မုန့်နယ်ပြီးပုံလုပ်ရန်အသင့်   ပုံလုပ်ပြီးမီးမဖုတ်မှီ ၁ နာရီခန့်နှပ်ထား   ကျက်ပြီကွယ်   ကော်ဖီလေးပါဖျော်လိုက်မယ်   အားနေတာရယ်။ အခုတလောကွန်နက်ရှင်မကောင်းတာရယ်နဲ့ ပျင်းပျင်းရှိတာနဲ့မုန့်လုပ်စားဖြစ်တာပါ။ ရွာထဲကလူတွေလဲ သတိရတာနဲ့ ကျွေးလိုက်ပါတယ်။ အိမ်မှာလုပ်စားတော့ ကုန်ကျစရိတ်သက်သာစွာနဲ့ အဝစားရတာမို့ ကျွန်မကတော့ မုန့်တော်တော်များများကိုအိမ်မှာပဲ လုပ်စားလေ့ရှိပါတယ်။ ဒီကြက်အူချောင်းပေါင်မုန့်လေးဆိုလဲ အပြင်မှာဝယ်စားရင် တခု ၆၀ဝ ကျပ်ပေးရပါတယ်။ အခုကတော ၁၂ ခုလုပ်တာမှ ၂၅၀ဝ ကျပ်လောက်ပဲကျတာမို့ အိမ်မှာပဲလုပ်စားဖြစ်ပါတယ်။ မုန့်လုပ်နည်းစိတ်ဝင်စားတယ်ဆိုရင်တော့ ပေးပါ့မယ်။ သိပ်မခက်လှပါဘူး။ ပူပူနွေးနွေးလေးမို့ ဖြည်းဖြည်းစားကြပါနော်။


  ဂုဏ်ယူပါတယ်အမေ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အမေက အခုအခါမှာတော့ ကမ္ဘာ့အလည်မှာ မြန်မာတို့ရဲ့ ဂုဏ်ကိုထပ်ဆောင်လိုက်ပြန်ပြီ။ Honorary Doctor of Civil Law Dr. Aung San Suu Kyi ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် Oxford University ကြီးရဲ့ ချီးမြှင့်ခြင်းကို ခန်းခန်းနားသိုက်မြိုက်စွာလက်ခံရရှိခဲ့ပါပြီ။ အမေ့ရဲ့ကျေးဇူးတင်စကားပြောအပြီးမှာတော့ နိုဘယ်ဆုပေးပွဲတုန်းကလိုပဲ လက်ခုတ်သံတွေကို တော်တော်နဲ့မစဲနိုင် ဘူးဖြစ်ခဲ့ရပါတယ်။ ဘွဲ့လက်ခံယူအပြီးမှာလဲ ဓာတ်ပုံအရိုက်ခံတဲ့အခါမှာလဲ မပြီးနိုင်မစီးနိုင်ပုံပေါင်းများစွာကို ဟိုဘက်လှည့်ပါအုံး၊ ဒီဘက်တိုးပါအုံးနဲ့ရိုက်နေကြတဲ့မြင် ကွင်းကမျက်ရည်တောင်ဝဲခဲ့ရပါတယ်။ ထပ်ဆင့်ဂုဏ်ယူပါတယ်အမေ။


ဂုဏ်ယူပါတယ် မနောရေ။ ဒီနေ့ထုပ်ကြေးမုံသတင်းစာမှာ မန်းဂေဇက်မှာ ဇန်နဝါရီ ၁၆ ရက် ၂၀၁၂ က  မနောတင်ထားခဲ့တဲ့ စီးချင်အုံးဟဲ့အထူးကား ပိုစ့်ကလေးပါလာတာတွေ့ရပါတယ်။ မန်းဂေဇက်မှ နို်င်ငံသိ တိုင်းသိပြည်သိ စာရေးသူများ နိုင်ငံ့အကျိုးပြုသူများပေါ်ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။   မဖတ်ဖူးသူများ ပြန်ဖတ်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ( သဂျီးရေ မနောကို credit ပေးလိုက်ပါနော်။ ) စီးချင်ဦးဟဲ့ အထူးကား   ဟော… လာပြီ မနော တစ်ယောက် အဝေးကို မျှော်ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိသည်။ လည်ပင်းကြောတွေထောင်၊ မျက်စိတွေ ညောင်းနေပြီး ခြင်းကိုင်ထားတဲ့လက်ကလည်း လက်အံသေနေအောင် မျှော်နေရတဲ့အချိန်မှာ ကိုယ်စီးမယ့်ကား လာတာတွေ့တော့ ဝမ်းသာသွားမိသည်။ ဒီနေ့ ရုံး စောစောသွားမယ်ဆိုမှ ဘာကားမှမလာတော့။ လာတဲ့ကားတွေကလည်း မရပ်နဲ့။ ဒါကြောင့် ဘာကားပဲဖြစ်ဖြစ် […]


ဝမ်းသာစရာ မင်္ဂလာသတင်းလေးမို့ အမြန်တင်ချင်တာနဲ့ ကွန်နက်ရှင်ကိုအံတုရင်း ချက်ချင်းတင်လိုက်ပါတယ်။ အခုပဲ မြန်မာ့ရုပ်မြင်သံကြားကလွှင့်သွားပါတယ်။ သမ္မတကြီးနဲ့ နုိုင်ငံစုံအဖွဲ့တွေ့ကြပါတယ်။ နော်ဝေကဦးဆောင် လာတာပါ။ နော်ဝေက ပွဲဦးထွက် ဒေါ်လာ ၅ သန်းပေးသွားပါတယ်။ အင်္ဂလန်ကလဲလာသမ္မတကြီးကိုလာ လည် ဖို့ ဖိတ်သွားပါတယ်။ ဒေါ်လာ သန်း ၃ဝ ကူညီမယ်လ်ို့လဲကတိပေးသွားပါတယ်။ အီးယူကတော့ ဒေါ်လာ သန်း ၂၀ဝ ထိကူညီမယ်လို့ကမ်းလှမ်းသွားသလို ကမ္ဘာ့ဘဏ်ကလဲ ကြွေးမြီတွေရှင်းပြီးသွားရင် သက်သာသော အတိုးနှုန်းနဲ့ ဒေါ်လာ သန်း ၃၀ဝ ထိပေးမယ်လို့ ကတိပေးသွားပါတယ်။ နောက်ပြီးကမ္ဘာမှာမရှိသေးတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကိုနော်ဝေက ဦးဆောင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ပြသနာတွေ ငြိမ်းချမ်းရေးဖော် ဆောင်မှု့တွေမှာ လိုအပ်တဲ့အကြံညဏ်များပေးပြီး ပူးပေါင်းကူညီသွားဖို့သဘောတူသွားပါတယ်။ ဘရာဗိုပါသမ္မတကြီး။ သမ္မတကြီးနဲ့ အမေစုရဲ့ပူးပေါင်းဆောင်ရွက်မှု့ဟာတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပါပြီ။ သမ္မတကြီးနဲ့အမေစုကျန်းမာပါစေ။ နောက်ပြန်လှည့်လို့မရအောင်ချီတုတ်လိုက်တာဖြစ်သလို သမ္မတကြီးနဲ့ အမေစုရဲ့ပူးပေါင်းဆောင်ရွက်မှု့ကို ဂုဏ်ပြုလိုက်တာလို့လဲထင်ပါတယ်။


မနက်ကပဲ ကျွန်မ သူဂျီးတို့မြေမှာနေတဲ့ ဦးလေးနဲ့စကားပြေဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ယနေ့ဟော့ဖြစ်နေတဲ့ ရခိုင်အရေးပဲပေါ့။ ပြောရင်းပြောရင်းဒေါသတွေ ထွက်လာ ခဲ့ရပါ တယ်။ သူကတော့ ကျွန်မမှားနေတယ်လို့ပြောပါတယ်။ အဲဒါကတော့ဘာလဲဆိုတော့ ရခိုင်အရေးမှာ ပြည်တွင်းမီဒီယာတွေနဲ့ အစိုးရပေါင်းပြီးကျွန်မတို့ ကိုလိမ်နေ တယ်တဲ့။ ကျွန်မကပြောလိုက်တယ် BBC VOA ကသာလိမ်နေတာ။ သတင်းမှားတွေဖြန့်နေတာ လို့ပြောတော့ သူက ကားဈေးလေးချပေးတာနဲ့ နင်တို့က အစိုးရကို အကောင်း မြင် နေ တာတဲ့။ တကယ်တော့လိမ်နေတာ ပြည်တွင်း မီဒီယာတဲ့။ BBC VOA က အမှန်တွေပဲပြောတာတဲ့။ ဘုန်းကြီးတွေကိုကျတော့ သတ်ပြီး ဒီကုလားတွေကိုမသတ်တာဟာ အစိုးရ ရဲ့မရိုးသား မှု့ပဲတဲ့။ ကျွန်မကပြောလိုက် တယ်။ နိုင်ငံတကာသတင်းအမှားတွေကြောင့်သာပိုလုပ်ရကိုင်ရခက်နေတာလို့။ သူကပြောတယ်။ နင့်နားမှာရှိတဲ့သူတွေကို အကုန်မေးကြည့် ပါ။ ဘယ်သူ လိမ်နေတာလဲလို့ […]


ဇွန်(၆)ရက် ၊၂၀၁၂ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင် ဂျမာအတ်လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦးအသတ်ခံခြင်းနှင့်ပတ် သက် ၍  အမှန် အာင်ဆန်းစုကြည်ထံသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီများအဖွဲ့ချုပ်မှ အဖွဲ့ဝင်သည်စာနယ်ဇင်းများတွင် မွတ်ဆလင်(ကုလား)ဆိုသည့် စကားလုံး အသုံးအနှုန်းများမသုံးစွဲရန်နှင့် ရခိုင်ပြည်နယ် တွင် အသတ်ခံခဲ့ရသော ဘာသာရေးလုပ်ကိုင်သူအစ္စလာမ်ဘာသာဝင် (၁၀)ဦး သေဆုံးခဲ့ရခြင်းများကို အရေးယူဖြေရှင်းပေးရန်ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက် တွေ့ဆုြံ ခင်းဖြစ်သည်။ “ ဘာသာရေးလုပ်ဖို့သွားတဲ့လူတွေ၊ အသတ်ခံရတဲ့သူတွေကိုမွတ်ဆလင်(ကုလား)လို့ရေးတယ်၊ အမှန်တော့ ကျွန်တော်တို့ကအစ္စလာမ်ဘာသာဝင်တွေ ပါ။ မွတ်ဆလင်လူမျိုးပါ နောက်တစ်ခုက ဒီလူဟာနိုင်ငံတော်ရဲ့ ဥပဒေကို ဖောက်ဖျက်တဲ့အတွက်ကြောင့်ဆိုရင် ဥပဒေအတိုင်းဆုံးဖြတ်လိုက် လက်ခံတယ်၊ ကြိုက်သလို ဆုံးမ လိုက် အခုတော့ ဘုရားဖူးသွားတဲ့အစ္စလာမ်လူမျိုး ဘာသာရေး သမားတွေကို   ရက်ရက်စက်စက် သတ်ပစ် တာမြင်ရတာကျွန်တော်တို့အတွက် မတရားဘူး” ဟု မော်လဝီ များအဖွဲ့ချုပ် […]


      ချင်ပင်ဇီလေးဟာ မွေးမွေးချင်းအမေသေသွားလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေက ခွေးမကြီးဆီပို့ထားပြီး ခွေးလေးတွေနဲ့အတူတူစောင့်ရှောက်ခိုင်းထားတာ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ ချင်ပင်ဇီလေးက ခွေးလေးတွေနဲ့ခွေးမကြီးကို သူ့အမေနဲ့ သူ့မောင်နှမတွေလို့ထင်ပြီး ခွေးလေးတွေလိုလိုက်လုပ်နေတာ။ ချစ်ဖို့ကောင်းသလို သူတို့ရဲ့သံယောဇဉ်ကိုလဲ ခံစားမိတယ်။ ဒါပေမဲ့အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ ဘဝတွေ သဘာဝတွေဟာ မတူဘူးဆိုတာ သိလာကြတဲ့အချိန်မှာ ဘယ်လိုများဖြစ်မလဲဆိုတာ စိတ်ဝင်စားနေမိပါတယ်။ အခုအချိန်မှာတော့သူတို့ သံယောဇဉ်ဟာတော်တော်ကို ခိုင်မာနေပုံရပါတယ်။  မေးထဲရောက်လာတဲ့ပုံလေးတွေကို ခံစားရလို့ ပြန်လည်ဝေမျှလိုက်တာပါ။


ဒီနေ့ည ၉ နာရီခွဲလောက်ကန်ဘောင်ကိုသွားဖြစ်တယ်။ ဝင်ကြေးလဲပေးပြီးကားလဲဝင်လိုက်ကော ရဲတွေကောလူတွေကော ပြေးကြလွားကြနဲ့။ လိုက်လိုက်အဲဒီ Taxi ဖြစ်မယ် ဆိုပြီးလိုက်ကြတယ်။ အထဲမှာလဲရဲတွေ လူတွေရုတ်ရုတ် ရုတ်ရုတ်နဲ့။ အဲဒါနဲ့ဘာဖြစ်တာလဲလို့ စပ်စုလိုက်တော့ ဓါးထိုးမှု့ဖြစ်လို့တဲ့။ ဆင်းပြီးစပ်စုချင်ပေမဲ့ သားကပါလာတော့ ကားကိုချက်ချင်းပြန်ထွက်ခဲ့ရတယ်။ ပေါက်မှာတော့ လူတွေအများကြီးပဲ။ လွတ်သွားတယ်လို့ပြောတယ်။ အသေးစိတ်ကိုတော့သိတဲ့သူများ ဆက်တင်ပေးပါ။ စီဂျေ ဒေါ်ကြီးမိုက်တော့ပိုသိမယ်ထင်တယ်။


၁၉၉၉ လောက်ကကျွန်မတို့ကျောင်းတွေပိတ်ထားတုန်း သူငယ်ချင်းကျောင်းဆရာမလုပ်နေတဲ့ရွာကိုသွား လည်ဖို့ ကျွန်မတို့သူငယ်ချင်းတွေ တိုင်ပင်ပြီးသွားဖို့စီစဉ် ခဲ့ကြပါတယ်။ သွားမဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့ ရထားလမ်းဆုံးသာရဝေါမြို့လေးနားက ရွာလေးတရွာကိုပေါ့။ သွားဖို့ကိုရထားနှစ်ဆင့်စီးရပါတယ်။ ကျွန်မ တို့မြို့ကနေ လက်ပန်တန်းမြို့ကိုတဆင့် အဲဒီကမှ သာရဝေါမြို့ကိုရထားဆက်စီးရပါတယ်။ လက်ပန်တန်း ရောက်တော့ ရထားပြောင်းစီးကြပါတယ်။ ဖြစ်ချင်တော့အဲဒီသာရဝေါ ရထားကလက်ပန်တန်း မှာပျက် ပါလေရော။ ကျွန်မတို့ကတော့စိတ်မပျက်ပဲပိုပျော်သွားပါတယ်။ လက်ပန် တန်းမြို့ထဲကိုလည်ရတော့မှာမို့ပါ။ အဲဒါနဲ့အစီအစဉ်ထဲ မပါတဲ့လက်ပန်တန်းမြို့ကိုလည်ကြတာပေါ့။ အဆိုတခုရှိတယ်လေ။ အဲမြို့အကြောင်းသိ ချင်ရင်အဲမြို့ကဈေးကိုသွားကြည့်ဆိုတော့ကျွန်မတို့လဲဈေးကိုချီ တက်ကြတာပေါ့။ စားချင်ရာစားပြီး ဝယ်ချင် တာ ဝယ်ရင်းအဲမြို့စီးပွားရေးလူမှု့ရေးတွေကိုလေ့လာခွင့် ရခဲ့ပါတယ်။ နောက်တော့ရန်ကုန်ကစက် ခေါင်း လာတော့ရထားဥဩဆွဲသံကြားမှ ရထားဆီကိုပြန်ပြေးရင်း သာရဝေါကိုချီတက်ခဲ့ပါတယ်။ လမ်းတလျောက် မှာတော့ ရထားလမ်းဘေးမှာဖြစ်သလိုတဲပေါက်ကလေးတွေ ထိုးပြီး အင်းတွေမှာလုပ်နေတဲ့ မိသားစုတွေ ကိုတွေ့ခဲ့ရပါတယ်။ ကလေးတွေကလဲအိမ်နဲ့တောင်မလိုက်အောင်ကို များနေတာလဲသတိထားခဲ့မိပါတယ်။ မိဘတွေကြည့်လိုက်တော့လဲ ဒီကလေးတွေ ရဲ့ […]


                                        Incredible Water Bridge in Germany                                        Instant Acrophobia                                          Ladybird Lands with Style                                       Lightning Show at the Grand Canyon                                       Living on the Edge                                        Meanwhile in Chicago …                                        Rago National Park, Norway                                          Stargazing                                        Sunset on Mars                                        The Cloud Covered Island of Litla Dimun                                          The Craziest Illusion in […]


                                        70 Lightning Strikes in One Shot                                         Autumn in the Adirondacks                                         Awww Yeah Flowers!                                         Best Sidecar … eve                                         Busiest Train ….ever                                         Cloud City Dubai                                          Crystal Ice Cave in Skaftafell , Iceland                                        Epic Aerial of Barcelona , Spain                                            European Beech […]


  ဟိုတနေ့က TV Guid ဝယ်လာတာ။ မျက်နှာဖုံးတွေ့လိုက်တဲ့အချိန်မှာတော့ ကျွန်မတို့တန်ဖိုးထားမြတ်နိုးလာခဲ့တဲ့ မြန်မာသင်္ကြန်ဆိုတာ ဘာပါလိမ့်လို့တွေးမိပါတယ်။ ပွဲတော်ကာလ အတွင်းမှာတောင်သရုတ်ပျက်ဝတ်စားဆင်ယင်မှု့တွေကို တားမြစ်ဆန့်ကျင်နေကြတာကို သူတို့က သင်္ကြန်ပုံစံလေးကို ကြိုးစားပြီးထူးထူးခြားခြားလုပ်ထား တယ်ဆိုတော့ စိတ်ထဲမှာ သင်္ကြန်ဆိုတာကို ဘယ်လိုနှမျောမှန်းမသိပဲ ဘာ့ကြောင့်နှမျောမှန်းမသိပဲ နှမျောသွားမိပါတယ်။ ဓါတ်ပုံဆရာကတော့ပြောပါတယ်။ “ ဒီ Cover ကို ကြိုး ကြိုးစားစားနဲ့ Taste အသစ်လေးတွေဖြစ်အောင် အခက်ခဲတွေကြားထဲကနေ ကြိုး ကြိုးစားစားနဲ့ရိုက်ထားပါတယ်။ ပရိတ်သတ်ကြီး ကြိုက်မယ်လို့ထင်ပါတယ်။ အားပေးကြပါလို့ပြောချင်ပါတယ်” တဲ့။ အဲတော့ သူ့ကြိုးစားမှု့ကိုအသိအမှတ်ပြုချင်ပါတယ်။ သို့သော်ဒီလို မြန်မာ့ယဉ်ကျေးမှု့တွေနဲ့ ထုံမွှန်းထားရမဲ့သင်္ကြန်ကို ဒီလိုဖျက်စီး လို့ကြိုဆိုသင့်ပါသလား။ ကျွန်မလဲသေသေချာချာတော့မသိပေမဲ့ ဒီလိုဓါတ်ပုံမျိုးကိုတော့  မြန်မာ့ယဉ်ကျေးမှု့တွေနဲ့ အတာသင်္ကြန် မှာတော့မသုံးသင့်ဘူးထင်တာပဲ။ ကျွန်မပဲ အတွေးတိမ်တာလား၊ ခေတ်မမှီတာလား ရွာသူားများဖြေပေးကြပါအုံး။ ဒီလိုပုံမျိုးကို မျက်နှာဖုံးတင်ခွင့်ပြုတဲ့ […]