manawphyulayDecember 21, 20111min021
အဘဖော စီစဉ်ထားတာတွေလေ အားလုံး ဝမ်းသာနေကြတာနဲ့ ဘူဖေးဆိုပေမယ့် သိပ်မစားနိုင်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီပွဲကို လာရတဲ့အတွက် မောင်နှမများအားလုံး ဆုံညီစွာ တွေ့ဆုံရတဲ့အတွက်လည်း အလွန်ပဲ အဘဖောကို ကျေးဇူးအထူးပဲ တင်မိပါတယ်။ စားချင်တာ စားရအောင် အလျှံပယ် ဘူဖေးစနစ်ပါတဲ့ရှင် ဘယ်လောက်စားစား မကုန်သလိုပဲ နော်… ဘူဖေးဆိုတော့လည်း သိပ်မစားနိုင်ကြပါဘူး။ အပျော်တွေလွန်ပြီး ဝနေကြတာ… ငါးခေါင်းဟင်းချိုဆိုတဲ့အတိုင်း ကျွေးတဲ့သူက စေတနာပါတော့လည်း ချိုနေတာပါပဲ… ဘူဖေး စားပြီးကြပြန်တော့ အချိုပွဲလေးတွေ ဆက်စားလိုက်ကြပါဦး။ အဘဖောက သိပ်မစားကြတော့ မတန်ဖူးလို့ပြောနေတယ်။ ဒီတော့ စားပြီးရင်း စား မပြန်မချင်းစား ထပ်ထပ်စားကြပေါ့ ဒါကတော့ ဘူဖေးစားခဲ့ရပြီး မောင်နှမတွေ ပျော်ရွှင်စွာ တွေ့ဆုံခဲ့တဲ့နေရာလေးပေါ့..


manawphyulayDecember 20, 20111min022
တွေ့ဆုံပွဲလုပ်တုန်းကတော့ တကယ်ကို ပျော်မိပါတယ်။ ကျွေးတာတောင် မစားနိုင်ပဲ အလိုလို အပျော်တွေနဲ့ ပိနေလို့ သိပ်တောင်မစားနိုင်လို့ အဘဖောကတော့ ပြောပါတယ်။ မတန်ဘူးတဲ့လေ။ သေသေချာချာကြည့်တော့လည်း ဘယ်သူမှ မစားနိုင်ကြတာ တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြနဲ့ ကိုရင်ဆီလည်း လက်ဝါးဖြန့်ဖြန့်ပြီး ဘာတွေတောင်းကြမှန်းလည်းမသိနဲ့ အတော့်ကို ဝိုင်းဝိုင်းလည်နေတာလည်း တွေ့ရနဲ့ သီချင်းအဆိုကောင်းတဲ့ ဦးဘလက်ကြီးကိုလည်း မနောရဲ့ပွဲကြရင် ပင်တိုင်ဆိုဖို့ ခေါ်ဖို့စိတ်ကူးထားပြီးသား သိလး။ ဒီအပျော်တွေကို မြေနီကုန်းစီးတီးမတ်ထိ ယူဆောင်သွားခဲ့ပါတယ်။ ညလည်းရောက်ရော ညကားနဲ့ နေပြည်တော်ကို ချီတက်ခဲ့ရတယ်။ အပျော်တွေကို စိတ်ကူးယဉ်ရင်းနဲ့ နေပြည်တော်ရောက်သွားတော့ တည်းတဲ့ဟိုတယ်က အားလားလား ကားဂိတ်နဲ့ မိုင် ၂ဝ တောင်မောင်းရတဲ့ ခရီးဖြစ်နေတယ်။ ဟိုတယ်ရောက်တော့လည်း ခုမှ ဟိုတယ်ကြီးက ဆောက်လက်စနဲ့ ဒီရောက်မှ ဒီဇင်ဘာဆိုတာ ခံစားမိတယ်။ တောင်တွေ […]


manawphyulayDecember 16, 20111min00
ဘာသာရပ်ဆိုင်ရာဟောပြောပွဲ ဖိတ်ကြားလွှာ ဒေါက်တာအောင်မြင့် က ” ဝက်နားရွက်ပြာရောဂါ ၊ ဘယ်လိုထိန်းကြမလဲ ” “Porcine Reproductive and Respiratory Syndrome (PRRS): How shall we control it ? ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။ အစီအစဉ် ကျင်းပမည့်နေရက် ။ ။ ၂၀၁၁ခုနှစ်၊ဒီဇင်ဘာလ(၁၇)ရက်(စနေနေ့) ကျင်းပမည့်အချိန် ။ ။ နေ့လည်(၂းဝ၀)နာရီ ကျင်းပမည့်နေရာ ။ ။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဘုရင့်နောင်လမ်းမကြီးနှင့်စက်မှုဆေးဝါး စက်ရုံလမ်းထောင့်၊အနောက်ကြို့ကုန်း အင်းစိန်မြို့နယ်။ Sponsored by KTK Electrical Engineering Co.,Ltd. ဝက်မွေးမြူသူများ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့်စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။


manawphyulayDecember 15, 20111min09
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် […]


manawphyulayDecember 15, 20111min03
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှုး၍ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် (စနေနေ့) နေ့လယ်(၂းဝ၀) မှ ညနေ(၄းဝ၀)နာရီအထိ ရန်ကုန်မြျိ့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် Singapore နိုင်ငံ NCS Pte.Ltd မှ Senior Consultant ဖြစ်သူ ဦးအောင်မိုးဦးမှ “Information System Development Trend” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကမ္ဘာ့ ICT ဦးဆောင်ကုမ္ပဏီများဖြစ်သော CISCO, IBM နှင့် Oracle စသည့် ကုမ္ပဏီကြီးများ၏ System, Security, Storage နှင့် Infrastructure များတိုးတက်ပြောင်းလဲလာမှုများကို Cisco Vision UCS […]


manawphyulayDecember 14, 20111min015
အမေ ဝေးတစ်မြေကနေ သားအကြောင်းတွေးနေပြီလား? ဖွေးနေတဲ့ဆံဖြူများနဲ့ သားအတွက် အရင်လိုပူပန်နေဆဲလား? အရင်လို စိတ်ပုတီးနဲ့ အမေစိတ်ခရီးနှင်ဆဲလား? သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့ မေတ္တာပို့နေဆဲလား? တရားသံနာပျော်ရင်းနဲ့ သား စာအပြန်မျှော်နေတာလား? အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ ဘယ်လောက်ကြာနေပြီလဲ အမေ စာမရေးတာ နှစ်ချို့လို့ အပြစ်ဖို့လို့နေပြီလား အမေ မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ ပကာသနဆိုတာတွေ သိလာရပြီ အမေ ဗလာဘဝနဲ့ သားအတွက် အားတက်စရာ အမေ့အေးရိပ် ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။ ကဲ အဝေးရောက် ကိုကို မောင်လေးများအတွက် အငှားခံစားရေးဖွဲ့လိုက်ပါတယ်။


manawphyulayDecember 14, 20112min014
တစ်ခါတလေ အပျင်းပြေ အိမ်မှာ လက်တည့်စမ်းကြည့်မိတယ်။ ဘာပန်းမှန်းကိုမသိဘူး။ နောက်မှ အိမ်က လူကြီးတွေမေးကြည့်တော့ ဒေလီယာပန်းလို့ခေါ်တယ်တဲ့။ မြင်တော့မြင်ဖူးဘူး။ အိမ်မှာ ပွင့်လာမှသာမြင်ဖူးတာ။ နေကြာပန်းလိုပဲ အပွင့်ကြီးတွေက အရမ်းလှတယ်လေ။


manawphyulayDecember 13, 20111min02
ဒီနေ့တော့ စွယ်စုံကျမ်းဆိုက်များကို တစ်စုတစည်းထဲ လိုချင်တာတွေ ရှာဖွေနိုင်အောင် တင်ပေးလိုက်ပါတယ်။ တချို့စွယ်စုံကျမ်းက သိပ်မဆုံပေမယ့် လိုချင်တာ ရှိရင်လည်း ယူလို့ရတာပေါ့နော်။ cyclopedia http://www.lyricpedia.com Home http://uncyclopedia.org http://www.geekpedia.com http://www.iconspedia.com http://www.gadgetspedia.com http://www.bigpedia.com http://www.softpedia.com http://www.bigpedia.com http://en.wikipedia.org http://www.artcyclopedia.com http://www.heroespedia.com Busihttp://www.tutorialpedia.com http://www.thetechpedia.com http://www.skypedia.org http://www.game-o-pedia.com http://www.literaturepedia.com http://www.toonopedia.com http://www.mobilepedia.com http://www.logospedia.com http://www.gamespedia.info http://www. ngopedia. net http://www.ovpedia.com Webopedia Homepage http://www.seopedia.org http://www.freestuffpedia.com http://www.jobopedia.org http://www.riapedia.com http://www.poemspedia.com http://www.petpedia.com http:/www.occultopedia.com http://www.bloggerspedia.com http://www.wooopedia.com http://www.camerapedia.org http://www.pediaknowledge.com


manawphyulayDecember 12, 20111min015
တနင်္ဂနွေနေ့က ခဝဲခြံနားမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းမှာ အိမ်က အစ်မက ပညာဒါနအဖြစ် အပတ်စဉ် စာသင်နေတာကို လိုက်သွားမိပါတယ်။ မိဘမဲ့ကလေးများ အယောက် ၂၅ဝ ရှိတာကို တွေ့ရှိရပြီး ပညာသင်ကြားပေးနေတာကတော့ ၅ တန်းအရွယ်ထိ ရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတိုက်ရဲ့ အမည်ကတော့ ကုမာရာ ရာမ ပရဟိတစာသင်တိုက်ပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းစင်လှတဲ့ပုံစံ စာပေကို မြတ်နိုးစွာ ကြိုးစားသင်ယူနေကြတာကလည်း အလွန်တရာမှ အားရဖွယ်ကောင်းလှပါတယ်။ လိုအပ်ချက်တွေကတော့ များလှပါတယ်။ ခုအောက်ကပုံကတော့ အမက သူသင်တဲ့ ၄ တန်းကျောင်းသားတွေအတွက် လိုအပ်တဲ့စာအုပ်တွေ ဝေငှပေးထားခြင်းသာ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အပြုံးကို မြင်တော့လည်း ရင်ထဲမှာ အေးချမ်းလှပါတယ်။ အများကြီးမတတ်နိုင်ပေမယ့် တစ်နိုင်တစ်ပိုင်လေးတွေ လှူဒါန်းကြမယ်ဆိုရင်ဖြင့် သူတို့လေးတွေလည်း အဆင်ပြေသွားမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပတ်တနင်္ဂနွေနေ့ကတော့ […]


manawphyulayDecember 9, 20111min015
ခုတစ်လော ဘာမှမရေးဖြစ်သလို အရင်က စာမဖတ်ရင် မနေတတ်တဲ့ ကျွန်မ၊ ခုတော့ ဘာမှလည်း မလုပ်ချင်၊ ဘာမှလည်း မဖတ်ချင်ဆိုတဲ့အတိုင်း ဘာမှ မလုပ်ပဲနေကြည့်မိတယ်။ ဒါပေမယ့် စာမဖတ်ပဲ အိပ်မပျော်တဲ့အတွက် စာလေးတော့ နည်းနည်းဖတ်ဖြစ်တယ်။ စာဖတ်ရင်းလည်း တွေးနေမိသေးတယ်။ စာအုပ်ခေတ်ကုန်တော့မည်လားလို့ လူအများအငြင်းပွားဖွယ်ဖြစ်နေချိန် ကျွန်မကတော့ စာဖတ်ရင် လက်ကကိုင်ပြီး ဖတ်တတ်တဲ့အကျင့်ကိုတော့ ခုထိမဖျောက်နိုင်သေးပါဘူး။ လူတော်တော်များများက အင်တာနက်အသုံးပြုရင်း အီးဘုတ်တို့ PDF ဖိုင်နဲ့ စာအုပ်တွေ ဖတ်တယ်လို့ဆိုလာချိန်မှာလည်း ကျွန်မကတော့ လက်ကကိုင်ပြီး ဖတ်ရမှ အားရမိတယ်။ စာအုပ်တွေလက်ကကိုင်ပြီးဖတ်တော့ ကိုယ်ရပ်ချင်တဲ့နေရာရောက်ရင် ခဏမှတ်ထား၊ လိုချင်တဲ့ အချက်ကို မျဉ်းစားတတ်တဲ့အကျင့်တွေနဲ့ အံကိုက်ဖြစ်နေမိတာကိုး။ လက်ကကိုင်ဖတ်မှ စာဖတ်အရသာခံစားမိတော့ တကယ့်စာဖတ်အနှစ်သာရကို အပြည့်အဝခံစားရတယ်လို့ထင်မြင်မိပါတယ်။ ဒီတော့ ခုထိဒီတိုင်းကိုင်ဖတ်နေတုန်းပါပဲ။ လက်က စာအုပ်ကိုင်ဖတ်တယ်ဆိုလို့ အထင်တော့မကြီးလေနဲ့။ မဝယ်နိုင်တဲ့ဘဝမို့ […]


manawphyulayDecember 6, 20111min09
မင်းရဲ့ဘဝလေး ပင်ယံမြင့်မှာ အဆင်သင့်လို့ အစဉ်တင့်မယ်ဆိုရင် ပင်ခြေအောက်က ပန်းကောက်သူ တို့ရင်မှာ ကြည်နူးရင်းနဲ့ အမြဲပန်ဆင်နေသူပါ ခုတော့…. ကံကြမ္မာ အခြေမလှလို့ နာဂစ်ရဲ့ ရို်က်ချက်ကြောင့် လဲပြိုခဲ့ရတဲ့ ပင်ခြေတောင် မမြင်ရတော့တဲ့ ပန်းခရေရေ… တို့ဆံနွယ်မှာ ပန်ဆင်ခွင့်တွေ စိတ်သုဉ်းခဲ့တာ ကြာခဲ့ပြီလေ ခုတော့… ဖွဖွလေးကောက် ရွရွလေးသီပြီး ပန်ဆင်ခဲ့ဖူးတဲ့ ပန်းခြောက်ကလေးတွေကိုပဲ မြတ်နိုးစွာနဲ့ သိမ်းဆည်းထားလျက် ပန်းခရေတွေ နွမ်းကြွေပေမယ့် သစ္စာရှိစွာ သင်းပျံ့နေလျက်ပါ ပန်းခြောက်ကလေးရယ်……