NKDecember 6, 20111min03
အမေရိကန် သို့ခပ်ကြွှားကြွား ဂျပန်တစ်ယောက်အလည်ရောက်နေ၏ ။ပြန်မည့်နေ့မှာလေဆိပ်သို့ သွားရန်အတွက် တက်စီ တစ်စီးငှားလေသည်။ တက်စီဖြင့်လေဆိပ်သို့လာစဉ် လမ်းတွင်အရှိန်ပြင်း စွာ မောင်းနှင်လာသောကားတစ်စီးက ၎င်းတို့ကားကို ကျော်တက်သွားရာဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။ “ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း “တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။ မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း “မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား […]


NKDecember 6, 20111min07
ဝတ်ချင်သလို ဝတ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အကျင်္ီအကျား၊ ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။ အဲ့ဒါ… ငါ့သမီးပါ။ အော်… ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။ ဟအကောင်ရ… ငါက သူ့အမေကွ။ သမိုင်းဆရာ – ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။ သမိုင်းဆရာ – ကောင်းပြီ၊ ၁၉၂ဝ မှာရော ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။