ရ ။ စမ်းချောင်းမြို ့နယ် ၊ ကြည့်မြင်တိုင်မြို ့နယ်၊ ကမာရွတ်မြို့နယ် ၊ မရမ်းကုန်းမြို ့နယ် ၊ ဗဟန်း မြို ့နယ်၊ တာမွေမြိ်ု ့နယ်..များရှိ လမ်းများ၏ မြန်မာ အမည်များကိုလည်း..ချိုြိမိန်စွာ ကြားခွင့် ရှိလာခဲ့လေသည်။ ဥပမာ ကင်းဂျော ့ အဲဗင်းနယူးလမ်း ..၊ ( ကွမ်းခြံလမ်း ) ၊ ဂွတ္တလစ် လမ်း ( ဆရာစံလမ်း ) ကင်းပဲ လမ်း ( ငါးထပ်င်္ကြီ း ဘုရားလမ်း ) ချင်းချောင်း အဲဗင်းနယူးလမ် း( ကမ္ဘောဇ လမ် း) လင့်ခ်လမ်း ( ရွှေဂုံတိုင်လမ် း) လောင်းဝစ် လမ်း […]


San Hla GyiJune 16, 20121min050
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) နဲ့ (အပိုင်း ၂) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နောက်တော့ နရသီဟပတေ့မင်းက လက်နက်ချဖို့ စဉ်းစားပြီး ရှင်ဒိသာပါမောက်ကို ငြိမ်းချမ်းရေးအတွက်နဲ့ သံတမန်အဖြစ် ကူဗလေခန်ရှိရာ တိုင်ကူး(ဝါ)တယ်တူ(ယခု ပီကင်း) ကိုလွှတ်ပါတယ်။ ဆရာတော်ဟာ ယူနန်က ယချည်(Yachi) မှာဝါဆိုပြီးမှ ပီကင်းကို ဆောင်းလယ်မှာ ရောက်သွားပါတယ်။ ရှင်ဒိသာပါမောက်နဲ့ ကူဗလေခန်တို့ အမေးအဖြေ ပြောပုံဆိုပုံတွေကိုတော့ ကျောင်းသုံးစာအုပ်တွေမှာလည်း ပြဌာန်းထားလို့ အသေးစိတ် မရေးတော့ပါဘူး။ အနှစ်ချုပ်ကတော့ တိုင်းပြည်မှာ လူမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် စစ်သည်ရဲမက်တွေ ပြန်ခေါ် လူတွေပြန်ခေါ် ကောက်ပဲစိုက် ပြီးမှအခွန်သိမ်းဖို့လာပါ ဆိုတဲ့ ရှင်ဒီသာပါမောက် စကားကို မွန်ဂိုဘုရင်ကြီး သိပ်ကြိုက်ပြီး ငြိမ်းချမ်းရေး ရခဲ့ပါတယ်။ […]


introJune 16, 20121min01
  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေစဉ်မျိုးဆက်ဇယားပါ။ တယောက်က Share လုပ်ပေးတာတွေ့ပေ မယ့် မယူဖြစ်ခဲ့ပဲ။ ဒေါက်တာလွမ်းဆွေဘလော့ဂ်မှာထပ်တွေ့တော့မှ ယူဖြစ်သွားပါတယ်။ @Facebook


( ၁ ) မြေကြီးကို တူးမကြည့်နိုင်သောအခါ ..ရန်ကုန် သမိုင်း အုတ်မြစ်ကိုသာ တူးရတော့သည် ။ ရွှေတိဂုံစေတီတော် သမိုင်းက ဆိုသည် ။ ရန်ကုန်သည် ရှေးနှစ်ပေါင်း ၂၅၀ဝကျော် အထက်က ပင် ရှိနေခဲ့သည် ။ ဥက္ကလာပ ဟု အမည် တွင်ခဲ့သည် ။ ဇမ္ဗူဒီပါ ဦးဆောင်း ကျမ်းကလည်း. ပုဂံပြည်ကြိး၏ အပိုင်းခြားကို ပြခဲ့သည် ။ “အရှေ့တောင်သို ့ လားသော်.. ဂျွမ်းပြည်အကုန်း ဒဂုံပြည်မြေအဆုံး ” ဟု တွေ့ရသည် ။ အနော်ရထာ၏ ပုဂံနှငင့် ခေတ်ပြိုင် ဒဂုံသည် တံငါရွာကလေး အဖြစ်လောက်သာ ရှိပေဦးမည် ။ ပင်းယ ခေတ် ၊ အင်းဝခေတ်တွင် ဒဂုံသည် […]


မြန်မာနိုင်ငံကြီးသာ ပန်းခင်းကြီးတစ်ခင်းဆိုရင်ဖြင့်- ပြည်သူတွေဟာ ပန်းပွင့်လေးတွေဖြစ်လာကြမှာပါ… ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးတွေမဖြစ်ချင်သလို… မြေဩဇာ မရတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူး… နေရောင်မရတဲ့ လောင်းရိပ်အောက်မှာ မဖူးပွင့်ချင်သလို… သွေးစွန်းတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူးဗျာ… ကျွန်တော်တို့နေတဲ့ ပန်းခင်းကြီး ပိုပြီးလှပတာ… ပိုပြီးအရောင်အသွေးစုံလင်တာ… ပိုပိုလှတဲ့ပန်းလေးတွေပဲ မြင်ချင်မိတာ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါဗျာ… ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေနဲ့ဥယျာဉ်မှူးကြီးဖြစ်နေတော့ ကျွန်တော်တို့ဘဝက ဘယ်မှာ သိပ်ပြီး လန်းဆန်းနိုင်ပါ့မလဲ… ဥယျာဉ်မှူးကြီးရဲ့အဖေ ဥယျာဉ်မှူးဟောင်းကြီး ဖဲရိုက်၊ အရက်သောက်လို့ တင်သွားတဲ့အကြွေးတွေကို သားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေထိုးဆပ်နေမှတော့ ကျွန်တော်တို့ ပန်းခင်းလေးဟာလဲ… သိပ်ပြီးတော့မလှပတော့ဘူးလေ… ဥယျာဉ်မှူးဟောင်းကြီးလက်ထက်တုန်းက ရှိသမျှရောင်းပြီး အရက်သောက်ဖဲရိုက်လို့… အဝီစိတွင်းလေးက မော်တာလေးလဲမရှိတော့ဘူး… ပန်းခင်းဘေးမှာ ထိုင်စရာခုံတန်းလေးလဲ ခြံစည်းရိုးတွေပေါက်ပြဲလို့ အပြင်ကလူတွေဝင်လာပြီး ထင်းစိုက်ဖို့ ဖြုတ်ယူသွားကြပြီ… နောက်ဆုံးကုန်းကောက်စရာမကျန်တော့လို့ အရိပ်ရတဲ့ ဗံဒါပင်ကြီးကိုတောင် ခုတ်ရောင်းလိုက်ရတယ် မဟုတ်လား… […]


San Hla GyiJune 2, 20121min053
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နရသီဟပတေ့မင်းဟာ အဲဒီလို မွန်ဂိုဘုရင် ကူဗလေခန်နဲ့ ပြဿနာတတ်ပြီး မွန်ဂိုတပ်တွေ မြန်မာနိုင်ငံတွင်းကို ချီတတ်လာပေမယ့် ချက်ချင်းချီလာနိုင် တာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တခြားစစ်မျက်နှာတွေလည်း ဖွင့်ထားလို့ပါ။ ၁၂၇ရ မှာ မြန်မာတပ်နဲ့ မွန်ဂိုတပ်တို့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားပါတယ်။ မွန်ဂိုမြင်းတပ်နဲ့ မြန်မာဆင်တပ်တို့ ပထမဆုံးတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပထမဆုံးတိုက်တုန်းကတော့ မြန်မာက စစ်ရေးသာတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြင်းတွေက ဆင်ကိုလန့်ပြီး တောထဲကို ဆုတ်ပြေးပါတယ်။ ဒီမှာတင် မွန်ဂို လေးသည်တော်တွေက မြင်းပေါ်ကဆင်းပြီး သစ်ပင်တွေကို အကာအကွယ်ယူပြီး မြှားမိုးရွာပါတယ်။ သစ်လုံးကြီးတွေကို မီးရှို့ပြီး တွန်းပေးတဲ့အခါ ဆင်တွေက မီးရောင်မြင်ပြီး […]


          “ကျောက်ပန်းဆွဲများနှင့်ဆင်းတုတော်ံ”(အပိုင်းနှစ်)     ဝင်္ကပါထဲကိုရောက်သွားပြီးဓါတ်ပုံတွေတဖျပ်ဖျပ်ရိုက်နေပါတယ်.။ ကွေ့ကောက်ရှုပ်ထွေးသောလမ်းကလေးကနေအပေါ်ကိုရောက်မှန်းမသိရောက်။ အောက်ကိုပြန်ဆင်းလို့လာမိပါတယ်။ အောက်ရောက်တော့ ဘုရားများကြားကနေဖြတ်ရင်း ဖြတ်ရင်း ဝင်ပေါက်ကိုပြန်ရောက်လာပါတယ်။ ဝင်ပေါက်အောက်ဖက်ကိုကြည့်လိုက်တော့ ဝင်ပေါက်လမ်းလေးတစ်ခု။ အဲဒီလမ်းလေးအတိုင်းဝင်သွားလိုက်တော့ နောက်ထပ်ဂူအကျယ်ကြီးတစ်ခုထပ်တွေ့။ အထဲမှာဝင်ကြည့်တော့ရေတွေစိုရွှဲလို့ချောနေပါတယ်။ မလဲအောင်ဂရုစိုက်။ မဒမ်ပေါက်ရှာကြည့်တော့မတွေ့။ အထဲမှာတော့လှပတဲ့ကျောက်ပန်းဆွဲတွေ ကျောက်တိုင်တွေထပ်တွေ့။ အဲဒါနဲ့မဒမ်ပေါက်ကို အပြင်ထွက်ရှာတော့ ခုံပေါ်မှာထိုင်နေတာတွေ့။ သူ့ကိုခေါ်ပြီးအထဲပြန်ဝင်တော့ ဒီပုံတွေကိုရလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (30-5-2012)


  ဂုတ်ထိပ်တံတား မြန်မာ့လှည်း မြင်တော့မြင်ဘူးတယ် နေရာမသိလို့ ရှေးက ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်း ဧရာဝတီမြစ်ထဲက မြန်မာ့လှေတော် ကုန်းဘောင်ခေတ်နှောင်း မြန်မာအမျိုးသမီး မြေဝိုင်းဇာတ်အဖွဲ့ မန်းလေး အကျဉ်းထောင် ကုန်သည်လမ်း၊ ရန်ကုန် နန်းဦးကျောင်း မပုပ်မသိုးတဲ့ ရဟန်းတော်ရဲ့ ရုပ်ကလာပ် ဆိပ်ကမ်းနဲ့ လှေတွေ ဗြိတိသျှနဲ့ အိန္ဒိယတပ်တွေ မန်းလေးမှာ စစ်ရေးပြနေပုံ ဆင်ထိန်းတွေ ရှင်ပြုပွဲ ဘုန်းကြီးပျံ ပုံတွေက အများကြီးကျန်ပါသေးတယ်။ နောင်များ အချိန်ရရင်ဖြင့် ထပ်ပြီးတင်ပေးပါ့မယ်……….။


San Hla GyiMay 26, 20121min027
(ဒီဆောင်းပါးဟာ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်အကြောင်း ရေးရင်းနဲ့ ဆက်ရေးစရာလေးတွေ ပေါ်လာလို့ ရေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ရေးတုန်းကတော့ အပိုင်းမခွဲဘဲ တပုဒ်ထဲ ရေးမလို့ပါ။ ဒါပေမယ့် သိပ်ပြီးရှည်တာရယ် အထောက်အထားတွေကို တတ်နိုင်သလောက် ဖတ်နေရလို့ပါ။ ရသမျှ အချိန်လေးမှာ တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ သိပ်မကောင်းပေမယ့် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အရင်တုန်းက မေးဖူးတဲ့ ကိစ္စလေးတွေကိုလည်း နောက်တပိုင်းမှာ ဖြေနိုင်အောင် ကြိုးစားပါမယ်။) မွန်ဂိုစစ်သည်တွေ မြန်မာနိုင်ငံကို ပုဂံခေတ်နှောင်းပိုင်း လောက်မှာလာတိုက်ခဲ့တာ မှန်ပါတယ်။ သက္ကရာဇ် ၁၂၈၃ လောက်မှာ ဖြစ်ပြီး နရသီဟပတေ့(မင်းခွေးချေး) လို့ကျော်ကြားတဲ့ ဟင်းခွက် ၃၀ဝ ပြည့်မှပွဲတော် တည်သူ လက်ထက်မှာပါ။ မြန်မာရာဇဝင်မှာတော့ တရုတ်တရက်တို့ လာရောက်နှောင့်ယှက်ခြင်း လို့ရေးပါတယ်။ နရသီဟပတေ့ကို မြန်မာရာဇဝင်မှာ တရုတ်ပြေးမင်းလို့လည်း ခေါ်ပါတယ်။ အမှန်တော့ […]


asiamastersMay 23, 20121min032
တကယ်တော့ ဒီနေ့ဖြစ်နေတဲ့ လျှပ်စစ်ဓါတ်အားအခြေအနေတွေက မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေတောင်ကြေညာသင့်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့ဖြစ်နေတဲ့ လျှပ်စစ်ပြသနာ ဒီနေ့က စဖြစ်တဲ့ ပြသနာမျိုးမဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး၊ ပါလီမန်ဒီမိုကရေစီခောတ်၊ ဆိုရှယ်လစ်ခောတ်၊ တပ်မတောအစိုးရအုပ်ချုပ်တဲ့ နဝတနဲ့ နယက ခောတ်တွေအားလုံးပေါင်းရဲ့ အားနည်းချက်တွေကြောင့်ဖြစ်တယ်။ ဒါကြောင့် KIA သောင်းကျန်းသူတွေရဲ့ ဓါတ…်တိုင် မိုင်းခွဲတာလောက်ကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ပြသနာကြုံစရာအကြောင်းမရှိဘူး။ နဝတ အစိုးရတာဝန်ယူချိန်မှာ တိုင်းပြည်ကချွတ်ချုံကျနေချိန်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ကြောင့် နလံပြန်ထူလာခဲ့တယ်။ ဒါပေမဲ့ ဦးစားပေးတွေက အလွဲကြီးလွဲခဲ့တယ်။ နယခ ခောတ်ဆိုတော့လည်း အဆိုးဆုံးပါပဲ။ အကျင့်စာရိတ္တကောင်းမွန်ပြီး အမှန်ဘက်ကိုသွားလိုသူတွေ အားလုံးပျက်စီးသွားကြတယ်။ ဦးစားပေးတွေ အလွန်ပဲမှားယွင်းခဲ့တယ်။ စနစ်တွေပေါ့။ စနစ်တွေကိုပြောရင် Political System, Economic system နဲ့ […]


သမ္မတကြီး နေမကောင်းဘူးကြားလို့ ပြည်သူတွေ စိုးရိမ်တကြီးနဲ.မေတ္တာပို့နေကြရတာ အားလုံး အသိပါပဲ။ ပင်ကိုယ်က ကျန်းမာရေးမကောင်းပေမဲ့ ရွှင်ရွှင်လန်းလန်းတိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေ တဲ့ကြားက ယခုလို ရုတ်တရက် သတင်းထွက်ပေါ်လာတာ သမ္မတကြီး အကိုဆိုသူ ကြောင့်ထိခိုက်သွားတာဖြစ် မယ်လို့ မြောင်းမြသားတွေက ကောက်ချက်ချနေကြပါတယ်။ သမ္မတကြီးအကိုဆိုသူဟာ မြောင်းမြမြို့ဟောင်းရွာက မသမာသူတွေနဲ့ပေါင်းပြီးပြီးခဲ့တဲ့ သင်္ကြန် က စပြီး ဘုရားသိုက်တူးနေပါတယ်။ မြောင်းမြမြို့ဟောင်းကုန်းကြီးက တကုန်းလုံးရှေး ဟောင်း ဘုရား စေတီပျက် တွေ ပြည့်နှက်နေပါတယ်။ မသမာသူတွေကတော့ အဲဒီ့ကုန်းတော်ကြီးမှာ ကွမ်းခြံဘောင် ပေါက်သလို၊ အိမ် တိုင်းကျွင်း တူးသလို၊ခြံစည်းရိုးခတ်သလိုနဲ့ ရွှေတိုငွေစတွေကို တူးဆွယူနေကြပါ တယ်။ ရသွားပြီး သူဋ္ဌေးဖြစ်နေ တဲ့လူတွေ လည်းရှိပါတယ်။ဒါကြောင့်မြို.ဟောင်းကုန်းတော်ကြီးကို နိုင်ငံ တော်က ရှေး ဟောင်းယဉ်ကျေးမှု စောင့်ရှောက် နယ်မြေသတ်မှတ်ပြီး ခွင့်ပြုချက်မရှိပဲ […]


San Hla GyiMay 19, 20121min048
စာဖတ်သူ မိတ်ဆွေတို့ရေ (ဒီတကြိမ်တော့ မြန်မာ့သမိုင်း မဟုတ်ပဲ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ဖူးတဲ့ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန် အကြောင်းကို ရေးလိုက်ပါတယ်။ ကိုယ်နဲ့တော့ သိပ်မဆိုင်ပေမယ့် သမိုင်းမှာ ထင်ရှားခဲ့သူလည်းဖြစ် တာကြောင့်ပါ။ အာရှတော့ အာရှသားပါပဲ။ ကိုယ်က ကြားလူအနေနဲ့ ရေးတဲ့သဘောပါ။ ဟိုတလောက မြန်မာဘောလုံးအသင်း မွန်ဂိုလီးယားကို သွားပြီး အဝေးကွင်း ကန်ခဲ့တုန်းက လေဆိပ်နာမည်က ဂျင်ဂစ်ခန်လို့ သိရပါတယ်။) ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မွန်ဂိုအောင်နိုင်သူ ဂျင်ဂစ်ခန်ကို အေဒီ ၁၁၆၂ လောက်က မွန်ဂိုလီးယား လွင်ပြင်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ မွန်ဂိုမျိုးနွယ်စု ခေါင်းဆောင်တယောက် ဖြစ်ပြီး သားဖြစ်သူကို တေမူဂျင်(Temujin) လို့အမည်ပေး ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မွန်ဂိုဘာသာနဲ့ သံမဏိလို့ ဆိုပါတယ်။ သူ့ဖခင်ဟာ မျိုးနွယ်တူစု တခုက […]