manawphyulayJuly 24, 20131min05
လုပ်ငန်းခွင်တစ်ခုတွင် သင် မပျော်တော့လျှင် ဒါမှမဟုတ် ကိုယ့်အတွက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်လို လျှင်သော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ် ပိုမို ချဲ့ထွင်လိုလျှင်သော် လည်းကောင်း လုပ်ငန်းခွင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သင့်ကြောင်း ဟောပြောပွဲတစ်ခုမှာ ဒေါက်တာ အောင်ထွန်းသက် ဟောပြောတာကို ကြားခဲ့ဖူးပါသည်။ ယခုပြောချင်သည်များကတော့ လုပ်ငန်းလုပ်သည်ဆိုသည်မှာ မည်သည့်နေရာပင် ရောက်ရှိနေပါစေ ကိုယ် ကျွမ်းကျင့်သည့် အတတ်ပညာနှင့် ဝါသနာပါသည့် အလုပ်မျိုးကိုသာ ရွေးချယ် ပြောင်းရွေ့သင့်ပေသည်။ အလုပ်တစ်ခု ရွှေ့ပြောင်းတော့မည်ဆိုလျှင် ငွေတစ်ခုထဲမကြည့်ပဲ ကိုယ်ပျော်ရွှင်ရာ နေရာဖြစ်မည်လားဆိုတာပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ရံဖန်ရံခါ အဆင်ပြေမလားဆိုပြီး ပြောင်းလိုက်သည့် အလုပ်က အဆင်မပြေ မှုတွေ ဖြစ်လာသည့်အခါ ဘယ်လိုတွေ နေထိုင်သွားရမလဲဆိုတာပါ ကြိုတင် စဉ်းစားထားဖို့ လိုအပ်လှပါသည်။ အလုပ်ပြောင်းပြီဆိုရင်ဖြင့် ဘာကြောင့် ပြောင်းတာလဲ၊ ဘာအတွက် ပြောင်းတာလဲဆိုတာ […]


manawphyulayJuly 23, 20131min09
ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် နေ့စဉ် ရုံးတက်ရုံးဆင်းနဲ့ ကိစ္စအကြောင်း ကြီးငယ် ပေါ်လာတဲ့အခါ လိုင်းကားကိုပဲ မဖြစ်မနေ အားထားပြီး စီးကြရပါတယ်။ အခုပြောချင် တာက လိုင်းကားစီးရတဲ့အခါမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာလေးပါ။ တခြားတော့မဟုတ်ပါဘူး။ လိုင်းကားမောင်းတဲ့သူတွေနဲ့ စပယ်ယာတွေ အကြောင်းပါ။ လိုင်းကားတွေဟာ ဂိတ်ကနေစထွက်တာနဲ့ ပုံမှန်အနေအထားနဲ့ မောင်းပါတယ် နောက် သူတို့ကို ရှေ့ကကားတွေ ထွက်သွားတာ အချိန်ဘယ်လောက်ကြာသွားပြီ ဆိုတာကို ပြောပြတဲ့သူတွေရှိတဲ့ မှတ်တိုင်ရောက်တာနဲ့ ရှေ့ကားထွက်သွားတာ သိပ်မကြာသေးဘူးဆိုရင်တော့ စပြီးမောင်းပါပြီ။ နောက်ကနေ ကျားလိုက်နေသလား အောက်မေ့ရတယ် အဲဒီအချိန်မှာ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကတော့ ဘုရား တရားသာ မှတ်ပေတော့။ အဲ ရှေ့ကားကလည်း ထွက်သွားတာ အချိန်နည်းနည်းကြာသွားပြီဆိုရင်တော့ ခရီးသည် အဆင်းအတက်များတဲ့ မှတ်တိုင်မှာ အချိန် ကြာကြာရပ်ပြီး […]


manawphyulayJuly 9, 20131min06
လူရယ်လို့ဖြစ်လာရင် ကိုယ်ခန္ဓာနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စိတ်ဆိုတဲ့အရာ တွဲလျက် ပါလာပါတယ်။ သဘာဝက ဖန်တီးထားတဲ့ ဒီနေ့ မိုးရွာရင် ရွာမယ်။ နေပူချင်ပူမယ်ဆိုတဲ့ အရာတောင် ဖြစ်ပေါ်သေးတာပဲ။ လူတွေရဲ့စိတ်မှာလည်း စိတ်ဓာတ်ကျချိန်ရှိမယ်၊ စိတ်ဓာတ်တက်ချိန် ရှိချင် ရှိမယ်။ အပူအအေးမမျှတသလိုပါပဲ။ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဝန်းကျင်ပေါ်မူတည်ပြီး အရာအားလုံးက ပြောင်းလဲနေတဲ့အတွက် စိတ်ပျော်နေတဲ့အချိန်နှင့် စိတ်ညစ်နေတဲ့အချိန်တွေ ရှိနေမှာ ဖြစ်ပါတယ်။ ဒီတော့ လူသားတွေက အမြဲ စိတ်ပျော်နေသလား ဒါမှမဟုတ် အမြဲစိတ်ညစ်နေသလား စာဖတ်သူ အရင်လေ့လာကြည့်ပါ။ အမြဲ ဒီလိုမဖြစ်နေဘူးဆိုတဲ့ လေ့လာတွေ့ရှိချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ စာဖတ်သူစဉ်းစားရမှာက အရာအားလုံး လူတွေရဲ့ စိတ်ဓာတ်ခွန်အားကို တိုးတက်ဖွံ့ဖြိုးစေတဲ့အချက်ဟာ ပြင်းပြစွာ ယုံကြည်ခြင်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လ ဖြစ်ပါတယ်။ ဘာအလုပ်ပဲလုပ်လုပ် မိမိလုပ်တဲ့အလုပ်ကို […]


manawphyulayJuly 9, 20132min01
The Center for Vocational Training, with school facilities and office in Yangon provides vocational training according to the dual apprenticeship model, which combines Practice with Theory. CVT works closely with a wide range of training companies. We are recruiting a English Teacher (2) Post The suitable person for this post • Graduated in B.A (English) […]


manawphyulayJune 19, 20131min05
ကျွန်မတို့ မြန်မာနိုင်ငံဟာ ယခုအချိန်ဆိုရင်ဖြင့် မိုးရာသီအချိန်ကာလကို စတင်ရောက် ရှိလို့ လာနေပြီ ဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာလျှင်ဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးနည်းနည်း ဝင်တာနဲ့ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် နှာစေး ချောင်းဆိုး၊ ခေါင်းအုံ ခေါင်းကိုက် ဝေဒနာကို အနည်းနှင့် အများ ခံစားနေကြလို့ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးများအတွက်တော့ လူကြီးမိဘတွေက ဂရုစိုက်နိုင်မှသာ တော်ကာကျမှာ ဖြစ်ပါတယ်။ နုနယ်သောအရွယ် ကလေးများ မိုးရာသီမှာ ဖြစ်တတ်သော အဓိကရောဂါများကတော့ သွေးလွန်တုပ်ကွေးရောဂါ၊ အထက်လှန် အောက်လျှော၊ တုပ်ကွေး၊ တိုက်ဖွိုက်နှင့် နမိုးနီးယားခေါ် အဆုတ်ရောင် ရောဂါ အစရှိသည်ဖြင့် ဖြစ်တတ်ကြပါတယ်။ ကလေးငယ်ရှိသော အိမ်များနှင့် လူကြီးများအနေနဲ့ အထက်ပါ ရောဂါများ […]


manawphyulayMay 13, 20131min011
ကမာ္ဘမှာ ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ စက်မှုမထွန်းကားသည့်၊ ဆင်းရဲမှု မပပျောက်သေးသည့် နိုင်ငံများမှာ ဖွံ့ဖြိုးမှု ဖြစ်လာရန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီများမှာ လုပ်ကိုင်နေသည့် ပညာရှင်များသည် နည်းလမ်း အမျိုးမျိုးကို ရှာဖွေခဲ့သည်။ ကမာ္ဘ့ဘဏ်တို့လို နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်နေသည့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးမှု အကူအညီပေးသည့် ပုံစံများ (Development Aid Models) ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည်။ စစ်ပြီးကာလမှာ ၎င်းတို့ပေးသည့် ဖွံ့ဖြိုးမှု အကူအညီ အများစုသည် စက်ရုံ အလုပ်ရုံများ၊ လမ်းပန်းဆက်သွယ်ရေးကဲ့သို့သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတွက် ပေးသည့် အကူအညီများဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်များက သုံးသတ်သည်မှာ ဒုတိယ ကမာ္ဘစစ်ပြီး လွတ်လပ်ရေး ရရှိသွားသည့် အာဖရိကတိုက်နှင့် အာရှရှိနိုင်ငံများတွင် ဖွံ့ဖြိုးမှုနောက်ကျနေရခြင်းမှာ […]


manawphyulayMay 13, 20131min00
မနက်ဖြန် မေလ (၁၄) ရက် ညနေ (၅း၃၀) နာရီတွင် ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ အသင်းဝင်များနှင့် စာပေကို ချစ်မြတ်နိုးသူများ အားလုံးအတွက် စာပေဟောပြောပွဲ ကျင်းပပါမည်။ ဆရာကျော်ဝင်းနှင့် ဆရာအောင်သိန်းကျော် (အေတီကေ (ခ) ဆူဒိုနင် (ခ) အတ္တကျော်) တို့မှ “လူပေါင်းစုံနှင့် ဒီမိုကရေစီ (Diversity in Democracy)” ဆိုသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားပါမည်။ တက်ရောက်လိုသူများ အနေဖြင့် http://www.research.net/s/Diversity-in-Democracy မှ စာရင်းပေးသွင်းနိုင်ပါသည်။ အသင်းဝင်မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။


manawphyulayMay 6, 20131min05
Civil Authorize Negotiate Organization (C.A.N-Org) လူထု ရပိုင်ခွင့်များ ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ (မြန်မာပြည်) မှ မန္တလေးမြို့ရှိ လူငယ်များအတွက် “လူငယ်များအတွက် လူ့အခွင့်အရေးပညာသင်တန်း” “Human Rights Education Training for the Youths” သင်တန်းကို မေလမှ စတင်၍ လစဉ် အခမဲ့ ဖွင့်လှစ်သင်ကြားသွားပါမည်။ သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား (၂၀) သာလက်ခံမည်။ လူ့အခွင့်အရေးပညာရပ်နှင့် စပ်လျဉ်း၍ အထူးပြုလေ့လာထားသော လူငယ်ပညာရှင်များမှ နိုင်ငံတကာမှ သင်ကြားပို့ချနည်းများ ဖြစ်သည့် သင်တန်းသား ဗဟိုပြုနည်းလမ်း၊ အတွေ့အကြုံအပေါ် အခြေခံသည့် နည်းလမ်း၊ ပူးပေါင်းပါဝင်မှု နည်းလမ်းများကို အသုံးပြု၍ မြန်မာနိုင်ငံမှ လူငယ်များနှင့် ကိုက်ညီမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ သင်တန်းတွင် သင်တန်းသားများနှင့် အတူ […]


manawphyulayMarch 23, 20131min07
ဘာလိုလိုနဲ့ နှစ်ကူးသင်္ကြန် အခါသမယသို့ မကြာခင်အတွင်း ချည်းနင်းဝင်ရောက်လို့ လာနေပါပြီ။ သင်္ကြန် ဆိုတာ မြန်မာတွေရဲ့ နှစ်တစ်နှစ်အစ ကူးပြောင်းသည့် အချိန်ဖြစ်သည့်အလျောက် စီးပွားရေးသမားများ အတွက်လည်း ဈေးကွက်မြှင့်တင်ရေးထက် ငွေကြေးမြှင့်တင်ရေးကို အလေးပေးတဲ့အချိန်အခါဆိုရင်လည်း မမှားပါဘူး။ အဓိက ဘယ်လိုလုပ်ငန်းရှင်တွေအတွက် သဘောခွေ့သလဲဆိုရင်ဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သော စီးပွားရေးသမားများအတွက် စားသုံးသူတွေကို အလေးမထား ကိုယ့်ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့ မစဉ်းစားပဲ ငွေကြေးတစ်ခုသာ မြှင့်တင်ဖို့ ကြိုးစားနေကြခြင်းသာလျှင် ဖြစ်နေပါတယ်။ စားသုံးသူဆိုတာဟာ ထုတ်လုပ်မှု ပြုဖို့ သို့မဟုတ် ပြန်လည်ရောင်းချဖို့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်သုံးစွဲမှု အတွက် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသူပဲဖြစ်တယ်လို့ ဘောဂဗေဒ သီအိုရီက ဖွင့်ဆိုထားပါတယ်။ ဒီနေရာမှာ စားသုံးသူအုပ်စုထဲကို ထည့်သွင်းနိုင်စရာ ရှိတာကတော့ ဝန်ဆောင်မှုတစ်ခုခုကို အဖိုးအခပေးပြီး ငှားရမ်းသုံးစွဲသူတွေပဲဖြစ်ပါတယ်။ ခရီးသွားယာဉ် […]


manawphyulayMarch 17, 20131min03
ပညာဆိုတာ လူတိုင်းနဲ့ နေ့စဓူဝ တွေ့ကြုံနေရတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ လူလောကကို ရောက်ရှိ လာကတည်းက မွေးဖွားပြီး ၃ နှစ်၊ ၄ နှစ်မှ စတင်ပြီး မူကြိုလို့ခေါ်တဲ့ ကျောင်းပညာရေးနဲ့ ထိတွေ့လာရပါတော့တယ်။ ဒါကနေတစ်ဆင့် သူငယ်တန်းမှ မသေခင်စပ်ကြားထိ ပညာဆိုတာတွေ လေ့လာ သင်ယူမှုတွေနဲ့ လူတိုင်း အစပျိုးလာရမှာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်စတက်ကတည်းက ကျောင်းပညာရေးဟာ လူ့ဘဝတစ်သက်တာမှာ အရေးကြီးဆုံးပါပဲ။ ကလေးတစ်ယောက်ရဲ့ ဘဝလမ်းကြောင်း အစကောင်းမှသာ အနှောင်းသေချာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လက်ဦးဆရာဟာ မိဘတွေဖြစ်သလို ဒုတိယကတော့ ကျောင်းနေတဲ့အရွယ်ကစပြီး ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ ဆရာတွေ ဆရာမတွေ မကောင်းခဲ့ရင်တော့ ဒီကလေးရဲ့ဘဝလမ်းကြောင်းဟာ အရာအားလုံး ကျွမ်းထိုး မှောက်ခုံဖြစ်သွားမှာ အမှန်ပဲဖြစ်ပါတယ်။ ပြောကြတာ သင်လည်း […]


manawphyulayMarch 8, 20131min05
လူပုဂ္ဂိုလ် တစ်ဦးချင်း၊ အခြေအနေတစ်ခုချင်းနှင့် တိုင်းနိုင်ငံတစ်ခုချင်းစီပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး၏ အခြေခံလိုအပ်ချက်၊ ဖြည့်ဆည်းရရှိထားသင့်သည့်အရာများ ကွဲပြားသွားနိုင်ပါသည်။ ကျွန်မတို့ ပိုင်ဆိုင်ခွင့် ရှိသော လောကအရာများသည် ကျွန်မတို့အတွက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ပေးနိုင်သည်ဟု ဆိုသော်ငြား လည်း တဒင်္ဂသာဖြစ်ပါသည်။ ပြီးလျှင် ရရှိပိုင်ဆိုင်ထားသော အတိုင်းအဆပေါ် မူတည်၍ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အတိုင်းအတာကို ပုံသေတွက်ချက်၍ မရနိုင်ပါ။ ကျွန်မတို့၏ အခြေခံလိုအပ်ချက်များ ပြည့်မှီပါက ကျွန်မတို့သည် ကျေနပ် ပျော်ရွှင်ရပါမည်။ တိုင်းတာသတ်မှတ်ချက်များကို ပြည့်မှီကျော်လွန်ခြင်းသည် ပိုလျှံခြင်း ဖြစ်ပါသည်။ အစားအသောက်နှင့် အဝတ်အစားများသည် ကျွန်မတို့၏ အခြေခံလိုအပ်ချက်များကို ကိုယ်စားပြုသည်။ ယနေ့ခေတ်ရေစီးကြောင်းအရ အစားအသောက်၊ အဝတ်အစား ဖူလုံရုံဖြင့် လူပုဂ္ဂိုလ် တစ်ဦးအတွက် အခြေခံ လိုအပ်ချက်များ ပြည့်မှီသည်ဟု မဆိုနိုင်ပါ။ […]