နတ်နဲ့နဂါး ရိုးရိုးလေး လှည့်စားပြီး ဂဏန်းတစ်ကောင်ရဲ့ခြေရာမှာ ဘွဲ့လက်မှတ်ကို ထိုးကျွေး ဝမ်းမီးကို ဆီသတ်မွှကြော်လိုက်ရ မုတ်သုံကိုလည်းမယုံဘူး ပလီတဲ့အခါ တိမ်တွေတောင် အရောင်တောက်ပြရုံသာသာ ကကြိုးက ခုနှစ်ထွေလို မှော်ထ ညဆိုးက ငှက်တစ်ကောင်ရဲ့သီချင်း ငါ့ကို လာပြီးကတိမပေးနဲ့ အသံဆိုတာ ပြောပြီးလေထဲမှာတင် ပျောက်ကွယ်တတ်တဲ့အမျိုး ရိုးရိုးလေးပဲကြံပါ အလျားနဲ့အနံဟာ ဆတူ ချဉ်းကပ်လာတဲ့ အခါ အရွေ့ကောင်းရင်တော့ အလောင်းလှပါလိမ့်မယ်။ ကိုစစ်
