ရှောင်တခင်စစ်ဆေးခြင်း အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင် ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။ ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့ အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ ဘယ်လောက်လဲ”လို့မေးလိုက်တယ်။ ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀ဝဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။ အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂ဝတန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး “မင်းထွက်သွား နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။ ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။ အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း ဒီကောင်ဒီမှာလုပ်တာကြာပီလား” လို့လဲမေးလိုက်ရော၊ မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။ အဝတ်ဗီရိုရဲ့အစောင့် လူနာရှင်။ ။ကျနော့မိန်းမစိတ်ရောဂါရှိနေလို့ပါဆရာ၊သူ့အဝတ်အစားတွေအခိုးခံရလိမ့်မယ်ဆိုပြီး အရမ်းစိုးရိမ်နေရှာတယ်ခင်ဗျ။ ဆရာဝန်။ ။ဘယ်လိုဖြစ်လို့လဲ၊ခင်ဗျားကရောဘယ်လိုလုပ်သိတာလဲ? လူနာရှင်။ ။ဒီလိုပါဆရာ၊တနေ့ကကျနော်အိမ်ကိုခါတိုင်းထက်၂နာရီစောပြီးပြန်ရောက်လာပါတယ်။ အဲဒီအချိန်မှာကျနော်မိန်းမနဲကျနော့တိုရဲ့အိပ်ခန်းထဲကဗီရိုဘေးမှာယောက်ကျားတယောက်ကိုတွေ့ပါတယ်။ကျနော့မိန်းမကိုမေးကြည့်လိုက်တော့အဲဒီလူကကျနော်မိန်းမသူရဲ့အဝတ်အစားတွေခိုးမှာစိုး လို့စောင့်ခိုင်းထားတဲ့အစောင့်ပါတဲ့ဆရာ၊ကျနော့မိန်းမကိုကုပေးပါအုန်းဗျာ။ မစောင့်ရတော့ပါဘူး စားစရာတွေမှာထားပြီးအချိန်တော်တော်ကြာအောင်စောင့်နေရလို့စိတ်မရှည်တော့တဲ့ဧည့်သည်က “ဟေ့ စားပွဲထိုး ငါဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲကွ” လို့ဒေါသတကြီးအော်မေးလိုက်တယ်။ စားပွဲထိုးကခုလိုပြန်ဖြေပါတယ်၊ “မစောင့်ရတော့ပါဘူးဆရာ၊ကျနော်တို့ဆိုင်ကကိုးနာရီဆိုပိတ်ပါတယ်၊ခုကိုးနာရီထိုးဖို့၁မိနစ်တောင်မလိုတော့ဘူးဆိုတော့ဆရာမစောင့်ရတော့ပါဘူး” ဟူသတတ်။ သူလိမ်ကိုယ်လိမ် အမျိုးသားတယောက်နှင့်အတူထိုင်နေရာမှအမျိုးသမီးကဖုန်းလာသဖြင့်ထိုင်ရာမှထသွားပြီးကိုင်လိုက်သည်။ စကားအနည်းငယ်ပြောပြီးပြန်လာထိုင်သောအမျိုးသမီးကိုအမျိုးသားကမေးသည်၊”ဘယ်က ဖုန်းလဲ” အမျိုးသမီးက “ကျမ ယောက်ျား” အမျိုးသားက “ဟေ ဒါဆို […]
