“ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ရဲ့ငယ်ဘဝက လမ်းကလေး” မန်းလေးမြိုတောင်ဘက် တံခွန်တိုင်ဈေးမရောက်ခင် မှာ တမာလမ်းလို့အမည်တွင်တဲ့လမ်းကလေးတစ်ခုရှိပါတယ်။. အဲဒီလမ်းလေးရဲံ့ဘေးတစ်ဖက်တစ်ချက်မှာ တမာပင်တွေတန်းစီလို့နေပါတယ်။ ဒီအပင်တွေက လမ်းကို အုပ်မိုးလို့ထားပါတယ်။ စိမ်းရောင်စိုလွင်လို့ လှပသောလမ်းကလေးတစ်ခုလဲဖြစ်ပါတယ်။ ကျနာ်တို့ရွာသားကြီး ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ ငယ်ဘဝက နေ့စဉ်ဖြတ်သန်းရာလမ်းကလေးလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ကျနော် ကျွဲဆည်ကန်ဘက်ကိုသွားရင်း အဲဒီတမာတန်းကို ဖြတ်သွားပါတယ်။ အဲဒါနဲ့ကိုကြီးမိုက်တို့ နှစ်ယောက်ငယ်ဘဝလေးသတိရအောင် ဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။ မန်းလေးရတနာပုံတက္ကသိုလ်ကို သွားတဲ့ကျောင်းသူားများလဲဖြတ်သန်းသွားရာလမ်းလေးဖြစ်ပါတယ်။ စိန်းလန်းသော ငြိမ်းချမ်းသောလမ်းကလေးပါဘဲ။ ဖြတ်ဘူးသူတိုင်းအမှတ်ရနိုင်ပါစေ. ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ (16-5-2012)
