alinsettApril 29, 20154min019
ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ”မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို” ခံစားမိပြီးတဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။ တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့  အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။  ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။ >>>>>>>>>>>>>>>>>>>>>> မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။ ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။ ဒီနှစ် ၂၀၁၅ […]


alinsettApril 27, 20151min022
    .တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။     […]


alinsettApril 25, 20151min033
ခရီးတွေ သွားရတာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေကို စိတ်လှုပ်ရှားစရာ ခရီးစဉ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။ သဘာဝတောတောင် ရေမြေရှုခင်းတွေကို ချစ်ခင်တွယ်တာ မက်မောတတ်တဲ့ခရီးသွားတို့ သွားသင့်ရောက်သင့်တဲ့နေရာ ဖြစ်ပါတယ်။ ကျနော် အခုပြောပြနေတဲ့ ခရီးစဉ်က ကရင်ပြည်နယ် ၊ ဘားအံမြို့ကနေ မြိုင်ကြီးငူဘက်ကို (မိုင် ၅ဝ ကျော်လောက်) ထပ်သွားရင် ရောက်မယ့် “ကျုံထော်ရေတံခွန်”ပါ။ ဘားအံမြို့ အဝေးပြေး ကားဝင်းနားက လမ်းခွကနေ မြိုင်ကြီးငူဘက်ကို တည့်တည့်မောင်းလာရင် ရောက်ပါတယ်။ လမ်းတလျှောက်မှာ ရာဘာတောကြီးတွေနဲ့ ကျောက်တောင်နံရံကြီးတွေကို ကွေ့ကာဝိုက်ကာ မြင်ရပြီး လတ်ဆက်သင်းပျံ့တဲ့ သဘာဝလေတဟူးဟူးနဲ့ သွားလာရတဲ့ ခရီးစဉ်မို့  ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ မြင်ရတဲ့ ကျောက်တောင်နံရံကြီးတွေဟာ မှိုင်းညှို့ပြီး ကျောက်သားစိုင် အချွန်အတက်တွေနဲ့ ထီးထီးမားမားကြီးတွေပါ။ ကျောက်တောင်နံရံတွေမှာ ကပ်လျက်ပေါက်နေတဲ့ သစ်ပင်ကြီးတွေကလည်း ပင်စည်ဖြူဖြူတွေ ဖြောင့်တန်း […]


alinsettApril 23, 20154min026
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


Kaung Kin PyarApril 22, 20151min038
၂၀၁၅ သံဓိဌာန်ထဲမယ် တခြားဟာတွေကိုသာ မဖြည့်ဆည်းချင်နေမယ်..၊ ခရီးတိုလေးတွေ ခဏခဏထွက်မယ်ဆိုတာနဲ့ မစားဖူးသေးတဲ့ အစားအသောက်တွေ စားမယ်ဆိုတာကိုတော့ ပထမဦးစားပေးအဆင့်အနေနဲ့ စိတ်ပါလက်ပါ လုပ်ဖြစ်ခဲ့တယ်…။ မိသားစုနဲ့ နွေးနွေးထွေးထွေးနေမယ်ဆိုတာလဲ ပါခဲ့ပါရဲ့….ဒီ ၃ချက်လုံး တစ်ပြိုက်နက်ပြည့်နိုင်တာရော၊ ရာသီဥတုလေးကြောင့်ရောနဲ့ သွားဖြစ်ခဲ့တာရယ်…။ ၂၀၁၆ သံဓိဌာန်ထဲမတော့….တစ်ခု ထပ်ဖြည့်တော့မယ်…. ယောကျာင်္းယူမယ်….အငိငိ… : : : (နောက်ထှာ..အတည်) ဆိုတော့…သင်္ကြန်ပိတ်ရက်မယ်..တောင်ကြီးခရီးစဉ်သွားဖြစ်ပါတယ်…(ဖဘမှာ ဖလန်းလွန်းလို့ တစ်ရွာလုံးနီးပါးလဲ သိနေပါပြီ…။ ဒါက သူဂျီးဆီက ပိုက်ပိုက်ညာယူတာ…) တောင်ကြီးသွားမယ်ဆိုတော့ ရင်ခုန်ပါတယ်…အခြေသတင်းကြီးတဲ့ အမြန်လမ်းရယ်…အကွေ့အပတ်များတဲ့….  တောင်ကြီးလမ်းရယ်ပေါ့… တောင်ကြီးလမ်းသွားရမယ်ဆိုတော့… အရင့်အရင် စိတ္တဇက ထ ကြွလာပါရော…အဲ့တုန်းကဆိုများ…ဟံသာဝတီအဝိုင်းကို ကားပတ်ရင်တောင် ဘုရားတရား တ ခဲ့ရတာ… ခု တောင်ကြီးလမ်းကို စတက်တော့လဲ ထင်တဲ့အတိုင်း… အတိတ်ကအရိပ်တွေက တရေးရေးပေါ်တယ်… လွန်ခဲ့တဲ့ ၄နှစ်ကျော်တုန်းက […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min036
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


alinsettApril 20, 20154min028
ဗလငါးတန်ကို တစ်တန်ချင်းစီ စစ်ဆေးတိုင်းထွာတတ်သော အကြီးအကဲများနှင့် ကိုယ်ကြုံနေရသည်။ ပထမ ဗလတစ်တန်ကို စစ်ဆေးသူက ကိုယ့်ကို မေးသည်။ ”ဟေ့ မောင်ရင် မင့်ဆီမှာ စာရိတ္တဗလ ရှိသလား ” ကိုယ့်ထံမှ အဖြေက. . . ‘သုည’ —— ဒုတိယဗလ နောက်တစ်တန်စစ်ဆေးသူက. . . ”ဟေ့ သူငယ်. .  မင်းဆီမှာ ဘောဂဗလ ရှိလားကွဲ့” ကိုယ့်ထံမှ အဖြေကတော့ . . . ‘သုည” ——- တတိယဗလ တစ်တန်ကို တစ်ယောက်က စစ်ဆေးပြန်သည်။ ”ဟေ့. . . မင့်မှာ မိတ္တဗလ ရှိသလား” ကိုယ့်အဖြေကတော့ ထုံးစံအတိုင်း… ”သုည” ——— ထို့နောက် . […]


Mr. MarGaApril 20, 20151min031
ဒီနှစ်သင်္ကြန် မောင်မာဃ အလွန်ခြေငြိမ်နေပါသည်။ နှစ်နှစ်ဆက်တိုက် မလည်ဖြစ်သည့်အရှိန်နှင့် သင်္ကြန်အကြို ကြားရ၊ဖတ်ရသည့် သတင်းများ ပေါင်းကာ လေးရက်စလုံး အိမ်တွင်းပုန်းဖြစ်သွား၏။ (မဆိုင်ဘူးထင်လျှင်လည်း မတတ်နိုင်) . သို့သော်ငြား… တစ်နေကုန်နီးပါး လွှင့်နေသော သင်္ကြန်ပုံရိပ်များ၊ အချိန်ပြည့် လိုင်းပေါ်ရောက်နေသဖြင့် မြင်နေရသော သင်္ကြန်အပျော်များ၊ “ဆောင်းမဲ့ကျွန်း” အွန်လိုင်းမဏ္ဍပ်တွင် သုံးရက်ဆက် ကဲမိသော အကျိုးဆက်များ စုပေါင်းလာချိန်တွင်မတော့… ကိုယ်တွင်းမှ ငုပ်လုလု သင်္ကြန်ပိုး ပြန်ထလာလေသောကြောင့်… အတက်နေ့ ညပိုင်းတွင် စီးတော်ယာဉ်ကိုထုတ်ကာ မန်းမြို့တစ်ခွင်မှ သင်္ကြန်မြင်ကွင်းများကို ပတ်ကြည့်ဖို့ ထွက်တော်မူ နန်းက ခွာခဲ့ပေတော့သည်….။ ရေပက်ချိန် ပြီးသွားပြီမို့ သုံးဆယ့်ငါးလမ်းတစ်လျှောက်မှာ တိတ်ဆိတ်နေချေ၏။ မောင်းလာရင်း ၈၄လမ်းအရောက် ဘယ်ဘက်ကိုကွေ့လိုက်တော့ တီးသံမှုတ်သံတချို့က ခပ်သဲ့သဲ့ ပျံ့လွင် ့လာသည်။ ရှေ့ နှစ်ပြခန့်အကွာမှာ မဏ္ဍပ်တစ်ခုက မီးတွေထိန်လို့…………. :i: […]


alinsettApril 9, 20153min09
မင်္ဂလာပါ ။ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်.. အောင်ဇေမီဒီယာကနေ အခုတစ်ပတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း သဘောတူညီချက်         အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေတဲ့သတင်း   သုံးစွဲရာမှာ ပြဿနာတွေပေါ်နေတဲ့ မြန်မာငွေစက္ကူ ငါးထောင်ကျပ်တန်တွေရဲ့ သတင်း၊   ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ သတင်းကြေညာချက် ၊   ရေခန်းခြောက်ခြင်းနဲ့ အခြားပြဿနာများ ရင်ဆိုင်နေရတဲ့ အင်းလေးကန်ရဲ့ အခြေအနေသတင်း ၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြတဲ့သတင်းနဲ့ …   မြန်မာပြည်အတွင်းက ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား             အရေအတွက်ကို […]


alinsettApril 4, 20154min065
                            ==================================                           ====================                             ဝင့်ပြုံးမြင့်၏ နှစ်ဘဝ နှစ်ကန္တာ – စာအုပ်အညွှန်း ———————————- .မြန်မာတို့၏ နှစ်သစ်ဦးစ အခါသမယမှာ တန်ခူးလေပြေတသော့သော့နှင့်အတူ ကျော့ကျော့မော့မော့ ထွက်ပေါ်လာသည့်စာအုပ် […]


weiweiApril 2, 20154min020
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]


alinsettApril 2, 20152min08
အပတ်စဉ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို့တည်းဟုတ်) အောင်ဇေမီဒီယာရဲ့ သတင်းကဏ္ဍကနေ ဒီတပတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….   • ဒေါ်အောင်ဆန်းစုကြည်နဲ့ US လွှတ်တော်အမတ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ သတင်း၊ • လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ ပညာရေးအသုံးစရိတ် ၂ဝ % တိုးမြှင့်ပေးဖို့ အစိုးရက သဘောမတူဘူးဆိုတဲ့သတင်း ၊ • တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းပဏာမ သဘောတူ လက်မှတ်ထိုးကြပြီဆိုတဲ့သတင်း • ၂၈ လပြည့်တဲ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လက်ပံတောာင်းဒေသနဲ့ ရန်ကုန်မြို့မှာ ဆန္ဒ ပြမှုသတင်းများ ၊ • ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ […]


alinsettMarch 30, 20153min010
Noble Silence and Hearer               မနေ့ညက မိုးရွာသည်။ မိုးရွာသည် ဆိုခြင်းမှာ တစ်စုံတခုကို တစ်စုံတစ်ခုက အုပ်မိုးပြီး ရွာချခြင်း မဟုတ်ပါ။ မိုးဆိုသော အေးစက်စက်ရေစက်ရေပေါက်တွေက မြေမြင်ပေါ် အတားအဆီးမဲ့ ပြုတ်ကျလာခြင်းဟာ မိုးရွာခြင်းဖြစ်တယ်လို့ ခပ်လွယ်လွယ်ဆိုကြပါစို့။ မနေ့ညက မိုးရွာသည်။ ဒါပေမဲ့ အဲ့ဒီမိုးဟာ ရင်ထဲမှာ ရွာခဲ့တာပဲ။ ဟုတ်တယ်။ ဘယ်သူမှ မသိလိုက်ဘဲ တိတ်တိတ်ကလေး ရွာသွားသော ကျနော့်ရင်ထဲက မိုးဖြစ်သည်။ တကယ်တော့…. ကျနော့် ရင်ဘတ်တခြမ်းလုံး(ဘယ်ဘက် တစ်ခြမ်းလုံး) ရွှဲရွှဲ စိုသွားတဲ့အပြင် အေးစက်ထုံကျင်သွားသည်အထိ ဤမိုးက အငြိုးကြီးစွာ ရွာချခဲ့ခြင်းဖြစ်သည်။ မိုးစက်ကလေးများ ထိမိ စိုရွှဲခြင်းကို မဆိုထားနဲ့ လေပြေလေး […]