ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ.. တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ… ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ.. လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ… ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…   ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်… သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့ ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ် ကနေတွက်ရင် နှစ်ပေါင်း..၁၀ရ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…   နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့.. ပိတ်ရက်အတွက် ကြီးမိုက်ရဲ့ လက်ဆောင်ပါဗျာ.. အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။  


black chawMarch 8, 20121min014
မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။ စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ […]


asiamastersMarch 7, 20121min02
  လွတ်လပ်ရေးနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက နဲနဲထူခြားတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ တစ်ကြိမ်မဟုတ်ပါဘူး။ နှစ်ကြိမ်ဖြစ်ပါတယ်။ ပထမလွတ်လပ်ရေးက ဂျပန်တွေ ပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်ခေတ်ထဲမှာပေးခဲ့တာပါ။ အဲဒီလွတ်လပ်ရေးကို လက်ခံယူခဲ့ တာကတော့ အဓိပဓိဒေါက်တာဘမော်ဖြစ်ပါတယ်။ နောက်လွတ်လပ်ရေးကတော့ အားလုံး သိကြတဲ့အတိုင်း အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်တွေက စစ်ရှုံးသွားတော့ မျက်နှာ ကြီးရာ ဟင်းဖတ်ပါဆိုသလို အင်္ဂလိပ်တွေပေးတဲ့လွတ်လပ်ရေးကိုပဲ လူတွေကမှတ်မိကြပါတော့တယ်။ လွတ်လပ်ရေးနေ့အခန်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ သမ္မတ အိမ်တော်မှာ ကျင်းပပါတယ်။ သမ္မတ အိမ်တော်ဆိုတာက အခုပြည်လမ်းပေါ်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော် အဆောက်အဦ ရဲ့ အနောက်ဘက်နားမှာရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီရယ်စတိုင် အဆောက်အဦကြီး ပါပဲ။ အလွန်ခန့်ညားပါတယ်။ ၁၉၈ဝ ကျော်လောက်မှ ဖျက်လိုက်တာပါ။ သရဲအတော်ခြောက် တယ်လို့တော့နာမည်ကြီးပါတယ်။ အထဲမှာတော့ အထက်တန်းစားအရာရှိကြီးတွေ […]


တစ်ခါတစ်ခါ စာရေးသူရော စာဖတ်သူပါ စိတ်ညစ်တာတွေ၊ စိတ်မအီမသာဖြစ် တာတွေ ကြုံတွေ့တတ်ရပါတယ်။ ဒီလိုအချိန်မှာ အနားမှာ အားပေးဖော်သူငယ်ချင်း တွေရှိနေရင် ကို်ယ့်ရဲ့ညစ်နေတာလေးတွေကို မျှဝေလိုက်ရင် အဆင်ဖြေတတ်ပါတယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေဆိုတာ အမြဲတမ်းကိုယ့်အနားမှာ ရှိမနေနိုင်ကြပါဘူး၊ ရှိနေပြန် ရင်တောင် ကိုယ့်ရဲ့စကားတွေကို အချိန်ပေးပြီး မမြဲတမ်းပေးပြီး နားမထောင်နိုင်ကြ ဘူးလေ၊ ဒီလိုဆိုရင် စိတ်ညစ်စရာတွေကြုံတွေ့လာတဲ့အခါ အားတင်းပြီးဖြေနိုင်ကြအောင် သူတော်ကောင်းကြီးတွေရဲ့ နှလုံးသွေးနဲ့ရေးသွားကြတဲ့ ဖြစ်ရပ်လေးတွေ ပြောပြချင်ပါ တယ်၊ သူတော်ကောင်းကြီးများဟာ သူတို့အပေါ်ဘယ်လောက်ပဲ ရက်စက်စက်၊ တိုက် ခိုက်တိုက်ခိုက် မေတ္တာနဲ့သစ္စာနဲ့ သာယှဉ်ပြိုင်အနိုင်ယူသွားကြတာပါ၊ ရက်ရက်စက်စက် စကားလုံးတွေ တုန့်ပြန်ရန်မူတာတွေနဲ့ အနိုင်မယူကြပါဘူး၊ ပထမဆုံးအနေနဲ့ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်းမင်း သူတော်ကောင်းကြီး အကြောင်းကိုပြောပြချင်ပါတယ်၊ ဆဒ္ဒန်ဆင်မင်းကြီးမှာ မဟာသုဘဒ္ဒါရယ် စူဠသုဘဒ္ဒါ ရယ်ဆိုတဲ့ ဆင်မမိဖုရားနှစ်ပါးရှိပါတယ်၊ တစ်နေ့တော့ […]


asiamastersMarch 6, 20121min010
  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ အင်အားကြီးမားလာတဲ့နိုင်ငံရေးစနစ်ကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါ တယ်။ ဆိုဗီယက်ရုရုား ဦးဆောင်တဲ့ ကွန်မြူနစ်စနစ်ဟာ အလွန်လွှမ်းမိုးလာခဲ့တယ်။ အစောပိုင်းမှာ တရုတ်နဲ့ ရုရှားဟာ ကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီး သဘောတရားရေးရာတူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝသဘောထားကွဲခဲ့ပါတယ်။ အိန္ဒိယမှာလည်း ကွန်မြူနစ်စနစ်ကခေါင်းထောင်လာခဲ့ပါတယ်။ ဒီလိုကွန်မြူနစ်စနစ်ကို ဦးစီးဦးရွက်ပြုလာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ်လွှမ်းမိုးဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့ အမေရိကန်နိုင်ငံဟာ ရေနံရဖို့နဲ့ ဩဇာအာဏာ လွှမ်းမိုးနိုင်ဖို့ လုပ်သလိုမျိုးပေါ့။ ကွန်မြူနစ်စနစ်အကြောင်းကို နဲနဲပြောမှရမယ်။ တကယ်တော့ ကွန်မြူနစ်စနစ်ဟာ ဥရောပမှာ စပြီးပေါ်ခဲ့တဲ့ Political Theory တစ်ခုဖြစ်ပါတယ်။ စပြီးပေါ်လာတာကတော့ Political Theorist တွေဖြစ်တဲ့ ကာလ်းမာခ်နဲ့ အိန်ဂျယ်တို့ရဲ့ Communist Manifesto ကွန်မြူနစ် အရင်းကျမ်းစခဲ့ပါတယ်။ […]


asiamastersMarch 3, 20121min06
  လွှတ်တော်ထဲမှာ ငြင်းကြခုန်ကြ၊ အာဏာရှိသူတွေက လုပ်ငန်းရှင်တွေကို လိုင်စင်တွေချပေးပြီး ကိုယ်ကျိုးအတွက်ရှာကြနဲ့ အလုပ်များနေကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတုန်းက အတူတူလုပ်ကိုင်ခဲ့ကြတဲ့လုပ်ဖေါ်ကိုင်ဖက်တွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းတွေကွဲပြားပြီး ရန်သူ တွေဖြစ်လာကြပါတယ်။ လူဆိုတာမျိုးက အဆင်ပြေနေရင် မသိသာသော်လည်း အဆင်မပြေတော့ရင် အသေးအဖွဲကိစ္စပင်လျှင် အမြင်ကွဲပြားလာကြပါတယ်။ နိုင်ငံရေးသမား (Politician) တွေမှာလည်း ဂိုဏ်းတွေ ဂနတွေ ကွဲပြားလာပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများလာပါတယ်။ အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် ပြိုင်ဆိုင်နိုင်ဖို့ ငွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာရပါတယ်။ မဖြစ်နိုင်တဲ့ ကတိတွေကို လူတွေကို ပေးရ ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ မိန်းမတွေကလည်းပြိုင်ကြပါတယ်။ ဘယ်သူကတော့ ဘယ်ဆိုင်မှာစိန် ဘယ်လောက်ဖိုး ဝယ်သွားတယ်။ ဘယ်သူကတော့ ဘယ်နေရာကမြေကွက်ကြီးကို ဝယ်လိုက်ပြီ။ ဘယ်သူ့မင်္ဂလာဆောင်မှာ ဘယ်လောက်လက်ဖွဲ့လိုက်တယ် ဆိုပြီး တော့ပေါ့လေ။ အာရပ် စကားပုံ တစ်ခုရှိပါတယ်။ ဒါကတော့ […]


asiamastersMarch 3, 20121min05
  မြန်မာ့တို့ရဲ့ နိုင်ငံရေး (Politic)  သမိုင်းကိုကြည့်ရသမျှကတော့ ဖွဲ့စည်းခဲ့သမျှ Political Organization တွေအားလုံး ပြိုကွဲသွားတာချည်းပါပဲ။ အခွင့်အရေးတစ်ခုမရချိန်အထိ စုစည်းနေကြ သေးပေမဲ့ အခွင့်အရေးတစ်ခုလည်းရရော စပြီး ပြိုကွဲတော့တာပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွား လာတာတာတော့ ပြိုကွဲခြင်းတွေပဲဖြစ်ပါတယ်။ ဖဆပလအဖွဲ့ကြီးဟာလည်း နှစ်ခြမ်းကွဲ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ပေးခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့လည်း နှစ်ခြမ်းကွဲပါတယ်။ ကွန်မြူနစ် ပါတီ ကလည်း အလံနီ၊ အလံဖြူစသည်ဖြင့်ကွဲပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာ နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ မြန်မာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင် ရဲ့ ပြုပြင်မှုတွေက မြန်မာလူမျိုးတွေကို သူမတူ အောင် ပြောင်းလဲစေခဲ့ပါတယ်။ အများအားဖြင့် မြန်မာလူမျိုးတွေဟာ အရောင်း/အဝယ် လုပ်ငန်း တွေမှာ ပါဝင်လေ့မရှိပါဘူး။ လူတွေနဲ့ဝေးရာမှာသာနေထိုင်လိုသူတွေဖြစ်ပါတယ်။ ဒါကြောင့် […]


asiamastersMarch 2, 20121min07
  သစ်ပင်တစ်ပင်ဆိုတာ အမြစ်ရှိမှ ရပ်တည်နိုင်ပါတယ်။ အမြစ်မရှိတဲ့သစ်ပင်ဟာ လေကလေးတစ်ချက်ဝှေ့ယုံနဲ့ ပြိုလဲသွားရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းအနိစ္စရောက်ပြီးနောက်ပိုင်းမှာ ခေါင်းဆောင်ဖြစ်လာသူက ဦးနုဖြစ်ပါတယ်။ ဦးနုဟာ မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးရနိုင်ဖို့အတွက် အင်္ဂလိပ်အစိုးရနဲ့နု-အက်တလီ စာချုပ်ကို ချူပ်ဆိုပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ဝ၄း၂ဝ မှာ မြန်မာနိုင်ငံပထမဆုံးလွတ်လပ်ရေးရခဲ့ပါတယ်။ ဒီလွတ်လပ်ရေးရတဲ့အချိန်မှာပဲ ကွန်မြူနစ်တွေရဲ့ ပထမဆုံးသေနတ်သံ ထွက်လာပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေဟာ ပထမဆုံးမြန်မာနိုင်ငံကို တိုက်ဖို့စဉ်းစားခဲ့ချိန်မတိုင်မီက မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို အတော် လေးစားကြောက်ရွံ့ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုများ တိုက်ခဲ့ရင် အဆုံးအရှုံးများမဲ့အရေးကို တွေးပူနေခဲ့တာပါ။ နောက်ပိုင်းသေသေချာချာလည်းသိလာရော မြန်မာတွေဟာ သင်္ကြန် အမြောက် တွေနဲ့ တူပြီး အမြစ်မရှိတဲ့သစ်ပင်လိုဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိလိုက်ရတဲ့ အချိန်မှာတော့ တစ်စက္ကန့်မဆိုင်းစစ်ပွဲစတင်ပါတော့တယ်။ ဒီလိုရိပ်မိသွားရတဲ့အကြောင်းကတော့ ဘုရင်ရှေ့မှာ ခေါင်းမဖေါ်ပဲ ကြောက်ဟန်ဆောင်သော်လည်း […]


asiamastersMarch 2, 20121min05
  ဒီနေ့ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြလေတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဒီမိုကရေစီအကြောင်းကို နဲနဲပြောရန်လိုလာပါတယ်။ ဒီမိုကရေစီ ဆိုတာက Political System ဖြစ်ပါတယ်။ မူရင်း အဓိပယ်ကတော့ အများသဘောနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းပါပဲ။ တကယ်တော့ ဒီကနေ့ပြောနေတဲ့ ဒီမိုကရေစီဆိုတာက မြန်မာနိုင်ငံအတွက် အသစ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက မြန်မာ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်။ ၁၉၆၂ ခုနှစ် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲတဲ့အချိန်ထိပါပဲ။ ဒီတော့ အခုပြောနေတဲ့ ဒီမိုကရေစီဟာ ဒုတိယဒီမိုကရေစီဖြစ်ပါတယ်။ ၁၉၄ရ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တို့ မလုပ်ကြံခံရမီ အချိန်မှာ မြန်မာလူငယ်ခေါင်းဆောင်တွေ၊ ငွေရှင်အရင်းရှင်တွေ၊ ကွန်မြူနစ်လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရလာရင် ဘယ်လိုရှေ့ဆက်သွားကြမယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ မြန်မာမျိုးချစ် […]


viparFebruary 24, 20121min012
အရစ်ကျစနစ်နဲ့ မကြာသေးမီကရောင်းချသော SHINE construction မှအထပ်မြင့်အိမ်သာများဆောက်လုပ်နေခြင်း။ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ် ၂လမ်းထိပ်တွင် SHINE construction မှတာဝန်ယူဆောက်လုပ်နေသော ကန်ထရိုက်တိုက်မှ မိလ္လာကြွင်းမှာ သာမာန်ထက်မြောက်များစွာ မြင့်အောင် ဆောက်လုပ်နေတဲ့ အတွက် ပတ်ဝန်းကျင်မှအိမ်များ မကျေနပ်လို့ပြောကြားရာမှာ ဂရုမစိုက်ဘဲဆက်လက်လုပ် ကိုင်နေပါသည်။သာမက်ထက် ၃ပေ၄ပေမြင့်အောင်ဆောက်လုပ်ထားတဲ့ အတွက် နောင်တစ်ချိန် မိလ္လာလျှံကျ လာခဲ့ရင် ပတ်ဝန်းကျင်မှအိမ်များ ကျမ်းမာရေးလူမှူ့ရေးမြောက်များစွာထိခိုက်နိုင်ပါသည်။စည်ပင်သာယာ မှလည်း ထိုကဲ့သို့ ပတ်ဝန်းကျင် ကိုထိခိုက်စေသော လုပ်ရပ်များအား ခွင့်ပြုမိန့်မချပေးသင့်ပါ။ တာဝန်ရှိသူများမှပတ်ဝန်းကျင် အိမ်နီးနားချင်းများ ကျမ်းမာရေးလူမှူ့ရေးများအားထောက်ထားပြီး တာဝန်ယူဖြေရှင်းပေးပါရန်ပန်ကြားအပ်ပါသည်။


amatminFebruary 22, 20121min011
ရွှေတိဂုံဘုုရားပေါ်ကို အခေါက်ခေါက်ရောက်နေပေမဲ့ သမိုင်းထဲက မှတ်တမ်းတချို့ကို မသိခဲ့တာအမှန်ပါ.။ ဒီနှစ် ရဲ့အစပိုင်းတုန်းက ကိုပေါက်တင်ဖူးတဲ့ “မြန်မာပြည်၏.. ” ဆိုတဲ့ပို့စ်မှာ ရွှေတိဂုံဘုရားပေါ်ကိုဧည့်သည်တယောက်လိုက်ပို့တော့ ဘုရားပေါ်မှာဘာရှိမှန်းမသိလို့ ဒုက္ခရောက်ရတယ်လို့ကွန်မန့်ပေးပြီးဒီလိုလေးညည်းမိတော့ကာ.. amatmin says: နှစ် ၂၆၀ဝ ပြည့်ပွဲမကြာခင်ကျင်းပမယ်ဆိုတာဘုရားရင်ပြင်မှာရေးထားတာ တွေ့မိတယ်..အဲဒါနဲ့ ဆက်စပ်ပြီး တလောလေးကအမေးခံလိုက်ရတာလေး ပြောပြချင်သား.. ဧည့်သည်တယောက်လာ လို့ ရွှေတိဂုံလိုက်ပို့ပေးတော့ ဘုရားဖူးရင်းသူကသိချင်တာလေးတွေမေးတော့ ကြားဖူးသလောက်လေးရှင်းပြရင်း ဘုရားပေါ်က နှစ်၂၆၀ဝပြည့်ပွဲတော် ဆိုတာတွေ့မိတော့ သူ့ကိုရှင်းလည်းပြလိုက်ရော. အဲဒီ နှစ်၂၆၀ဝ ထိ ထိန်းသိမ်းလာတဲ့ တစုံတရာ(ဘုရားပုံ)ကိုမြင်ဖူးချင်ပါတယ်တဲ့.. အပြင်မှာတော့ မရှိဘူး ဆံတော်ကိုအထဲမှာမြုပ်နှံလှူထားတာလို့ (ကိုယ်သိသလိုပဲ) ပြောလိုက်ရတယ်.ဒါနဲ့ဘုရားဓါတ်ပုံမှတ်တမ်းတွေမှာတော့ နှစ်ပေါင်းရာကျော် ပုံတော့ရှိမှာဘဲဆိုပြီးပြခန်းကိုခေါ်သွားလိုက်တာ ၁၉၀ဝ ကျော်က ပုံမှတ်တမ်းကအစောဆုံးတဲ့.. ဘုရားပတ်လည်ကကြားဖူးနားဝရှိတဲ့ တန်ဆောင်းတွေ ကိုပတ်ရှာတော့လည်း မထူးခြားနား. အဲဒီအချိန်အတောအတွင်းမှာခေါင်းထဲရောက်နေတာကအထောက်အထားရဲ့ အရေးပါပုံပဲ.. ကိုယ့်ယုံကြည်မှုအရတော့ ဆံတော်နှစ်ပေါင်း […]


ထာ၀ရFebruary 16, 20121min09
ရှေး ရှမ်းစော်ဘွား တွေရဲ. နန်းစဉ် ရတနာတပါးလို.ဘဲ အကြမ်းဖျင်းသိရပါတယ် နဝရတ်ကိုးသွယ်လက်စွပ်တကွင်းပါဘဲ… ဒီလက်စွပ်ရဲ. စော်ဘွားနွယ်ဝင်နောက်ဆုံးပိုင်ရှင်ဟာ လက်စွပ်ကို ထာဝရ ရဲ.လက်ထဲကို ရှမ်းတို.ရိုးရာကတော.ပွဲအစုံနဲ. အပ်နှံပြီး အမေရိကားကိုထွက်သွားတဲ.အချိန်ကစလို. အခုအချိန်ထိ အဆက်သွယ်မရတော.ပါဘူး သူကြီးခင်ဗျား ရှေးနန်းစဉ် ရတနာ တပါးမို. သူ.ရဲရာဇဝင်ကိုလဲသိနိင်တဲ.လူများ ရွာထဲမှာရှိခဲ.ရင် ဒါမှမဟုတ် ဝင်ရောက်ဖတ်ရှုသူတွေထဲကပညာရှင်တွေများသိခဲ.ရင် ဖေါ်ထုတ်ပေးနိင်အောင် ရှားပါးတဲ.နန်းစဉ် နဝရတ်လက်စွပ်ရဲ.ပုံတွေကိုတင်ပေးလိုက်ပါတယ် ဒီနဝရတ်လက်စွပ်ဟာ ဘေးတဖက်တချက်မှာ ကဒေါင်းကနေတဲ.ပုံကိုအနုစိတ်ပြုလုပ်ထားပါတယ် လက်စွပ်တဲ.ဘက်၂ဘက်မှာတော. ခြင်္သေ. ကို နဂါး၂ကောင် ခြံရံထားတဲ.ပုံ ကိုအနုစိတ်ပြုလုပ်ထားပါတယ် ဘယ်လောက်အနုစိတ်လဲဆိုရင်ခြင်္သေ.ရဲ.လိင်အဂါင်္ကိုတောင်မှန်ဘီလူးနဲ.ကြည်.ရင်တွေ.နိင်ပါတယ် လက်စွပ်ကွင်းဟာသာမန်လူလက်မမှာစွပ်တာတောင်ချောင်ချင်ပါတယ် လက်စွပ်ဟာပတ္တာ နဲ.ပြုလုပ်ထားတဲကွင်းအရှင်ပါ လက်စွပ်ဟာနဝရတ်ကိုးသွယ်ကိုစီခြယ်ထားပေမယ်. မတ္တမြားပတ်လည်မြှတ်ထားတဲ.ရှေးလက်စွပ်တကွင်းပါဘဲ နောက်ဆုံးပိုင်ရှင်ရဲ. ပြောပြချက်အရ ရှေးရှမ်းတော်ဝင်စော်ဘွားတွေ တရားစီရင်ရာ နဲ.မင်္ဂလာအခမ်းနားတွေမှာ ဝတ်စဉ်လေ.ရှိတဲ.ရတနာ တပါးလို.ဆိုပါတယ်   အမြဲ ပြောင်းလဲနေတဲ. ထာဝရ  


minn_annawarFebruary 16, 20121min03
အရီးလတ်ရဲ့ ဒါ့ပုံနဲ့  ပတ်သက်လို့   သတိရသွားတာလေးတစ်ခုပေါ်လာလို့ ပါ။ သမီးကြီးငယ်ငယ် က မြန်မာပြည်မှာ TV ပေါ်ကာစလေ၊ လူကြီးတွေ TVဖွင့်ရင် ကလေးတွေက ထိုင်ကြည့်ကြပေါ့၊ တစ်နေ့   မှာ  လူကြီးတစ်ယောက်က TV ဖွင့်နေတုံး အစဉ်မပြေဖြစ်နေတာနဲ့   သမီးကြီး က အော်ဖူးပါတယ်၊ “သဝေထိုးနှိပ်၊ သဝေထိုးနှိပ်’ တဲ့၊ သူနှိပ်စေချင်တာက Channel 6 လေ။  ဒါပေမဲ့ သူသိထားတာက “သဝေထိုး’ဖြစ်နေတာကိုး၊ နောက်တစ်ခါ သမီကြီးကမွေးတဲ့ မြေးမ သူတို့ ခေတ်ကျတော. မူကြိုမှာထဲက English လိုသင်ပြီး English လိုအပြောများတဲ့ခေတ်၊ သူ့  အဖွား ကပိုက်ဆံလာတောင်းတော့  သူ့  မှာရှိတဲ့ သူ့   အဖေပေးထားတဲ့ ၁၀ဝတန်ငွေစက္ကူ ကိုထုတ်ပေးတယ်၊ သူ့  အဖွားနောက်ချင်တာနဲ့    အဲဒါဘာလဲ […]