True AnswerApril 30, 20111min05
ဓမ္မမိတ်ဆွေများခင်ဗျား- ဗုဒ္ဓတရားတော်များ၏ လိုရင်းအနှစ်ချုပ်ကို ဆူနာမီဆရာတော်ဟောကြားခဲ့သည့်အတိုင်း ကျွန်တော်ဉာဏ်မီသလောက် အတိုချုံးဖော်ပြအပ်ပါသည်။ ဗုဒ္ဓ၏ သစ္စာလေးပါးတရားတော်များသည် တစ်ခုခုပြုလုပ်နေရခြင်း၊ ဘာမှမလုပ်ပဲ နေရခြင်း စသည့် သဘောတရားတို့ထက် ကျော်လွန် -လွန်မြောက်နေသည်။ ဗုဒ္ဓတရားတော်များ၏ လိုရင်းအစစ်သည် တစ်ခုခုပြုလုပ်နေရခြင်း (သို့) ဘာမှမလုပ်ပဲနေရခြင်း ဟူသောသဘောတရားများထက်….လွန်မြောက်နေ ကြောင်းနားမလည်သူတချို့က ဗုဒ္ဓတရားတော်များကို တစ်ခုခုလုပ်ခိုင်းခြင်းဟု ထင်မှတ်ကာ ကျင့်ကြံအားထုတ်ခြင်းသည် အချည်းနှီးဟု ကိုယ်ထင်ရာ ကိုယ်စွပ်စွဲကြလေသည်။ တချို့ကျတော့လည်း တရားအလုပ်သည် ဘာမှမလုပ်ပဲ မျက်စိမှတ်ထိုင်နေခြင်း ဖြစ်သည့်အတွက် လောကကောင်းကျိုးအတွက် ဘာမှအသုံးမဝင်သယောင် ကဲ့ရဲ့ဝေဖန်ကြပြန်လေသည်။ တကယ့်တရားအလုပ်အစစ်သည် လက်တွေ့ဘဝအေးချမ်းသာယာမှုကို ဖြစ်စေရုံမျှမက ….ကျွန်ုပ်တို့ ဦးနှောက်ဖြင့် နားလည်နေသော စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုတို့ထက် လွန်မြောက်နေလေသည်။ ထိုသဘောတရားတို့ကို နားလည်အောင် သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရသည် ၁ဝ နှစ်ကျော်ခန့် တရစပ် မဂ္ဂင်တရားအလုပ်ဟူသည် အဘယ်ကဲ့သို့သော […]


True AnswerApril 24, 201111min00
Real Meditation Real meditation is neither doing nor doing nothing TAKING THEM AS REALITY. Real meditation is Neither action nor inaction taking them as reality. At the view of original truth, real meditation is just remembering the powers of original truth_real impermanent nature which is constant and forever. At first, real meditation is …Just believing(accepting) […]


True AnswerApril 18, 20111min07
၁) နှစ်သစ်တိုင်းအတွက် အလိုအပ်ဆုံး (သို့) ၁၃၇၃ နှစ်သစ်သန္နိဋ္ဌာန်(NEW YEAR RESOLUTION) ရာသီအလီလီ ၊ နှစ်တွေအလီလီပြောင်းခဲ့ပါပြီ။ ယခုဆိုလျှင် မြန်မာနှစ်သစ် ၁၃၇၂ မှ ၁၃၇၃ သို့ စတင် ချည်းနှင်းဝင်ရောက်လေပြီ။ အသက်တွေပြောင်း၊ နှစ်တွေပြောင်းလာပေမယ့် ကျွန်တော်တို့ရဲ့ ဘဝနဲ့ ပတ်သက်ပြီး နားလည်မှု၊ သဘောထား ကတော့ ပြောင်းလဲဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။ ကျိန်းသေသည်ကတော့ ကျွန်တော်တို့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှင့် ယင်းအတွေးများကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများ သည် ယခုနှစ်သစ်မှာဖြစ်နေသည့် အတွေးများ ခံစားမှုများနှင့် သိပ်ပြီး ကွာဟမှုမရှိခြင်းပင်ဖြစ်သည်။ အရင်အတိုင်းပဲ ဟု ဆို၍ ရနိုင်ကောင်းသည်။ ဤအတိုင်းဆိုလျှင် မနှစ်ကထက် ထူးပြီး ပြောင်းလဲမှုမရှိ ဖြစ်နေပြီ ဆိုသည်မှာ ကျိန်းသေသလောက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ဟောင်းတွင် တကယ်စိတ်အေးချမ်းသာ […]


True AnswerApril 16, 20111min04
2010-2011 ဒီနှစ်တွင်း ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ တရားစာအုပ်လေး(၃)အုပ် ကို အနည်းငယ်ထပ်မံ edition လုပ်လျှက် ဓမ္မဒါနပို့လိုက်ပါတယ်ခင်ဗျား- သစ္စာတရားတော်များကို နားလည်မှုလွယ်ကူစေရန် ရည်သန်လျှက် ကျွန်တော် ဉာဏ်မီသလောက် ကြိုးစားရေးသားထားခြင်းပါ။ အမှာစာ အချိန်ပေးပြီး ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ပါသည်။ လောကမှာ ဘာကို အဓိကထားရမလဲ တန်ဖိုးထား ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မှန်ကန်စွာ သိလိုကြသူများ ရှိသလို… ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်း ရှိကြပါတယ်… ဘာကို အဓိက ထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဟာ ဘာသာရေး ကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီ အကိုးအကား များနှင့် လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ […]


True AnswerApril 1, 20113min014
” အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား” ဟူသော ဩကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်….ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့ ကျွန်တော့် ခေါင်းထဲရောက်လာသည်။ ငလျင်ဘေးများ ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ ဟုဆိုသည်။ လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။ စူပါမွန်းခြောက်လှန့်မှု စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး […]