ဇေကမ္ဘာ ကုုမ္ပဏီပုိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး ချမ်းသာလာသူ ဖြစ်ပါတယ်။ နအဖ နဝတ စစ်အစိုုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကုို စစ်အစိုုးရကလည်း ထိုက်ထိုက်တန်တန် အသုုံးချခဲ့ပါတယ်။ ၁၉၉ရ ခုုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆုို့မှုကြောင့် မြန်မာစစ်အစိုုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆုို့မှုပြန်ဖွင့်ရေး၊ နုိုင်ငံတကာမှာ စစ်အစိုုးရ သိက္ခာပြန်တင်နုိုင်ရေးအတွက် အမေရိကန် Public Relations ကုုမ္ပဏီတွေကုို ဇေကမ္ဘာကုုမ္ဗဏီပုိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်အစောပုိုင်းကစပြီး Jafferson Waterman International ဆုိုတဲ့ ကုုမ္ပဏီကုို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုုးရက ငှားပီး လော်ဘီလုုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ […]


Breaking News just receive from Eleven Media group >>> အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် မတင် ၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင် မဝင် နှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်နှစ်ရပ်မှာ (၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်။ (၂) ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့ သံတိုသံစဝယ်တဲ့ဆိုင် သွားရောင်းတာ ၁၅ဝ တောင်ရသတဲ့။ သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။ ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။ ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။   တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့ နောက်နှစ်အတွက် မပြန်တော့ဘဲ နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။ ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀ဝဘိုးကျသတဲ့။ သူခိုး နွားကောင်းမသိရ […]


Following Post updated  from Eleven Media : ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များသဘောတူညီ လိုက်ပြီဖြစ်ကြောင်းနိုင်ငံတော်သမ္မတ                       ၏အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘာလီ၌ Eleven Media Group သို့ပြောကြားခဲ့သည် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကလည်း အတည်ပြုပေးလိုက်ပြီဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၁ရရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့ သော အာဆီယံထိပ်သီးမျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ ခေါင်းဆောင်များက သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။ ” ၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ပါပြီ။ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ပြောပါတယ်။  တရားဝင်ကြေညာမှုကိုတော့ အာဆီယံခေါင်းဆောင်တွေက ပြောပါလိမ့်မယ်”ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ […]