို့ ဆိုတဲ့ အရပ်မို့ သူ နဲ့ စက်ကွင်းလွတ်ပါ့မလား ပူ ရသေး။ ဘယ်တော့မှ မအိပ်တဲ့ “Big Apple’s” မြို့သူ “မစုဉာဏ်” ရယ်ပါ။ တကဲ့ စူပါစတား (၆ဝ နဲ့ ၆၂)  နှစ်ယောက်ကြား က ရ လာခဲ့တဲ့   ၆၁ နံပါတ်ပိုင်ရှင် ဟာလဲ အဖိုးတန်စာလုံးများ နဲ့ ရွာကို အလှဆင်ပေးသူ တစ်ယောက်ပါ။ . သွေးစပ်ရင် တော်နိုင်မဲ့ ရှမ်းမလေး က ရွာထဲ သူနေခဲ့တဲ့ ၃လတာ အတွင်းမှာ ပို့စ် ရပုဒ် တင်ပြီး အခုတော့ ရွာထဲ မှာ အသံမကြားတော့ဘဲ ပျောက်နေခဲ့တာ ဝမ်းနည်းစရာပါဘဲ။ […]


alinsettAugust 1, 20152min018
#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်# (A) ခါးသက်ကြမ်းရှ … ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်… (B) ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း…. နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး… ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ… ဘယ်ဆီမှာ အနားသတ်သွားပါသလဲ…. (C) အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့… ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်…. ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ.. ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့… (D) ဒီလိုပဲပေါ့ကွယ် … ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း … ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို… ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ… (E) ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ … […]


ဒီတစ်ခါ မဲနံပါတ်က ၁၁၀။ ကလောင်အမည်က “မောင်ပေ” ပါတဲ့။ “ရွာ သို ့ခ ဏ ပြန် ဝင် ခြင်း” ဆိုတာကို တင်သွားခဲ့တာ Oct 1, 2013 က ဆိုတော့ ရွာထဲ ပြန်ပြီး ပို့စ်မတင်တော့ တာ ၂နှစ်နီးပြီ။ အဲဒီ ပို့စ်ထဲ သူပြထားတဲ့ Sexiest Women of 2013 တွေ ကတော့ ရွာပျက်တုန်း ပုန်းနေကြပြီ။ သူ့ကို စသိတဲ့အချိန်မှာ သူ့ရဲ့ စပယ်ရှယ်  က ဘော်လုံးပွဲ တွေ ကို တစ်ကြို ဝေဖန်ပေးတာပါ။ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံးခြေလှမ်း ကတော့ ဘောပွဲ အကြောင်းမဟုတ်။ ဂျာနယ်တစ်ခုထဲ က ဆောင်းပါး […]


alinsettJuly 28, 20153min011
  အခု ကျနော် ကဗျာနှစ်ပုဒ်နဲ့ သီချင်းတစ်ပုဒ်ကို တို့ထိ ခံစားပြထားပါတယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   နာမည် ကျန်နေရစ်မယ် – ဖြူဖြူကျော်သိန်း =============================== သိုးတစ်ကောင် သေသွားခဲ့ရင် အကောင်းဆုံးအနွေးထည်နဲ့ ဟင်းတစ်ခွက်ပဲ… သစ်တစ်ပင်သေသွားခဲ့ရင် ပရိဘောဂများနဲ့ ထင်း အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားသာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… စပါးကြီးမွေ သေသွားခဲ့ရင် အကောင်းဆုံး ခါးပတ် ၊ ဖိနပ် ဆေးတစ်ခွက်ချန်ခဲ့ … နွားတစ်ကောင်သေသွားခဲ့ရင် သားရေပြားချပ်များနဲ့ အသား အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင် …. ဘာတွေ ကျန်နေရစ်မလဲ … ခင်ဗျားသာ သေရင်… ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားတို့ ကျုပ်တို့ ခေါင်းချ […]


ဒီ တစ်ခါ အလှည့်ကျလာသူ ကတော့ ကြီးမြတ်သော မဟာ။ “မဟာ မြန်မာ” ပါ။ မှတ်မိကြဦးမယ် ထင်ပါရဲ့။ အရေးအသားကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်စရိုက် ရှိပုံ ရတဲ့ ကလေး တစ်ယောက် ရွာထဲ က ပျောက်သွားတာ နှမြောဖို့ ကောင်းလိုက်တာ။ အဝင်ခက်လဲ တစ်ချက်ကလေး မှ ပြန်လှည့် မကြည့်နိုင်တော့အောင် အလုပ်တွေ ပိ နေခဲ့တယ် ထင်ပါရဲ့။ “တွေ့ဆုံ ကြုံ ကွဲ” ဓမ္မတာ လေးဘဲ ထားရတော့ မယ်လား။ “ခြင်္သေ့ ဆိုတာ”  ဆိုတဲ့ ဘာလိုလို ပို့စ်လေး ကို Oct 31, 2013 တင်ပြီး ပျောက်သွားတာ  နှစ်နှစ် နီးပါး ရှိတော့မယ်။ သူ့ ပထမဆုံး […]


alinsettJuly 20, 20154min09
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


ムラカミJuly 19, 20156min010
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


ဒီတစ်ခါ တော့ ဒီ နံပါတ် တစ်ဝိုက် မှာ တကဲ့ ဇော်တွေချည်း ဘဲ။ အဲဒီ ဇော် တွေ ကြားထဲ က နေ လက်ထဲ ပါလာတဲ့ နံပါတ် က အရင်က “ပိတောက်မိုး” လို့ သိခဲ့ကြတဲ့  ကဗျာချစ်သူ တွေ ထဲ က တစ်ယောက်ပါ။ အခုတော့ “ကာရံ” လို့ အမည်ပြောင်းထားတယ်။ သူက ရွာထဲ မှာ သိပ်တော့   ဖြစ်တဲ့ သူ မဟုတ်ပေမဲ့ သူ့ ကဗျာလေး တွေ ကို မကြာမကြာ လာလာပြီး တော့ ချ ပေးပါတယ်။ ကာရံ ရွာထဲ ကို စပြီး ခြေချခဲ့တာ Oct 3, […]


alinsettJuly 16, 20151min011
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပြန်လည် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုချက်သတင်း၊ ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူတချို့ကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သတင်း၊ မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) စတင်း ထုတ်ပေးလိုက်တဲ့သတင်း၊ တပ်မတော် ကိုယ်စားလှယ် ၁၄ဝ ကျော်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်အရေးနဲ့                           သမ္မတ ဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ သတင်းအခြေအနေများ၊ မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ပြုမူပြောဆိုရင် အရေးယူမယ့်အကြောင်း သတင်းထုတ်ပြန်ချက်၊ လက်ရှိ ဖြစ်ပွါးနေတဲ့ မြန်မာတိုင်းရင်းသားဒေသတွေအတွင်းက စစ်ဘေးအခြေအနေသတင်းများ၊ မြန်မာပြည်ဟာ အခုလက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး […]


alinsettJuly 11, 20152min029
    အိုးးးးးးဗျ. . . ရလဲ့. . . .ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။ ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။   ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။   အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ပေါင်း နှစ်ယောက်။ သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။   ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် […]


ဒီတစ်ခါ နှိုက် လိုက်တာ နံပါတ် ၁၈ တဲ့။ ဇီကလေး ရဲ့ စာရင်းပေါက် ကို ကြည့်လိုက်တော့ ရွာ့ဂုဏ်ဆောင် ကဘာဆြာကြီး အဘနီ (ခေါ်) နေဝန်းနီ ပါ။ ပါဝါ(၁၈) အဘနီ က လောလောဆယ် ပွိုင့်တစ်သိန်းပြည့် ထားသူပေါ့။ သူ ပျောက်မသွားပါ လို့ ဂတိပေးထားတာ။ ညဖက်မှာ ပေါက်ချလာတဲ့ ဧည့်ကောင်မလေး ဇာတ်လမ်းကလဲ တန်းလန်းနော်။ အဘနီ တစ်ယောက် ရွာထဲ ပို့စ်တင်ပြီး ခြေလှမ်းချတဲ့ နေ့ က Sep 25, 2010 ပါ။ ၅နှစ် နီးပါး ရွာထဲမယ် ပျောက်လိုက် ပေါ်လိုက် နဲ့ စာပေါင်း ကဗျာပေါင်း ၄၁၄ ပုဒ် ကို ရေးခဲ့ […]