ဒါဟာ ကဗျာမဟုတ်ဘူးနော်။ (၈ ရက် ၈ လ ၈၈ ခုနှစ်၊ ည ၁၁ နာရီ ၄၅ မိနစ်)။ ဩဂုတ်လ ရှစ်ရက် မိုးစက် ဖွဲဖွဲ အောက်မှာ နေ့လည် ၂ နာရီလောက်က စ ဝင်ရောက်လာတဲ့ သက်တန့်ရောင် လူလှိုင်းများ။ တငွေ့ငွေ့နဲ့လောင်ခဲ့တဲ့ မီး၊ ပွဲပြီး မီးသေ မဖြစ်ခဲ့တဲ့ မီး။ စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက မတရားဘက်လိုက်မှု ရဲ့ တရားဥပဒေမဲ့တာက တစ်ကြောင်း၊ စားဝတ်နေရေး ကြပ်တည်းတာက တစ်ကြောင်း၊ ဆိုရှယ်ကျကျ လစ်တတ်တဲ့ ဆိုရှယ်လစ် ကွက်ကြားမိုးက တစ်ကြောင်း၊ နောက်ဆုံးတော့ တောင့်မခံနိုင်တဲ့ အဆုံး တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။ ဘာဆို ဘာမှ […]
