ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့ နာမည်မေးပြီး ဖိတ်စာ ပေါ်မှာ ရေးပြီး […]
