alinsettSeptember 11, 20145min028
အလင်းခြုံတဲ့ သတင်းZone-1   မင်္ဂလာပါ ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ် (၂) ကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့…. * သမ္မတဦးသိန်းစိန်က ပြည်သူတွေ လိုလားတယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဆက်လုပ်ဖို့ ဆုံးဖြတ်မယ် လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်း၊ * မြန်မာနိုင်ငံဟာ အခုနောက်ပိုင်းမှာ နောက်ကြောင်း ပြန်လှည့်နေပြီလို့ အမေရိက လွှတ်တော်အမတ်တချို့က ဝေဖန်ပြောဆိုလိုက်တဲ့သတင်း၊ *တရုတ်အစိုးရပိုင် CNPC ရေနံကော်ပိုရေးရှင်းရဲ့ တရုတ်အလုပ်သမားတွေနဲ့ မြန်မာ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက်မှာ တိုင်းရင်းသား၊ မြန်မာအလုပ်သမား ၁ရ ယောက်ကို ထောင်ဒဏ်စီရင်ချက်တွေ အသီးသီးချမှတ်လိုက်တဲ့သတင်း၊ * ၂၀၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ သတင်းနဲ့ နောက်ဆက်တွဲ ကြေညာချက်များ […]


alinsettSeptember 7, 20147min025
မင်္ဂလာပါ ။ အခုတစ်ပါတ်အတွက် အလင်းခြုံတဲ့ သတင်း Zone ကဏ္ဍကနေ တင်ပြပေးမယ့် သတင်းတွေကတော့… *မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲသတင်း * ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရဘက်က လက်ခံလိုက်ပြီး၊ ဆက်လက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲသတင်း၊ *မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို US အခြေစိုက်ကုမ္ပဏီ I.I (W.S) က တရားစွဲဆိုမယ့် သတင်း၊ *၂၀၁၄ခုနှစ် မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်လိုက်တဲ့သတင်း၊ *မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀ဝ ဦး ကို  တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တွေမှာ ပြန်တမ်းဝင်အရာရှိများအဖြစ်ခန့်အပ်လိုက်တဲ့သတင်း၊ *ပျူမြို့ဟောင်းများရဲ့ မြေယာရှုခင်း (Landscape) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး   ထိုင်းနိုင်ငံ […]


alinsettSeptember 7, 20141min017
အခုည အမှောင်စစ်စစ်အောက်မှာပဲ ငါ့ဖြစ်တည်မှုထဲကနေ မကြာခဏကျပျောက်တဲ့ နေတွေလတွေကို ရှာဖွေမည်။ သောကနှင့် ပယောဂများ တစ်ခုကိုတစ်ခုတွန်းထိုး လှုပ်ရှားကြသောအခါ ငါ့ လက်မှာ ရှိသမျှထဲက အချို့သောအရာများကို ငါ . . .လွှတ်ချပါမည်။ ဒီဘက်ကမ်းက မီးအိမ်ကို ငြိမ်းစေပြီး ဟိုဘက်ကမ်းမှာ ငါလင်းမည်။ ငါ့အလင်းတန်းတို့ ကမ႓ာချီအောင် တည်မည်လား။ သို့တည်းမဟုတ် . . .ငါ့အလင်းများ အမှောင်ကိုကြောက်သော တောက်ပခြင်းနှင့် အိုမင်းမစွမ်းစွာ လင်းချင်းတိတ်ဆိတ်ရမည်လား။ မည်သို့ဖြစ်စေ. . . အိမ်ထဲမှာနေမည်။ ဝင်လေထွက်လေကို ခပ်ထွေထွေမှတ်သားလျက် အရပ်ရပ်မှာ အာနေသောကျီးကန်းတို ့ကို ငါ. . .စကားစမြည်ပြောလိုပါသည်။ ငါချစ်မြတ်ပတ်နွယ်ရပါသော ပန်းကလေးတစ်ပွင့်နှင့် တစ်ခါတုန်းက ခူးယူပိုင်ခွင့်ကို ငါ. . . ကပျာကယာလွမ်းဆွတ်ရဦးမည်။ လှ၍ရနံ […]


alinsettAugust 30, 20141min045
မောင်သူရတို ့ ငယ်ငယ်လေးထဲက ဖတ်မှတ် ရွတ်ဆိုခဲ့ဖူးမှာ သေချာတဲ့ စာသားလေးတစ်ခုအကြောင်း ပြောရအောင်ဗျာ ။ အားလုံးလည်း ရွတ်ဖူး /ကြားဖူးကြမှာပါ ။ စံပယ်တဲ့လေးရုံ ၊ ပျိုတို့မောင် မပန်ထိုက်တယ် ၊ ပန်းပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန်၊ တစ်ငုံဖြင့် ကျန်ပါသေးတယ်၊ ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊ ခေါင်းဖြီးခဲ့လေး။ အဲဒီစာသားလေးတွေလေ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဘယ်သူရေးတာတွေ ၊ ဘယ်လိုရေးတာတွေ ၊ ကဗျာအမျိုးအစားက ဘာ ဆိုတာတွေ … မပြောချင်ပါဘူး ။ အဲဒါတွေ လျှောက်ပြောဖို့ မောင်သူရမှာ ပါရမီလည်း မပြည့်သေးဘူး ။ ဒီတော့ မောင်သူရ ပြောချင်တာလေးက… ဒီလိုပါ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မောင်သူရတို့ အဲဒီ စာသားလေးကို ရွတ်တော့… ငယ်ငယ်ကဆို… […]


alinsettAugust 22, 20141min034
ကျနော့် ဘဝထဲမှ ဆာဆာဆိုသော လူတစ်ယောက် …… __________________________   အဲ့ဒီလူကြီးပေါ့ဗျာ ။ နာမည်နဲ့ လူ ဆန့်ကျင်ဘက် ဖြစ်နေတာ ။   နာမည်ကို ကြားရုံနဲ့ လူကိုမမြင်ရသေးခင်မှာဆိုရင်…..ကျနော်တို့ မှန်းဆမိတာက ဦးဆာမိဆိုတာ အသားမဲမဲ သွားကျဲကျဲနဲ့ နှာခေါင်းချွန်ချွန် ဆံပင်ကောက်ကွေးကြီး နေမှာပါ.. . .လို့ပဲ မြင်ယောင်မှာ။   ဒါပေမယ့် လွဲတယ်ဗျ ။   နာမည်နဲ့လူက ခွက်ခွက်လန်အောင် လွဲနေတာ။ နာမည်နဲ့ ဆန့်ကျင်စွာ အသားအရေက A4 လို ဖြူနေတယ်။   ဆာမိလို့ ခေါ်ရမယ့်အစား ကျင်ဝှက်တို့ ကျင်စိန်တို့ ကျင်ဟုတ်တို့ အဲ့လို ခေါ်ရမယ့် အပေါက်ဗျို ့ ။ ထားပါတော့ ဒါက […]


Mr. MarGaAugust 20, 20142min017
ဟိုတစ်ရက်က ဘာရယ်မဟုတ် ကျောင်းကိုရောက်သွားတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ တက်ခဲ့တဲ့ကျောင်းပါ။ ကျောင်းကိုရောက်တော့ ငယ်ငယ်က သူငယ်ချင်းတွေကိုလွမ်း၊ ဆရာမတွေကိုလွမ်း၊ စာသင်ခန်းတွေကို လွမ်း နဲ့ အလွမ်းတွေ များလာတာမို့ အလွမ်းပြေ ပုံတွေလျှောက်ရိုက်လာတာဗျ။ ကျနော်တက်ခဲ့တဲ့ ကျောင်းကတော့ အရင်က တော်ဝင်သံတဲ၊ နောက် ဒိုင်အိုစီဇင်၊ ထပ် ပြောင်းတော့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ပေါ့ဗျာ။ မင်းတုန်းမင်းလက်ထက်မှာ ဒေါက်တာမတ် ကို ဆောက်ပေးခဲ့တဲ့ကျောင်း ပါ။ သီပေါမင်းနဲ့ မင်းညီမင်းသားတချို့ ဒီကျောင်းက ထွက်ခဲ့သပေါ့ ဘာရယ်မဟုတ် အလွမ်းပြေလေး တင်တာပါဗျာ။ အသေးစိတ်ကို နောက်ပိုင်း စိတ်ပါမှ ပြန် မွှေပြီး တင်ပါဦးမယ် လောလောဆယ်တော့ အမြည်း လို့သာ မှတ်ပေါ့  :loll:     စုံတော့ မစုံသေးဘူးဗျ နိုင်သလောက်ပဲ ပတ် ရိုက်ထားတာ   အဲ.. ဆရာမတွေအကြောင်းတော့ လာမမေးနဲ့နော့ အတန်းဖော် မိန်းကလေးတွေတောင် နာမည်မေ့လုလုဖြစ်နေလို့ […]


တစ်ရက်… ကျနော် ဆူးလေဘက်နိုတြီပြန်တဲ့ကိစ္စနဲ့လာရင်း အိန္ဒိယသံရုံးကိုလာတဲ့ မိန်းတို့ဆရာတပည့်နှစ်ယောက်ကို တွေ့လိုက်တယ်….။ မိန်းနဲ့ သူ့မန်နေဂျာမမပါ…။ အဲ့ဒီမမကြီးနဲ့လဲ ကျနော်ခင်နေလေတော့…မိန်းတို့ ၂ ယောက်ကို မုန့်ကျွေး၊ စကားပြောနဲ့… သူတို့လဲပြန်မယ်လုပ်ရော…သူတို့ရုံးကားက စက်နှိုးမရတော့….။ ဒါနဲ့ပဲ ကျနော်လဲပျော်ရွှင်စွာ အကျိုးဆောင်လေသတည်းပေါ့……။ ကန်တော်ကြီးဘက်ကပတ်ပြီး သူတို့ရုံးရှိတဲ့ ပွင့်သစ်စမ်းနဲ့ မျက်စောင်းထိုးက ရုံးကိုရောက်ဖို့နည်းနည်းအလို….လမ်းညာဘက်အခြမ်း လမ်းကြားကျဉ်းလေးထဲမှာ…မော်တော်ပီကယ်တစ်ယောက်…ပလပ်စတစ်ခုံလေးနဲ့ ဂျာနယ်ဖတ်ရင်း…ထိုင်နေတယ်ခင်ဗျ…(ခုတော့ အဲ့လူရှိမရှိ မသိတော့ပါ..)။ မိန်းက အဲ့ဒီလူကို ဖြတ်သွားဖြတ်လာအမြဲတွေ့ပုံရပါတယ်….၊ သူ့ဂျာမမကို လှမ်းပြောတယ်…။ “အဲ့ဒီပီကယ် အဲ့မှာ အမြဲထိုင်နေရတယ်….၊ သူ မိုးများရွာရင်…ဘယ်နားကိုပြေးမလဲမသိဘူးနော်….” တဲ့… မိန်းစကားကြောင့် သူမရဲ့ ဂျာမမလဲ တစ်ချက်တော့ တွေသွားတယ်….။ ပြီးမှ…သတိဝင်လာပြီး မိန်းကို လှမ်းပြောလိုက်တဲ့စကားကြောင့် ကျနော်ကားမောင်းနေရင်း ပြုံးမိပါတယ်…။ “ မိန်း…နင်ဟာလေ….သူများအပူ ကိုယ့်အပူတော်တော်လုပ်တယ်…” တဲ့… ဟုတ်ပါတယ်… မိန်းဟာ…သူများအပူ […]


alinsettAugust 18, 20141min018
  အဟက်… ။   အထင်လွဲနေမှာ စိုးလို ့… ရှင်းပြမလို ့ပါ…   အထင်လွဲပြီးမှ ဆိုရင်… ရှင်းပြရ ခက်လို ့.. .. အခုကတည်းက… ကြို ရှင်းပြထားမလို ့ပါ… ။ ဒီလိုပါ… ။ ဟိုတစ်ရက်က… မောင်သူရ တစ်ယောက်… ရပ်ကွက်ထဲက… ဒေါ်ဖွားမေရဲ ့ အကြော်ဆိုင်မှာ ထိုင်ပြီး. ဗူးသီးကြော်လေးနဲ ့…အချဉ်ရည်လေးတို ့ကာ တို ့ကာ စားလိုက်… ရေနွေးကြမ်းပူပူလေး မှုတ်သောက်လိုက်နဲ ့ …ဇိမ်ကျနေတာဗျာ… ။ မောင်သူရတို ့လို …သာမန် အခြေခံလူတန်းစား… ကျောမွဲလေးတွေ အတွက်… ရပ်ကွက်ထဲက..ခနော်ခနဲ ့..အကြော်တဲလေးကိုပဲ… စီဒိုးနားလို ..မှတ်နေရတာကိုး…. ။ ထားပါတော့… ပြောလိုရင်းဆီ…ဆက်သွားတာပေါ့… […]


ခင်ပြီးနောက်မှာ…ကောင်မလေးရဲ့ စိတ်ရင်းကောင်းတာလေးတွေ၊ စိတ်မာချင်သယောင် ဆောင်ပြီး စိတ်အားငယ်တတ်တာတွေ….၊ ကျနော့်အပေါ် တစ်ခါတစ်လေတော့ သဘောကောင်းပြီး…တစ်ခါတစ်လေတော့ ချောက်ချတတ်တာတွေ…ခင်ဗျားတို့ကို ပြောပြဦးမယ်….။ အရင် ပိုစ့်မှာ ကျနော်…အဲ့ဒီလို ပြောခဲ့ပါတယ်…. သုံးနှစ်ကျော် ခင်ခဲ့တဲ့ထဲမှာ..သူမနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေ ကျနော့်အမှတ်တရပိုစ့်တွေအနေနဲ့ ပြောပြချင်တယ်….။ ကဲ………ကျနော်…စ ပြောတော့မယ်နော်.. ကျနော် ပြောပြမယ်…။ ခင်ဗျားတို့သာ စဉ်းစားကြည့်ကြပါတော့…။ သူမဟာ…ဘယ်လိုမိန်းခလေးမျိုးဆိုတာ………..   ****************************************************************   တကယ်လို့…အဲ့ဒီကောင်မလေးကို နာမည်တစ်ခုသာ ပေးရမယ်ဆိုရင် သူ့ကို ကျနော်…”မိန်း” လို့ နာမည်ပေးချင်ပါတယ်…။ တကယ်လဲ သူဟာ ကျနော့်အတွက် Main ပါပဲ…။   ကျနော်တို့ ခင်ပြီးတဲ့နောက်…..   ဒီနေ့ ကျနော့်ကားလဲပြီး စိတ်တိုင်းကျတဲ့ ကားသစ်လေးနဲ့ မြောက်ကြွကြွဖြစ်နေတယ်…။ ရွှေညောင်ပင်ဘိုးဘိုးကို ဦးမတိုက်ရသေးခင်…အဲ့ကလေးမကို သွားကြွားမယ်ဆိုပြီး…ဖုန်းဆက်ကြည့်လိုက်တော့ […]


ကျနော်…ခန့်မှန်းရခက်တဲ့လူတွေထဲမှာ….ဒီကောင်မလေးက ထိပ်ဆုံးက ပါတယ်….။ သူမက တစ်ခါတစ်လေမှာ…သနားတတ်တယ်…၊ တစ်ခါတစ်လေကျတော့ သွေးအေးအေးနဲ့ ရက်စက်တတ်ပြန်ရော..။ တစ်ခါတစ်လေမှာ…ခက်ထန်နေတတ်ပြီး…တစ်ခါတစ်လေတော့လဲ ထင်မထားတတ်လောက်အောင်ထိ ပျော့ပြောင်းနေတတ်တယ်…။ မျက်လုံးဟာ…စိတ်ရဲ့ ပြတင်းပေါက်တစ်ခုသာဆိုရင်…သူမရဲ့မျက်လုံးဟာ…အချိန်မရွေးအရောင်ပြောင်းသွားနိုင်တဲ့ ကောင်းကင်တစ်ခုပါပဲ….။ ထိုသူမကို နောက်တစ်ခါ ပြန်တွေ့ဖို့ ကျနော် လေးလကျော်လောက်ထိ ကြာသွားခဲ့တယ်..။ အဖေတို့ အမေတို့နဲ့ Ocean သွားပြီးအပြန် ဗိုက်လဲဆာ..၊ လမ်းလဲကြုံတာကြောင့် ၈မိုင်က ရွှေဘဲဆိုင်ထဲ ကျနော်တို့မိသားစု ဝင်ခဲ့ကြတယ်…။ ဘယ်ဘဝက အကျိုးပေးကြောင့်တော့မသိဘူး….၊ ဆိုင်ထဲမှာ အလကားပေးနေသလိုကို လာစားကြတဲ့လူတွေ တစ်ပုံတစ်ပင်…. စားပွဲထိုးလေးကို ခုံနေရာ ရပါ့မလား..မေးတော့ တစ်ဝိုင်းတော့ လွတ်သေးတယ်အကို ဆိုတဲ့ပြောစကားကြောင့် အဲ့ဒီလွတ်နေတဲ့နေရာကို ငယ်ငယ်က တိုင်ဦးတိုင်းဆော့ကြတဲ့ ကလေးတွေလိုပုံစံမျိုးနဲ့ ကျနော်တို့ မိသားစုတွေ အပြေးအလွှား ချီတက်နေတဲ့အချိန်…. “ဟာ…ဗိုလ်မှူး…ရန်ကုန်ကို ဘယ်တုန်းကရောက်လဲ…” အဖေ့ဆီက အဲ့လိုအသံမျိုးထွက်သွားတော့ ကျနော် […]


စိတ်ထိခိုက်စရာတွေ ကြုံတိုင်း…ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းဖို့ ခေါင်းကို ဆတ်ခနဲမော့ပြီး…“ကောင်းသွားမှာပါ….ပြန်ကောင်းသွားမှာပါ… ”လို့ ပြောရင်း မာန်တင်းတတ်တဲ့ အဲ့ဒီကောင်မလေးနဲ့ ကျနော် ဘယ်လိုဆုံခဲ့တယ်ဆိုတဲ့အကြောင်း…ခင်ဗျားတို့ကို ပြောပြမယ်….   လွန်ခဲ့သော…သုံးနှစ်ကျော်ကာလ…. အဲ့ဒီနေ့ အင်းယားရဲ့ညနေခင်းကောင်းကင်ဟာ…တိမ်ကင်းစင်ပြီး..ကြည်ကြည်လင်လင်လေးနဲ့ လှနေခဲ့တယ်…။ သိပ်မကြာခင်ရောက်လာတော့မယ့် ညရှုခင်းကို ကြည့်ဖို့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်…ဂစ်တာ (၂)လက်၊ ဘီယာဘူးကိုယ်စီကိုင်ပြီး…ကန်ဘောင်ပေါ်ကို ခြေဦးလှည့်ခဲ့တဲ့ ညနေပေါ့…။ ကျနော်တို့လို့ဆိုတဲ့ထဲမှာ..ကျနော်ရယ်၊ တီတီး၊ မင်းမြတ်သွေး၊ ဂျန် နဲ့ အောင်လင်းရည်… အင်းယားဟာလဲ ပိတ်ရက်ညနေခင်းတို့ရဲ့ ထုံးစံမပျက် ယောကျာင်္းသံ၊ မိန်းမသံ၊ ကလေးတွေအသံနဲ့ အင်းယားပီသနေခဲ့တယ်….။ လူနည်းနည်းရှင်းတဲ့ IBC နားက မြက်ခင်းပေါ်နေရာယူရင်း ကျနော်တို့အဖွဲ့..ရောက်တတ်ရာရာတွေ ပြော၊ ဘောလုံးအကြောင်း၊ မိန်းခလေးတွေအကြောင်း၊ တခြားသူငယ်ချင်းတွေအကြောင်း၊ ဟိုအဆိုတော်မင်းသမီးတင်ပါး ဈေးကြီးတဲ့အကြောင်း… “ဟင်…သေသွားပြီလားဟင်…သေသွားပြီလား…” မိန်းခလေးအသံစူးစူးတစ်ခုကို ကြားလိုက်ရလို့…ကျနော်တို့အဖွဲ့အာရုံတွေ အဲ့ဒီအသံရှင်ဆီကို ရောက်သွားတယ်….။ […]


“ဒီလို မမှားအောင် သတိထား သင့် တယ်ထင်ပါရဲ့” သက္ကရာဇ်မှားနေတဲ့ စာမျက်နှာ   ပြီးခဲ့ တဲ့ ရက်က ဂျာ နယ် တစ်စောင် ကောက် ဖတ်လိုက်ပါတယ်။ အခုရက်ပိုင်း လူတွေ အရမ်း ပြန်ပြီး အာရုံကျ နေတဲ့ ဓမ္မစေတီ ခေါင်းလောင်းအကြောင်းဆိုတော့ စိတ်ဝင်တစားနဲ့ဖတ်မိပါတယ်။ အဲဒီမှာ သက္က ရာဇ်အမှားကြီး ရေးထားတာကို မြင်မိတယ်။ နေ့ စဉ် သတင်းစာ ဆိုရင်တော့ ဒီအမှားမျိုးက ဖြစ်နိုင်ပါတယ်. တစ်ပါတ်တစ်ကြိမ်ထုတ်တဲ့ ဂျာနယ် လဲ ဖြစ် စောင်ရေ အများ ဆုံး လူ အဖတ် အများ ဆုံး ထုတ် တဲ့ ဂျာနယ်မျိုးမှာတော့ ဒီအမှားမျုးိက မဖြစ်သင့် ဘူး လို့ ထင် […]


alinsettAugust 7, 20143min018
နည်းနည်း… လျှာရှည်လိုက်ဦးမယ်.. ။   စကားလုံးလှလှ သုံးပြီးပြောရရင်တော့.. ကျွန်တော့်လျှာကို..ကျွန်တော့်ခံတွင်းထဲမှာ…ခဏလေး ပျံသန်းပြခွင့်ပြုပါ…ပေါ့ ။   ဒီလိုပါ… ။ ဂဇက်ထဲ.. ကျွန်တော်.. ဝင်တဲ့ နည်းလမ်းလေးတွေထဲက.. အများအတွက်လည်း..အဆင်ပြေမယ်..ထင်တာလေးတွေ..ပြောပြချင်လို ့ပါ ။ ကျွန်တော်..ပြောပြတဲ့ပုံစံနဲ ့…ဝင်လို ့/ ပြ ု လို ့ရပါလား..ဆိုတာကို… မသိသေးသူ မိတ်ဆွေများအတွက်…. ရည်ရွယ်ပါတယ်..   တကယ်လို ့… အခုလို..ကျွန်တော်ပြောပြနေတဲ့ နည်းလမ်းတွေထပ်… ပိုအဆင်ပြေမယ့်..နည်းလမ်းလေးတွေ… သိထားကြတယ်ဆိုရင်လည်း.. ပြန်ဝေမျှ ပေးစေချင်တယ်နော်.. ။ စကားကြီးစကားကျယ်ပြောရရင်… ပညာဖလှယ်ကြစို ့ပေါ့ဗျာ.. ။ ဟဲဟဲ.. ။ ………………………………   ကျွန်တော် ဂဇက်ကို..ဝင်ပုံ ဝင်နည်း.. ပိုစ့်တွေ ဖတ်ပုံဖတ်နည်း… Comment ပေးပုံပေးနည်း လေး..တချို […]