Zaw WonnaMay 12, 20111min023
ဖိလစ်ပိုင်နိုင်ငံမှာ မိန်းကလေးတွေကို အင်တာနက်ကနေ Live webcam နဲ့ ဖော်ချွတ်ပြသစေပြီး ညစ်ညမ်းဝက်ဘ်ဆိုက်နဲ့ စီးပွားရှာနေတဲ့ ဆွီဒင်နိုင်ငံသား နှစ်ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသား သုံးယောက်ကို ထောင်ဒါဏ် အနှစ် ၂ဝ စီ ပြစ်ဒါဏ်ချလိုက်ပါတယ်။ ဆွီဒင်နိုင်ငံသားနှစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ်ရှိ Bo Stefan Sederholm နဲ့ အသက် ၃၅ နှစ်ရှိ Emil Andreas Solemo တို့ကို ထောင်ဒါဏ် အနှစ် ၂ဝ နဲ့ ငွေဒါဏ် ဒေါ်လာ ၄၆၀၀ဝ စီ ကျခံစေပြီး ဖိလစ်ပိုင် နိုင်ငံသား ၃ ဦးကတော့ ထောင်ဒါဏ် အနှစ် ၂ဝ နဲ့ ငွေဒါဏ် ဒေါ်လာ ၂၃၀၀ဝ စီ […]


Zaw WonnaMay 8, 20111min08
  ကွန်ပြူတာ နည်းပညာ၏ နောက်ဆုံးပေါ် တိုးတက်မှု အနေဖြင့် Queen’s University မှ သိပ္ပံပညာရှင်များ ၈ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့သော Paper computer ထွက်ပေါ်လာပြီ ဖြစ်သည်။ အမြင်အားဖြင့် အလင်းပေါက် စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်ပြီး ပျော့ပျောင်းကွေးညွတ်နိုင်သည့် ၎င်းကွန်ပြူတာကို ဖုန်း၊ e-book reader နှင့် MP3 player တို့ အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၉.၅ စင်တီမီတာ ရှိသော paper computer သည် စမတ်ဖုန်း တစ်လုံး၏ စွမ်းဆောင်ချက်များနှင့် တူညီကြောင်း သိရသည်။ နောင်လာမည့် ဆယ်နှစ်အတွင်း paper computer ကို လူတိုင်း အသုံးပြုကြမည့် အခြေအနေသို့ ရောက်ရှိလာမည်ဟု Queen’s […]


Zaw WonnaMay 7, 20111min013
မလေးရှားနိုင်ငံ အစိုးရက လာမယ့်နှစ်မှာ ကျောင်းသားတွေအတွက် အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားပေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက ကျောင်းဆရာ အယောက် ၃၀ဝ ကို ခေါ်ယူ သင်ကြားစေမှာ ဖြစ်ပြီး အဲဒီအတွက် မလေးရှားရင်းဂစ်ငွေ ၁၈ သန်း အကုန်အကျခံမယ်လို့ သိရပါတယ်။ အဲဒီသတင်းကို ဖတ်ရတော့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို ဆယ်စုနှစ် တစ်ခုလောက် သင်လာပြီးမှ အင်္ဂလိပ် သတင်းစာ မဖတ်နိုင် အင်္ဂလိပ်လို ရေရေလည်လည် မပြောဆိုနိုင်တဲ့ ကိုယ့်လို ဘွဲ့ရတွေရဲ့ အခြေအနေကို စဉ်းစားမိပါတယ်။ မြန်မာနိုင်ငံက ကျောင်းတွေမှာ အင်္ဂလိပ်စာကို သဒ္ဒါကစလို့ အခြေခံကျကျ သင်ပေးနေတာ မှန်ပါတယ်။ ဒါပေမယ့် ဝါကျတစ်ကြောင်း ကိုတောင် ဖြောင့်အောင် မရေးနိုင်တဲ့ ကျောင်းသားတွေ များပါတယ်။ အလွတ်ကျက် ဖြေလို့ရတဲ့ […]


Zaw WonnaMay 3, 20111min025
  အခုတလောမှာ အလုပ်ကလည်း အိုတီဆင်းရတဲ့ရက်တွေ များနေတာကြောင့် ပုံမှန် စာမရေးဖြစ်တာတောင် အတော် ကြာသွားတယ်။ ဒါပေမဲ့ အင်တာနက်က အလကားရတဲ့ eBook လေးတွေကို ဒေါင်းလုပ်ပြီး အလုပ်ထဲမှာ အားတဲ့အချိန် ဖတ်ဖြစ်ပါတယ်။ ဒါနဲ့ပဲ တစ်နေ့ညက Vol.(5), No.(21),April – 20 – 26, 2011 ထုတ် SHADE of the mandalay hill (မန်းတောင်ရိပ် အနုပညာဂျာနယ်) ဒေါင်းလုပ်ထားတာလေးကို ဖတ်ကြည့်မိတော့ ကျနော်ရေးထားတဲ့ စာမူ တပိုင်းတစကို “ယောက်ျားဆိုတာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သွားတွေ့ရပါတယ်။ အဲဒီစာကို “Living Together နဲ့  မြန်မာလူငယ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ MG မှာနဲ့ ကျနော့်ဘလော့ www.shwemyine.com […]


Zaw WonnaApril 18, 20111min02
ကမ္ဘောဒီးယား နိုင်ငံတွင် ပြီးခဲ့သော အပတ်က ဆင်နွှဲခဲ့ကြသည့် ခမာ နှစ်သစ်ကူးပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၈ ယောက် သေဆုံးခဲ့ကာ ၄၈၄ ယောက် ဒါဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁ရ ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ပွားခဲ့ပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၃၃%၊ ပေါ့ဆမှုကြောင့် ၂၆%၊ အရက်သောက်ပြီး မောင်းနှင်ခြင်းကြောင့် ၂၀% နှင့် ကျန်အမှုများမှာ ယာဉ်စည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်သည်။ ယမန်နှစ်က ခမာနှစ်သစ်ကူး ပွဲတော်ရက်အတွင်း လူပေါင်း ၄၉ ဦး သေဆုံးခဲ့ကာ ၅၃ဝ ဦးဒါဏ်ရာ ရရှိခဲ့ကြသည်။ ယာဉ်မတော်တဆမှုသည် ကမ္ဘောဒီးယားနိုင်ငံတွင် HIV/AIDS ပြီးနောက် ဒုတိယ အကြီးမားဆုံး […]


Zaw WonnaApril 11, 20111min06
ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ရန်ဖြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းများကို တားဆီးရန်အတွက် အရက်ကင်းစင် နယ်မြေ ၆ဝ ကို သတ်မှတ်ခဲ့သည်။ နှစ်သစ်ကူး ကာလဖြစ်သော ဧပြီလ ၁၃ ရက်မှ ၁ရ ရက်အတွင်း ယာဉ်မသွားရ ကန့်သတ်ဇုံများတွင် အရက်များကို ရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ သုံးစွဲခြင်း မပြုရန် တားမြစ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလသည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားသော ကာလဖြစ်သည်။ ယခုနှစ်ပိုင်းများတွင် အစိုးရ အနေဖြင့် ပြည်သူများအား အရက်သောက်ပြီး ယာဉ်မောင်းနှင်ခြင်း မပြုလုပ်ကြရန် စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ယမန်နှစ်က သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု ၃၅၁၆ မှုတွင် လူပေါင်း ၃၆၁ ဦး သေဆုံးခဲ့ပြီး ၎င်းမှာ သေဆုံးမှု အနည်းဆုံးသော […]


Zaw WonnaApril 4, 20111min03
ပန်းမြောင်ရွာမှာနေတဲ့ မထွေးဆိုတဲ့ ချင်းအမျိုးသမီးကြီးရဲ့ မျက်နှာပေါ်က ဆေးမင်ကြောင်တွေပါ။ မထွေးဟာ အခု အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက် ငယ်စဉ်တုန်းက ထိုးထားခဲ့တာပါ။ အခုဆိုရင် သူတို့ရွာမှာ မျက်နှာဆေးမင်ကြောင် ထိုးထားတဲ့သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိပါတော့တယ်။  ဒဏ္ဍါရီတွေအရ  ချင်းအမျိုးသမီးတွေရဲ့ မျက်နှာမှာ ဆေးမင်ကြောင် ထိုးတာဟာ မြန်မာဘုရင်တွေရဲ့ မယားအဖြစ် သိမ်းပိုက်မှုကနေ ကာကွယ်ဖို့ ရုပ်ဆိုးအောင် လုပ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းကတော့ ချင်းအမျိုးသမီးတွေ အနေနဲ့ မျက်နှာမှာ ဆေးမင်ကြောင်ထိုးတာဟာ သူတို့ရဲ့ အမျိုးသမီး ပီသမှုနဲ့ စွဲဆောင်မှု ရှိတယ်လို့ ယူဆခဲ့ကြပါတယ်တဲ့။ အခြားရွာတစ်ရွာက မစိန်ဆိုတဲ့ အသက် ၆ဝ အရွယ် ချင်းအမျိုးသမီးကြီး ပြောပြချက်အရ သူမ အသက် ရ […]


Zaw WonnaApril 3, 20111min05
ကင်ညာနိုင်ငံမှ တင်သွင်းလာသော ဒေါ်လာ ၃.၃ သန်း တန်ဖိုးရှိ ဆင်စွယ် ၂၄ရ ချောင်း (အလေးချိန် ၂ တန်ကျော်) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျောက်ဖယား မြစ်အတွင်းရှိ မော်တော်ဘုတ် တစ်စီးပေါ်မှ ဧပြီလ ၁ ရက်နေ့က ဖမ်းဆီး ရမိခဲ့သည်။ ရေခဲရိုက် ငါးများထည့်သည့် ရာနှင့်ချီသော သေတ္တာများထဲတွင် ဆင်စွယ်များကို တွေ့ရှိရခြင်း ဖြစ်သည်။ ယခင်နှစ် မေလကလည်း ကင်ညာနိုင်ငံ Mombasa ဆိပ်ကမ်းမှတဆင့် တင်သွင်းလာသော ၂၀၀ဝ Kg အလေးချိန်ရှိသည့် ဆင်စွယ်များကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ အရ ထိုဆင်စွယ်များမှာ တန်ဇန်နီးယားနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းကြီး တစ်ခုဖြစ်သော Selous National Park မှ ဖြစ်ကြောင်း […]


Zaw WonnaMarch 15, 20111min00
အမေရိကန်နိုင်ငံ US Geological Survey (USGS) အဖွဲ့မှ ကျွမ်းကျင်သူများ အဆိုအရ မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် လှုပ်ခဲ့သော ငလျင်မှာ ပြင်းအား ၉.ဝ မဂ္ဂနီကျု အထိ ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝ အတွင်း ဂျပန်နိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှတ်တမ်းများ အရ ၁၉၅၂ခုနှစ်၊ နိုဝင်ဘာ ၄ ရက်။   ။ ရုရှနိုင်ငံ အရှေ့ဘက် Kamchatka ကျွန်းဆွယ်တွင် ပြင်းအား ၉.ဝ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာ တစ်ဝိုက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၆ဝ ခုနှစ်၊ မေလ ၅ ရက်နေ့။   ။  […]


Zaw WonnaMarch 9, 20111min09
အမေရိကနိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Redondo Beach တွင် သန်းပေါင်းများစွာသော ဆာဒင်းငါးနှင့် အခြားငါးငယ်များ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကျွမ်းကျင်သူများ အဆိုအရ အဆိုပါ ငါးများသည် ပင်လယ်အော်အတွင်းသို့ လမ်းကြောင်းမှား ဝင်ရောက် လာကြပြီးနောက် အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးသွားရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ Redondo Beach ရှိ ရေပြင်တစ်ခုလုံးတွင် ငါးသေများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရေထဲတွင် ငါးများကို သေဆုံးစေနိုင်သော အဆိပ် သို့မဟုတ် ရေနံယိုဖိတ်ခြင်းတို့ မရှိကြောင်း သိရသည်။ Ref: www.dailymail.co.uk


Zaw WonnaFebruary 18, 20111min06
၁၆ စင်တီမီတာ ရှိ၍ AA ဓါတ်ခဲ တစ်လုံးထက် ပေါ့ပါးသော အိတ်ဆောင်အရွယ် သေးငယ်လှသည့် စက်ရုပ်ငှက်ငယ်ကို ပင်တဂွန်၏ အဓိက ကန်ထရိုက်တာ တစ်ခုမှ ထုတ်ဖော်ပြသခဲ့သည်။ တစ်နာရီလျင် ၁၇.ရ ကီလိုမီတာနှုန်း ပျံသန်းနိုင်သော ထိုသူလျို စက်ရုပ်ငှက်ငယ်ကို အမေရိကန်ဒေါ်လာ ၄ သန်း အကုန်အကျခံကာ ၅ နှစ်ကြာမျှ အချိန်ယူ တီထွင်ခဲ့ရသည်။ ကျေးလက်နှင့် မြို့ပြ စစ်မြေပြင်များတွင် ၎င်းမောင်းသူမဲ့ စက်ရုပ်ငှက်ငယ်တွင် တပ်ဆင်ထားသော သေးငယ်လှသည့် ကင်မရာမှတဆင့် ရန်သူအား ထောက်လှမ်းနိုင်မည်ဟု စစ်တပ်အကြီးအကဲများ အနေဖြင့် မျှော်လင့်ထားကြသည်။ လက်ရှိပုံစံ ဖြစ်သည့်  ပန်ကာပါသည့် စက်ရုပ်လေယာဉ်ငယ်များနှင့် နှိုင်းယှဉ်ပါက ဖွင့်ထားသော ပြတင်းပေါက်များကို ဝင်ရောက်နိုင်ခြင်း၊ လျှပ်စစ် ဓါတ်အားလိုင်းများပေါ်တွင် နားနိုင်ခြင်း စသည့် အားသာချက်များ […]


Zaw WonnaFebruary 16, 20111min01
“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု Love of Truth ရယ်၊ ဒါပဲ ဖြစ်တယ်၊ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိ ရှိရမယ်” “I practise what I preach” (ဗိုလ်ချုပ်အောင်ဆန်း မကြာခဏ ပြောလေ့ရှိသော စကား) “ဟေ့ကောင်၊ ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့ ပီအေအဖြစ် တစ်ရက် နှစ်ရက်အတွင်း တရားဝင် ပြန်တမ်း ထွက်လာလိမ့်မယ်။ ဒီတော့ ငါတို့မှာ အဆောင်ယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ အာဏာ ရလာတယ် ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ်၊ […]


Zaw WonnaFebruary 10, 20111min09
ဒီပုံထဲက ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတာလဲ ? ဘယ်ဘက်ကိုလား ? ညာဘက်ကိုလား ? စဉ်းစားလို့ ရပါသလား ? စဉ်းစားလို့ မရရင် ပုံကို သေသေချာချာ ပြန်ကြည့်ပါ။ ဘယ်လိုမှ စဉ်းစားလို့ မရသေးဘူးလား ? အမေရိကန်နိုင်ငံက မူလတန်း ကျောင်းသားလေးတွေကို ဒီပုံပြပြီး မေးကြည့်တော့ ကျောင်းသားတွေရဲ့ ၉ဝ ရာခိုင်နှုံးက အဖြေပေးနိုင်ခဲ့ ကြပါတယ်။ “ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတာ ဖြစ်ပါတယ်” တဲ့။ ဘာကြောင့် ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတယ်လို့ စဉ်းစားမိရသလဲလို့ သူတို့ကို မေးကြည့်တော့ ကားပေါ်ကိုတက်လို့ရမယ့် တံခါးပေါက်ကို မမြင်ရလို့ပါတဲ့ ခင်ဗျ။ ဒါနဲ့ တစ်ဆက်တည်း ဟိုတစ်လောက Eleven မှာ ဖတ်လိုက်ရတဲ့ “အတွေးနယ် ချဲ့မိပြီကွဲ့” […]